တောင်ကုတ်စည်ပင်ဥက္ကဋ္ဌ နဲ့ တောင်ကုတ်ANP ရဲ့ဒုဥက္ကဋ္ဌတို့ကို အကြမ်းဖက်အဖွဲ့အစည်းဆက်သွယ်မှုနဲ့ တရားစွဲ

တောင်ကုတ်မြို့နယ် တရားရုံးမှာမေလ ၁၁ ရက်က ပုဒ်မ ၅၀ (က)နဲ့ ရမန်ယူ
(Unicode)⤵⤵⤵
တောင်ကုတ်စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်၊ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ တောင်ကုတ်မြို့နယ် ဒုတိယ ဥက္ကဋ္ဌ ဦးဝေသောင်း ၊ ဦးစန်းငွေ နဲ့ ဦးစည်သူကျော်ဇံတို့ ၄ ဦးကို အကြမ်းဖက်မှု ပုဒ်မ ၅၂ (က) နဲ့ ဇွန်လ ၃၀ ရက်နေ့က တရားစွဲတင်လိုက်ပြီလို့ ဒီအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးတင်ညိုက ဘီဘီစီကို ပြောပါတယ်။

မေလ ဒုတိယပတ်ထဲက စတင်ပြီး ဖမ်းဆီးခံထားရတဲ့ သူတို့ကို အကြမ်းဖက်မှုပုဒ်မတွေနဲ့ လေးကြိမ် ချုပ်ရမန် ယူခဲ့ပြီးတော့ တောင်ကုတ်မှာ အကြမ်းဖက်မှု ပုဒ်မ ၅၂ (က) အခုလို အမှုစွဲတင်လိုက်တာလည်း ဖြစ်ပါတယ်။

သူတို့ကို တောင်ကုတ်တရားရုံး၊ မြောက်‌ဥက္ကလာပတရားရုံးနဲ့ သံတွဲတရားရုံးတွေမှာ အသီးသီး ချုပ်ရမန်ယူခဲ့တယ်လို့လည်း ဦးတင်ညို ကပြောပါတယ်။

နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းဖြစ် သတ်မှတ်ထားတဲ့ ရက္ခိုင့်တပ်တော် အေအေနဲ့ ဆက်သွယ်တာ၊ သူတို့ကို ကူညီထောက်ပံ့တာ စတဲ့စွပ်စွဲချက်နဲ့ စွဲဆိုတာဖြစ်တယ်လို့လည်း ဦးတင်ညိုက ပြောပါတယ်။
ရမန်ယူပြီး တောင်ကုတ်မြို့မရဲစခန်း ကနေရာပြောင်းရွှေ့ခေါ်သွား
ဖမ်းဆီးခံထားရသူတို့ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့လည်း သိရပါတယ်။

သူတို့ကို ရန်ကုန်မြို့ အောင်သပြေစစ်ကြောရေးစခန်းကိုလည်း ခေါ်ယူစစ်ဆေးခဲ့ပြီးနောက်ပိုင်းမှာ သံတွဲကိုပြန်လည်ခေါ်ယူခဲ့တာလို့လည်း သိရပါတယ်။

တရားစွဲခံရသူတွေဟာ လူမှုရေးအဖွဲ့စည်းတွေမှာသာ ပါဝင်ဆောင်ရွက်သူတွေ ဖြစ်တယ်လို့လည်း ဦးတင်ညိုက ပြောပါတယ်။

ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ မေလ ၁၁ ရက်က အကြမ်းဖက်မှုနဲ့ အမှုဖွင့် ဖမ်းဆီးခဲ့တဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် စည်ပင်သာယာကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော်ရဲ့ညီဖြစ်သူ မိုက်ကယ် ခေါ် ဦးစည်သူကျော်ဇံကို မေလ ၂၅ ရက်နေ့ က ထပ်ပြီးဖမ်းဆီးခဲ့သလို ဦးစန်းငွေကို မေလ ၁၀ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးဝေသောင်းကိုတော့ ဆားပြင်ကျေးရွာမှာရှိတဲ့ သူ့ရဲ့နေအိမ်ကို မေလ ၁၁ ရက် မနက်ပိုင်းမှာ အရပ်ဝတ်နဲ့လူနှစ်ဦးရောက်ရှိလာကာ မေးမြန်းစရာတွေရှိတယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ မိသားစုတွေဆီကနေ သိရပါတယ်။
တောင်ကုတ်မြို့နယ် စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်
ဒီအမှုကို လာမယ့် ဇူလိုင်လ ၉ ရက်နေ့မှာ စတင်စစ်ဆေးဖို့ ရှိပြီး တရားစွဲဆိုသူကတော့ သတင်းရဲတပ်ဖွဲ့က ရဲ အရာရှိတစ်ဦးဖြစ်ပြီး သက်သေ ၁၀ ဦးခန့် တင်သွင်းထားတယ်လို့ သိရကြောင်းလည်း ဦးတင်ညိုက ပြောပါတယ်။

ဦးဇေယျကျော်ဟာ စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ စည်ပင်လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ခဲ့သလို တောင်ကုတ်မြို့နယ် ကိုဗစ် ၁၉ ကာကွယ်ရေးလုပ်ငန်းတွေမှာလည်း ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သူလို့ တောင်ကုတ်ဒေသခံတွေက ပြောပါတယ်။

တောင်ကုတ်စည်ပင်ဥက္ကဋ္ဌရဲ့ညီ ဦးစည်သူကျော်ဇံဟာ ဈေးရောင်းပြီး မြို့နယ်လူမှုရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေသူတစ်ဦး ဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

ဦးစန်းငွေကတော့ တောင်ကုတ် စည်ပင်ဥက္ကဋ္ဌဟောင်း ဖြစ်ပါတယ်။

BBC Burmese
----------------------------------
(Zawgyi)⤵⤵⤵
ေတာင္ကုတ္စည္ပင္ဥကၠ႒ နဲ႔ ေတာင္ကုတ္ANP ရဲ႕ဒုဥကၠ႒တို႔ကို အၾကမ္းဖက္အဖြဲ႕အစည္းဆက္သြယ္မႈနဲ႔ တရားစြဲ

ေတာင္ကုတ္စည္ပင္ဥကၠ႒ ဦးေဇယ်ေက်ာ္၊ ရခိုင္အမ်ိဳးသားပါတီ (ANP) ရဲ႕ ေတာင္ကုတ္ၿမိဳ႕နယ္ ဒုတိယ ဥကၠ႒ ဦးေဝေသာင္း ၊ ဦးစန္းေငြ နဲ႔ ဦးစည္သူေက်ာ္ဇံတို႔ ၄ ဦးကို အၾကမ္းဖက္မႈ ပုဒ္မ ၅၂ (က) နဲ႔ ဇြန္လ ၃၀ ရက္ေန႔က တရားစြဲတင္လိုက္ၿပီလို႔ ဒီအမႈကို လိုက္ပါ ေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေန ဦးတင္ညိဳက ဘီဘီစီကို ေျပာပါတယ္။

ေမလ ဒုတိယပတ္ထဲက စတင္ၿပီး ဖမ္းဆီးခံထားရတဲ့ သူတို႔ကို အၾကမ္းဖက္မႈပုဒ္မေတြနဲ႔ ေလးႀကိမ္ ခ်ဳပ္ရမန္ ယူခဲ့ၿပီးေတာ့ ေတာင္ကုတ္မွာ အၾကမ္းဖက္မႈ ပုဒ္မ ၅၂ (က) အခုလို အမႈစြဲတင္လိုက္တာလည္း ျဖစ္ပါတယ္။

သူတို႔ကို ေတာင္ကုတ္တရား႐ုံး၊ ေျမာက္‌ဥကၠလာပတရား႐ုံးနဲ႔ သံတြဲတရား႐ုံးေတြမွာ အသီးသီး ခ်ဳပ္ရမန္ယူခဲ့တယ္လို႔လည္း ဦးတင္ညိဳ ကေျပာပါတယ္။

ႏိုင္ငံေတာ္က အၾကမ္းဖက္အဖြဲ႕အစည္းျဖစ္ သတ္မွတ္ထားတဲ့ ရကၡိဳင့္တပ္ေတာ္ ေအေအနဲ႔ ဆက္သြယ္တာ၊ သူတို႔ကို ကူညီေထာက္ပံ့တာ စတဲ့စြပ္စြဲခ်က္နဲ႔ စြဲဆိုတာျဖစ္တယ္လို႔လည္း ဦးတင္ညိဳက ေျပာပါတယ္။

ဖမ္းဆီးခံထားရသူတို႔ရဲ႕ က်န္းမာေရးအေျခအေန ေကာင္းမြန္တယ္လို႔လည္း သိရပါတယ္။

သူတို႔ကို ရန္ကုန္ၿမိဳ႕ ေအာင္သေျပစစ္ေၾကာေရးစခန္းကိုလည္း ေခၚယူစစ္ေဆးခဲ့ၿပီးေနာက္ပိုင္းမွာ သံတြဲကိုျပန္လည္ေခၚယူခဲ့တာလို႔လည္း သိရပါတယ္။

တရားစြဲခံရသူေတြဟာ လူမႈေရးအဖြဲ႕စည္းေတြမွာသာ ပါဝင္ေဆာင္႐ြက္သူေတြ ျဖစ္တယ္လို႔လည္း ဦးတင္ညိဳက ေျပာပါတယ္။

ရဲတပ္ဖြဲ႕က ၿပီးခဲ့တဲ့ ေမလ ၁၁ ရက္က အၾကမ္းဖက္မႈနဲ႔ အမႈဖြင့္ ဖမ္းဆီးခဲ့တဲ့ ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္ စည္ပင္သာယာေကာ္မတီဥကၠ႒ ဦးေဇယ်ေက်ာ္ရဲ႕ညီျဖစ္သူ မိုက္ကယ္ ေခၚ ဦးစည္သူေက်ာ္ဇံကို ေမလ ၂၅ ရက္ေန႔ က ထပ္ၿပီးဖမ္းဆီးခဲ့သလို ဦးစန္းေငြကို ေမလ ၁၀ ရက္က ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

ရခိုင္အမ်ိဳးသားပါတီ ဒုဥကၠ႒ ဦးေဝေသာင္းကိုေတာ့ ဆားျပင္ေက်း႐ြာမွာရွိတဲ့ သူ႔ရဲ႕ေနအိမ္ကို ေမလ ၁၁ ရက္ မနက္ပိုင္းမွာ အရပ္ဝတ္နဲ႔လူႏွစ္ဦးေရာက္ရွိလာကာ ေမးျမန္းစရာေတြရွိတယ္ဆိုၿပီး ေခၚေဆာင္သြားခဲ့တာျဖစ္တယ္လို႔ မိသားစုေတြဆီကေန သိရပါတယ္။

ဒီအမႈကို လာမယ့္ ဇူလိုင္လ ၉ ရက္ေန႔မွာ စတင္စစ္ေဆးဖို႔ ရွိၿပီး တရားစြဲဆိုသူကေတာ့ သတင္းရဲတပ္ဖြဲ႕က ရဲ အရာရွိတစ္ဦးျဖစ္ၿပီး သက္ေသ ၁၀ ဦးခန္႔ တင္သြင္းထားတယ္လို႔ သိရေၾကာင္းလည္း ဦးတင္ညိဳက ေျပာပါတယ္။

ဦးေဇယ်ေက်ာ္ဟာ စည္ပင္သာယာ ေရးေကာ္မတီ ဥကၠ႒ တစ္ေယာက္အေနနဲ႔ စည္ပင္လုပ္ငန္းစဥ္ေတြကို ေဆာင္႐ြက္ခဲ့သလို ေတာင္ကုတ္ၿမိဳ႕နယ္ ကိုဗစ္ ၁၉ ကာကြယ္ေရးလုပ္ငန္းေတြမွာလည္း ေဒသအာဏာပိုင္ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ခဲ့သူလို႔ ေတာင္ကုတ္ေဒသခံေတြက ေျပာပါတယ္။

ေတာင္ကုတ္စည္ပင္ဥကၠ႒ရဲ႕ညီ ဦးစည္သူေက်ာ္ဇံဟာ ေဈးေရာင္းၿပီး ၿမိဳ႕နယ္လူမႈေရးလုပ္ငန္းေတြမွာ ဝင္ေရာက္လုပ္ကိုင္ေနသူတစ္ဦး ျဖစ္တယ္လို႔လည္း ၿမိဳ႕ခံေတြက ေျပာပါတယ္။

ဦးစန္းေငြကေတာ့ ေတာင္ကုတ္ စည္ပင္ဥကၠ႒ေဟာင္း ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53236267
တောင်ကုတ်စည်ပင်ဥက္ကဋ္ဌ နဲ့ တောင်ကုတ်ANP ရဲ့ဒုဥက္ကဋ္ဌတို့ကို အကြမ်းဖက်အဖွဲ့အစည်းဆက်သွယ်မှုနဲ့ တရားစွဲ တောင်ကုတ်စည်ပင်ဥက္ကဋ္ဌ နဲ့ တောင်ကုတ်ANP ရဲ့ဒုဥက္ကဋ္ဌတို့ကို အကြမ်းဖက်အဖွဲ့အစည်းဆက်သွယ်မှုနဲ့ တရားစွဲ Reviewed by THITHTOOLWIN on 04:00 Rating: 5
Powered by Blogger.