စစ်ပြေးဒုက္ခသည်တွေမဲပေးခွင့် ရခိုင်ပါတီတွေ စိုးရိမ်

၂၀၁၅ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မဲရုံတခုမှာ မဲများရေတွက်နေတဲ့ ရွေးကောက်ပွဲတာဝန်ရှိသူတချို့။ ( နိုဝင်ဘာ ၀၈၊ ၂၀၁၅)
(Unicode)⤵⤵⤵
နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်က စစ်ရှောင်ဒုက္ခသည်တွေ ပါဝင်ခွင့် ဆုံးရှုံးမယ့်အပေါ် စိုးရိမ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ပြပေးပါမယ်။

စစ်ရေးတင်မာမှုတွေနဲ့အတူ ဒုက္ခသည် ၁၀၀,၀၀၀ ကျော်လောက် ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ မဲဆန္ဒရှင်တွေ အပြည့်အဝ ပါဝင်ခွင့်မရနိုင်မှာကို နိုင်ငံရေး အသိုင်းအဝန်းက စိုးရိမ်နေကြတာပါ။ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေကြားမှာလည်း ရွေးကောက်ပွဲကို မစဉ်းစားနိုင်ဘဲ ဖြစ်နေကြပါတယ်။

ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ မလှရီကတော့ လတ်တလော ကြုံနေရတဲ့ ပြဿနာကိုပဲ အာရုံစိုက်နေရတယ်လို့ ပြောပါတယ်။

"အမတို့အနေနဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိဘူး၊ စိတ်ကူးထဲမှာလည်း မရှိဘူး။ ဒီမှာ ကျောင်းသားတွေနဲ့ စားဝတ်နေရေး အတွက်နဲ့ဆိုရင် ကျမတို့မှာ အခက်အခဲ ရှိတယ်။ ဒါနဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိဘူး၊ အယုံအကြည်လည်း မရှိဘူး။ အယုံအကြည်မရှိဘူးဆိုတာက ကျမတို့က ပြေးနေရတာ ဒုက္ခသည်စခန်းမှာ နေနေရတာလေ။"

COVID-19 ကပ်ရောဂါနဲ့ ကြုံနေရချိန် အပစ်အခတ်ရပ်စဲဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ သံတမန်တွေ တိုက်တွန်းထားပေမဲ့လည်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ အခုအထိ ဆက်လက်ပြင်း ထန်နေဆဲဖြစ်ပါတယ်။

ဒီလို ကျန်းမာရေး၊ လုံခြုံရေးခြိမ်းခြောက်မှုတွေကြား ကျင်းပမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့လည်း ရခိုင်ပြည်နယ်က အဓိက နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ANP ပြောခွင့်ရ ဒေါ်အေးနုစိန် ကပြောပါတယ်။ သိန်းနဲ့ချီတဲ့ စစ်ရှောင်တွေအနေနဲ့ မဲပေးခွင့် ဆုံးရှုံးမယ်ဆိုရင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ထိခိုက်နိုင်တယ်လို့လည်း သူက သတိပေးပါတယ်။

"မဲဆန္ဒနယ်တွေမှာ ပါဝင်တဲ့ မြို့ရွာတယ် ရပ်ကွက်တွေ မဲထည့်ရမယ့် မဲဆန္ဒရှင်တွေ တိတိကျကျ အရေအတွက်တွေကိုသာ ကောင်မွန်အောင် မဖန်တီးပေးနိုင်ဘူးဆိုရင် ဒါဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာလည်း ထိခိုက်သွားလိမ့်မယ်။"

ANP ပါတီလိုပဲ နိုဝင်ဘာရွေးကောက်ပွဲကျရင် ရခိုင်ပြည်နယ်မှာ ယှဉ်ပြိုင်သွားဖို့ ရည်ရွယ်ထားတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ပြောခွင့်ရ ဦးမျိုးကျော်ကလည်း ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေအပေါ် စိုးရိမ်တယ်လို့ ပြောပါတယ်။

"စစ်ရှောင်တွေ ဆီက မဲရနိုင်မလား၊ မရနိုင်ဘူးလား ဆိုတာထက် အဲဒီဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မလားဆိုတာကို ပိုပြီးတော့ စိုးရိမ်နေတာပေါ့နော်။"

ရခိုင်ဒေသမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး နေရပ်စွန့်ခွာသူတွေအတွက်မဲနိုင်ခွင့်တွေနဲ့ ပတ်သတ်ပြီး မေးမြန်းဖို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်း မရှိပါဘူး။

စစ်ရေးပဋိပက္ခတွေ အပါအဝင် စိန်ခေါ်မှုတွေကြား ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ဒေသခံမဲဆန္ဒရှင်တွေ စိတ်ဝင်စားမှု အားနည်းနေတဲ့ အပေါ်မှာလည်း နိုင်ငံရေး အသိုင်းအဝန်းက စိုးရိမ်နေကြပါတယ်။ ဒုက္ခသည်တွေကြားမှာလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ယုံကြည်မှု အားနည်းနေတယ်လို့ မြေပုံမြို့နယ် ကိုင်းကြီးစစ်ရှောင်စခန်း တာဝန်ခံ ကိုရွှေစိုးကပြောပါတယ်။

"အခုလာမယ့် ရွေးကောက်ပွဲကိုကျတော့ ကျနော်တို့က သိပ်အယုံအကြည် မရှိဘူးဗျာ။ အခုတက်နေတဲ့ အစိုးရကလည်း စစ်ရှောင်တွေနဲ့ ပတ်သတ်ပြီး အားကိုးလောက်တဲ့ အနေအထားမှာမရှိတော့ လာမယ့် ရွေးကောက်ပွဲမှာလည်း မဲပေးဖို့ အစီအစဉ်မရှိဘူး။ ကျန်တဲ့နေရာတော့ မသိဘူးဗျ။"

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ကပ်ရောဂါကာလနဲ့ ကြုံနေရပေမဲ့ ရွေးကောက်ပွဲတွေကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့နဲ့ နိုင်ငံရေးပါတီတွေ စည်းရုံးလှုပ်ရှားခွင့်ပြုကြောင်း ကြေညာထားပါတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ရာမှာ နှောင့်နှေးကြန့်ကြာမှုတွေနဲ့ အသေးစိတ် မသိရသေးတဲ့အပေါ် နိုင်ငံရေးပါတီတွေကြား ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။

သက်နိုင်  / ဗွီအိုအေ ( မြန်မာပိုင်း)
-----------------------------------------
(Zawgyi)⤵⤵⤵
စစ္ေျပးဒုကၡသည္ေတြမဲေပးခြင့္ ရခိုင္ပါတီေတြ စိုးရိမ္

ႏိုဝင္ဘာလထဲ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္က စစ္ေရွာင္ဒုကၡသည္ေတြ ပါဝင္ခြင့္ ဆုံးရႈံးမယ့္အေပၚ စိုးရိမ္ေနတဲ့အေၾကာင္းကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က တင္ျပေပးပါမယ္။

စစ္ေရးတင္မာမႈေတြနဲ႔အတူ ဒုကၡသည္ ၁၀၀,၀၀၀ ေက်ာ္ေလာက္ ရွိေနတဲ့ ရခိုင္ျပည္နယ္မွာ ေ႐ြးေကာက္ပြဲ က်င္းပတဲ့အခါ မဲဆႏၵရွင္ေတြ အျပည့္အဝ ပါဝင္ခြင့္မရႏိုင္မွာကို ႏိုင္ငံေရး အသိုင္းအဝန္းက စိုးရိမ္ေနၾကတာပါ။ တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ဒုကၡသည္ေတြၾကားမွာလည္း ေ႐ြးေကာက္ပြဲကို မစဥ္းစားႏိုင္ဘဲ ျဖစ္ေနၾကပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ ေညာင္ေခ်ာင္း စစ္ေရွာင္စခန္းမွာ ေနထိုင္တဲ့ မလွရီကေတာ့ လတ္တေလာ ႀကဳံေနရတဲ့ ျပႆနာကိုပဲ အာ႐ုံစိုက္ေနရတယ္လို႔ ေျပာပါတယ္။

"အမတို႔အေနနဲ႔ ေ႐ြးေကာက္ပြဲကို စိတ္ဝင္စားမႈ မရွိဘူး၊ စိတ္ကူးထဲမွာလည္း မရွိဘူး။ ဒီမွာ ေက်ာင္းသားေတြနဲ႔ စားဝတ္ေနေရး အတြက္နဲ႔ဆိုရင္ က်မတို႔မွာ အခက္အခဲ ရွိတယ္။ ဒါနဲ႔ ေ႐ြးေကာက္ပြဲကို စိတ္ဝင္စားမႈ မရွိဘူး၊ အယုံအၾကည္လည္း မရွိဘူး။ အယုံအၾကည္မရွိဘူးဆိုတာက က်မတို႔က ေျပးေနရတာ ဒုကၡသည္စခန္းမွာ ေနေနရတာေလ။"

COVID-19 ကပ္ေရာဂါနဲ႔ ႀကဳံေနရခ်ိန္ အပစ္အခတ္ရပ္စဲဖို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္နဲ႔ သံတမန္ေတြ တိုက္တြန္းထားေပမဲ့လည္း ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ အခုအထိ ဆက္လက္ျပင္း ထန္ေနဆဲျဖစ္ပါတယ္။

ဒီလို က်န္းမာေရး၊ လုံၿခဳံေရးၿခိမ္းေျခာက္မႈေတြၾကား က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္ရမယ့္ ႏိုင္ငံေရးပါတီေတြအေနနဲ႔ စိန္ေခၚမႈေတြ ရွိေနတယ္လို႔လည္း ရခိုင္ျပည္နယ္က အဓိက ႏိုင္ငံေရးပါတီတစ္ခုျဖစ္တဲ့ ရခိုင္အမ်ိဳးသားပါတီ ANP ေျပာခြင့္ရ ေဒၚေအးႏုစိန္ ကေျပာပါတယ္။ သိန္းနဲ႔ခ်ီတဲ့ စစ္ေရွာင္ေတြအေနနဲ႔ မဲေပးခြင့္ ဆုံးရႈံးမယ္ဆိုရင္ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္မွာ ထိခိုက္ႏိုင္တယ္လို႔လည္း သူက သတိေပးပါတယ္။

"မဲဆႏၵနယ္ေတြမွာ ပါဝင္တဲ့ ၿမိဳ႕႐ြာတယ္ ရပ္ကြက္ေတြ မဲထည့္ရမယ့္ မဲဆႏၵရွင္ေတြ တိတိက်က် အေရအတြက္ေတြကိုသာ ေကာင္မြန္ေအာင္ မဖန္တီးေပးႏိုင္ဘူးဆိုရင္ ဒါဟာ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲဆိုတာလည္း ထိခိုက္သြားလိမ့္မယ္။"

ANP ပါတီလိုပဲ ႏိုဝင္ဘာေ႐ြးေကာက္ပြဲက်ရင္ ရခိုင္ျပည္နယ္မွာ ယွဥ္ၿပိဳင္သြားဖို႔ ရည္႐ြယ္ထားတဲ့ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ALD ပါတီ ေျပာခြင့္ရ ဦးမ်ိဳးေက်ာ္ကလည္း ေ႐ြးေကာက္ပြဲ က်င္းပႏိုင္မယ့္ အေျခအေနအေပၚ စိုးရိမ္တယ္လို႔ ေျပာပါတယ္။

"စစ္ေရွာင္ေတြ ဆီက မဲရႏိုင္မလား၊ မရႏိုင္ဘူးလား ဆိုတာထက္ အဲဒီေဒသေတြမွာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္မလားဆိုတာကို ပိုၿပီးေတာ့ စိုးရိမ္ေနတာေပါ့ေနာ္။"

ရခိုင္ေဒသမွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရး ေနရပ္စြန႔္ခြာသူေတြအတြက္မဲႏိုင္ခြင့္ေတြနဲ႔ ပတ္သတ္ၿပီး ေမးျမန္းဖို႔ ရခိုင္ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမဲ့လည္း ဖုန္းလက္ခံေျဖဆိုခဲ့ျခင္း မရွိပါဘူး။

စစ္ေရးပဋိပကၡေတြ အပါအဝင္ စိန္ေခၚမႈေတြၾကား က်င္းပမယ့္ ေ႐ြးေကာက္ပြဲအေပၚ ေဒသခံမဲဆႏၵရွင္ေတြ စိတ္ဝင္စားမႈ အားနည္းေနတဲ့ အေပၚမွာလည္း ႏိုင္ငံေရး အသိုင္းအဝန္းက စိုးရိမ္ေနၾကပါတယ္။ ဒုကၡသည္ေတြၾကားမွာလည္း ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္အေပၚ ယုံၾကည္မႈ အားနည္းေနတယ္လို႔ ေျမပုံၿမိဳ႕နယ္ ကိုင္းႀကီးစစ္ေရွာင္စခန္း တာဝန္ခံ ကိုေ႐ႊစိုးကေျပာပါတယ္။

"အခုလာမယ့္ ေ႐ြးေကာက္ပြဲကိုက်ေတာ့ က်ေနာ္တို႔က သိပ္အယုံအၾကည္ မရွိဘူးဗ်ာ။ အခုတက္ေနတဲ့ အစိုးရကလည္း စစ္ေရွာင္ေတြနဲ႔ ပတ္သတ္ၿပီး အားကိုးေလာက္တဲ့ အေနအထားမွာမရွိေတာ့ လာမယ့္ ေ႐ြးေကာက္ပြဲမွာလည္း မဲေပးဖို႔ အစီအစဥ္မရွိဘူး။ က်န္တဲ့ေနရာေတာ့ မသိဘူးဗ်။"

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကေတာ့ ကပ္ေရာဂါကာလနဲ႔ ႀကဳံေနရေပမဲ့ ေ႐ြးေကာက္ပြဲေတြကို ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပဖို႔နဲ႔ ႏိုင္ငံေရးပါတီေတြ စည္း႐ုံးလႈပ္ရွားခြင့္ျပဳေၾကာင္း ေၾကညာထားပါတယ္။ ဒါေပမဲ့လည္း ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္လို႔ အေသးစိတ္ အခ်က္အလက္ေတြကို ထုတ္ျပန္ရာမွာ ေႏွာင့္ေႏွးၾကန႔္ၾကာမႈေတြနဲ႔ အေသးစိတ္ မသိရေသးတဲ့အေပၚ ႏိုင္ငံေရးပါတီေတြၾကား ေဝဖန္သံေတြလည္း ထြက္ေပၚေနပါတယ္။

သက္ႏိုင္  / ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/rakhine-election-2020/5492852.html
စစ်ပြေးဒုက္ခသည်တွေမဲပေးခွင့် ရခိုင်ပါတီတွေ စိုးရိမ် စစ်ပြေးဒုက္ခသည်တွေမဲပေးခွင့် ရခိုင်ပါတီတွေ စိုးရိမ် Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.