အင်္ဂါဂြိုဟ်သွား လူမဲ့အာကာသယာဉ် တရုတ်လွှတ်တင်

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းမှာရှိတဲ့ Wengchang အာကာသစခန်းကနေ The Tianwen-1 အာကာသယာဉ်ကို လွှတ်တင်တဲ့ မြင်ကွင်း။ (ဇူလိုင် ၂၃၊ ၂၀၂၀)

အင်္ဂါဂြိုဟ်ပေါ်ကို တနှစ်ကြာ သွားရောက်မယ့် လူမပါတဲ့ အာကာသယာဉ်တစင်းကို တရုတ်နိုင်ငံက ဒီနေ့မှာ လွှတ်တင်လိုက်ပါတယ်။ The Tianwen-1 လို့ နာမည်ပေးထားတဲ့ အာကာသယာဉ်ကို Long March 5 ဆိုတဲ့ ဒုံးပျံနဲ့ အတူ တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းမှာရှိတဲ့ Wengchang အာကာသစခန်းကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး၊ လူရာပေါင်းများစွာက ဒါကို အားပေးကြည့်ရှုခဲ့ကြပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းမှာရှိတဲ့ Wengchang အာကာသစခန်းကနေ The Tianwen-1 အာကာသယာဉ်ကို လွှတ်တင်တဲ့ မြင်ကွင်း။ (ဇူလိုင် ၂၃၊ ၂၀၂၀)
The Tianwen-1 အာကာသယာဉ်ဟာ အင်္ဂါဂြိုဟ်ကို လာမယ့် ဖေဖော်ဝါရီလမှာ ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီအာကာသယာဉ်အနေနဲ့ အင်္ဂါဂြိုဟ်ရဲ့ ဂြိုဟ်ပတ်လမ်းထဲကို ရောက်တာနဲ့ ဂြိုဟ်ပေါ်ကို ဆင်းသက်မယ့် အစိတ်အပိုင်းကိုထုတ်ပြီး Utopia Planitia ဆိုတဲ့အပိုင်းမှာ ဆင်းသက်သွားမှာ ဖြစ်ပါတယ်။ အဲဒီမှာ နေစွမ်းအင်နဲ့သွားတဲ့ ယာဉ်တစင်းနဲ့ အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်ကို အနည်းဆုံး ၃ လ လောက် လေ့လာသွားမှာဖြစ်ပါတယ်။

တကယ်လို့ ဒီခရီးစဉ်သာ အောင်မြင်ခဲ့မယ်ဆိုရင်တော့ တရုတ်နိုင်ငံဟာ အမေရိကန်ပြီးရင် အင်္ဂါဂြိုဟ်ပေါ်ကို ဆင်းသက်နိုင်တဲ့ ဒုတိယမြောက်နိုင်ငံဖြစ်လာမှာဖြစ်ပြီး၊ ခရီးစဉ်တခုတည်းမှာပဲ ဂြိုဟ်ကိုပတ်တာ၊ ဆင်းသက်တာနဲ့ ဂြိုဟ်ပေါ်မှာလှည့်လည်ကြည့်ရှု့တာတွေကို တကြိမ်တည်းမှာလုပ်နိုင်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာမှာပါ။

အမေရိကန်ပြည်ထောင်စုကတော့ ၁၉၇၆ ခုနှစ်ကစပြီး အင်္ဂါဂြိုဟ်ကို ၈ ကြိမ် ဆင်းသက်ခဲ့ပြီဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/china-mars-mission/5514467.html
အင်္ဂါဂြိုဟ်သွား လူမဲ့အာကာသယာဉ် တရုတ်လွှတ်တင် အင်္ဂါဂြိုဟ်သွား လူမဲ့အာကာသယာဉ် တရုတ်လွှတ်တင် Reviewed by THITHTOOLWIN on 19:54 Rating: 5
Powered by Blogger.