ကမ္ဘာမှာထုတ်မယ့် ကိုဗစ်ဆေး ရမ်ဒက်စ်ဆီဗီယာ အားလုံးနီးပါး အမေရိကန်ဝယ်


(Unicode)⤵⤵⤵
ကမ္ဘာမှာ ထုတ်သမျှ ကိုဗစ်ကုသဆေး ရမ်ဒက်ဆီဗီယာဆေး အားလုံးနီးပါးကို ဝယ်ယူနိုင်အောင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက စီစဉ်ခဲ့ပါတယ်။

ဒီဆေးကို အမေရိကန် ဆေးကုမ္ပဏီကြီး ဂိလိယက်က ထုတ်လုပ်တာ ဖြစ်ပြီး ကိုဗစ်လူနာတွေမှာ ကုသဖို့ အမေရိကန်က တာဝန်ရှိသူတွေက ပထမဆုံး ခွင့်ပြုပေးခဲ့တဲ့ ဆေးဖြစ်ပါတယ်။

လာမယ့် သုံးလအတွင်း ထုတ်လုပ်မယ့် ဆေးအားလုံးနီးပါးကို အမေရိကန်က ဝယ်ယူမှာ ဖြစ်လို့ ယူကေ၊ ဥရောပနဲ့ တခြား ကမ္ဘာ့နိုင်ငံတွေအတွက် ဆေးမကျန်တဲ့ သဘောဖြစ်ပါတယ်။

ဒီဆေးက ကိုဗစ်လူနာတွေ ရောဂါပြန်သက်သာချိန်ကို ပိုမြန်ဆန်စေတဲ့ဆေးဖြစ်ပါတယ်။

ဆေးထုတ်တဲ့ ဂိလိယက်ဆီကနေ ဆေး အဖုံ ငါးသိန်း ဝယ်ယူဖို့ အံ့အားသင့်ဖွယ် သဘောတူချက်ရခဲ့တယ်လို့ အမေရိကန် ကျန်းမာရေးနဲ့ လူသားဆိုင်ရာ ဝန်ဆောင်မှုဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒါက ဂိလိယက် ထုတ်သမျှဆေးတွေကို ဇူလိုင်မှာ ၁၀၀ ရာခိုင်နှုန်း၊ သြဂုတ်မှာ ၉၀ ရာခိုင်နှုန်းနဲ့ စက်တင်ဘာမှာ ၉၀ ရာခိုင်နှုန်း ဝယ်ယူဖို့ သဘောတူတာ ဖြစ်ပါတယ်။
အမေရိကန်မှာ ကူးစက်မှု ဘယ်လောက်ရှိနေလဲ

အမေရိကန်မှာက ကူးစက်မှု နှစ်သန်းကျော် (၂,၇၂၇ ,၉၉၆) ရှိပြီး သေဆုံးသူ တစ်သိန်းကျော် (၁၃၀ ,၁၂၃) ရှိပါပြီ။

အမေရိကန်မှာ ဇွန်လ ၃၀ ရက်မှာ နေ့စဉ်ကူးစက်မှုက နောက်ထပ် စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် အမေရိကန် ထိပ်တန်း ပညာရှင်က ကူးစက်မှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ စိုးရိမ်ပူပန်မှုကို ထုတ်ပြောခဲ့ပါတယ်။

အခု နေ့စဉ်ကူးစက်မှု လေးသောင်းကျော် ရှိနေတာက တစ်နိုင်ငံလုံးကို အန္တရာယ် ရှိစေပါတယ်လို့ ဒေါက်တာ အန်သနီ ဖောင်ချီက ပြောပါတယ်။

အခုလို ကူးစက်မှုတွေရှိနေတာကြောင့် အမေရိကန်ရဲ့ ကူးစက်မှုနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ မျှော်မှန်းထားလဲလို့ မေးရာမှာ တစ်နေ့ ကူးစက်သူ တစ်သိန်းထိရှိလာရင်တောင် အံ့သြမိမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
ရမ်ဒက်စ်ဆီဗီယာ Remdesivir ဆေး
အမေရိကန်က အခုလို ဆေးအားလုံးနီးပါး ဝယ်ယူပြီးနောက် ဆေးတွေကို တန်ဖိုး သင့်တင့်မျှတပြီး ဝယ်ယူရာမှာ မျှမျှတတ ဝယ်ယူနိုင်ဖို့ ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးထွက်လာရင်လည်း မျှမျှတတ ရနိုင်ဖို့ ပိုအားကောင်းတဲ့ မူဝါဒတွေ ရှိဖို့လိုတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကုသဆေးတွေကို ရနိုင်ဖို့နဲ့ပတ်သက်ပြီး အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေက ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ယူကေ စီးပွားရေးဝန်ကြီး နာဒင်း ဇာဟာဝီက ပြောပါတယ်။

ယူကေမှာတော့ ကိုဗစ်ကုသရာမှာ သုံးနိုင်တဲ့ နောက်ထပ်ဆေးတစ်မျိုးဖြစ်တဲ့ ဒက်ဆာမီသာဇုန်းဆေးတွေကို သင့်တင့်မျှတစွာ သိုလှောင်ထားတယ်လို့ မစ္စတာ ဇာဟာဝီက ပြောပါတယ်။

တစ်ကမ္ဘာလုံးအတွက် အကောင်းဆုံး ရလဒ်က ပူးပေါင်းဆောင်ရွက်ဖို့ပဲဖြစ်တယ်လို့ သူက ပြောပါတယ်။

တစ်ကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူက ၁၀ သန်းကျော်ရှိပြီ ဖြစ်ပြီး သေဆုံးသူ ငါးသိန်းကျော်ရှိပါတယ်။
ရမ်ဒက်ဆီဗီယာက ဘယ်လို ဆေးလဲ

ဒီဆေးက ကိုဗစ်လူနာတွေကို ရောဂါ ပြန်သက်သာချိန် ပိုမြန်စေတာကို နိုင်ငံတကာက ဆေးရုံတွေမှာ စမ်းသပ်မှုအရ တွေ့ရပါတယ်။

ဒီဆေးမသုံးသူတွေက ၁၅ ရက်မှာ ပြန်သက်သာတာကို တွေ့ရပြီး ဒီဆေးနဲ့ဆိုရင် ၁၁ ရက် ကြာတာကို စမ်းသပ်မှုတွေမှာ တွေ့ခဲ့ရပါတယ်။

တကယ်တော့ ဒီ ဗိုင်းရပ်စ်ကုသဆေးကို အီဘိုလာရောဂါကို ကုသဖို့အတွက် ထုတ်လုပ်ထားခဲ့တာပါ။

ဒီဆေးက ကိုယ်ထဲက ဆဲလ်တွေမှာ ဗိုင်းရပ်စ် ပွားအောင်လုပ်နိုင်တဲ့ အင်ဇိုင်းကို တားပေးပါတယ်။

ဒီဆေးကို အမေရိကန်ဆေးကုမ္ပဏီကြီး Gilead ဂိလိယတ် နဲ့ အိန္ဒိယနဲ့ ပါကစ္စတန် ကုမ္ပဏီ ငါးခုတို့က ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ်အောက်နိမ့်တဲ့ နိုင်ငံ ၁၂၇ ခု အတွက် ဆေးတွေ ထုတ်ဖို့ သဘောတူထားခဲ့ပါတယ်။

ဒီဆေးတွေ ဖြန့်ချိနိုင်မယ့် နိုင်ငံတွေကိုလည်း ဂိလိယတ်က ကြေညာထားပါတယ်။

ဒါ့အပြင် ဒီဆေးကို ကမ္ဘာ့နိုင်ငံတွေထဲမှာ ပထမဆုံး မေလထဲမှာ စထုတ်မယ်လို့ ဘင်္ဂလားဒေ့ရှ် ဆေးကုမ္ပဏီတစ်ခုကလည်း ကြေညာခဲ့ပါတယ်။

ဒီဆေးက ရောဂါသက်လာချိန် ပိုမြန်တာတွေ့ရပေမဲ့ သေဆုံးမှုနှုန်းမှာတော့ သိသာတဲ့ အကျိုးသက်ရောက်မှု မတွေ့ရပါဘူး။ ဒီဆေးနဲ့ ကုသခံရသူတွေရဲ့ သေဆုံးနှုန်းက ၈ ရာခိုင်နှုန်းရှိပြီး ဒီဆေးမပေးသူတွေမှာတော့ ၁၁ ရာခိုင်နှုန်းကျော် ရှိပါတယ်။

ဒါ့အပြင် ဒီဆေးရဲ့ ကုန်ကြမ်းတချို့ကို ဂိလိယက်က တောင်ကိုရီးယားကို လှူဒါန်းထားပြီး သြဂုတ်လမှာ ကုန်ကြမ်းတွေ ဝယ်ယူဖို့လည်း ဆွေးနွေးနေတယ်လို့ ကိုရီးယား ရောဂါထိန်းချုပ်ရေး စင်တာက ပြောပါတယ်။

BBC Burmese
----------------------------------------
(Zawgyi)⤵⤵⤵
ကမာၻမွာထုတ္မယ့္ ကိုဗစ္ေဆး ရမ္ဒက္စ္ဆီဗီယာ အားလုံးနီးပါး အေမရိကန္ဝယ္

ကမာၻမွာ ထုတ္သမွ် ကိုဗစ္ကုသေဆး ရမ္ဒက္ဆီဗီယာေဆး အားလုံးနီးပါးကို ၀ယ္ယူႏိုင္ေအာင္ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ အစိုးရက စီစဥ္ခဲ့ပါတယ္။

ဒီေဆးကို အေမရိကန္ ေဆးကုမၸဏီႀကီး ဂိလိယက္က ထုတ္လုပ္တာ ျဖစ္ၿပီး ကိုဗစ္လူနာေတြမွာ ကုသဖို႔ အေမရိကန္က တာဝန္ရွိသူေတြက ပထမဆုံး ခြင့္ျပဳေပးခဲ့တဲ့ ေဆးျဖစ္ပါတယ္။

လာမယ့္ သုံးလအတြင္း ထုတ္လုပ္မယ့္ ေဆးအားလုံးနီးပါးကို အေမရိကန္က ဝယ္ယူမွာ ျဖစ္လို႔ ယူေက၊ ဥေရာပနဲ႔ တျခား ကမာၻ႔ႏိုင္ငံေတြအတြက္ ေဆးမက်န္တဲ့ သေဘာျဖစ္ပါတယ္။

ဒီေဆးက ကိုဗစ္လူနာေတြ ေရာဂါျပန္သက္သာခ်ိန္ကို ပိုျမန္ဆန္ေစတဲ့ေဆးျဖစ္ပါတယ္။

ေဆးထုတ္တဲ့ ဂိလိယက္ဆီကေန ေဆး အဖုံ ငါးသိန္း ဝယ္ယူဖို႔ အံ့အားသင့္ဖြယ္ သေဘာတူခ်က္ရခဲ့တယ္လို႔ အေမရိကန္ က်န္းမာေရးနဲ႔ လူသားဆိုင္ရာ ဝန္ေဆာင္မႈဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဲဒါက ဂိလိယက္ ထုတ္သမွ်ေဆးေတြကို ဇူလိုင္မွာ ၁၀၀ ရာခိုင္ႏႈန္း၊ ၾသဂုတ္မွာ ၉၀ ရာခိုင္ႏႈန္းနဲ႔ စက္တင္ဘာမွာ ၉၀ ရာခိုင္ႏႈန္း ဝယ္ယူဖို႔ သေဘာတူတာ ျဖစ္ပါတယ္။
အေမရိကန္မွာ ကူးစက္မႈ ဘယ္ေလာက္ရွိေနလဲ

အေမရိကန္မွာက ကူးစက္မႈ ႏွစ္သန္းေက်ာ္ (၂,၇၂၇ ,၉၉၆) ရွိၿပီး ေသဆုံးသူ တစ္သိန္းေက်ာ္ (၁၃၀ ,၁၂၃) ရွိပါၿပီ။

အေမရိကန္မွာ ဇြန္လ ၃၀ ရက္မွာ ေန႔စဥ္ကူးစက္မႈက ေနာက္ထပ္ စံခ်ိန္တင္ျမင့္တက္ခဲ့ၿပီးေနာက္ အေမရိကန္ ထိပ္တန္း ပညာရွင္က ကူးစက္မႈနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ စိုးရိမ္ပူပန္မႈကို ထုတ္ေျပာခဲ့ပါတယ္။

အခု ေန႔စဥ္ကူးစက္မႈ ေလးေသာင္းေက်ာ္ ရွိေနတာက တစ္ႏိုင္ငံလုံးကို အႏၲရာယ္ ရွိေစပါတယ္လို႔ ေဒါက္တာ အန္သနီ ေဖာင္ခ်ီက ေျပာပါတယ္။

အခုလို ကူးစက္မႈေတြရွိေနတာေၾကာင့္ အေမရိကန္ရဲ႕ ကူးစက္မႈနဲ႔ ပတ္သက္ၿပီး ဘယ္ေလာက္ထိ ေမွ်ာ္မွန္းထားလဲလို႔ ေမးရာမွာ တစ္ေန႔ ကူးစက္သူ တစ္သိန္းထိရွိလာရင္ေတာင္ အံ့ၾသမိမွာ မဟုတ္ဘူးလို႔ သူက ေျပာပါတယ္။

အေမရိကန္က အခုလို ေဆးအားလုံးနီးပါး ဝယ္ယူၿပီးေနာက္ ေဆးေတြကို တန္ဖိုး သင့္တင့္မွ်တၿပီး ဝယ္ယူရာမွာ မွ်မွ်တတ ဝယ္ယူႏိုင္ဖို႔ ပညာရွင္ေတြက စိုးရိမ္ေနၾကပါတယ္။

ဒါ့အျပင္ ကာကြယ္ေဆးထြက္လာရင္လည္း မွ်မွ်တတ ရႏိုင္ဖို႔ ပိုအားေကာင္းတဲ့ မူဝါဒေတြ ရွိဖို႔လိုတယ္လို႔ ဆိုပါတယ္။

ကိုဗစ္ကုသေဆးေတြကို ရႏိုင္ဖို႔နဲ႔ပတ္သက္ၿပီး အစိုးရနဲ႔ စီးပြားေရးလုပ္ငန္းေတြက ပူးေပါင္းေဆာင္႐ြက္သင့္တယ္လို႔ ယူေက စီးပြားေရးဝန္ႀကီး နာဒင္း ဇာဟာဝီက ေျပာပါတယ္။

ယူေကမွာေတာ့ ကိုဗစ္ကုသရာမွာ သုံးႏိုင္တဲ့ ေနာက္ထပ္ေဆးတစ္မ်ိဳးျဖစ္တဲ့ ဒက္ဆာမီသာဇုန္းေဆးေတြကို သင့္တင့္မွ်တစြာ သိုေလွာင္ထားတယ္လို႔ မစၥတာ ဇာဟာဝီက ေျပာပါတယ္။

တစ္ကမာၻလုံးအတြက္ အေကာင္းဆုံး ရလဒ္က ပူးေပါင္းေဆာင္႐ြက္ဖို႔ပဲျဖစ္တယ္လို႔ သူက ေျပာပါတယ္။

တစ္ကမာၻလုံး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူက ၁၀ သန္းေက်ာ္ရွိၿပီ ျဖစ္ၿပီး ေသဆုံးသူ ငါးသိန္းေက်ာ္ရွိပါတယ္။

ရမ္ဒက္ဆီဗီယာက ဘယ္လို ေဆးလဲ

ဒီေဆးက ကိုဗစ္လူနာေတြကို ေရာဂါ ျပန္သက္သာခ်ိန္ ပိုျမန္ေစတာကို ႏိုင္ငံတကာက ေဆး႐ုံေတြမွာ စမ္းသပ္မႈအရ ေတြ႕ရပါတယ္။

ဒီေဆးမသုံးသူေတြက ၁၅ ရက္မွာ ျပန္သက္သာတာကို ေတြ႕ရၿပီး ဒီေဆးနဲ႔ဆိုရင္ ၁၁ ရက္ ၾကာတာကို စမ္းသပ္မႈေတြမွာ ေတြ႕ခဲ့ရပါတယ္။

တကယ္ေတာ့ ဒီ ဗိုင္းရပ္စ္ကုသေဆးကို အီဘိုလာေရာဂါကို ကုသဖို႔အတြက္ ထုတ္လုပ္ထားခဲ့တာပါ။

ဒီေဆးက ကိုယ္ထဲက ဆဲလ္ေတြမွာ ဗိုင္းရပ္စ္ ပြားေအာင္လုပ္ႏိုင္တဲ့ အင္ဇိုင္းကို တားေပးပါတယ္။

ဒီေဆးကို အေမရိကန္ေဆးကုမၸဏီႀကီး Gilead ဂိလိယတ္ နဲ႔ အိႏၵိယနဲ႔ ပါကစၥတန္ ကုမၸဏီ ငါးခုတို႔က ဝင္ေငြနည္းပါးတဲ့ႏိုင္ငံေတြနဲ႔ ဝင္ေငြအလယ္အလတ္ေအာက္နိမ့္တဲ့ ႏိုင္ငံ ၁၂၇ ခု အတြက္ ေဆးေတြ ထုတ္ဖို႔ သေဘာတူထားခဲ့ပါတယ္။

ဒီေဆးေတြ ျဖန္႔ခ်ိႏိုင္မယ့္ ႏိုင္ငံေတြကိုလည္း ဂိလိယတ္က ေၾကညာထားပါတယ္။

ဒါ့အျပင္ ဒီေဆးကို ကမာၻ႔ႏိုင္ငံေတြထဲမွာ ပထမဆုံး ေမလထဲမွာ စထုတ္မယ္လို႔ ဘဂၤလားေဒ့ရွ္ ေဆးကုမၸဏီတစ္ခုကလည္း ေၾကညာခဲ့ပါတယ္။

ဒီေဆးက ေရာဂါသက္လာခ်ိန္ ပိုျမန္တာေတြ႕ရေပမဲ့ ေသဆုံးမႈႏႈန္းမွာေတာ့ သိသာတဲ့ အက်ိဳးသက္ေရာက္မႈ မေတြ႕ရပါဘူး။ ဒီေဆးနဲ႔ ကုသခံရသူေတြရဲ႕ ေသဆုံးႏႈန္းက ၈ ရာခိုင္ႏႈန္းရွိၿပီး ဒီေဆးမေပးသူေတြမွာေတာ့ ၁၁ ရာခိုင္ႏႈန္းေက်ာ္ ရွိပါတယ္။

ဒါ့အျပင္ ဒီေဆးရဲ႕ ကုန္ၾကမ္းတခ်ိဳ႕ကို ဂိလိယက္က ေတာင္ကိုရီးယားကို လႉဒါန္းထားၿပီး ၾသဂုတ္လမွာ ကုန္ၾကမ္းေတြ ဝယ္ယူဖို႔လည္း ေဆြးေႏြးေနတယ္လို႔ ကိုရီးယား ေရာဂါထိန္းခ်ဳပ္ေရး စင္တာက ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53252392
ကမ္ဘာမှာထုတ်မယ့် ကိုဗစ်ဆေး ရမ်ဒက်စ်ဆီဗီယာ အားလုံးနီးပါး အမေရိကန်ဝယ် ကမ္ဘာမှာထုတ်မယ့် ကိုဗစ်ဆေး ရမ်ဒက်စ်ဆီဗီယာ အားလုံးနီးပါး အမေရိကန်ဝယ် Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.