ရသေ့တောင်မြို့နယ်ဘက် တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးပြီး ရွာလုံးကျွတ်ထွက်ပြေးရ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော ရခိုင်ဒုက္ခသည်တချို့။
(Unicode)⤵⤵⤵
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေအတွင်း အရပ်သားတချို့ ထိခိုက်သေဆုံးမှုတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေရာက ဒေသခံတွေ သေကျေဒဏ်ရာရမှုတွေနဲ့ ကြုံနေရတာပါ။ မနေ့တုန်းကလည်း မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ရသေ့တောင်မြို့နယ်မှာ ရှိတဲ့ ကိုးတန်ကောက်နဲ့ ချိန်ခါလီကျေးရွာ အကြား တိုက်ပွဲဖြစ်ရာမှာ ဒေသခံရွာသားတချို့ သေဆုံးဒဏ်ရာ ရရှိခဲ့တယ်လို့ ချိန်ခါလီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောပါတယ်။

“မနေ့ညကတော့ ဖြစ်တယ်။ အဲဒီ ကျနော်တို့ ကိုးတန်ကောက်နဲ့ ချိန်ခါလီကြားမှာလေ။ ထိခိုက်မှုအခြေအနေကတော့ ပြည်သူလူထုက ၂ ယောက်သေသွားတယ်။ အသက်က ၇၀ တယောက် ၆၀ တယောက်။ သေဆုံးတဲ့အလောင်းတွေ ကျနော်တို့ အခုထက်ထိ မယူရသေးဘူး။ ဒဏ်ရာရတဲ့သူက မပြောပလောက်တဲ့ ဒဏ်ရာပါ။ နည်းနည်းလောက်ထိသွားတာ ဖြစ်လို့ ကျနော် မျက်စိနဲ့ ကိုယ်တိုင်တွေ့ပြီးပြီ။”

တိုက်ပွဲအတွင်း ဘယ်အဖွဲ့က ပစ်တဲ့ လက်နက်ကျည်ဆိုတာ မသိရဘူးလို့ သူက ဆိုပါတယ်။

မနေ့က ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရွာသား ၃ ဦး လက်နက်ကြီးကျည်စထိမှန်ခဲ့ပြီး ညနေပိုင်းမှာ တခြားရွာသား၂ ဦး သေဆုံးမှု ဖြစ်ပွားခဲ့တာပါ။

မနေ့ညနေ ၅ နာရီမှာ မြန်မာစစ်တပ်ကနေ ရွာအတွင်း ဝင်ရောက်ပြီး ရွာသား ၂ ယောက်ကိုပစ်သတ်ခဲ့တာလို့ တခြားချိန်ခါလီရွာသား တဦးကတော့ စွပ်စွဲပြောဆိုပါတယ်။

“အသက် ၆၀ ကျော်အဖိုးတယောက်လောက်ကိုတော့ သူတို့ဘာဖြစ်လို့ပစ်သတ်လိုက်တယ်ဆိုတာတော့မသိဘူး။ အဖိုးအို ၂ ယောက် ပစ်သတ်တာတော့ ကျနော် အတိကျသိရတယ်ဗျ။”

လက်ရှိချိန်ခါလီကျေးရွာသားအားလုံးနီးပါးဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ချိန်ခါလီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောပါတယ်။

“ချိန်ခါလီရွာသားတွေကတော့ အခုလက်ရှိမှာ သူတို့ အကုန်လုံးပြေးကြပြီး။ ဒုံးပိုက် စာတိုက်အောင်ဗလ ရှောင်နေတဲ့ လူက အရေအတွက်က ၆၅၀ လောက်ရှိပါတယ်။ ရွာထဲမှာဆိုသက်ကြီးရွယ်အိုတွေပဲ ရှိတယ်။”

ဇူလိုင်လ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့မှာ ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာအနီးမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

ဒီတိုက်ပွဲအတွင်း ရွာသားတွေနေရပ်ကနေ တိမ်းရှောင်သွားခဲ့သလို ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေသာ ကျန်ရှိ နေပါတယ်။

ဒီပိတ်မိသူတွေကို ကယ်ထုတ်နိုင်ဖို့ သက်ဆိုင်ရာကို ခွင့်ပြုချက်တောင်းခံထားနေဆဲလို့ ရသေ့တောင်မြို့အကူညီရေး အဖွဲ့ဝင်ကိုဘက္ကာကပြောပါတယ်။

“ရွာထဲမှာ လူမမာရယ် သက်ကြီးရွယ်အိုရယ်ပိတ်မိနေတာ ၁၀ ဦးလောက်ရှိတယ်။ အဲဒီချိန်ခါလီအုပ်ချုပ်ရေးမှူး ကျေးရွာသူကျေးရွာသားတွေ ကျနော်တို့ကို အကူညီတောင်းနေကြလို့။ ကျနော်တို့လည်း အချိန်ခါတခုကိုကြည့်နေတယ်လေ။ ကျနော်တို့လည်း အဲဒီမှာခွင့်ပြုချက်တွေတင်ထားတယ်။ သွားဖို့အတွက်လေ။”

နောက်ဆုံးအခြေအနေအရ နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စီစဉ်မှုနဲ့ ချိန်ခါလီရွာထဲပိတ်မိနေတဲ့ သက်ကြီးရွယ်အို ၈ ဦး နာတာရှည်ရောဂါသည် ၂ ဦးကို ဒီညနေပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့ပြီး မသင်္ကာ စစ်ဆေးခံရသူ ၃ ဦးကိုလည်း အာမခံနဲ့ ပြန်ထုတ်လာနိုင်ခဲ့ပါတယ်။ သေဆုံးသူ ရုပ်အလောင်းတွေကိုလဲ သယ်ယူဖို့ ကြိုးပမ်းနေတယ်လို့ မောင်တောမြို့အကူညီပေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရသေ့တောင်မြို့နယ် ချိန်ခါလီဘက် တိုက်ပွဲဖြစ်ပွါးမှုနဲ့ ပတ်သက်ပြီး ကိုးတန်ကောက်ကျေးရွာအနောက်မြောက်ဘက် မောင်တော-အငူမော်ကားလမ်းဘေးအနီးမှာ မြန်မာ့တပ်မတော် ဘူးသီးတောင်အခြေစိုက်၊ စကခ (၁၅) လက်အောက်ခံ၊ ခလရ (၂၃၃) နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းအင်အားနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ဇူလိုင်လ ၁၂ ရက် နှင့် ၁၃ ရက်တို့မှာတိုက်ပွဲဖြစ်ပွါးခဲ့ပြီး မြန်မာစစ်တပ်ဘက်က ၁၅ ဦးကျဆုံးခဲ့သလို AA ဘက်ကလဲ ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ AA အဖွဲ့ကနေ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ သိရှိဖို့ တပ်မတော်ဘက်ကို ဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ဇွန်လ ၂၂ ရက်နေ့က ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာအနီးရှိ ဆားငံချောင်းတံတားအနီးမှာ နယ်ခြားစောင့်ရဲတွေ စီးနင်းလိုက်ပါလာတဲ့ ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရလို့ အရပ်သားယာဉ်မောင်းတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ပြီးယာဉ်နောက်လိုက်တစ်ဦးနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် လေးဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တနှစ်ကျော်အကြားတိုက်ပွဲအတွင်း အရပ်သား ၂၀၀,၀၀၀ နီးပါး နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းတွေကတော့ တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ၊ နေရပ်စွန့်ခွာနေရတဲ့ အခြေအနေတွေအပေါ် စိုးရိမ်ကြောင်းနဲ့ အထူးသဖြင့် COVID-19 ကပ်ရောဂါကာလမှာ တိုက်ခိုက်မှုတွေ ရပ်စဲကြဖို့ တိုက်တွန်းထားပေမဲ့ တိုက်ပွဲမရပ်တန့်နိုင်သေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ကိုနိုင်ကွန်းအိန်  / ဗွီအိုအေ ( မြန်မာပိုင်း)
-----------------------------------------------
(Zawgyi)⤵⤵⤵
ရေသ့ေတာင္ၿမိဳ႕နယ္ဘက္ တိုက္ပြဲေတြအတြင္း အရပ္သားေသဆုံးၿပီး ႐ြာလုံးကြၽတ္ထြက္ေျပးရ

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ၾကား တိုက္ပြဲေတြအတြင္း အရပ္သားတခ်ိဳ႕ ထိခိုက္ေသဆုံးမႈေတြ ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရတဲ့အေၾကာင္းကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပေပးပါမယ္။

စစ္ေရးတင္းမာေနဆဲ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ဆက္လက္ ျပင္းထန္ေနရာက ေဒသခံေတြ ေသေက်ဒဏ္ရာရမႈေတြနဲ႔ ႀကဳံေနရတာပါ။ မေန႔တုန္းကလည္း ျမန္မာစစ္တပ္နဲ႔ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ ရေသ့ေတာင္ၿမိဳ႕နယ္မွာ ရွိတဲ့ ကိုးတန္ေကာက္နဲ႔ ခ်ိန္ခါလီေက်း႐ြာ အၾကား တိုက္ပြဲျဖစ္ရာမွာ ေဒသခံ႐ြာသားတခ်ိဳ႕ ေသဆုံးဒဏ္ရာ ရရွိခဲ့တယ္လို႔ ခ်ိန္ခါလီေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးထြန္းတင္စိုးက ေျပာပါတယ္။

“မေန႔ညကေတာ့ ျဖစ္တယ္။ အဲဒီ က်ေနာ္တို႔ ကိုးတန္ေကာက္နဲ႔ ခ်ိန္ခါလီၾကားမွာေလ။ ထိခိုက္မႈအေျခအေနကေတာ့ ျပည္သူလူထုက ၂ ေယာက္ေသသြားတယ္။ အသက္က ၇၀ တေယာက္ ၆၀ တေယာက္။ ေသဆုံးတဲ့အေလာင္းေတြ က်ေနာ္တို႔ အခုထက္ထိ မယူရေသးဘူး။ ဒဏ္ရာရတဲ့သူက မေျပာပေလာက္တဲ့ ဒဏ္ရာပါ။ နည္းနည္းေလာက္ထိသြားတာ ျဖစ္လို႔ က်ေနာ္ မ်က္စိနဲ႔ ကိုယ္တိုင္ေတြ႕ၿပီးၿပီ။”

တိုက္ပြဲအတြင္း ဘယ္အဖြဲ႕က ပစ္တဲ့ လက္နက္က်ည္ဆိုတာ မသိရဘူးလို႔ သူက ဆိုပါတယ္။

မေန႔က ပစ္ခတ္တိုက္ခိုက္မႈအတြင္း ႐ြာသား ၃ ဦး လက္နက္ႀကီးက်ည္စထိမွန္ခဲ့ၿပီး ညေနပိုင္းမွာ တျခား႐ြာသား၂ ဦး ေသဆုံးမႈ ျဖစ္ပြားခဲ့တာပါ။

မေန႔ညေန ၅ နာရီမွာ ျမန္မာစစ္တပ္ကေန ႐ြာအတြင္း ဝင္ေရာက္ၿပီး ႐ြာသား ၂ ေယာက္ကိုပစ္သတ္ခဲ့တာလို႔ တျခားခ်ိန္ခါလီ႐ြာသား တဦးကေတာ့ စြပ္စြဲေျပာဆိုပါတယ္။

“အသက္ ၆၀ ေက်ာ္အဖိုးတေယာက္ေလာက္ကိုေတာ့ သူတို႔ဘာျဖစ္လို႔ပစ္သတ္လိုက္တယ္ဆိုတာေတာ့မသိဘူး။ အဖိုးအို ၂ ေယာက္ ပစ္သတ္တာေတာ့ က်ေနာ္ အတိက်သိရတယ္ဗ်။”

လက္ရွိခ်ိန္ခါလီေက်း႐ြာသားအားလုံးနီးပါးဟာ စစ္ေဘးလြတ္ရာကို တိမ္းေရွာင္ေနရတယ္လို႔ ခ်ိန္ခါလီေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးထြန္းတင္စိုးက ေျပာပါတယ္။

“ခ်ိန္ခါလီ႐ြာသားေတြကေတာ့ အခုလက္ရွိမွာ သူတို႔ အကုန္လုံးေျပးၾကၿပီး။ ဒုံးပိုက္ စာတိုက္ေအာင္ဗလ ေရွာင္ေနတဲ့ လူက အေရအတြက္က ၆၅၀ ေလာက္ရွိပါတယ္။ ႐ြာထဲမွာဆိုသက္ႀကီး႐ြယ္အိုေတြပဲ ရွိတယ္။”

ဇူလိုင္လ ၁၂ ရက္ေန႔နဲ႔ ၁၃ ရက္ေန႔မွာ ရေသ့ေတာင္ၿမိဳ႕နယ္ ခ်ိန္ခါလီေက်း႐ြာအနီးမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ ႏွစ္ရက္ဆက္ တိုက္ပြဲျဖစ္ပြါးခဲ့ပါတယ္။

ဒီတိုက္ပြဲအတြင္း ႐ြာသားေတြေနရပ္ကေန တိမ္းေရွာင္သြားခဲ့သလို ပိတ္မိေနတဲ့ သက္ႀကီး႐ြယ္အိုေတြသာ က်န္ရွိ ေနပါတယ္။

ဒီပိတ္မိသူေတြကို ကယ္ထုတ္ႏိုင္ဖို႔ သက္ဆိုင္ရာကို ခြင့္ျပဳခ်က္ေတာင္းခံထားေနဆဲလို႔ ရေသ့ေတာင္ၿမိဳ႕အကူညီေရး အဖြဲ႕ဝင္ကိုဘကၠာကေျပာပါတယ္။

“႐ြာထဲမွာ လူမမာရယ္ သက္ႀကီး႐ြယ္အိုရယ္ပိတ္မိေနတာ ၁၀ ဦးေလာက္ရွိတယ္။ အဲဒီခ်ိန္ခါလီအုပ္ခ်ဳပ္ေရးမႉး ေက်း႐ြာသူေက်း႐ြာသားေတြ က်ေနာ္တို႔ကို အကူညီေတာင္းေနၾကလို႔။ က်ေနာ္တို႔လည္း အခ်ိန္ခါတခုကိုၾကည့္ေနတယ္ေလ။ က်ေနာ္တို႔လည္း အဲဒီမွာခြင့္ျပဳခ်က္ေတြတင္ထားတယ္။ သြားဖို႔အတြက္ေလ။”

ေနာက္ဆုံးအေျခအေနအရ နယ္ေျမခံလႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ စီစဥ္မႈနဲ႔ ခ်ိန္ခါလီ႐ြာထဲပိတ္မိေနတဲ့ သက္ႀကီး႐ြယ္အို ၈ ဦး နာတာရွည္ေရာဂါသည္ ၂ ဦးကို ဒီညေနပိုင္းမွာ ကယ္ထုတ္ႏိုင္ခဲ့ၿပီး မသကၤာ စစ္ေဆးခံရသူ ၃ ဦးကိုလည္း အာမခံနဲ႔ ျပန္ထုတ္လာႏိုင္ခဲ့ပါတယ္။ ေသဆုံးသူ ႐ုပ္အေလာင္းေတြကိုလဲ သယ္ယူဖို႔ ႀကိဳးပမ္းေနတယ္လို႔ ေမာင္ေတာၿမိဳ႕အကူညီေပးအဖြဲ႕က ထုတ္ျပန္ထားပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ခ်ိန္ခါလီဘက္ တိုက္ပြဲျဖစ္ပြါးမႈနဲ႔ ပတ္သက္ၿပီး ကိုးတန္ေကာက္ေက်း႐ြာအေနာက္ေျမာက္ဘက္ ေမာင္ေတာ-အငူေမာ္ကားလမ္းေဘးအနီးမွာ ျမန္မာ့တပ္မေတာ္ ဘူးသီးေတာင္အေျခစိုက္၊ စကခ (၁၅) လက္ေအာက္ခံ၊ ခလရ (၂၃၃) နဲ႔ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕တို႔ ပူးေပါင္းအင္အားနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ ဇူလိုင္လ ၁၂ ရက္ ႏွင့္ ၁၃ ရက္တို႔မွာတိုက္ပြဲျဖစ္ပြါးခဲ့ၿပီး ျမန္မာစစ္တပ္ဘက္က ၁၅ ဦးက်ဆုံးခဲ့သလို AA ဘက္ကလဲ ထိခိုက္က်ဆုံးမႈရွိခဲ့တယ္လို႔ AA အဖြဲ႕ကေန ဒီကေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။

ဒီတိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ သိရွိဖို႔ တပ္မေတာ္ဘက္ကို ဆက္သြယ္လို႔ မရေသးပါဘူး။

ၿပီးခဲ့တဲ့ဇြန္လ ၂၂ ရက္ေန႔က ရေသ့ေတာင္ၿမိဳ႕နယ္ ကိုးတန္ေကာက္ေက်း႐ြာအနီးရွိ ဆားငံေခ်ာင္းတံတားအနီးမွာ နယ္ျခားေစာင့္ရဲေတြ စီးနင္းလိုက္ပါလာတဲ့ ကားတစ္စီး မိုင္းဆြဲတိုက္ခိုက္ခံရလို႔ အရပ္သားယာဥ္ေမာင္းတစ္ဦးႏွင့္ ရဲတပ္ဖြဲ႕ဝင္သုံးဦး ေသဆုံးခဲ့ၿပီးယာဥ္ေနာက္လိုက္တစ္ဦးနဲ႔ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္ ေလးဦးမွာလည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ရခိုင္ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႕တို႔ တႏွစ္ေက်ာ္အၾကားတိုက္ပြဲအတြင္း အရပ္သား ၂၀၀,၀၀၀ နီးပါး ေနရပ္စြန႔္ခြာ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝန္းေတြကေတာ့ တိုက္ပြဲေတြေၾကာင့္ အရပ္သား ထိခိုက္ေသဆုံးမႈေတြ၊ ေနရပ္စြန႔္ခြာေနရတဲ့ အေျခအေနေတြအေပၚ စိုးရိမ္ေၾကာင္းနဲ႔ အထူးသျဖင့္ COVID-19 ကပ္ေရာဂါကာလမွာ တိုက္ခိုက္မႈေတြ ရပ္စဲၾကဖို႔ တိုက္တြန္းထားေပမဲ့ တိုက္ပြဲမရပ္တန႔္ႏိုင္ေသးတဲ့ အေျခအေနမွာ ရွိေနပါတယ္။

ကိုႏိုင္ကြန္းအိန္  / ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/rakhine-conflict/5502195.html
ရသေ့တောင်မြို့နယ်ဘက် တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးပြီး ရွာလုံးကျွတ်ထွက်ပြေးရ ရသေ့တောင်မြို့နယ်ဘက် တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးပြီး ရွာလုံးကျွတ်ထွက်ပြေးရ Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.