ထိုင်း - မြန်မာနယ်စပ်ဂိတ် မနက်ဖြန်ပြန်ဖွင့်မည်


(Unicode)⤵⤵⤵
ထိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်ကူးသန်းရောင်းဝယ်တဲ့ နယ်စပ်ဂိတ်အားလုံးကို ဇူလိုင်လ ၁ ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်တော့မယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယုတ် ချန်အိုချာ ဦးဆောင်တဲ့ Covid–19 ကူးစက်ရောဂါဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ CCSA က မနေ့က ကြေညာလိုက်ပါတယ်။

ဒါကြောင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနိုင်ငံတို့နဲ့ ဆက်သွယ်ထားတဲ့ နယ်စပ်ဂိတ် ၃၇ ဂိတ်ကို ဇူလိုင်လ ၁ ရက်နေ့မှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဒီဂိတ်တွေကနေ ကုန်သည်တွေနဲ့ ကုန်တင်ကားတွေကို ဖြတ်သန်းခွင့်ပေးမှာ ဖြစ်ပေမယ့် အိမ်နီးချင်းနိုင်ငံတွေက ခရီးသွားဧည့်သည်တွေတော့ ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ CCSA က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ ဆက်သွယ်ထားတဲ့ နယ်စပ်ဂိတ်တွေကတော့… လာအိုနဲ့ ၁၄ ဂိတ်၊ မြန်မာနဲ့ ၈ ဂိတ်၊ ကမ္ဘောဒီးယားနဲ့ ၇ ဂိတ်၊ မလေးရှားနဲ့ ၈ ဂိတ် ဖြစ်ပါတယ်။

RFA Burmese
--------------------------------------
(Zawgyi)⤵⤵⤵
ထိုင္း - ျမန္မာနယ္စပ္ဂိတ္ မနက္ျဖန္ျပန္ဖြင့္မည္

ထိုင္းႏိုင္ငံဟာ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ကုန္ကူးသန္းေရာင္းဝယ္တဲ့ နယ္စပ္ဂိတ္အားလုံးကို ဇူလိုင္လ ၁ ရက္ေန႔ကစၿပီး ျပန္လည္ဖြင့္လွစ္ေတာ့မယ္လို႔ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယုတ္ ခ်န္အိုခ်ာ ဦးေဆာင္တဲ့ Covid–19 ကူးစက္ေရာဂါဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕ CCSA က မေန႔က ေၾကညာလိုက္ပါတယ္။

ဒါေၾကာင့္ ျမန္မာ၊ လာအို၊ ကေမာၻဒီးယား၊ မေလးရွားႏိုင္ငံတို႔နဲ႔ ဆက္သြယ္ထားတဲ့ နယ္စပ္ဂိတ္ ၃၇ ဂိတ္ကို ဇူလိုင္လ ၁ ရက္ေန႔မွာ ဖြင့္လွစ္မွာ ျဖစ္ပါတယ္။ ဒီဂိတ္ေတြကေန ကုန္သည္ေတြနဲ႔ ကုန္တင္ကားေတြကို ျဖတ္သန္းခြင့္ေပးမွာ ျဖစ္ေပမယ့္ အိမ္နီးခ်င္းႏိုင္ငံေတြက ခရီးသြားဧည့္သည္ေတြေတာ့ ဝင္ေရာက္ခြင့္ျပဳမွာ မဟုတ္ဘူးလို႔ CCSA က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ထိုင္းနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြ ဆက္သြယ္ထားတဲ့ နယ္စပ္ဂိတ္ေတြကေတာ့… လာအိုနဲ႔ ၁၄ ဂိတ္၊ ျမန္မာနဲ႔ ၈ ဂိတ္၊ ကေမာၻဒီးယားနဲ႔ ၇ ဂိတ္၊ မေလးရွားနဲ႔ ၈ ဂိတ္ ျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
ထိုင်း - မြန်မာနယ်စပ်ဂိတ် မနက်ဖြန်ပြန်ဖွင့်မည် ထိုင်း - မြန်မာနယ်စပ်ဂိတ် မနက်ဖြန်ပြန်ဖွင့်မည် Reviewed by THITHTOOLWIN on 04:02 Rating: 5
Powered by Blogger.