ကျောင်းတွေပြန်ဖွင့်တော့မှာမို့ ကိုဗစ်အန္တရာယ် သတိထားကြဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေး

ရန်ကုန်စမ်းချောင်းမြို့နယ်ရှိ အစိုးရကျောင်းတခု (၂၀၀၈ ဇွန်လ ၂ ရက်နေ့)
(Unicode)⤵⤵⤵
ကမ္ဘာတဝှမ်း ကပ်ရောဂါကိုဗစ်၁၉ ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်နေဆဲမို့ မြန်မာပြည်သူလူထုအနေနဲ့ မပေါ့ဆပဲ အလေးအနက်ထား ဆက်ပြီး ကြိုတင်ကာကွယ်ကြဖို့နဲ့ အထူးသဖြင့် မိမိတို့ရဲ့ရင်သွေးငယ်လေးတွေ ကျောင်းတက် အပြင်ထွက်ချိန် ကိုဗစ်ရောဂါပိုး ကူးစက်မခံရအောင် မိဘတွေ အထူးသတိထားကြဖို့ Community Fever Clinic စေတနာ့ဝန်ထမ်းဆရာဝန်တွေက သတိပေး စကားပြောကြားလိုက်တဲ့အကြောင်း မဆုမွန် တင်ပြထားပါတယ်။

ကမ္ဘာတဝှမ်း COVID 19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုပေါင်းက Johns Hopkins တက္ကသိုလ်ရဲ့ စစ်တမ်းကောက်ယူမှု အချက်အလက်တွေအရ ကူးစက်မှုပေါင်း ၁၂.၇ သန်းကျော်ရှိပြီး သေဆုံးသူပေါင်း ငါးသိန်းကျော်သွားပြီဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်အရ ကလေးငယ်လေးတွေပါ ပါဝင်တဲ့ COVID 19 ကူးစက်သူပေါင်းက သုံးရာသုံးဆယ်ကျော်သွားပြီဖြစ်ပြီး ရောဂါကြောင့်သေဆုံးသူက ၆ဦးအထိရှိနေပါတယ်။
Community Fever Clinic က စေတနာ့ဝန်ထမ်းများ
ကိုဗစ်၁၉ ကာလ လနဲ့ချီ သွားလာကန့်သတ်မှုတွေနဲ့ နေအိမ်တွေထဲမှာပဲ နေခဲ့ကြပြီး အခုဆိုရင် တဖြေးဖြေးနဲ့ အများပြည်သူ သွားလာတဲ့နေရာတွေမှာ လူအုပ်စုလိုက် သွားလာလှုပ်ရှားမှုတွေနဲ့ အပြင် စထွက်လာကြပြီး ရောဂါမကူးစက်ရအောင် ကြိုတင် ကာကွယ်မှုတွေ ပေါ့ဆလျော့နည်းလာကြတာ တွေ့ရလို့ ဒါ အန္တရာယ်ကြီးတဲ့အခြေအနေဖြစ်တယ်လို့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေက သတိပေးပြောဆိုလိုက်ပါတယ်။

အထူးသဖြင့်ကလေးမိဘတွေအနေနဲ့ မိမိတို့ရဲ့ရင်သွေးငယ်တွေ ရောဂါ ကူးစက်မခံရအောင် အထူးသတိထား စောင့်ရှောက် ကာကွယ်ပေးပါလို့ COVID ကာလ ကျန်းမာရေးအထူးစောင့်ရှောက်မှု အခမဲ့ဝန်ဆောင်မှုပေးနေတဲ့ Community Fever Clinic က စေတနာ့ဝန်ထမ်းဆရာဝန် ဒေါက်တာကျော်မင်းထွန်းက အခုလိုအကြံပေးပါတယ်။

“ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် လိုအပ်မှ အပြင်သွားပါပေါ့နော်။ မလိုအပ်ပဲနဲ့ အပြင်မထွက်ဖို့ တကယ်လို့ အပြင်ထွက်ရင်လည်း အဓိက နှာခေါင်းစည်းတပ်မယ် Mask တပ်မယ်Face Shield တွေပါ တပ်မယ်ဆိုရင်တော့ Social Distancing သေချာနေရင်တော့ ကောင်းတာပေါ့နော်။ နောက် ကလေးမိဘတွေကိုပြောချင်တာ ကျောင်းမှာထက်စာရင် အိမ်မှာကတည်းက အစားအသောက်တွေကို သေချာထုတ်ပိုးပြီး ပြင်ဆင်ပြီး ထည့်ပေးစေချင်တယ် နောက်တခုက ကျောင်းသွားတိုင်း ကလေးလေးတွေMask လေးတွေ တပ်ဖို့ ကလေးမိဘတွေကတဆင့် ကလေးလေးတွေကို ပြောပြစေချင်တယ်။

နောက် ဘယ်လိုပဲဖြစ်ဖြစ်Mask မချွတ်ဖို့အတွက်ရယ် နောက် ကလေးတွေ သုံးလို့ရအောင် Handgel - Sanitizer သေးသေးလေးတွေဆောင်ပေးထားဖို့ နောက် တခုခုကိုင်ပြီးတိုင်း လက်ဆေးဖို့ပေါ့နော် ။ အဓိက ဆပ်ပြာနဲ့ရေနဲ့ ဆေးကြောဖို့ပေါ့နော် အဓိက တကိုယ်ရေသန့်ရှင်းရေးကို ကလေးမိဘတွေကနေတဆင့် ကလေးလေးတွေကို အသိပညာပေးဖို့ကို ကျောင်းမသွားခင်ကတည်းက သေချာလေး သင်ပေးစေချင်တယ်ပေါ့နော်။ နောက် လူအများနဲ့သွားလာနေတဲ့ မုန့်ဈေးတန်းလိုနေရာတွေမှာ မသွားပဲ ဖြစ်နိုင်ရင် ကိုယ့်အခန်းထဲမှာပဲနေပြီး အိမ်ကနေ ထုတ်ပိုးပေးလိုက်တဲ့မုန့်လေး စားဖို့ပေါ့ အဲ့တာလေးတွေ မိဘတွေကိုပြောပြစေချင်တယ်။”

လူထုကို ကျန်းမာရေးပညာပေးနေတဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာကျော်စွာဦး ကလည်းမြန်မာပြည်သူတွေအနေနဲ့ လုပ်ငန်းခွင်တွေထဲ ဒါမှမဟုတ် လူထူထပ်တဲ့ နေရာတွေ သွားလာကြတဲ့အချိန် Mask မဖြစ်မနေတပ်ကြဖို့နဲ့ လက်ကို သေချာစွာဆေးကြောကြဖို့ အထူးသတိပေးပါတယ်။

“ ဒုတိယလှိုင်းမဖြစ်အောင် အထူးသဖြင့် လူစုလူဝေးတွေရှောင်ဖို့ နောက်Social Distancing ပေါ့နော် ခပ်ခွာခွာနေဖို့ တကယ်လို့ Social Distancing ခပ်ခွာခွာ ဘယ်လိုမှနေလို့မရတဲ့ အခြေအနေတခု ရောက်ရင် လူစုလူဝေးဖြစ်နေတဲ့အခြေအနေတခုဆိုရင်မဖြစ်မနေMask ကို တပ်ဖို့ လက်ကို မကြာခဏ ဆေးဖို့ပါ။ အခုက လူစုလူဝေးပြန်ဖြစ်လာပြီ Social Distancingလည်း သိပ်မလုပ်နိုင်ကြတော့ဘူး ပဲပြောရတော့မယ်။ အဓိက ၂ ချက်ကို မဖြစ်မနေ လိုက်နာဖို့အတွက် မိဘပြည်သူတွေကို ပန်ကြားချင်ပါတယ်။ မဖြစ်မနေ အပြင်ထွက်တိုင်းMask ကိုတပ်ဖို့ပေါ့နော်။ အရွယ်သုံးပါးမရွေး အကုန်လုံး အပြင်ထွက်တိုင်းMask တပ်ဖို့တိုက်တွန်းချင်ပါတယ်။

နောက် လက်ကို မကြာခဏဆေးဖို့ အဲ့ဒီ့ ၂ချက်ကိုတော့ မဖြစ်မနေ လုပ်ဖို့တိုက်တွန်းလိုတယ် အခုက Social Distancing တို့ လူစုလူဝေးတို့ကို ပြောလည်း သိပ်မကြောက်ကြတော့ဘူးလေ။ ဆိုတော့ အဲ့တာကြောင့် အဲ့အချက်လေး ၂ချက်ကို လိုက်နာရင်တော့ တတ်နိုင်သလောက် ကူးစက်မှု လျော့ချနိုင်မယ်လို့ထင်ပါတယ်။ ပါးစပ်ကပဲကြောက်နေကြပြီး တကယ့်တကယ်အပြင်မှာတော့ တော်တော်များများက ပေါ့နေကြတာတွေ့တယ်။”

COVID 19ကူးစက်မခံရအောင် အပြင်ထွက်ခါနီး သတိထားဆောင်ရန်ရှောင်ရန်အချက်တွေကို မိဘနဲ့သားသမီးကြား အပြန်အလှန် ပညာပေးသင့်တယ်လို့ ကလေးဖခင်တဦးလည်းဖြစ်တဲ့ ဒေါက်တာကျော်စွာဦးက ဆက်ပြောပါတယ်။

“ တချို့မိဘတွေကျတော့လည်း ကျန်းမာရေးပညာပေးအသိပညာမြင့်တော့ မိဘတွေကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်မှု အားကောင်းတယ်။ မိဘတွေကိုယ်တိုင် သေချာသင်ပေးတာရှိတယ် နောက်တပိုင်းကျတော့ တချို့က မိဘကိုယ်တိုင်က ဒီအပေါ်မှာ သိပ်အာရုံစိုက်မှုမရှိဘူး။ သိပ်ပြီးစိတ်ဝင်စားမှုမရှိတာ တချို့က မကြောက်တော့တာလည်းပါတယ်ပေါ့။ အဲ့ဒီ့တော့ သူတို့နဲ့ဆက်စပ်နေတဲ့ သားသမီးကလည်း အဲ့ဒီ့အတိုင်းပဲသွားတာပေါ့။နောက်တပိုင်းက ကလေးတွေရဲ့အပိုင်းမှာပေါ့ ကလေးတွေက အခုအိမ်မှာနေရတာ မွန်းကျပ်လာတာပေါ့။ အဲ့တော့ အပြင်ထွက်ပြီဆိုရင် သူတို့ကိုသေချာလေးသင်ပေးပြီးMask ကိုမဖြစ်မနေတပ်ဖို့ပေါ့။ လက်ဆေးဖို့ တယောက်နဲ့ တယောက် ခပ်ခွာခွာနေဖို့ပေါ့ သူတို့ကို အကြိမ်ပေါင်းများစွာ သူတို့ကို နားငြီးအောင်ကိုပြောပြီးတော့ကို ဆုံးမနေရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကလေးတွေချင်း Social Distancing က ဘယ်လိုမှ မဖြစ်နိုင်ဘူး ကလေးတွေဆိုတာက အရမ်းဆော့ချင် တာကိုး။Peer Pressure ကြောင့် ခပ်ခွာခွာနေဖို့ ပြောရတော့ခက်မယ် ဒါကြောင့် လက်ဆေးဖို့နဲ့Mask တပ်ဖို့ကို ရအောင်တော့ပြော ရမှာပေါ့။”

ကိုဗစ်ကာလ ရပ်ကွက်မြို့နယ်တွေမှာ ကျန်းမာရေးအခမဲ့ဝန်ဆောင်မှုပေးနေတဲ့ Community Fever Clinic တွေကို ရေရှည်ဖွင့်လှစ်ပြီး လူထုကို ကျန်းမာရေးစောင့်ရှောက်မှု ဆက်ပေးသွားမှာပါလို့ Community Fever Clinic တာဝန်ခံတဦးဖြစ်တဲ့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

“ နောက်ပိုင်း Fever Clinic တွေကို ရေရှည်ဖွင့်ဖို့မှန်းတယ် ဒါပေမဲ့ ကျောင်းတွေဖွင့်ပြီဆိုတော့ ကျောင်းကျန်းမာရေးပေးရမယ် ဒေသန္တရပေးရမှာ ရှိတယ် ။ရပ်ကွက်တွေထဲမှာ သူနာပြုတွေက ကာကွယ်ဆေးတွေ လိုက်ထိုးရဖို့ရှိမယ် အဲ့တာကျနော်တို့ ပေးရမယ်ဆိုတော့ အခက်အခဲရှိတယ်။ ဆရာဝန်တွေက လုပ်ငန်းခွင်ဝင်တာ ဆေးခန်း ဆေးရုံပြန်ဆင်းတာတွေရှိလာတယ်။ ဆိုတော့ ဆရာဝန်အင်အား Volunteer အင်အားနည်းလာတယ်။ နောက် ကူညီပေးနေတဲ့ ပရဟိတ အဖွဲ့အစည်းတွေကလည်း လုပ်ငန်းခွင်တွေပြန်ဝင်တော့ ဒီဘက်ကို သိပ်အားမစိုက်နိုင်တော့ အခုတော့ ကျနော်တို့ရှိတဲ့ဆရာဝန် ဆရာမအင်အားနဲ့ ကျစ်ကျစ်လျစ်လျစ်နဲ့ ထိုင်မယ့်ရက်ကိုပဲ နည်းနည်းလျှော့လိုက်ပြီး အဓိက ကိုဗစ်ရှိနေသေးတဲ့တောက်လျောက်မှာ လူထုအတွက် ဖွင့်နိုင်ဖို့အတွက်ကိုပဲ ကျနော်တို့ကြိုးစားနေကြတာ။”

အခုဆိုရင် မြန်မာပြည် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက COVID 19 ကမ္ဘာ့ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့အနေနဲ့မြို့နယ်တချို့ အသွားအလာကန့်သတ်ခဲ့တာတွေက ပြန်လည် ဖြေလျော့ ပေးလာသလို အများပြည်သူလည်း စားသောက်ဆိုင်တွေ ပြန်ဖွင့်လှစ်လာသလို လုပ်ငန်းခွင်တွေထဲပြန်ဝင်လာကြပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရောဂါကူးစက်မှုကို ကာကွယ်တဲ့အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာတွေကို ဇူလိုင်လ ၃၁ရက်နေ့အထိ ယာယီရပ်ဆိုင်းထားပြီး ပြည်ပအဝင်အထွက်တွေကို ကန့်သတ်ပြီး နိုင်ငံတကာလေကြောင်းလိုင်း အဝင်အထွက်တွေကိုတော့ ကန့်သတ်ထားဆဲဖြစ်ပါတယ်။

မဆုမွန်  / ဗွီအိုအေ ( မြန်မာပိုင်း)
-------------------------------------
(Zawgyi)⤵⤵⤵
ေက်ာင္းေတြျပန္ဖြင့္ေတာ့မွာမို႔ ကိုဗစ္အႏၲရာယ္ သတိထားၾကဖို႔ က်န္းမာေရးပညာရွင္ေတြ သတိေပး

ကမာၻတဝွမ္း ကပ္ေရာဂါကိုဗစ္၁၉ ကူးစက္ပ်ံ႕ႏွံ႔မႈ အရွိန္ျမင့္ေနဆဲမို႔ ျမန္မာျပည္သူလူထုအေနနဲ႔ မေပါ့ဆပဲ အေလးအနက္ထား ဆက္ၿပီး ႀကိဳတင္ကာကြယ္ၾကဖို႔နဲ႔ အထူးသျဖင့္ မိမိတို႔ရဲ႕ရင္ေသြးငယ္ေလးေတြ ေက်ာင္းတက္ အျပင္ထြက္ခ်ိန္ ကိုဗစ္ေရာဂါပိုး ကူးစက္မခံရေအာင္ မိဘေတြ အထူးသတိထားၾကဖို႔ Community Fever Clinic ေစတနာ့ဝန္ထမ္းဆရာဝန္ေတြက သတိေပး စကားေျပာၾကားလိုက္တဲ့အေၾကာင္း မဆုမြန္ တင္ျပထားပါတယ္။

ကမာၻတဝွမ္း COVID 19 ကမာၻ႔ကပ္ေရာဂါ ကူးစက္မႈေပါင္းက Johns Hopkins တကၠသိုလ္ရဲ႕ စစ္တမ္းေကာက္ယူမႈ အခ်က္အလက္ေတြအရ ကူးစက္မႈေပါင္း ၁၂.၇ သန္းေက်ာ္ရွိၿပီး ေသဆုံးသူေပါင္း ငါးသိန္းေက်ာ္သြားၿပီျဖစ္ပါတယ္။ ျမန္မာျပည္မွာလည္း က်န္းမာေရးဝန္ႀကီးဌာနရဲ႕ တရားဝင္သတင္းထုတ္ျပန္ခ်က္အရ ကေလးငယ္ေလးေတြပါ ပါဝင္တဲ့ COVID 19 ကူးစက္သူေပါင္းက သုံးရာသုံးဆယ္ေက်ာ္သြားၿပီျဖစ္ၿပီး ေရာဂါေၾကာင့္ေသဆုံးသူက ၆ဦးအထိရွိေနပါတယ္။

ကိုဗစ္၁၉ ကာလ လနဲ႔ခ်ီ သြားလာကန႔္သတ္မႈေတြနဲ႔ ေနအိမ္ေတြထဲမွာပဲ ေနခဲ့ၾကၿပီး အခုဆိုရင္ တေျဖးေျဖးနဲ႔ အမ်ားျပည္သူ သြားလာတဲ့ေနရာေတြမွာ လူအုပ္စုလိုက္ သြားလာလႈပ္ရွားမႈေတြနဲ႔ အျပင္ စထြက္လာၾကၿပီး ေရာဂါမကူးစက္ရေအာင္ ႀကိဳတင္ ကာကြယ္မႈေတြ ေပါ့ဆေလ်ာ့နည္းလာၾကတာ ေတြ႕ရလို႔ ဒါ အႏၲရာယ္ႀကီးတဲ့အေျခအေနျဖစ္တယ္လို႔ ေစတနာ့ဝန္ထမ္း ဆရာဝန္ေတြက သတိေပးေျပာဆိုလိုက္ပါတယ္။

အထူးသျဖင့္ကေလးမိဘေတြအေနနဲ႔ မိမိတို႔ရဲ႕ရင္ေသြးငယ္ေတြ ေရာဂါ ကူးစက္မခံရေအာင္ အထူးသတိထား ေစာင့္ေရွာက္ ကာကြယ္ေပးပါလို႔ COVID ကာလ က်န္းမာေရးအထူးေစာင့္ေရွာက္မႈ အခမဲ့ဝန္ေဆာင္မႈေပးေနတဲ့ Community Fever Clinic က ေစတနာ့ဝန္ထမ္းဆရာဝန္ ေဒါက္တာေက်ာ္မင္းထြန္းက အခုလိုအႀကံေပးပါတယ္။

“ကေလးပဲျဖစ္ျဖစ္ လူႀကီးပဲျဖစ္ျဖစ္ လိုအပ္မွ အျပင္သြားပါေပါ့ေနာ္။ မလိုအပ္ပဲနဲ႔ အျပင္မထြက္ဖို႔ တကယ္လို႔ အျပင္ထြက္ရင္လည္း အဓိက ႏွာေခါင္းစည္းတပ္မယ္ Mask တပ္မယ္Face Shield ေတြပါ တပ္မယ္ဆိုရင္ေတာ့ Social Distancing ေသခ်ာေနရင္ေတာ့ ေကာင္းတာေပါ့ေနာ္။ ေနာက္ ကေလးမိဘေတြကိုေျပာခ်င္တာ ေက်ာင္းမွာထက္စာရင္ အိမ္မွာကတည္းက အစားအေသာက္ေတြကို ေသခ်ာထုတ္ပိုးၿပီး ျပင္ဆင္ၿပီး ထည့္ေပးေစခ်င္တယ္ ေနာက္တခုက ေက်ာင္းသြားတိုင္း ကေလးေလးေတြMask ေလးေတြ တပ္ဖို႔ ကေလးမိဘေတြကတဆင့္ ကေလးေလးေတြကို ေျပာျပေစခ်င္တယ္။

ေနာက္ ဘယ္လိုပဲျဖစ္ျဖစ္Mask မခြၽတ္ဖို႔အတြက္ရယ္ ေနာက္ ကေလးေတြ သုံးလို႔ရေအာင္ Handgel - Sanitizer ေသးေသးေလးေတြေဆာင္ေပးထားဖို႔ ေနာက္ တခုခုကိုင္ၿပီးတိုင္း လက္ေဆးဖို႔ေပါ့ေနာ္ ။ အဓိက ဆပ္ျပာနဲ႔ေရနဲ႔ ေဆးေၾကာဖို႔ေပါ့ေနာ္ အဓိက တကိုယ္ေရသန႔္ရွင္းေရးကို ကေလးမိဘေတြကေနတဆင့္ ကေလးေလးေတြကို အသိပညာေပးဖို႔ကို ေက်ာင္းမသြားခင္ကတည္းက ေသခ်ာေလး သင္ေပးေစခ်င္တယ္ေပါ့ေနာ္။ ေနာက္ လူအမ်ားနဲ႔သြားလာေနတဲ့ မုန႔္ေဈးတန္းလိုေနရာေတြမွာ မသြားပဲ ျဖစ္ႏိုင္ရင္ ကိုယ့္အခန္းထဲမွာပဲေနၿပီး အိမ္ကေန ထုတ္ပိုးေပးလိုက္တဲ့မုန႔္ေလး စားဖို႔ေပါ့ အဲ့တာေလးေတြ မိဘေတြကိုေျပာျပေစခ်င္တယ္။”

လူထုကို က်န္းမာေရးပညာေပးေနတဲ့ ေစတနာ့ဝန္ထမ္း ဆရာဝန္တဦးျဖစ္တဲ့ ေဒါက္တာေက်ာ္စြာဦး ကလည္းျမန္မာျပည္သူေတြအေနနဲ႔ လုပ္ငန္းခြင္ေတြထဲ ဒါမွမဟုတ္ လူထူထပ္တဲ့ ေနရာေတြ သြားလာၾကတဲ့အခ်ိန္ Mask မျဖစ္မေနတပ္ၾကဖို႔နဲ႔ လက္ကို ေသခ်ာစြာေဆးေၾကာၾကဖို႔ အထူးသတိေပးပါတယ္။

“ ဒုတိယလႈိင္းမျဖစ္ေအာင္ အထူးသျဖင့္ လူစုလူေဝးေတြေရွာင္ဖို႔ ေနာက္Social Distancing ေပါ့ေနာ္ ခပ္ခြာခြာေနဖို႔ တကယ္လို႔ Social Distancing ခပ္ခြာခြာ ဘယ္လိုမွေနလို႔မရတဲ့ အေျခအေနတခု ေရာက္ရင္ လူစုလူေဝးျဖစ္ေနတဲ့အေျခအေနတခုဆိုရင္မျဖစ္မေနMask ကို တပ္ဖို႔ လက္ကို မၾကာခဏ ေဆးဖို႔ပါ။ အခုက လူစုလူေဝးျပန္ျဖစ္လာၿပီ Social Distancingလည္း သိပ္မလုပ္ႏိုင္ၾကေတာ့ဘူး ပဲေျပာရေတာ့မယ္။ အဓိက ၂ ခ်က္ကို မျဖစ္မေန လိုက္နာဖို႔အတြက္ မိဘျပည္သူေတြကို ပန္ၾကားခ်င္ပါတယ္။ မျဖစ္မေန အျပင္ထြက္တိုင္းMask ကိုတပ္ဖို႔ေပါ့ေနာ္။ အ႐ြယ္သုံးပါးမေ႐ြး အကုန္လုံး အျပင္ထြက္တိုင္းMask တပ္ဖို႔တိုက္တြန္းခ်င္ပါတယ္။

ေနာက္ လက္ကို မၾကာခဏေဆးဖို႔ အဲ့ဒီ့ ၂ခ်က္ကိုေတာ့ မျဖစ္မေန လုပ္ဖို႔တိုက္တြန္းလိုတယ္ အခုက Social Distancing တို႔ လူစုလူေဝးတို႔ကို ေျပာလည္း သိပ္မေၾကာက္ၾကေတာ့ဘူးေလ။ ဆိုေတာ့ အဲ့တာေၾကာင့္ အဲ့အခ်က္ေလး ၂ခ်က္ကို လိုက္နာရင္ေတာ့ တတ္ႏိုင္သေလာက္ ကူးစက္မႈ ေလ်ာ့ခ်ႏိုင္မယ္လို႔ထင္ပါတယ္။ ပါးစပ္ကပဲေၾကာက္ေနၾကၿပီး တကယ့္တကယ္အျပင္မွာေတာ့ ေတာ္ေတာ္မ်ားမ်ားက ေပါ့ေနၾကတာေတြ႕တယ္။”

COVID 19ကူးစက္မခံရေအာင္ အျပင္ထြက္ခါနီး သတိထားေဆာင္ရန္ေရွာင္ရန္အခ်က္ေတြကို မိဘနဲ႔သားသမီးၾကား အျပန္အလွန္ ပညာေပးသင့္တယ္လို႔ ကေလးဖခင္တဦးလည္းျဖစ္တဲ့ ေဒါက္တာေက်ာ္စြာဦးက ဆက္ေျပာပါတယ္။

“ တခ်ိဳ႕မိဘေတြက်ေတာ့လည္း က်န္းမာေရးပညာေပးအသိပညာျမင့္ေတာ့ မိဘေတြကိုယ္တိုင္က ပူးေပါင္းေဆာင္႐ြက္မႈ အားေကာင္းတယ္။ မိဘေတြကိုယ္တိုင္ ေသခ်ာသင္ေပးတာရွိတယ္ ေနာက္တပိုင္းက်ေတာ့ တခ်ိဳ႕က မိဘကိုယ္တိုင္က ဒီအေပၚမွာ သိပ္အာ႐ုံစိုက္မႈမရွိဘူး။ သိပ္ၿပီးစိတ္ဝင္စားမႈမရွိတာ တခ်ိဳ႕က မေၾကာက္ေတာ့တာလည္းပါတယ္ေပါ့။ အဲ့ဒီ့ေတာ့ သူတို႔နဲ႔ဆက္စပ္ေနတဲ့ သားသမီးကလည္း အဲ့ဒီ့အတိုင္းပဲသြားတာေပါ့။ေနာက္တပိုင္းက ကေလးေတြရဲ႕အပိုင္းမွာေပါ့ ကေလးေတြက အခုအိမ္မွာေနရတာ မြန္းက်ပ္လာတာေပါ့။ အဲ့ေတာ့ အျပင္ထြက္ၿပီဆိုရင္ သူတို႔ကိုေသခ်ာေလးသင္ေပးၿပီးMask ကိုမျဖစ္မေနတပ္ဖို႔ေပါ့။ လက္ေဆးဖို႔ တေယာက္နဲ႔ တေယာက္ ခပ္ခြာခြာေနဖို႔ေပါ့ သူတို႔ကို အႀကိမ္ေပါင္းမ်ားစြာ သူတို႔ကို နားၿငီးေအာင္ကိုေျပာၿပီးေတာ့ကို ဆုံးမေနရမွာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ကေလးေတြခ်င္း Social Distancing က ဘယ္လိုမွ မျဖစ္ႏိုင္ဘူး ကေလးေတြဆိုတာက အရမ္းေဆာ့ခ်င္ တာကိုး။Peer Pressure ေၾကာင့္ ခပ္ခြာခြာေနဖို႔ ေျပာရေတာ့ခက္မယ္ ဒါေၾကာင့္ လက္ေဆးဖို႔နဲ႔Mask တပ္ဖို႔ကို ရေအာင္ေတာ့ေျပာ ရမွာေပါ့။”

ကိုဗစ္ကာလ ရပ္ကြက္ၿမိဳ႕နယ္ေတြမွာ က်န္းမာေရးအခမဲ့ဝန္ေဆာင္မႈေပးေနတဲ့ Community Fever Clinic ေတြကို ေရရွည္ဖြင့္လွစ္ၿပီး လူထုကို က်န္းမာေရးေစာင့္ေရွာက္မႈ ဆက္ေပးသြားမွာပါလို႔ Community Fever Clinic တာဝန္ခံတဦးျဖစ္တဲ့ ေဒါက္တာေက်ာ္မင္းထြန္းက ေျပာပါတယ္။

“ ေနာက္ပိုင္း Fever Clinic ေတြကို ေရရွည္ဖြင့္ဖို႔မွန္းတယ္ ဒါေပမဲ့ ေက်ာင္းေတြဖြင့္ၿပီဆိုေတာ့ ေက်ာင္းက်န္းမာေရးေပးရမယ္ ေဒသႏၲရေပးရမွာ ရွိတယ္ ။ရပ္ကြက္ေတြထဲမွာ သူနာျပဳေတြက ကာကြယ္ေဆးေတြ လိုက္ထိုးရဖို႔ရွိမယ္ အဲ့တာက်ေနာ္တို႔ ေပးရမယ္ဆိုေတာ့ အခက္အခဲရွိတယ္။ ဆရာဝန္ေတြက လုပ္ငန္းခြင္ဝင္တာ ေဆးခန္း ေဆး႐ုံျပန္ဆင္းတာေတြရွိလာတယ္။ ဆိုေတာ့ ဆရာဝန္အင္အား Volunteer အင္အားနည္းလာတယ္။ ေနာက္ ကူညီေပးေနတဲ့ ပရဟိတ အဖြဲ႕အစည္းေတြကလည္း လုပ္ငန္းခြင္ေတြျပန္ဝင္ေတာ့ ဒီဘက္ကို သိပ္အားမစိုက္ႏိုင္ေတာ့ အခုေတာ့ က်ေနာ္တို႔ရွိတဲ့ဆရာဝန္ ဆရာမအင္အားနဲ႔ က်စ္က်စ္လ်စ္လ်စ္နဲ႔ ထိုင္မယ့္ရက္ကိုပဲ နည္းနည္းေလွ်ာ့လိုက္ၿပီး အဓိက ကိုဗစ္ရွိေနေသးတဲ့ေတာက္ေလ်ာက္မွာ လူထုအတြက္ ဖြင့္ႏိုင္ဖို႔အတြက္ကိုပဲ က်ေနာ္တို႔ႀကိဳးစားေနၾကတာ။”

အခုဆိုရင္ ျမန္မာျပည္ တိုင္းေဒသႀကီးနဲ႔ျပည္နယ္ေတြက COVID 19 ကမာၻ႔ကပ္ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ၿမိဳ႕နယ္တခ်ိဳ႕ အသြားအလာကန႔္သတ္ခဲ့တာေတြက ျပန္လည္ ေျဖေလ်ာ့ ေပးလာသလို အမ်ားျပည္သူလည္း စားေသာက္ဆိုင္ေတြ ျပန္ဖြင့္လွစ္လာသလို လုပ္ငန္းခြင္ေတြထဲျပန္ဝင္လာၾကၿပီျဖစ္ပါတယ္။ ဒါေပမဲ့လည္း ေရာဂါကူးစက္မႈကို ကာကြယ္တဲ့အေနနဲ႔ ျပည္ဝင္ခြင့္ဗီဇာေတြကို ဇူလိုင္လ ၃၁ရက္ေန႔အထိ ယာယီရပ္ဆိုင္းထားၿပီး ျပည္ပအဝင္အထြက္ေတြကို ကန႔္သတ္ၿပီး ႏိုင္ငံတကာေလေၾကာင္းလိုင္း အဝင္အထြက္ေတြကိုေတာ့ ကန႔္သတ္ထားဆဲျဖစ္ပါတယ္။

မဆုမြန္  / ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/covid-myanmar-school-reopen-/5501360.html
ကျောင်းတွေပြန်ဖွင့်တော့မှာမို့ ကိုဗစ်အန္တရာယ် သတိထားကြဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေး ကျောင်းတွေပြန်ဖွင့်တော့မှာမို့ ကိုဗစ်အန္တရာယ် သတိထားကြဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေး Reviewed by THITHTOOLWIN on 07:26 Rating: 5
Powered by Blogger.