အစိုးရနုတ်ထွက်ရေး ထိုင်းပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြ



Share/Bookmark
ဘန်ကောက်မြို့က ဒီမိုကရေစီ အထိမ်းအမှတ် အဆောက်အဦအနီး ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲ။ (ဇူလိုင် ၁၈၊ ၂၀၂၀)
မနေ့ စနေနေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ရာနဲ့ချီရှိတဲ့ ထိုင်းလူငယ်တွေ ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ပြီး ထိုင်းအစိုးရ နုတ်ထွက်ပေးဖို့နဲ့ ပါလီမန်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမလုပ်ဖို့ တားမြစ်ထားတာကို အာခံပြုလုပ်တဲ့ ဒီဆန္ဒပြပွဲဟာ ၂၀၁၄ ခုနှစ်က ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြီးမားဆုံး လမ်းပေါ် ဆန္ဒပြမှုလည်း ဖြစ်ပါတယ်။

ကျောင်းသားတွေ ဦးဆောင်ပြီး ဘန်ကောက်မြို့က ဒီမိုကရေစီ အထိမ်းအမှတ် အဆောက်အဦနားမှာ ပြုလုပ်ခဲ့တဲ့ အဲဒီဆန္ဒပြပွဲကို တက်ရောက်ခဲ့သူတွေက ဝန်ကြီးချုပ် Prayth Chan-ocha အစိုးရအပေါ် ဝေဖန် ပြောဆိုခဲ့ကြသလို ဆန္ဒပြပွဲကို ဦးဆောင်ကျင်းပသူတွေက အချက် ၃ ချက်ကို တောင်းဆိုခဲ့ကြတာပါ။

ပါလီမန်ကို ဖျက်သိမ်းပေးဖို့၊ အစိုးရကို ဝေဖန်သူတွေကို အနှောင့်အယှက်ပေးတာတွေကို ရပ်ဆိုင်းပစ်ဖို့နဲ့ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်တပ်က ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုခဲ့ကြတာပါ။

ဆန္ဒပြပွဲ အနီးဝန်းကျင်မှာ ရဲတပ်ဖွဲ့ဝင်တွေ ရှိနေပေမယ့် နှိမ်နင်းတာတော့ မရှိခဲ့ပါဘူး။

မကြာသေးခင်လတွေထဲ ဝန်ကြီးချုပ် Prayuth အပေါ် လူထုရဲ့ ဆန့်ကျင်မှုတွေ ကြီးထွားလာနေခဲ့တာပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထိုင်းအစိုးရအတွင်း သဘောထားကွဲလွဲမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘဏ္ဍာရေးဝန်ကြီး အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ နုတ်ထွက်ခဲ့ကြပါသေးတယ်။

၂၀၁၄ ခုနှစ်က ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းစီးပွားရေး ကျဆင်းမှုနဲ့အတူ ဥပဒေသစ်တွေအောက်မှာ လွတ်လပ်ခွင့်တွေ လျော့နည်း ကျဆင်းလာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ထိုင်းစီးပွားရေးက ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့လည်း ခန့်မှန်းထားသလို လာမယ့် စက်တင်ဘာလမှာ ကျောင်းပြီးဆုံးမယ့် တက္ကသိုလ်ဘွဲ့ရ တော်တော်များများ အလုပ်လက်မဲ့ ပြဿနာနဲ့ ရင်ဆိုင်ကြရမယ်လို့ ခန့်မှန်းထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/thai-protests/5508509.html

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ