ဖားကန့်မှာ မြေပြိုပြီး လူသေဆုံးမှု ထပ်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

(Unicode)⤵⤵⤵
တိုင်းနဲ့ပြည်နယ်အသီးသီးက ရေမဆေးကျောက်ရှာဖွေသူ  လေးသိန်းကျော်ရှိနေတဲ့ ကချင်ပြည်နယ် ဖားကန့် မြို့နယ်မှာ  လူ ၂ဝဝ နီးပါး သေဆုံးခဲ့တဲ့ မြေပြိုမှုကြီးဖြစ်ပွားပြီး နောက်တစ်နေ့မှာ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က   စုံစမ်းစစ်ဆေးရေးအဖွဲ့  ဖွဲ့စည်းစေလွှတ်ပြီး  ကွင်းဆင်းစစ်ဆေးတာ၊ သေဆုံး၊ ဒဏ်ရာရသူတို့ရဲ့ မိသားစုကို ငွေကြေးထောက်ပံ့တာတွေ လုပ်ခဲ့ပါတယ်။

"နိုင်ငံတော်က ဖွဲ့ထားတဲ့အဖွဲ့ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းပေါ့ဗျာ သူဦးဆောင်တဲ့အဖွဲ့ပေါ့၊ အဲအဖွဲ့ရယ် ကျနော်တို့ကချင်ပြည်နယ် အစိုးရအဖွဲ့ရယ်က ပူးပေါင်းပြီးတော့ ကွင်းဆင်းနေပါတယ်၊ မေးသင့်တာတွေမေး ကြည့်သင့်တာတွေ အကုန်လိုက်လုပ်နေပါတယ်။"

ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း ပြောသွားတာပါ။ အဖွဲ့အနေနဲ့ စုံစမ်းရရှိထားတဲ့ အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ သယံဇာတဝန်ကြီး ဦးအုန်းဝင်းက ဒီဖြစ်ရပ်ဟာ သေဆုံးသွားသူတွေရဲ့ လောဘကြောင့် ဖြစ်ပွားခဲ့တယ်လို့ မှတ်ချက်ပြုခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။

ဖားကန့်နယ်မြေမှာ မြေပြိုကျလို့ သေဆုံးတာတွေ၊ ကျင်းပိလို့သေဆုံးတာတွေ နှစ်စဉ်ရှိခဲ့ပြီး ရုပ်အလောင်း ပြန်လည်တူးဖော်နိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ဇူလိုင် ၂ ရက်နေ့ ဝှေခါမြေပြိုမှုမှာတော့  နွံကန်ထဲကျပြီး သေဆုံးသွား သူတွေရဲ့ ရုပ်အလောင်းအများအပြားနောက်ပိုင်းမှာ ပြန်ပေါ်လာတာကြောင့် ရုပ်အလောင်း ၁၇ဝ ဝန်းကျင် ပြန်လည်ရရှိခဲ့ပါတယ်။ ဒါဟာ ကျောက်စိမ်းမြေ မတော်တဆဖြစ်ရပ်တွေထဲ ရုပ်အလောင်း အများဆုံး ပြန်လည် တွေ့ရှိရတဲ့ဖြစ်ရပ် ဖြစ်လာပါတယ်။

ကချင်လက်နက်ကိုင်အဖွဲ့ KIA လှုပ်ရှားနယ်မြေဖြစ်တဲ့ ဖားကန့်မြို့ မြေပြိုသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး အစိုးရက တင်းတင်းကျပ်ကျပ် လုပ်ကိုင်ချင်ပေမယ့်လည်း နှစ်ဖက်လက်နက်ကိုင်တပ်တွေ ရှိတဲ့ဒေသဖြစ်နေတာကြောင့် မလွယ်ကူဘူးလို့ စိမ်းလန်း အမိမြေအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူ ပြောပါတယ်။

"အစိုးရကလည်း သူတတ်နိုင်သမျှတော့လုပ်တယ်၊ နိုင်ငံရေးအကျပ်အတည်းဖြစ်နေတော့ ဥပဒေစိုးမိုးမှ မလုပ်နိုင်တာ ဒီနယ်မြေကတည်ငြိမ်အေးချမ်းမှု မရှိဘူးလေ၊ လက်နက်ကိုင်တွေရှိနေတော့ကျတော့ စစ်ရေး အမြင်ကို ပိုအရေးကြီးတော့ အဲဒီဒေသရဲ့ နယ်မြေစိုးမိုးမှုမှာ တာဝန်အရှိဆုံးက တပ်မတော်က ဖြစ်နေတာပေါ့၊ စီမံခန့်ခွဲမှုကိစ္စတွေက စစ်ဘက်ဆိုင်ရာကိစ္စရပ်တွေနဲ့ ဆက်စပ်နေတာပေါ့လေ၊ ကုမ္ပဏီတွေကလည်း နယ်မြေ ထဲမှာ သြဇာအာဏာရှိတဲ့ လက်နက်ကိုင်တွေနဲ့ အကုန်လုံးအဆင်ပြေအောင်နေတော့ သူတို့ကလည်း တစ်ခု မဟုတ်တစ်ခု ဒီဥပဒေထဲကနေပြီးတော့ သူတို့ကိုယ်ကျိုးစီးပွားအတွက် လုပ်တဲ့ဟာတွေရှိတယ်၊ အစိုးရက မလုပ်နဲ့တားလည်း သူတို့ကလုပ်ပြီးတော့ မှောင်ခိုလမ်းကနေပြီးတော့ ခိုးထုတ်တာတွေကလည်းရှိနေ တာပဲလေ၊ ဒီလိုပြဿနာတွေက ရှုတ်ထွေးနေတဲ့အခါကျတော့ တကယ်ဖြစ်သင့် ဖြစ်ထိုက်တာကိုလုပ်ဖို့ ခက်တာပေါ့"

ဖားကန့်ကျောက်စိမ်းနယ်မြေမှာ  ကုမ္ပဏီတွေအများစုဟာ တရုတ်လုပ်ငန်းရှင်တွေ၊ ယခင် တပ်မတော် ခေါင်းဆောင် မိသားစုတချို့၊  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ ပါဝင်ပတ်သက်နေတာကြောင့် အဲဒီနယ်မြေမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက ပိုကြီးမားနေတယ်လို့သူက သုံးသပ်ပါတယ်။

လုပ်ကွက်တွေမှာ လူပေါင်း ရာဂဏန်း သေဆုံးခဲ့တဲ့အမှုကို စစ်ဆေးရမယ့်အဖွဲ့မှာပါဝင်တဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ မြန်မာစီးပွားရေး ဦးပိုင်လီမိတက်က ရှယ်ယာ အများဆုံး ပိုင်ဆိုင်သူတွေထဲက တစ်ဦးအပါအဝင် ဖြစ်တဲ့အတွက် ကော်မတီကနေ နုတ်ထွက်ဖို့ Justice For Myanmar အဖွဲ့က တောင်းဆိုထား ပါတယ်။

ကျောက်စိမ်းဒေသ နယ်မြေတည်ငြိမ်အေးချမ်းဖို့ လိုအပ်နေတယ်လို့ သုံးသပ်လာသူက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေပါ။

"အစိုးရကိုချည်းပဲ ပုံချနေလို့တော့ မရဘူး၊ ဘာကြောင့်လဲဆိုတော့ အစိုးရအဖွဲ့အစည်းတစ်ရပ်အနေနဲ့ ဆောင်ရွက်ရတဲ့အပိုင်းတွေမှာ အခက်အခဲတွေ အများကြီးရှိတယ်၊ ခုနကပြောတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေရဲ့ စီးပွားရေး အာရုံစိုက်ရာနေရာဖြစ်နေတယ်၊ အသီးသီးကိုယ်ကျိုးစီးပွားတွေရှိနေတယ်၊ ဒီဒေသတွေမှာ နယ်မြေရဲ့လုံခြုံမှုနဲ့ ဒေသစိုးမိုးမှုကို ကိုင်တွယ်ရတဲ့အခါမှာ အခက်အခဲအများကြီးရှိတယ်၊ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းရဲ့ ညွှန်ကြားမှု အစိုးရအဖွဲ့ရဲ့ လုပ်ချင်ကိုင်ချင်တဲ့ အနေအထားတွေသည်  ထိရောက်သင့်သလောက် မထိရောက်ဘူးလို့ ကျနော်ကဒီလိုသုံးသပ်ချင်တယ်"

ဖားကန့်နယ်မြေက ကျောက်စိမ်းလုပ်ကွက်တွေကနေ နိုင်ငံတော်အတွက် အခွန်ငွေ အမြောက်အမြား ဆုံးရှုံးနေတယ်လို့ အမျိုးသားလွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင်လည်းဖြစ်တဲ့ ဦးသိမ်းဆွေက ပြောပါတယ်။

လာဘ်ပေးလာဘ်ယူမှုတွေကလည်း ရပ်ကွက် ခြောက်ခု ကျေးရွာအုပ်စု ၁၅ ခုရှိတဲ့ ဖားကန့်နယ်မြေရဲ့ အရိုးစွဲ အကျင့်တစ်ခုဖြစ်နေပြီး ဒီဒေသကို ဇန်နဝါရီလ ၅ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးခဲ့ချိန်မှာ ကုမ္ပဏီအချို့က ငွေကြေးလက်ဆောင်ပေးတာကြောင့် ငြင်းပယ်ခဲ့တယ်လို့ သူက ပြောပါတယ်။

လောလောဆယ် အစိုးရက  စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး မြေပြိုကျခဲ့တဲ့ဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ပေးဖို့၊ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူအဆင့်ဆင့်ကို စုံစမ်းဖော်ထုတ်ပေးဖို့ တာဝန်ပေးထားပါတယ်။

လက်ရှိဖြစ်ပွားခဲ့တဲ့ မြေပြိုကျမှုတွေမှာ အဖွဲ့အစည်းအသီးသီးက အစိုးရချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုမရှိဘဲ လုပ်ကွက်တွေတူးဖော်လုပ်ကိုင်မှု၊  လာဘ်ပေးလာဘ်ယူမှု၊ မြေစာကို စည်းကမ်းမဲ့စွန့်ပစ်မှု စတဲ့အချက်တွေ တွေ့ရတယ်လို့ ဦးတင့်စိုးက ပြောပါတယ်။

"စည်းမဲ့ကမ်းမဲ့ကျင်းတွေလုပ်တယ်ဆိုတာလည်း ဒါလည်း အကြောင်းအရင်းတစ်ခုအနေနဲ့ ပါဝင်တာပေါ့၊ အဓိကပြောမယ်ဆိုရင် ဒီမှာတာဝန်အရှိဆုံးက မြန်မာ့ကျောက်မျက်ရတနာကော်ပိုရေးရှင်းပေါ့၊ သူတို့မှာလည်း လုံခြုံရေးဆိုတဲ့ကဏ္ဍကရှိနေပြန်ရော ကျနော်တို့ဆီမှာလည်း အစီရင်ခံစာတွေ အမြဲတမ်းရောက်နေတာပဲလေ၊ ဘယ်တပ်ဖွဲ့က ဗိုလ်ကြီးဘယ်သူတဲ့ ဘယ်တပ်ဖွဲ့က ဘယ်သူသွားပြီးစစ်တယ် စစ်တဲ့အခါ တကယ့်မြေပြင်မှာ ကျတော့ သွားတာဘာညာမရှိဘူး၊ ကြပ်မတ်မှုတွေကလည်း တော်တော်လေး အားနည်းတယ်ဆိုတာကို တွေ့ရတယ်၊  ဒီလိုကိစ္စတွေကျတော့ ကျနော်တို့ကလည်း လက်ဆုပ်လက်ကိုင်တော့ ပြောဖို့တော့ ခက် တာပေါ့"

မြေပြိုကျမှုဖြစ်ပွားခဲ့တဲ့ ဝှေခါကျေးရွာ လခူးချောင်ရပ်ကွက်က တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာစုပေါင်းကျောက်စိမ်း လုပ်ကွက်မြေနေရာဖြစ်ပြီး ကုမ္ပဏီတွေကတော့ နားထားတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဖားကန့်မြို့မှာ အခုလိုအဖြစ်မျိုးတွေ ထပ်မဖြစ်အောင် အဖွဲ့အစည်းတွေ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ လိုအပ် နေပြီး ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်တယ်လို့ ဦးတင့်စိုးကပြောပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အစိုးရရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ လွတ်လပ်စွာ စုံစမ်းစစ်ဆေးပြီး ပြစ်ဒဏ်ပေးနိုင်မလား ဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ကတော့ လုံခြုံရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့အတွက် ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးနဲ့ တပ်မှူး တစ်ဦးကို မူလစစ်ဘက်တာဝန်တွေ ပြန်လည်ထမ်းဆောင်စေဆိုပြီး အရေးယူခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"လုပ်ကွက်တွေနဲ့ ပတ်သက်ပြီးတော့ ပိတ်ထားတဲ့ဟာတွေရှိတယ်၊ မိုးတွင်းကာလ ပိတ်ထားတဲ့ဟာတွေ တခြားဒေသန္တရ လုံခြုံရေးပိုင်းဆိုင်ရာ  ထုတ်ပြန်ထားတဲ့ဟာတွေ ရှိပါလိမ့်မယ်၊ ဒါတွေနဲ့ ပတ်သက်ပြီးကျ တော့ လုံခြုံရေး တာဝန်ယူထားတဲ့လူတွေမှာ သူတို့ကိုယ်တိုင် ချိုးဖောက်တဲ့လူတွေရှိနေတယ်၊ ချိုးဖောက်တဲ့ ကိစ္စတွေရှိနေတယ်၊ လိုက်နာမှုအားနည်းမှုတွေ ရှိတဲ့အတွက် သူ့မှာတာဝန်ရှိတဲ့အလျောက် လိုက်နာဖို့ ကန့် သတ်ဖို့ တားဆီးဖို့ တာဝန်တွေရှိမယ် သတင်းပို့တင်ပြဖို့ တာဝန်တွေရှိမယ် ဒါတွေအပေါ်  အားနည်းတဲ့ အတွက် ကျနော်တို့အနေနဲ့ အရေးယူဆောင်ရွက်မှုလုပ်ရမှာဖြစ်ပါတယ်။"

ဗြိတိန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၅ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ကျောက်စိမ်းလုပ်ငန်းက ရတဲ့ဝင်ငွေဟာ ၂ဝ၁၄ တနှစ်တည်းမှာတင် အမေရိကန် ဒေါ်လာ ၃၁ ဘီလီယံနဲ့ ညီမျှပြီး တနိုင်ငံလုံးရဲ့ တရားဝင် ကုန်ထုတ်တန်ဖိုး GDP ရဲ့ ၄၈ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

၁၉၉ဝ ပြည့်လွန် နှစ်တွေကစလို့ ကျောက်စိမ်းလုပ်ငန်းနဲ့ သယံဇာတလုပ်ငန်း အမြတ်အစွန်းတွေကို အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မိသားစုတွေက လက်ဝါးကြီးအုပ် ရယူ ပိုင်ဆိုင်ခဲ့ကြပြီး၊ ၂ဝ၁၄ ခုနှစ် တစ်နှစ်တည်းမှာတင် အကျိုးအမြတ် ဒေါ်လာသန်း ၂၂ဝ ရခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဖားကန့်နယ်မြေခံတစ်ဦးဖြစ်တဲ့ ကိုမင်းမင်းစိုးက လုပ်ပိုင်ခွင့်ရရှိထားတဲ့ ကုမ္ပဏီတွေအနေနဲ့ အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေကို လိုက်နာမှုရှိဘဲ စည်းကမ်းမဲ့တူးဖော်တာတွေများတယ်လို့ ပြောပါတယ်။

"လုပ်စိမ်းလုပ်ကွက်တွေကို စနစ်တကျ တူးဖော်ဖို့ စည်းနဲ့ကမ်းနဲ့ တူးဖော်ဖို့ ရေမဆေးတွေကလည်း အန္တရာယ် ရှိတဲ့နေရာတွေကို သတိထားပြီး မဝင်ဖို့ ကျောက်စိမ်းလုပ်ကွက်တွေကို ရွာတွေနဲ့ နီးတဲ့နေရာတွေမှာ ချပေးတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့နောက်နောင်လည်း မချပေးဖို့ ပြောချင်ပါတယ်၊ ရေမဆေးသမားဆိုတာက ကျနော်လည်း ရေမဆေးဘဝက တက်ခဲ့တဲ့လူဆိုတော့ ရေမဆေးဆိုတာက ကျောက်ထွက်တဲ့နေရာကို ရှာကြ မှာပဲ၊ မိမိအသက်အန္တရာယ်နဲ့ နီးတာဝေးတာ အရေးမကြီးဘူး၊ ကျနော်တို့ကျောက်ရမှ မိသားစုစားဝတ်နေရေး အဆင်ပြေတာမျိုးတွေရှိတယ်ဗျ၊ ရေးမဆေးသမားတစ်ယောက်ကို မှီခိုနေတာက မိသားစုက ငါးဦး ခြောက်ဦး လောက်ရှိတယ်၊ ဒီကရမှပဲ မိသားစုစားဝတ်နေရေး အဆင်ပြေတာမျိုးတွေ တွေ့နေရတယ်"

လက်ရှိတူးဖော်ခွင့်ရရှိထားတဲ့ ကုမ္ပဏီတွေဟာ NLD အစိုးရလက်ထက်မှာ ချထားတဲ့ လုပ်ကွက်တွေမဟုတ်ဘဲ အစိုးရအဆက်ဆက် ချပေးခဲ့တဲ့ လုပ်ကွက်တွေဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ခဲ့တဲ့ မြေပြိုမှုကိစ္စကိုလည်း စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးနဲ့ အထွေထွေ အုပ်ချုပ်ရေးကိုပဲ မေးမြန်းသွားပြီး ဒေသခံတွေကို မေးတာမဟုတ်တဲ့အပေါ် ဘဝင်မကျဘူး လို့လည်း ပြောပါတယ်။

စုံစမ်းဆေးမှုတွေ၊ အရေးယူတာတွေ အသီးသီးလုပ်ဆောင်သွားကြပေမယ့် လူပေါင်း ၁၀၀ ကျော်ရဲ့ အသက်တွေ ပြန်လည်မရှင်သန်နိုင်တော့ပါဘူး။ စုံစစ်ဆေးမှုတွေက ဖားကန့်ပြည်သူတွေအတွက် အမှန်တရားဖြစ်လာမလား ဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

အောင်သိင်္ခ၊ ဇာဏီထွဏ်း / RFA Burmese
----------------------------------------------

(Zawgyi)⤵⤵⤵
ဖားကန႔္မွာ ေျမၿပိဳၿပီး လူေသဆုံးမႈ ထပ္မျဖစ္ေအာင္ ဘယ္လိုကာကြယ္မလဲ

တိုင္းနဲ႔ျပည္နယ္အသီးသီးက ေရမေဆးေက်ာက္ရွာေဖြသူ  ေလးသိန္းေက်ာ္ရွိေနတဲ့ ကခ်င္ျပည္နယ္ ဖားကန႔္ ၿမိဳ႕နယ္မွာ  လူ ၂ဝဝ နီးပါး ေသဆုံးခဲ့တဲ့ ေျမၿပိဳမႈႀကီးျဖစ္ပြားၿပီး ေနာက္တစ္ေန႔မွာ ဒီျဖစ္ရပ္ကို စုံစမ္းစစ္ေဆးဖို႔ အတြက္ ျပည္ေထာင္စုအစိုးရအဖြဲ႕က   စုံစမ္းစစ္ေဆးေရးအဖြဲ႕  ဖြဲ႕စည္းေစလႊတ္ၿပီး  ကြင္းဆင္းစစ္ေဆးတာ၊ ေသဆုံး၊ ဒဏ္ရာရသူတို႔ရဲ႕ မိသားစုကို ေငြေၾကးေထာက္ပံ့တာေတြ လုပ္ခဲ့ပါတယ္။

"ႏိုင္ငံေတာ္က ဖြဲ႕ထားတဲ့အဖြဲ႕ သယံဇာတနဲ႔ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးအုန္းဝင္းေပါ့ဗ်ာ သူဦးေဆာင္တဲ့အဖြဲ႕ေပါ့၊ အဲအဖြဲ႕ရယ္ က်ေနာ္တို႔ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ရယ္က ပူးေပါင္းၿပီးေတာ့ ကြင္းဆင္းေနပါတယ္၊ ေမးသင့္တာေတြေမး ၾကည့္သင့္တာေတြ အကုန္လိုက္လုပ္ေနပါတယ္။"

ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ဦးေနဝင္း ေျပာသြားတာပါ။ အဖြဲ႕အေနနဲ႔ စုံစမ္းရရွိထားတဲ့ အေသးစိတ္အခ်က္အလက္ကိုေတာ့ ထုတ္ေဖာ္ေျပာဆိုတာ မရွိေသးပါဘူး။ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဥကၠ႒ သယံဇာတဝန္ႀကီး ဦးအုန္းဝင္းက ဒီျဖစ္ရပ္ဟာ ေသဆုံးသြားသူေတြရဲ႕ ေလာဘေၾကာင့္ ျဖစ္ပြားခဲ့တယ္လို႔ မွတ္ခ်က္ျပဳခဲ့တဲ့အတြက္ ေဝဖန္ခံခဲ့ရပါတယ္။

ဖားကန႔္နယ္ေျမမွာ ေျမၿပိဳက်လို႔ ေသဆုံးတာေတြ၊ က်င္းပိလို႔ေသဆုံးတာေတြ ႏွစ္စဥ္ရွိခဲ့ၿပီး ႐ုပ္အေလာင္း ျပန္လည္တူးေဖာ္ႏိုင္ဖို႔ ခက္ခဲခဲ့ပါတယ္။ ဇူလိုင္ ၂ ရက္ေန႔ ေဝွခါေျမၿပိဳမႈမွာေတာ့  ႏြံကန္ထဲက်ၿပီး ေသဆုံးသြား သူေတြရဲ႕ ႐ုပ္အေလာင္းအမ်ားအျပားေနာက္ပိုင္းမွာ ျပန္ေပၚလာတာေၾကာင့္ ႐ုပ္အေလာင္း ၁၇ဝ ဝန္းက်င္ ျပန္လည္ရရွိခဲ့ပါတယ္။ ဒါဟာ ေက်ာက္စိမ္းေျမ မေတာ္တဆျဖစ္ရပ္ေတြထဲ ႐ုပ္အေလာင္း အမ်ားဆုံး ျပန္လည္ ေတြ႕ရွိရတဲ့ျဖစ္ရပ္ ျဖစ္လာပါတယ္။

ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA လႈပ္ရွားနယ္ေျမျဖစ္တဲ့ ဖားကန႔္ၿမိဳ႕ ေျမၿပိဳေသဆုံးမႈေတြနဲ႔ ပတ္သက္ၿပီး အစိုးရက တင္းတင္းက်ပ္က်ပ္ လုပ္ကိုင္ခ်င္ေပမယ့္လည္း ႏွစ္ဖက္လက္နက္ကိုင္တပ္ေတြ ရွိတဲ့ေဒသျဖစ္ေနတာေၾကာင့္ မလြယ္ကူဘူးလို႔ စိမ္းလန္း အမိေျမအဖြဲ႕ ဥကၠ႒ ဦးဝင္းမ်ိဳးသူ ေျပာပါတယ္။

"အစိုးရကလည္း သူတတ္ႏိုင္သမွ်ေတာ့လုပ္တယ္၊ ႏိုင္ငံေရးအက်ပ္အတည္းျဖစ္ေနေတာ့ ဥပေဒစိုးမိုးမွ မလုပ္ႏိုင္တာ ဒီနယ္ေျမကတည္ၿငိမ္ေအးခ်မ္းမႈ မရွိဘူးေလ၊ လက္နက္ကိုင္ေတြရွိေနေတာ့က်ေတာ့ စစ္ေရး အျမင္ကို ပိုအေရးႀကီးေတာ့ အဲဒီေဒသရဲ႕ နယ္ေျမစိုးမိုးမႈမွာ တာဝန္အရွိဆုံးက တပ္မေတာ္က ျဖစ္ေနတာေပါ့၊ စီမံခန႔္ခြဲမႈကိစၥေတြက စစ္ဘက္ဆိုင္ရာကိစၥရပ္ေတြနဲ႔ ဆက္စပ္ေနတာေပါ့ေလ၊ ကုမၸဏီေတြကလည္း နယ္ေျမ ထဲမွာ ၾသဇာအာဏာရွိတဲ့ လက္နက္ကိုင္ေတြနဲ႔ အကုန္လုံးအဆင္ေျပေအာင္ေနေတာ့ သူတို႔ကလည္း တစ္ခု မဟုတ္တစ္ခု ဒီဥပေဒထဲကေနၿပီးေတာ့ သူတို႔ကိုယ္က်ိဳးစီးပြားအတြက္ လုပ္တဲ့ဟာေတြရွိတယ္၊ အစိုးရက မလုပ္နဲ႔တားလည္း သူတို႔ကလုပ္ၿပီးေတာ့ ေမွာင္ခိုလမ္းကေနၿပီးေတာ့ ခိုးထုတ္တာေတြကလည္းရွိေန တာပဲေလ၊ ဒီလိုျပႆနာေတြက ရႈတ္ေထြးေနတဲ့အခါက်ေတာ့ တကယ္ျဖစ္သင့္ ျဖစ္ထိုက္တာကိုလုပ္ဖို႔ ခက္တာေပါ့"

ဖားကန႔္ေက်ာက္စိမ္းနယ္ေျမမွာ  ကုမၸဏီေတြအမ်ားစုဟာ တ႐ုတ္လုပ္ငန္းရွင္ေတြ၊ ယခင္ တပ္မေတာ္ ေခါင္းေဆာင္ မိသားစုတခ်ိဳ႕၊  တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းတို႔ ပါဝင္ပတ္သက္ေနတာေၾကာင့္ အဲဒီနယ္ေျမမွာ တပ္မေတာ္ရဲ႕ အခန္းက႑က ပိုႀကီးမားေနတယ္လို႔သူက သုံးသပ္ပါတယ္။

လုပ္ကြက္ေတြမွာ လူေပါင္း ရာဂဏန္း ေသဆုံးခဲ့တဲ့အမႈကို စစ္ေဆးရမယ့္အဖြဲ႕မွာပါဝင္တဲ့ ျပည္ထဲေရးဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ဟာ ျမန္မာစီးပြားေရး ဦးပိုင္လီမိတက္က ရွယ္ယာ အမ်ားဆုံး ပိုင္ဆိုင္သူေတြထဲက တစ္ဦးအပါအဝင္ ျဖစ္တဲ့အတြက္ ေကာ္မတီကေန ႏုတ္ထြက္ဖို႔ Justice For Myanmar အဖြဲ႕က ေတာင္းဆိုထား ပါတယ္။

ေက်ာက္စိမ္းေဒသ နယ္ေျမတည္ၿငိမ္ေအးခ်မ္းဖို႔ လိုအပ္ေနတယ္လို႔ သုံးသပ္လာသူက အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသိမ္းေဆြပါ။

"အစိုးရကိုခ်ည္းပဲ ပုံခ်ေနလို႔ေတာ့ မရဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ အစိုးရအဖြဲ႕အစည္းတစ္ရပ္အေနနဲ႔ ေဆာင္႐ြက္ရတဲ့အပိုင္းေတြမွာ အခက္အခဲေတြ အမ်ားႀကီးရွိတယ္၊ ခုနကေျပာတဲ့ လက္နက္ကိုင္အဖြဲ႕ အစည္းေတြရဲ႕ စီးပြားေရး အာ႐ုံစိုက္ရာေနရာျဖစ္ေနတယ္၊ အသီးသီးကိုယ္က်ိဳးစီးပြားေတြရွိေနတယ္၊ ဒီေဒသေတြမွာ နယ္ေျမရဲ႕လုံၿခဳံမႈနဲ႔ ေဒသစိုးမိုးမႈကို ကိုင္တြယ္ရတဲ့အခါမွာ အခက္အခဲအမ်ားႀကီးရွိတယ္၊ သက္ဆိုင္ရာအစိုးရအဖြဲ႕အစည္းရဲ႕ ၫႊန္ၾကားမႈ အစိုးရအဖြဲ႕ရဲ႕ လုပ္ခ်င္ကိုင္ခ်င္တဲ့ အေနအထားေတြသည္  ထိေရာက္သင့္သေလာက္ မထိေရာက္ဘူးလို႔ က်ေနာ္ကဒီလိုသုံးသပ္ခ်င္တယ္"

ဖားကန႔္နယ္ေျမက ေက်ာက္စိမ္းလုပ္ကြက္ေတြကေန ႏိုင္ငံေတာ္အတြက္ အခြန္ေငြ အေျမာက္အျမား ဆုံးရႈံးေနတယ္လို႔ အမ်ိဳးသားလႊတ္ေတာ္ အစိုးရရဲ႕ အာမခံခ်က္မ်ား၊ ကတိမ်ားနဲ႔ တာဝန္ခံခ်က္မ်ား စိစစ္ေရးေကာ္မတီဝင္လည္းျဖစ္တဲ့ ဦးသိမ္းေဆြက ေျပာပါတယ္။

လာဘ္ေပးလာဘ္ယူမႈေတြကလည္း ရပ္ကြက္ ေျခာက္ခု ေက်း႐ြာအုပ္စု ၁၅ ခုရွိတဲ့ ဖားကန႔္နယ္ေျမရဲ႕ အ႐ိုးစြဲ အက်င့္တစ္ခုျဖစ္ေနၿပီး ဒီေဒသကို ဇန္နဝါရီလ ၅ ရက္ေန႔ကေန ၁၄ ရက္ေန႔အထိ ကြင္းဆင္းစစ္ေဆးခဲ့ခ်ိန္မွာ ကုမၸဏီအခ်ိဳ႕က ေငြေၾကးလက္ေဆာင္ေပးတာေၾကာင့္ ျငင္းပယ္ခဲ့တယ္လို႔ သူက ေျပာပါတယ္။

ေလာေလာဆယ္ အစိုးရက  စုံစမ္းေရးအဖြဲ႕ ဖြဲ႕စည္းၿပီး ေျမၿပိဳက်ခဲ့တဲ့ျဖစ္စဥ္ကို စုံစမ္းေဖာ္ထုတ္ေပးဖို႔၊ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး တာဝန္ရွိသူအဆင့္ဆင့္ကို စုံစမ္းေဖာ္ထုတ္ေပးဖို႔ တာဝန္ေပးထားပါတယ္။

လက္ရွိျဖစ္ပြားခဲ့တဲ့ ေျမၿပိဳက်မႈေတြမွာ အဖြဲ႕အစည္းအသီးသီးက အစိုးရခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာမႈမရွိဘဲ လုပ္ကြက္ေတြတူးေဖာ္လုပ္ကိုင္မႈ၊  လာဘ္ေပးလာဘ္ယူမႈ၊ ေျမစာကို စည္းကမ္းမဲ့စြန႔္ပစ္မႈ စတဲ့အခ်က္ေတြ ေတြ႕ရတယ္လို႔ ဦးတင့္စိုးက ေျပာပါတယ္။

"စည္းမဲ့ကမ္းမဲ့က်င္းေတြလုပ္တယ္ဆိုတာလည္း ဒါလည္း အေၾကာင္းအရင္းတစ္ခုအေနနဲ႔ ပါဝင္တာေပါ့၊ အဓိကေျပာမယ္ဆိုရင္ ဒီမွာတာဝန္အရွိဆုံးက ျမန္မာ့ေက်ာက္မ်က္ရတနာေကာ္ပိုေရးရွင္းေပါ့၊ သူတို႔မွာလည္း လုံၿခဳံေရးဆိုတဲ့က႑ကရွိေနျပန္ေရာ က်ေနာ္တို႔ဆီမွာလည္း အစီရင္ခံစာေတြ အၿမဲတမ္းေရာက္ေနတာပဲေလ၊ ဘယ္တပ္ဖြဲ႕က ဗိုလ္ႀကီးဘယ္သူတဲ့ ဘယ္တပ္ဖြဲ႕က ဘယ္သူသြားၿပီးစစ္တယ္ စစ္တဲ့အခါ တကယ့္ေျမျပင္မွာ က်ေတာ့ သြားတာဘာညာမရွိဘူး၊ ၾကပ္မတ္မႈေတြကလည္း ေတာ္ေတာ္ေလး အားနည္းတယ္ဆိုတာကို ေတြ႕ရတယ္၊  ဒီလိုကိစၥေတြက်ေတာ့ က်ေနာ္တို႔ကလည္း လက္ဆုပ္လက္ကိုင္ေတာ့ ေျပာဖို႔ေတာ့ ခက္ တာေပါ့"

ေျမၿပိဳက်မႈျဖစ္ပြားခဲ့တဲ့ ေဝွခါေက်း႐ြာ လခူးေခ်ာင္ရပ္ကြက္က တစ္သုံးလုံး၊ ရတနာၾကယ္၊ ေက်ာက္မ်က္ေ႐ႊၾကည္၊ ရတနာဆန္း႐ႊင္၊ ဧရာရတနာစုေပါင္းေက်ာက္စိမ္း လုပ္ကြက္ေျမေနရာျဖစ္ၿပီး ကုမၸဏီေတြကေတာ့ နားထားတဲ့ အခ်ိန္လည္း ျဖစ္ပါတယ္။

ဖားကန႔္ၿမိဳ႕မွာ အခုလိုအျဖစ္မ်ိဳးေတြ ထပ္မျဖစ္ေအာင္ အဖြဲ႕အစည္းေတြ အားလုံးပူးေပါင္းေဆာင္႐ြက္ဖို႔ လိုအပ္ ေနၿပီး ဥပေဒစည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာဖို႔ လိုအပ္တယ္လို႔ ဦးတင့္စိုးကေျပာပါတယ္။

ဒီလိုအေျခအေနမ်ိဳးမွာ အစိုးရရဲ႕ စုံစမ္းစစ္ေဆးေရးအဖြဲ႕ဟာ လြတ္လပ္စြာ စုံစမ္းစစ္ေဆးၿပီး ျပစ္ဒဏ္ေပးႏိုင္မလား ဆိုတာကေတာ့ ေစာင့္ၾကည့္သြားရမွာပဲ ျဖစ္ပါတယ္။

ျမန္မာ့တပ္မေတာ္အေနနဲ႔ကေတာ့ လုံၿခဳံေရးနဲ႔ ပတ္သက္ၿပီး တာဝန္ရွိတဲ့အတြက္ ကခ်င္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးဌာန ဝန္ႀကီးနဲ႔ တပ္မႉး တစ္ဦးကို မူလစစ္ဘက္တာဝန္ေတြ ျပန္လည္ထမ္းေဆာင္ေစဆိုၿပီး အေရးယူခဲ့တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

"လုပ္ကြက္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ပိတ္ထားတဲ့ဟာေတြရွိတယ္၊ မိုးတြင္းကာလ ပိတ္ထားတဲ့ဟာေတြ တျခားေဒသႏၲရ လုံၿခဳံေရးပိုင္းဆိုင္ရာ  ထုတ္ျပန္ထားတဲ့ဟာေတြ ရွိပါလိမ့္မယ္၊ ဒါေတြနဲ႔ ပတ္သက္ၿပီးက် ေတာ့ လုံၿခဳံေရး တာဝန္ယူထားတဲ့လူေတြမွာ သူတို႔ကိုယ္တိုင္ ခ်ိဳးေဖာက္တဲ့လူေတြရွိေနတယ္၊ ခ်ိဳးေဖာက္တဲ့ ကိစၥေတြရွိေနတယ္၊ လိုက္နာမႈအားနည္းမႈေတြ ရွိတဲ့အတြက္ သူ႔မွာတာဝန္ရွိတဲ့အေလ်ာက္ လိုက္နာဖို႔ ကန႔္ သတ္ဖို႔ တားဆီးဖို႔ တာဝန္ေတြရွိမယ္ သတင္းပို႔တင္ျပဖို႔ တာဝန္ေတြရွိမယ္ ဒါေတြအေပၚ  အားနည္းတဲ့ အတြက္ က်ေနာ္တို႔အေနနဲ႔ အေရးယူေဆာင္႐ြက္မႈလုပ္ရမွာျဖစ္ပါတယ္။"

ၿဗိတိန္ႏိုင္ငံအေျခစိုက္ Global Witness အဖြဲ႕က ထုတ္ျပန္တဲ့ ၂၀၁၅ ခုႏွစ္ အစီရင္ခံစာအရ ျမန္မာႏိုင္ငံမွာ ေက်ာက္စိမ္းလုပ္ငန္းက ရတဲ့ဝင္ေငြဟာ ၂ဝ၁၄ တႏွစ္တည္းမွာတင္ အေမရိကန္ ေဒၚလာ ၃၁ ဘီလီယံနဲ႔ ညီမွ်ၿပီး တႏိုင္ငံလုံးရဲ႕ တရားဝင္ ကုန္ထုတ္တန္ဖိုး GDP ရဲ႕ ၄၈ ရာခိုင္ႏႈန္းရွိတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

၁၉၉ဝ ျပည့္လြန္ ႏွစ္ေတြကစလို႔ ေက်ာက္စိမ္းလုပ္ငန္းနဲ႔ သယံဇာတလုပ္ငန္း အျမတ္အစြန္းေတြကို အၿငိမ္းစား ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊ အပါအဝင္ ထိပ္တန္းစစ္ဗိုလ္ခ်ဳပ္ႀကီးေတြရဲ႕ မိသားစုေတြက လက္ဝါးႀကီးအုပ္ ရယူ ပိုင္ဆိုင္ခဲ့ၾကၿပီး၊ ၂ဝ၁၄ ခုႏွစ္ တစ္ႏွစ္တည္းမွာတင္ အက်ိဳးအျမတ္ ေဒၚလာသန္း ၂၂ဝ ရခဲ့ၾကတယ္လို႔ ေဖာ္ျပထားပါတယ္။

ဖားကန႔္နယ္ေျမခံတစ္ဦးျဖစ္တဲ့ ကိုမင္းမင္းစိုးက လုပ္ပိုင္ခြင့္ရရွိထားတဲ့ ကုမၸဏီေတြအေနနဲ႔ အစိုးရရဲ႕ စည္းမ်ဥ္းစည္းကမ္းဥပေဒေတြကို လိုက္နာမႈရွိဘဲ စည္းကမ္းမဲ့တူးေဖာ္တာေတြမ်ားတယ္လို႔ ေျပာပါတယ္။

"လုပ္စိမ္းလုပ္ကြက္ေတြကို စနစ္တက် တူးေဖာ္ဖို႔ စည္းနဲ႔ကမ္းနဲ႔ တူးေဖာ္ဖို႔ ေရမေဆးေတြကလည္း အႏၲရာယ္ ရွိတဲ့ေနရာေတြကို သတိထားၿပီး မဝင္ဖို႔ ေက်ာက္စိမ္းလုပ္ကြက္ေတြကို ႐ြာေတြနဲ႔ နီးတဲ့ေနရာေတြမွာ ခ်ေပးတဲ့ ကိစၥနဲ႔ပတ္သက္လို႔ က်ေနာ္တို႔ေနာက္ေနာင္လည္း မခ်ေပးဖို႔ ေျပာခ်င္ပါတယ္၊ ေရမေဆးသမားဆိုတာက က်ေနာ္လည္း ေရမေဆးဘဝက တက္ခဲ့တဲ့လူဆိုေတာ့ ေရမေဆးဆိုတာက ေက်ာက္ထြက္တဲ့ေနရာကို ရွာၾက မွာပဲ၊ မိမိအသက္အႏၲရာယ္နဲ႔ နီးတာေဝးတာ အေရးမႀကီးဘူး၊ က်ေနာ္တို႔ေက်ာက္ရမွ မိသားစုစားဝတ္ေနေရး အဆင္ေျပတာမ်ိဳးေတြရွိတယ္ဗ်၊ ေရးမေဆးသမားတစ္ေယာက္ကို မွီခိုေနတာက မိသားစုက ငါးဦး ေျခာက္ဦး ေလာက္ရွိတယ္၊ ဒီကရမွပဲ မိသားစုစားဝတ္ေနေရး အဆင္ေျပတာမ်ိဳးေတြ ေတြ႕ေနရတယ္"

လက္ရွိတူးေဖာ္ခြင့္ရရွိထားတဲ့ ကုမၸဏီေတြဟာ NLD အစိုးရလက္ထက္မွာ ခ်ထားတဲ့ လုပ္ကြက္ေတြမဟုတ္ဘဲ အစိုးရအဆက္ဆက္ ခ်ေပးခဲ့တဲ့ လုပ္ကြက္ေတြျဖစ္တယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက ျဖစ္ခဲ့တဲ့ ေျမၿပိဳမႈကိစၥကိုလည္း စစ္ေဆးေရးအဖြဲ႕တစ္ဖြဲ႕ေရာက္လာၿပီး ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး တစ္ဦးနဲ႔ အေထြေထြ အုပ္ခ်ဳပ္ေရးကိုပဲ ေမးျမန္းသြားၿပီး ေဒသခံေတြကို ေမးတာမဟုတ္တဲ့အေပၚ ဘဝင္မက်ဘူး လို႔လည္း ေျပာပါတယ္။

စုံစမ္းေဆးမႈေတြ၊ အေရးယူတာေတြ အသီးသီးလုပ္ေဆာင္သြားၾကေပမယ့္ လူေပါင္း ၁၀၀ ေက်ာ္ရဲ႕ အသက္ေတြ ျပန္လည္မရွင္သန္ႏိုင္ေတာ့ပါဘူး။ စုံစစ္ေဆးမႈေတြက ဖားကန႔္ျပည္သူေတြအတြက္ အမွန္တရားျဖစ္လာမလား ဆိုတာကေတာ့ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

ေအာင္သိခၤ၊ ဇာဏီထြဏ္း / RFA Burmese
https://www.rfa.org/burmese/program_2/how-to-prevent-people-killed-by-landslides-in-phakant-07072020074215.html
ဖားကန့်မှာ မြေပြိုပြီး လူသေဆုံးမှု ထပ်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ ဖားကန့်မှာ မြေပြိုပြီး လူသေဆုံးမှု ထပ်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.