၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ့်ရက်နဲ့ အကြိုအစည်းအဝေးတွေကို ရက်သတ်မှတ်


(Unicode)⤵⤵⤵
စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို လာမယ့် သြဂုတ်လ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပဖို့ မနေ့က ကျင်းပခဲ့တဲ့ တပ်မတော်ပါဝင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တွေ့ဆုံပွဲမှာ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ညီလာခံတွေမှာ လူဦးရေ တစ်ထောင်လောက် တက်ရောက်ခွင့်ရခဲ့ပေမယ့် ဒီတစ်ကြိမ်ကျင်းပမယ့် ညီလာခံဟာ ကပ်ရောဂါကာလနဲ့ တိုက်ဆိုင်နေတာမို့ လူဦးရေ အများဆုံး ၃၀၀ လောက်နဲ့သာ ကျင်းပဖို့နဲ့  ခေါင်းဆောင်တွေနောက်က လိုက်ပါဆောင်ရွက်ပေးတဲ့ အလုပ်အဖွဲ့ပါဝင်မှုတွေကိုလည်း လူဦးရေလျှော့ချဖို့ သဘောတူထားတယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။

ဒီညီလာခံမှာ ၂၀၂၀ ရွေးကောက်ပွဲပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းအတွက် အာမခံချက် အပါအဝင် အာဏာ၊ သယံဇာတ၊ အခွန်အကောက် ခွဲဝေမှုနဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်ဆောက်ရေးဆိုတဲ့ ဖက်ဒရယ် မူတွေကို ညှိနှိုင်းပြီး လက်မှတ်ထိုးကြဖို့ရှိတယ်လို့ ပြောကြပါတယ်။

၂၁ ရာစုပင်လုံ ညီလာခံမလုပ်ခင် ကျင်းပရမယ့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးကြမယ့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးကို အခုလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ဒုတိယကာကွယ်ရေးဦးစီးချုပ် တက်ရောက်လေ့ရှိတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးကိုတော့ ဇူလိုင်လ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာ ကျင်းပဖို့ ရှိပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကိုတော့ ညီလာခံကျင်းပမယ့်ရက်နဲ့ ကပ်လျှက်ဖြစ်တဲ့ သြဂုတ်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ ကျင်းပဖို့ နှစ်ဖက်သဘောတူထားပါတယ်။

RFA Burmese
------------------------------
(Zawgyi)⤵⤵⤵
၂၁ ရာစု ပင္လုံညီလာခံ က်င္းပမယ့္ရက္နဲ႔ အႀကိဳအစည္းအေဝးေတြကို ရက္သတ္မွတ္

စတုတၳအႀကိမ္ ၂၁ ရာစုပင္လုံညီလာခံကို လာမယ့္ ၾသဂုတ္လ ၁၂ ရက္ေန႔ကေန ၁၄ ရက္ေန႔အထိ ၃ ရက္ၾကာ က်င္းပဖို႔ မေန႔က က်င္းပခဲ့တဲ့ တပ္မေတာ္ပါဝင္တဲ့ အစိုးရကိုယ္စားလွယ္အဖြဲ႕နဲ႔ အပစ္ရပ္တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြၾကား ေတြ႕ဆုံပြဲမွာ သေဘာတူ ဆုံးျဖတ္ခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ ညီလာခံေတြမွာ လူဦးေရ တစ္ေထာင္ေလာက္ တက္ေရာက္ခြင့္ရခဲ့ေပမယ့္ ဒီတစ္ႀကိမ္က်င္းပမယ့္ ညီလာခံဟာ ကပ္ေရာဂါကာလနဲ႔ တိုက္ဆိုင္ေနတာမို႔ လူဦးေရ အမ်ားဆုံး ၃၀၀ ေလာက္နဲ႔သာ က်င္းပဖို႔နဲ႔  ေခါင္းေဆာင္ေတြေနာက္က လိုက္ပါေဆာင္႐ြက္ေပးတဲ့ အလုပ္အဖြဲ႕ပါဝင္မႈေတြကိုလည္း လူဦးေရေလွ်ာ့ခ်ဖို႔ သေဘာတူထားတယ္လို႔ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP ရဲ႕ ေခါင္းေဆာင္တစ္ဦးျဖစ္သူ ေဒၚေစာျမရာဇာလင္း က ေျပာပါတယ္။

ဒီညီလာခံမွာ ၂၀၂၀ ေ႐ြးေကာက္ပြဲၿပီးေနာက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းအတြက္ အာမခံခ်က္ အပါအဝင္ အာဏာ၊ သယံဇာတ၊ အခြန္အေကာက္ ခြဲေဝမႈနဲ႔ ျပည္နယ္ဖြဲ႕စည္းပုံ အေျခခံဥပေဒ တည္ေဆာက္ေရးဆိုတဲ့ ဖက္ဒရယ္ မူေတြကို ညႇိႏႈိင္းၿပီး လက္မွတ္ထိုးၾကဖို႔ရွိတယ္လို႔ ေျပာၾကပါတယ္။

၂၁ ရာစုပင္လုံ ညီလာခံမလုပ္ခင္ က်င္းပရမယ့္ ႏိုင္ငံေတာ္လုံၿခဳံေရးဆိုင္ရာ ကိစၥရပ္ေတြ ေဆြးေႏြးၾကမယ့္ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ (JMC-U) အစည္းအေဝးကို အခုလ ၇ ရက္ေန႔နဲ႔ ၈ ရက္ေန႔မွာ က်င္းပမွာျဖစ္ၿပီး ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္ တက္ေရာက္ေလ့ရွိတဲ့ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝး (JICM) အစည္းအေဝးကိုေတာ့ ဇူလိုင္လ ၃၀ နဲ႔ ၃၁ ရက္ေန႔ေတြမွာ က်င္းပဖို႔ ရွိပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဥကၠ႒အျဖစ္တာဝန္ယူထားတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတြဲေကာ္မတီ UPDJC အတြင္းေရးမႉးအဖြဲ႕ အစည္းအေဝးကိုေတာ့ ညီလာခံက်င္းပမယ့္ရက္နဲ႔ ကပ္လွ်က္ျဖစ္တဲ့ ၾသဂုတ္လ ၁၀ ရက္ေန႔နဲ႔ ၁၁ ရက္ေန႔ေတြမွာ က်င္းပဖို႔ ႏွစ္ဖက္သေဘာတူထားပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese

ရွေးကောက်ပွဲအတွက် အသာစီးယူထားကြောင်း ဝေဖန်ချက် NLD ပယ်ချ


(Unicode)⤵⤵⤵
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ပါတီ ခေါင်းဆောင်တွေအနေနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးမဲဆွယ်တဲ့ ကာလမှာ ရုံးထိုင်မယ့် NLD ပါတီ (ယာယီဌာနချုပ်) ရုံးခွဲဖွင့်ပွဲ အခမ်းအနားကို နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်မှာ ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ကပ်ရောဂါကာလအတွင်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အကြိုလှုပ်ရှားမှုတွေမှာ တခြားပါတီတွေအတွက် ကန့်သတ်ချက်တွေရှိနေပေမယ့် အာဏာရ NLD ပါတီကတော့ အခွင့်အရေး ပိုရနေတယ်လို့ ဝေဖန်နေတဲ့အပေါ် ပါတီရဲ့ သဘာထားကို ဒေါက်တာ ဇော်မြင့်မောင်ကို မေးမြန်းခဲ့ပါတယ်။

NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ (၂) မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အာဏာရ ပါတီက အခွင့်အရေးပိုရနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို လက်မခံဘူးလို့ တုံ့ပြန်ပါတယ်။

"အဲတော့ ကိုဗစ်ကာလကတော့ ၊ ကိုဗစ်က အရေးကြီးတယ်နော်၊ Second Wave ကို ကျတော်တို့လည်း ကြောက်တယ်၊ ခင်ဗျားတို့လည်း ကြောက်သင့်တယ်၊ ဖြစ်ပြီဆိုလို့ရှိရင် မရှူနိုင် မကယ်နိုင်ဖြစ်မယ်။ အဲတော့ မဖြစ်မီကြိုတင်၊ ခုကျတော်တို့ ဘာလုပ်လဲ ဘာပွဲမှ မလုပ်ဘူးနော်၊ အစိုးရအဖွဲ့ လုပ်တဲ့ ဟာတွေတော့ ရှိကောင်း ရှိမှာပေါ့ဗျာ။ ကျတော်ပြောချင်တာက ပါတီနဲ့ ပတ်သက်လို့ ဘာပွဲမှမလုပ်ဘူး။ အဲတော့ဒါ အခွင့်အရေးရတယ်ဆိုတာ ကျတော်နားမလည်ဘူး၊ ဘာ advantage ( အခွင့်အရေး) ရမှန်းမသိဘူး။ ကျတော်တို့ဆီမှာ လုံခြုံရေး အစည်းအဝေးရှိတယ် အပတ်စဉ်၊ ဘယ်ပါတီတွေ ဆိုင်းဘုတ်တင်တယ် အများကြီးတက်လာတာ ဘာတစ်ခုမှ ကျတော်တို့ ဝင်မစွက်ဘူး၊ ကျတော်ကတော့ နားမလည်ဘူးဗျ။ ကျတော်တို့ အခွင့်အရေးတွေ ရနေတယ်ဆိုတာ၊ အရင်က ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်တွေနဲ့ အခု ရွေးကောက်ပွဲ ကော်မရှင်ကြေညာချက်တွေ ခင်ဗျားတို့ ယှဉ်ကြည့်လိုက် အကုန် အတူတူပဲ၊ ပေးထားတာက ပေးထားချက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားချက်အတိုင်း လုပ်တာပဲ။"

၂၀၁၅ ရွေးကောက်ပွဲမှာ အတိုက်အခံ ပါတီအနေနဲ့ ဖွဲ့စည်းပုံပါ ပေးထားချက်တွေအတိုင်း ဝေဖန်ပြစ်တင်မှုတွေ မလုပ်ပဲ ရွေးကောက်ပွဲအောင်နိုင်ရေး ဆောင်ရွက်ခဲ့သလို လက်ရှိ အာဏာရပါတီ ဖြစ်ချိန်မှာလည်း အဲဒီ ဥပဒေအတိုင်း ဆောင်ရွက်နေပြီး အခွင့်အရေး ပိုယူတာမရှိဘူးလို့ ပြောပါတယ်။

ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွေကို စိစစ်ဖို့ ဖွဲ့စည်းထားတဲ့ ဗဟိုကိုယ်စားလှယ်လောင်း စိစစ်ရေးအဖွဲ့ဝင် ခြောက်ဦးမှာ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေပါသလားလို့ မေးတဲ့အခါ အဲဒီလို ယူဆရင်လည်းရတယ်လို့သာ ဒေါက်တာ ဇော်မြင့်မောင်က မယုတ်မလွန် ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် အစိုးရအဖွဲ့ဝင်တွေကို ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေး လုပ်ခွင့်ပြုလိုက်ပြီလို့ ဇွန်လ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက်မှာ အာဏာရပါတီဘက်က အသာစီးရယူနိုင်တဲ့ သဘောတွေရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ခဲ့ပါတယ်။

"ဒီကျော်လွန်ခြင်း မကျော်လွန်ခြင်းဆိုတာ အသိသာကြီးဖြစ်ပါတယ်။ ကော်မရှင်ရဲ့ ကြေညာချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်လို့မရပါဘူး။ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို မကြိုက်ဘူးဆိုရင်လည်း အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမှာ ဖြစ်တယ်။ ပယ်ဖျက်ရမှာဖြစ်တယ်။ အဲတော့ ဒီလို မလုပ်ဆောင်ပဲနဲ့ တစ်ဖက်လှည့်ပြီးတော့ ကိုယ်အသာရယူရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုခြင်းမရှိဘဲနဲ့ UEC က ထုတ်ပြန်ကြေညာတဲ့ အတွက်ကြောင့်မလို့ ဥပဒေအတိုင်း ညီပါတယ်လို့ ပြောတယ်ဆိုရင်တော့ဖြင့် NLD ပါတီမှာရှိတဲ့ ခေါင်းဆောင်များရဲ့ နိုင်ငံရေးအသိ အဲဒါကို ပြန်ပြီးတော့ မေးခွန်းထုတ်စရာရှိပါတယ်။"

ရှမ်းပြည်နယ်မှာ အင်အားကြီးပါတီ တစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွန့် ပြောသွားတာပါ။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကတော့ ခုချိန်မှာ ရွေးကောက်ပွဲအတွက် ဘာမှပြောစရာမရှိသေးပါဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

NLD ပါတီ ကိုယ်စားလှယ်လောင်း တင်ပြထားသူတွေထဲမှာ ပါတီအပေါ် သစ္စာရှိသူ၊ မူဝါဒတွေကို လေးစားလိုက်နာသူ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ဆိုင်တဲ့ ဘာသာရပ်တွေမှာ အတော်အသင့် နားလည်တတ်ကျွမ်းသူတွေကို ဦးစားပေးရွေးချယ်သွားမယ်လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေက မျှတဖို့လိုတယ်လို့ ပြောပါတယ်။

"ကိုယ်ပြောချင်တာကတော့ အမိန့်တွေ ညွှန်ကြားချက်တွေဆိုတာက ရှိနေမှာပဲလေ၊ အဲဒီ အမိန့်တွေ ညွှန်ကြားချက်တွေကို သုံးဆွဲတဲ့သူတွေက မျှမျှတတ သုံးစွဲဖို့ပဲလိုတယ်၊ အဲ  ကိုယ့်လက်ထက်ကျတော့ ဒီဘက်ကယူသုံးစွဲမယ်၊ သူများလက်ထက်ကျတော့ ဟိုဘက်ကနေ ကန့်ကွက်မယ် ဒီလိုမျိုးဆိုရင်တော့ မတရားဘူးပေါ့နော်၊ ဆိုလိုတာကတော့ အမိန့်တွေ ညွှန်ကြားချက်တွေကို တရားမျှတစွာပဲ သုံးစေချင်တယ်။ အခုဒီ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ဆောင်ရွက်ချက်တွေကတော့ ထုတ်ပြန်ထားတဲ့ အမိန့်တွေ ညွှန်ကြားချက်တွေကို မျှတမှုမရှိတဲ့ ဆောင်ရွက်ချက်မျိုး ညွှန်ကြားချက်မျိုးတွေ ဖြစ်နေတယ်လို့ ကိုယ်ကတော့ ဒီလိုပဲ မြင်တယ်။ "

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေ၊ ပါတီတွေရဲ့ ဝေဖန်ချက်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ကော်မရှင်အနေနဲ့ မီဒီယာတွေကို ဖုန်းနဲ့ ဖြေဆိုတာတွေ မလုပ်ကြောင်း၊ အခါအားလျော်စွာ သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်နေကြောင်း ပြောထားတာရှိပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အသိပညာပေးတာနဲ့ လေ့လာစောင့်ကြည့်ရေး လုပ်ဆောင်ရွက်နေတဲ့ New Myanmar Foundation ဒါရိုက်တာ ဒေါ်မြနန္ဒာသင်းက ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအပေါ်  အယူအဆ အမျိုးမျိုးရှိနိုင်တယ်လို့ ပြောပါတယ်။

"ယူဆချက်တွေကတော့ အမျိုးမျိုးရှိနိုင်တယ်၊ ဒါပေမဲ့ ကျမတို့ ဥပဒေမူဘောင်ရဲ့ ပေးထားချက်အထဲမှာ ဖြစ်တယ်ဆိုလို့ရှိရင် ကျမတို့ ဒီဟာကို ဘက်လိုက်တယ် ဘက်မလိုက်ဘူးဆိုတာ ပြောဖို့ခက်တယ်ပေါ့နော်၊ တစ်ခုရှိတာကတော့ ဒီကာလထဲမှာပဲဖြစ်ဖြစ် ဒါမဟုတ်ရင်လည်း ရွေးကောက်ပွဲ အပြီးကာလမှာပဲဖြစ်ဖြစ် ဒီဥပဒေမူဘောင်တွေကို ပြင်ဆင်သင့်သလား၊ ဥပမာ ဆိုလို့ရှိရင် ရွေးကောက်ပွဲကော်မရှင်ကို အနိုင်ရ အာဏာရပါတီက ခန့်တာမျိုးမဟုတ်ပဲနဲ့ ဒီ independent ဆက်တိုက်ထားမလား ။"

ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ သမ္မတက ပါတီ လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တယ်လို့ NLD ပါတီက ကော်မရှင်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က တိုင်ကြားမှုတွေရှိခဲ့တဲ့အတွက် လက်ရှိ အာဏာရ NLD ပါတီ အစိုးရ လက်ထက်မှာ ပါတီလုပ်ငန်းတွေ ဆောင်ရွက်မယ့်အပေါ် နှိုင်းယှဉ်ပြီး ဝေဖန်တာကို တွေ့ရပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တချို့တော့ ကော်မရှင်ကို အစိုးရက ခန့်အပ်တဲ့ အခြေအနေ ရှိနေသေးသရွေ့ အမြင်အမျိုးမျိုးနဲ့ ဝေဖန်မှုတွေရှိမှာဖြစ်လို့ ကော်မရှင်ကို အာဏာရ အစိုးရက ခန့်အပ်တဲ့ ပုံစံမဟုတ်ပဲ သီးခြားလွတ်လပ်တဲ့ အဖွဲ့အဖြစ်ဖွဲ့စည်းဖို့ ရွေးချယ်မလားဆိုတာ ဆွေးနွေးညှိနှိုင်းသင့်တယ်လို့ အကြံပြုကြပါတယ်။

သီဟထွန်း၊ နေမျိုးထွန်း / RFA Burmese
------------------------------------------------

(Zawgyi)⤵⤵⤵
ေ႐ြးေကာက္ပြဲအတြက္ အသာစီးယူထားေၾကာင္း ေဝဖန္ခ်က္ NLD ပယ္ခ်

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္တို႔ ပါတီ ေခါင္းေဆာင္ေတြအေနနဲ႔ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရးမဲဆြယ္တဲ့ ကာလမွာ ႐ုံးထိုင္မယ့္ NLD ပါတီ (ယာယီဌာနခ်ဳပ္) ႐ုံးခြဲဖြင့္ပြဲ အခမ္းအနားကို ေနျပည္ေတာ္ ဥတၱရသီရိၿမိဳ႕နယ္၊ ဥတၱရသီရိရပ္ကြက္မွာ ဒီေန႔ မနက္ပိုင္းက က်င္းပခဲ့ပါတယ္။

ကပ္ေရာဂါကာလအတြင္း ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရးအတြက္ အႀကိဳလႈပ္ရွားမႈေတြမွာ တျခားပါတီေတြအတြက္ ကန႔္သတ္ခ်က္ေတြရွိေနေပမယ့္ အာဏာရ NLD ပါတီကေတာ့ အခြင့္အေရး ပိုရေနတယ္လို႔ ေဝဖန္ေနတဲ့အေပၚ ပါတီရဲ႕ သဘာထားကို ေဒါက္တာ ေဇာ္ျမင့္ေမာင္ကို ေမးျမန္းခဲ့ပါတယ္။

NLD ပါတီ ဒုတိယ ဥကၠ႒ (၂) မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္က အာဏာရ ပါတီက အခြင့္အေရးပိုရေနတယ္ဆိုတဲ့ ေဝဖန္မႈေတြကို လက္မခံဘူးလို႔ တုံ႔ျပန္ပါတယ္။

"အဲေတာ့ ကိုဗစ္ကာလကေတာ့ ၊ ကိုဗစ္က အေရးႀကီးတယ္ေနာ္၊ Second Wave ကို က်ေတာ္တို႔လည္း ေၾကာက္တယ္၊ ခင္ဗ်ားတို႔လည္း ေၾကာက္သင့္တယ္၊ ျဖစ္ၿပီဆိုလို႔ရွိရင္ မရႉႏိုင္ မကယ္ႏိုင္ျဖစ္မယ္။ အဲေတာ့ မျဖစ္မီႀကိဳတင္၊ ခုက်ေတာ္တို႔ ဘာလုပ္လဲ ဘာပြဲမွ မလုပ္ဘူးေနာ္၊ အစိုးရအဖြဲ႕ လုပ္တဲ့ ဟာေတြေတာ့ ရွိေကာင္း ရွိမွာေပါ့ဗ်ာ။ က်ေတာ္ေျပာခ်င္တာက ပါတီနဲ႔ ပတ္သက္လို႔ ဘာပြဲမွမလုပ္ဘူး။ အဲေတာ့ဒါ အခြင့္အေရးရတယ္ဆိုတာ က်ေတာ္နားမလည္ဘူး၊ ဘာ advantage ( အခြင့္အေရး) ရမွန္းမသိဘူး။ က်ေတာ္တို႔ဆီမွာ လုံၿခဳံေရး အစည္းအေဝးရွိတယ္ အပတ္စဥ္၊ ဘယ္ပါတီေတြ ဆိုင္းဘုတ္တင္တယ္ အမ်ားႀကီးတက္လာတာ ဘာတစ္ခုမွ က်ေတာ္တို႔ ဝင္မစြက္ဘူး၊ က်ေတာ္ကေတာ့ နားမလည္ဘူးဗ်။ က်ေတာ္တို႔ အခြင့္အေရးေတြ ရေနတယ္ဆိုတာ၊ အရင္က ၂၀၁၅ ခုႏွစ္က ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ေၾကညာခ်က္ေတြနဲ႔ အခု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ေၾကညာခ်က္ေတြ ခင္ဗ်ားတို႔ ယွဥ္ၾကည့္လိုက္ အကုန္ အတူတူပဲ၊ ေပးထားတာက ေပးထားခ်က္က ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒက ေပးထားခ်က္အတိုင္း လုပ္တာပဲ။"

၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အတိုက္အခံ ပါတီအေနနဲ႔ ဖြဲ႕စည္းပုံပါ ေပးထားခ်က္ေတြအတိုင္း ေဝဖန္ျပစ္တင္မႈေတြ မလုပ္ပဲ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး ေဆာင္႐ြက္ခဲ့သလို လက္ရွိ အာဏာရပါတီ ျဖစ္ခ်ိန္မွာလည္း အဲဒီ ဥပေဒအတိုင္း ေဆာင္႐ြက္ေနၿပီး အခြင့္အေရး ပိုယူတာမရွိဘူးလို႔ ေျပာပါတယ္။

ေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္မႈေတြကို စိစစ္ဖို႔ ဖြဲ႕စည္းထားတဲ့ ဗဟိုကိုယ္စားလွယ္ေလာင္း စိစစ္ေရးအဖြဲ႕ဝင္ ေျခာက္ဦးမွာ ေဒၚေအာင္ဆန္းစုၾကည္က ဥကၠ႒ အျဖစ္ ေဆာင္႐ြက္ေနပါသလားလို႔ ေမးတဲ့အခါ အဲဒီလို ယူဆရင္လည္းရတယ္လို႔သာ ေဒါက္တာ ေဇာ္ျမင့္ေမာင္က မယုတ္မလြန္ ေျပာပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေ႐ြးေကာက္ပြဲမွာဝင္ၿပိဳင္မယ့္ အစိုးရအဖြဲ႕ဝင္ေတြကို ပါတီစည္း႐ုံးေရး၊ နယ္ေျမစည္း႐ုံးေရး လုပ္ခြင့္ျပဳလိုက္ၿပီလို႔ ဇြန္လ ၁ ရက္ေန႔က ထုတ္ျပန္ခဲ့ၿပီးေနာက္မွာ အာဏာရပါတီဘက္က အသာစီးရယူႏိုင္တဲ့ သေဘာေတြရွိတယ္ဆိုတဲ့ ေဝဖန္မႈေတြ ထြက္ခဲ့ပါတယ္။

"ဒီေက်ာ္လြန္ျခင္း မေက်ာ္လြန္ျခင္းဆိုတာ အသိသာႀကီးျဖစ္ပါတယ္။ ေကာ္မရွင္ရဲ႕ ေၾကညာခ်က္က ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ေက်ာ္လြန္လို႔မရပါဘူး။ အဲဒီဖြဲ႕စည္းပုံ အေျခခံဥပေဒကို မႀကိဳက္ဘူးဆိုရင္လည္း အဲဒီ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ဆင္ရမွာ ျဖစ္တယ္။ ပယ္ဖ်က္ရမွာျဖစ္တယ္။ အဲေတာ့ ဒီလို မလုပ္ေဆာင္ပဲနဲ႔ တစ္ဖက္လွည့္ၿပီးေတာ့ ကိုယ္အသာရယူေရးအတြက္ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို အဓိပၸါယ္ဖြင့္ဆိုျခင္းမရွိဘဲနဲ႔ UEC က ထုတ္ျပန္ေၾကညာတဲ့ အတြက္ေၾကာင့္မလို႔ ဥပေဒအတိုင္း ညီပါတယ္လို႔ ေျပာတယ္ဆိုရင္ေတာ့ျဖင့္ NLD ပါတီမွာရွိတဲ့ ေခါင္းေဆာင္မ်ားရဲ႕ ႏိုင္ငံေရးအသိ အဲဒါကို ျပန္ၿပီးေတာ့ ေမးခြန္းထုတ္စရာရွိပါတယ္။"

ရွမ္းျပည္နယ္မွာ အင္အားႀကီးပါတီ တစ္ခုျဖစ္တဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ပါတီ အတြင္းေရးမႉး ၂ ဦးစိုင္းေက်ာ္ၫြန႔္ ေျပာသြားတာပါ။

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ကေတာ့ ခုခ်ိန္မွာ ေ႐ြးေကာက္ပြဲအတြက္ ဘာမွေျပာစရာမရွိေသးပါဘူးလို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။

NLD ပါတီ ကိုယ္စားလွယ္ေလာင္း တင္ျပထားသူေတြထဲမွာ ပါတီအေပၚ သစၥာရွိသူ၊ မူဝါဒေတြကို ေလးစားလိုက္နာသူ၊ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးနဲ႔ဆိုင္တဲ့ ဘာသာရပ္ေတြမွာ အေတာ္အသင့္ နားလည္တတ္ကြၽမ္းသူေတြကို ဦးစားေပးေ႐ြးခ်ယ္သြားမယ္လို႔ ေဒါက္တာ ေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ USDP ဗဟို အလုပ္အမႈေဆာင္ ေကာ္မတီဝင္၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေသာင္းေအးက ေ႐ြးေကာက္ပြဲနဲ႔ဆိုင္တဲ့ အမိန႔္ေတြ၊ ၫႊန္ၾကားခ်က္ေတြက မွ်တဖို႔လိုတယ္လို႔ ေျပာပါတယ္။

"ကိုယ္ေျပာခ်င္တာကေတာ့ အမိန႔္ေတြ ၫႊန္ၾကားခ်က္ေတြဆိုတာက ရွိေနမွာပဲေလ၊ အဲဒီ အမိန႔္ေတြ ၫႊန္ၾကားခ်က္ေတြကို သုံးဆြဲတဲ့သူေတြက မွ်မွ်တတ သုံးစြဲဖို႔ပဲလိုတယ္၊ အဲ  ကိုယ့္လက္ထက္က်ေတာ့ ဒီဘက္ကယူသုံးစြဲမယ္၊ သူမ်ားလက္ထက္က်ေတာ့ ဟိုဘက္ကေန ကန႔္ကြက္မယ္ ဒီလိုမ်ိဳးဆိုရင္ေတာ့ မတရားဘူးေပါ့ေနာ္၊ ဆိုလိုတာကေတာ့ အမိန႔္ေတြ ၫႊန္ၾကားခ်က္ေတြကို တရားမွ်တစြာပဲ သုံးေစခ်င္တယ္။ အခုဒီ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ ထုတ္ျပန္ေဆာင္႐ြက္ခ်က္ေတြကေတာ့ ထုတ္ျပန္ထားတဲ့ အမိန႔္ေတြ ၫႊန္ၾကားခ်က္ေတြကို မွ်တမႈမရွိတဲ့ ေဆာင္႐ြက္ခ်က္မ်ိဳး ၫႊန္ၾကားခ်က္မ်ိဳးေတြ ျဖစ္ေနတယ္လို႔ ကိုယ္ကေတာ့ ဒီလိုပဲ ျမင္တယ္။ "

ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးအတြက္ ေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္ေတြ၊ ပါတီေတြရဲ႕ ေဝဖန္ခ်က္ေတြနဲ႔ ပတ္သက္လို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဖုန္းနဲ႔ ဆက္သြယ္ခဲ့ေပမယ့္ လက္ခံေျဖၾကားတာ မရွိပါဘူး။

ေကာ္မရွင္ ဥကၠ႒ ဦးလွသိန္းက ေကာ္မရွင္အေနနဲ႔ မီဒီယာေတြကို ဖုန္းနဲ႔ ေျဖဆိုတာေတြ မလုပ္ေၾကာင္း၊ အခါအားေလ်ာ္စြာ သတင္းစာရွင္းလင္းပြဲေတြ ျပဳလုပ္ေနေၾကာင္း ေျပာထားတာရွိပါတယ္။

ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး အသိပညာေပးတာနဲ႔ ေလ့လာေစာင့္ၾကည့္ေရး လုပ္ေဆာင္႐ြက္ေနတဲ့ New Myanmar Foundation ဒါ႐ိုက္တာ ေဒၚျမနႏၵာသင္းက ေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္ေတြအေပၚ  အယူအဆ အမ်ိဳးမ်ိဳးရွိႏိုင္တယ္လို႔ ေျပာပါတယ္။

"ယူဆခ်က္ေတြကေတာ့ အမ်ိဳးမ်ိဳးရွိႏိုင္တယ္၊ ဒါေပမဲ့ က်မတို႔ ဥပေဒမူေဘာင္ရဲ႕ ေပးထားခ်က္အထဲမွာ ျဖစ္တယ္ဆိုလို႔ရွိရင္ က်မတို႔ ဒီဟာကို ဘက္လိုက္တယ္ ဘက္မလိုက္ဘူးဆိုတာ ေျပာဖို႔ခက္တယ္ေပါ့ေနာ္၊ တစ္ခုရွိတာကေတာ့ ဒီကာလထဲမွာပဲျဖစ္ျဖစ္ ဒါမဟုတ္ရင္လည္း ေ႐ြးေကာက္ပြဲ အၿပီးကာလမွာပဲျဖစ္ျဖစ္ ဒီဥပေဒမူေဘာင္ေတြကို ျပင္ဆင္သင့္သလား၊ ဥပမာ ဆိုလို႔ရွိရင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို အႏိုင္ရ အာဏာရပါတီက ခန႔္တာမ်ိဳးမဟုတ္ပဲနဲ႔ ဒီ independent ဆက္တိုက္ထားမလား ။"

ၿပီးခဲ့တဲ့ သမၼတ ဦးသိန္းစိန္ လက္ထက္မွာ သမၼတက ပါတီ လုပ္ငန္းေတြကို ေဆာင္႐ြက္ခဲ့တယ္လို႔ NLD ပါတီက ေကာ္မရွင္ကို ၂၀၁၅ ခုႏွစ္ ႏိုဝင္ဘာလ ၂ ရက္ေန႔က တိုင္ၾကားမႈေတြရွိခဲ့တဲ့အတြက္ လက္ရွိ အာဏာရ NLD ပါတီ အစိုးရ လက္ထက္မွာ ပါတီလုပ္ငန္းေတြ ေဆာင္႐ြက္မယ့္အေပၚ ႏႈိင္းယွဥ္ၿပီး ေဝဖန္တာကို ေတြ႕ရပါတယ္။

ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာသူ တခ်ိဳ႕ေတာ့ ေကာ္မရွင္ကို အစိုးရက ခန႔္အပ္တဲ့ အေျခအေန ရွိေနေသးသေ႐ြ႕ အျမင္အမ်ိဳးမ်ိဳးနဲ႔ ေဝဖန္မႈေတြရွိမွာျဖစ္လို႔ ေကာ္မရွင္ကို အာဏာရ အစိုးရက ခန႔္အပ္တဲ့ ပုံစံမဟုတ္ပဲ သီးျခားလြတ္လပ္တဲ့ အဖြဲ႕အျဖစ္ဖြဲ႕စည္းဖို႔ ေ႐ြးခ်ယ္မလားဆိုတာ ေဆြးေႏြးညႇိႏႈိင္းသင့္တယ္လို႔ အႀကံျပဳၾကပါတယ္။

သီဟထြန္း၊ ေနမ်ိဳးထြန္း / RFA Burmese
https://www.rfa.org/burmese/news/NLD-rejects-criticism-07052020083002.html
 

ဟောင်ကောင်သားတွေကို ယူကေနိုင်ငံသားဖြစ်ခွင့် ဘာ့ကြောင့်ပေးရတာလဲ

နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ကိစ္စကို ၁၉၉၇ ခုနှစ် ဟောင်ကောင်ကို တရုတ်လက်အောက် ပြန်အပ်တဲ့ အချိန်က တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် ယူကေအစိုးရက မပေးခဲ့
(Unicode)⤵⤵⤵
ဟောင်ကောင်သား သုံးသန်းလောက်အထိ ယူကေက နိုင်ငံသားဖြစ်ခွင့်ပေးမယ်ဆိုတဲ့ကိစ္စဟာ ယူကေအစိုးရအတွက် တကယ့်ကို ကြီးမားတဲ့ ခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ဟောင်ကောင်က ပိုဆိုးလာတဲ့ အခြေအနေတွေကို လွတ်မြောက်ဖို့အတွက် ဒီလောက်အထိများတဲ့ ဟောင်ကောင်သားတွေ ယူကေကို ရောက်လာလိမ့်မယ်လို့တော့ ယူကေအစိုးရနဲ့ ပါလီမန်တို့က မျှော်လင့်ထားတာတော့ မဟုတ်ပါဘူး။

အခုလို ယူကေအစိုးရက ဆုံးဖြတ်ချက် ချရတာဟာ လက်ရှိ ဟောင်ကောင်က လမ်းမတွေပေါ်က ရုန်းရင်းဆန်ခတ် ဖြစ်နေမှုတွေအပေါ် ယူကေအစိုးရက စိုးရိမ်မှုရှိလို့ ချက်ချင်း လုပ်ဆောင်မှု တစ်ခုလို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ဒီ ဆုံးဖြတ်ချက်ဟာ ဟောင်ကောင်ကို ယူကေက အုပ်ချုပ်ခဲ့တဲ့ အခြေအနေနဲ့လည်း သက်ဆိုင်နေပြီး ဒီလို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ကိစ္စကို ၁၉၉၇ ခုနှစ် ဟောင်ကောင်ကို တရုတ်လက်အောက် ပြန်အပ်တဲ့ အချိန်က တောင်းဆိုမှုတွေ ရှိခဲ့ပေမဲ့ ယူကေအစိုးရက မပေးခဲ့ပါဘူး။

အခုလို ဟောင်ကောင်ကို ပြန်အပ်တဲ့ အချိန်က ဟောင်ကောင်ရဲ့ တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီ ကျင့်သုံးမှုနဲ့ ဈေးကွက်စီးပွားရေးကို တရုတ်အစိုးရက ဆက်ထိန်းထားမယ်ဆိုတဲ့ ကတိပြုချက်နဲ့ ပေးခဲ့တာ ဖြစ်ပြီး အဲဒီ အခြေအနေတွေကတော့ လတ်တလော နှစ်တွေ အတွင်းမှာ သိသိသာသာ ယိုယွင်းလာခဲ့ပါတယ်။
၂၀၁၅ ကမှ ယူကေ ဝန်ကြီးချုပ် ဒေးဗစ် ကန်မရွန်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကော်ဇောနီနဲ့သာမက ဘုရင်မကြီးရဲ့ ရွှေမြင်းလှည်းနဲ့ပါ ကြိုဆိုခဲ့
အပြောင်းအလဲများခဲ့တဲ့ ယူကေ ပါလီမန်အတွင်းက တရုတ်အပေါ် သဘောထား

လက်ရှိ ဟောင်ကောင်သားတွေကို ယူကေနိုင်ငံသားဖြစ်ခွင့်ပေးမယ့် ကိစ္စ ကြေညာချိန်မှာ ပါလီမန်အတွင်း အမတ်တစ်ယောက်မှ ကန့်ကွက်ခြင်း မရှိခဲ့တာကလည်း သတိပြုစရာ တစ်ခု ဖြစ်ပြီး လတ်တလော ယူကေ-တရုတ် ဆက်ဆံရေး ဆိုးရွားနေခဲ့တာကိုလည်း ရောင်ပြန်ဟပ်နေပါတယ်။

တကယ်တမ်းဆိုရင် မကြာသေးခင် ၂၀၁၅ ကမှ ယူကေ ဝန်ကြီးချုပ် ဒေးဗစ်ကန်မရွန်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကော်ဇောနီနဲ့သာမက ဘုရင်မကြီးရဲ့ ရွှေမြင်းလှည်းနဲ့ပါ ကြိုဆိုခဲ့တာ ဖြစ်ပြီး ဒီလိုမတိုင်ခင်ကလေးမှာပဲ ယူကေ ဘဏ္ဍာရေးဝန်ကြီး ဂျော့အော့စ်ဘွန်းက တရုတ်နိုင်ငံကို ငါးရက်ခရီးစဉ် သွားရောက်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်က ယူကေအနေနဲ့ တရုတ်ရဲ့ လူ့အခွင့်အရေး မူဝါဒတွေကို ဝေဖန်တာထက် တရုတ်နဲ့ စီးပွားရေးလုပ်ဖို့ကို ပိုပြီး ဦးစားပေးခဲ့ပုံရတဲ့အတွက် တရုတ်အစိုးရအတွက်ပိုပြီး နိုင်ငံရေးအမြတ်ထွက်ခဲ့တယ်ဆိုပြီး ယူကေသတင်းစာတချို့က ရေးသားခဲ့ပါသေးတယ်။

လက်ရှိကာလမှာတော့ အဲဒီအချိန်က တရုတ်နဲ့ စီးပွားရေးလုပ်ဖို့ဘက်ကို ဦးစားခဲ့တဲ့ အမတ်တွေအပါအဝင် ကွန်ဇားဗတစ် ပါတီအမတ်တွေက တစ်ပါတီထဲက တက်လမ်းရှိတဲ့ အမတ်တွေနဲ့ပါ ပူးပေါင်းပြီး တရုတ်နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုတွေကို ကျယ်ကျယ်လောင်လောင်နဲ့ ပုံမှန် ဆန့်ကျင်နေကြပြီ ဖြစ်ပြီး အထူးသဖြင့် တရုတ်ကုမ္ပဏီ ဟွာဝေးကို ယူကေရဲ့ ပဉ္စမမျိုးဆက် ဖုန်းကွန်ရက်မှာ လုပ်ကိုင်ခွင့်ပေးမယ့် ကိစ္စကို ဆန့်ကျင်ကြတာ ဖြစ်ပါတယ်။

အခုလို ဟွာဝေးကို လုပ်ပိုင်ခွင့် ပေး မပေး ဆုံးဖြတ်ဖို့ ပါလီမန်အတွင်း ပြီးခဲ့တဲ့ မတ်လက မဲခွဲခဲ့ရာမှာလည်း ကွန်ဇားဗတစ်ပါတီ အမတ်တွေထဲက ၃၈ ယောက်က အစိုးရသဘောထားနဲ့ ဆန့်ကျင်ပြီး မပေးဖို့ဘက်က မဲပေးခဲ့ကြတာကို တွေ့ရပါတယ်။

ဒီလို မဲပေးခဲ့ရာမှာ အတိုက်အခံ အမတ်တွေ အပါအဝင် ပါလီမန်အတွင်း အစိုးရဘက်ကို ထောက်ခံတဲ့ မဲရရှိမှုက ၃၀၆ မဲ နဲ့ ဆန့်ကျင်တဲ့ဘက်က ၂၈၂ မဲရှိခဲ့ပြီး သိပ်မကွာတဲ့ အခြေအနေရှိခဲ့ရာမှာ အာဏာရ ကွန်ဇားဗတစ်ပါတီအတွင်းက အခုလို ပုန်ကန်တဲ့ အမတ်အင်အား ကောင်းခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အဲဒီ အုပ်စုထဲက အမတ်တစ်ဦးကလည်း အစိုးရကို ဟောင်ကောင်ကိစ္စအပေါ် တုံ့ပြန်ဖို့အတွက် တွန်းအားပေးနေမှ ရတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဟွာဝေးကို ယူကေမှာ လုပ်ပိုင်ခွင့် ပေး မပေး ဆုံးဖြတ်ဖို့ ပါလီမန်အတွင်း ပြီးခဲ့တဲ့ မတ်လက မဲခွဲခဲ့ရာမှာလည်း ကွန်ဇားဗတစ်ပါတီ အမတ်တွေထဲက ၃၈ ယောက်က အစိုးရသဘောထားနဲ့ ဆန့်ကျင်ပြီး မပေးဖို့ဘက်က မဲပေးခဲ့
တစ်ဖက်မှာလည်း တရုတ်နိုင်ငံဟာ စီးပွားရေး အင်အားကြီးနိုင်ငံကြီး ဖြစ်တယ်ဆိုတာ လျစ်လျူရှုလို့မရတဲ့ အခြေအနေဖြစ်ပြီး ကုန်သွယ်ရေးနဲ့ ရာသီဥတု ဖောက်ပြန်မှုဆိုင်ရာ ကိစ္စတွေမှာ တရုတ်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ယူကေဝန်ကြီးတွေက စိတ်အားထက်သန်မှုလည်း ရှိနေကြပါတယ်။

ဒါ့အပြင် ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကိုယ်တိုင်ကလည်း “ကျွန်တော့ရဲ့ ရပ်တည်ချက်က အလွန့် အလွန် ရိုးရှင်းပါတယ်။ တရုတ်မုန်းတီးရေးဘက်ကိုတော့ ကျွန်တော် အပါမခံပါဘူး။ ဘာလို့လည်း ဆိုတော့ ကျွန်တော်က တရုတ်မုန်းတီးရေးသမား တစ်ယောက်လည်း မဟုတ်ဘူး” လို့ ဇွန်လ ၃၀ ရက်နေ့မှာ ပြောဆိုထားခဲ့ပါတယ်။

အစိုးရဘက်က သတင်းအရင်းအမြစ် တစ်ခုအရ ဆိုရင် ယူကေအစိုးရရဲ့ တရုတ်အပေါ်သဘောထားက တင်းမာလာတာ မဟုတ်ဘဲ တရုတ်အစိုးရရဲ့ ရပ်တည်ချက် တင်းမာမှု ပေါ်လာတာသာ ဖြစ်တယ်ဆိုပြီး ယူဆမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ယူကေအစိုးရရဲ့ ဟောင်ကောင်သားတွေကို ဖိတ်ခေါ်တဲ့ ဆုံးဖြတ်ချက်ဟာ ယူကေအစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒ အလှည့်အပြောင်းနဲ့လည်း အချိန်ကိုက်ဖြစ်နေပါတယ်။

ယူကေနိုင်ငံ ဥရောပသမဂ္ဂ အီးယူက ထွက်ဖို့ လူထုဆန္ဒခံယူပွဲနဲ့ ဆုံးဖြတ်ထားတာနဲ့အတူ အီးယူရဲ့ နိုင်ငံအသီးသီးက နိုင်ငံသားတွေ ယူကေကို လွတ်လပ်စွာ ဝင်ခွင့်ရမှုကို အဆုံးသတ်ဖို့ ဇွန်လ ၃၀ ရက်နေ့မှာ ပါလီမန်အတွင်း အတည်ပြုထားတာ ဖြစ်ပါတယ်။

ယူကေ အီးယူကထွက်ဖို့ မဲပေးသူတွေမှာ ယူကေနိုင်ငံကို နိုင်ငံခြားသား ဝင်ရောက်သူ အရေအတွက်ကို ကန့်သတ်ချင်တဲ့အတွက် ဒီလို ထွက်ဖို့ မဲပေးသူတွေလည်း အများအပြားပါဝင်တဲ့အတွက် သန်းနဲ့ချီပြီး ရှိနိုင်တဲ့ ဟောင်ကောင်သားတွေကို နိုင်ငံသားဖြစ်ဖို့ အခွင့်အရေးပေးမယ့် အခြေအနေနဲ့ ဝိရောဓိ ဖြစ်နေတယ်လို့ ပြောစရာ ဖြစ်နေပါတယ်။

ဝင်လာတဲ့ ဟောင်ကောင်သား အရေအတွက် အပေါ်မူတည်ပြီး အငြင်းပွားစရာတွေ ဖြစ်လာနိုင်ပေမယ့် ဒီကိစ္စက ယူကေ ဝန်ကြီးတွေအတွက်တော့ အီးယူက ထွက်လိုက်တဲ့ ယူကေနိုင်ငံဟာ ဘယ်သူ့ကို ပေးဝင်ပြီး ဘယ်သူ့က ထွက်ပေးရမယ်ဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်လို့ရကြောင်း ပြလိုက်တဲ့ ပြယုဂ်တခု လိုလည်း အသုံးချစရာ ဖြစ်နေပါတယ်။
ယူကေပြင်ပ နိုင်ငံသား (BNO) နိုင်ငံကူးလက်မှတ်ကိုင်သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေက ယူကေမှာ ငါးနှစ်အခြေချ အလုပ်လုပ် ပညာသင်နိုင်ပြီး ငါးနှစ်ပြည့်ရင် နိုင်ငံသားလျှောက်ခွင့်ပေးမှာဖြစ်
ယူကေနိုင်ငံသားဖြစ်ဖို့ အခွင့်အရေးတွေကို ဘယ်လို ဟောင်ကောင်သားတွေက ရမှာလဲ

၁၉၈၀ နောက်ပိုင်း ယူကေပြင်ပ နိုင်ငံသား (BNO) လို့ခေါ်တဲ့ နိုင်ငံကူးလက်မှတ် ကိုင်ထားသူ ဟောင်ကောင်သားတွေကို လက်ရှိ ယူကေမှာ ပြည်ဝင်ခွင့် ဗီဇာမဲ့ ခြောက်လ နေခွင့်ပေးထားတာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ အဲဒီ နိုင်ငံကူးလက်မှတ်ကိုင်သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေက ယူကေမှာ ငါးနှစ်အခြေချ အလုပ်လုပ် ပညာသင်နိုင်ပြီး ငါးနှစ်ပြည့်ရင် နိုင်ငံသားလျှောက်ခွင့်ပေးမှာ ဖြစ်ပါတယ်။

လက်ရှိ ဟောင်ကောင်မှာ BNO နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ၃၅၀,ဝဝဝ လောက်ရှိပြီး ဒီနိုင်ငံကူးလက်မှတ် လျှောက်ဖို့ နောက်ထပ်အကျုံးဝင်သူ ဟောင်ကောင်သား အရေအတွက်ကလည်း ၂.၆ သန်းလောက် ရှိနေပါတယ်။

ဒါ့အပြင် အခုလို အကျုံးဝင်သူတွေရဲ့ ၁၉၉၇ နောက်ပိုင်း မွေးဖွားသူ မိသားစုဝင်တွေလည်း ယူကေအစိုးရရဲ့ နိုင်ငံသား လျှောက်ခွင့်ပေးမယ့် ကမ်းလှမ်းမှုအတွင်း အကျုံးဝင်နေပါတယ်။
တရုတ်အစိုးရဟာ ဟောင်ကောင်သားတွေကို ပေးထားတဲ့ လွတ်လပ်ခွင့်တွေကို တဖြည်းဖြည်းလျော့ပါးအောင် လုပ်နေတယ်လို့ ဟောင်ကောင်သားတွေက ယူဆတဲ့အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေခဲ့တာ တနှစ်ရှိလာ
ဟောင်ကောင်မှာ တနှစ်ကြာ ဆန္ဒပြမှုတွေဖြစ်စေတဲ့ လုံးပါးပါးလာတဲ့ လွတ်လပ်ခွင့်တွေ

တရုတ်အစိုးရရဲ့ လတ်တလော ဟောင်ကောင် လုံခြုံရေး ဥပဒေသစ်အရ တရုတ်အစိုးရကို မုန်းတီးအောင် လှုံ့ဆော်မှုကို ပြင်းထန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်မှုအပါအဝင် တရုတ်ပြည်မကြီးက လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း ဟောင်ကောင်ပြည်တွင်းမှာပါ ဝင်ရောက် ကိုယ်တွယ်ခွင့်ပေးတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဥပဒေ ထွက်မလာခင် ကတည်းက တရုတ်အစိုးရဟာ ဟောင်ကောင်သားတွေကို ပေးထားတဲ့ လွတ်လပ်ခွင့်တွေကို တဖြည်းဖြည်းလျော့ပါးအောင် လုပ်နေတယ်လို့ ဟောင်ကောင်သားတွေက ယူဆတဲ့အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေခဲ့တာ တစ်နှစ်ရှိလာပြီ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ဟောင်ကောင်နယ်အရေးမှာ ပိုမို စွက်ဖက်လာပြီး ဒီမိုကရေစီအရေး တောင်းဆိုတဲ့ ဟောင်ကောင် ဥပဒေပြုအမတ်တွေကို အမတ်အဖြစ်က ဖယ်ရှားတာနဲ့ ဟောင်ကောင်မှာ ပြစ်မှုကျူးလွန်သူတွေကို တရုတ်ပြည်မကြီးဆီပို့ပြီး အပြစ်ပေးနိုင်တဲ့ ဥပဒေ သတ်မှတ်ဖို့ ကြိုးစားတာတွေ လုပ်ခဲ့တယ်လို့လည်း လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တွေက ထောက်ပြကြပါတယ်။

အဲ့ဒီ ဥပဒေ သတ်မှတ် အတည်ပြုဖို့ တရုတ်အစိုးရက ကြိုးစားမှုကြောင့် သိန်းနဲ့ချီတဲ့ ဟောင်ကောင်သားတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ဟောင်ကောင်နယ်ရဲ့ ဥပဒေပြုအမတ် ရွေးချယ်ပုံကို ပြုပြင်ပြောင်းလဲဖို့ အပါအဝင် တခြားဒီမိုကရေစီပိုကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ အဲဒီ ဥပဒေ မသတ်မှတ်တော့ဖို့ တရုတ်အစိုးရက ဆုံးဖြတ်ခဲ့ပေမဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကတော့ ဆက်ရှိနေခဲ့ပါတယ်။

ဒါ့အပြင် ဟောင်ကောင်နယ်အတွင်း စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ တတ်သိ ပညာရှင်တွေအတွက် လွတ်လပ်ခွင့်တွေ လျော့ပါးလာတယ်လို့လည်း စွပ်စွဲမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာဆိုရင် အမေရိကန် စာနယ်ဇင်းသမား တော်တော်များများကို ဟောင်ကောင်မှာ ဆက်အလုပ်လုပ်ခွင့် မပေးတော့တာမျိုးလည်း တရုတ်အစိုးရက လုပ်ခဲ့ပါတယ်။

ဘာလို့ ယူကေက ဟောင်ကောင်ကို တရုတ်လက်အောက် ပြန်အပ်ခဲ့တာလဲ

ဟောင်ကောင်ကို ယူကေအစိုးရက ၁၅၆ နှစ်ကြာ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ ၁၈၃၉ ခုနှစ် နှောင်းပိုင်းကစပြီး ဘိန်းကုန်သွယ်မှုကို နှိမ်နင်းလာတဲ့ တရုတ်အစိုးရနဲ့ တရုတ်ကို ဘိန်းတင်သွင်းနေတဲ့ ဗြိတိသျှအင်ပါယာတို့ ဘိန်းစစ်ပွဲ ဖြစ်ပွားကြအပြီး ၁၈၄၁ မှာ ဟောင်ကောင်ကျွန်းကို ယူကေအစိုးရက စတင်သိမ်းယူခဲ့ပါတယ်။

ဗြိတိသျှနဲ့ ပြင်သစ်အင်ပါယာတို့က အဓိက တိုက်ခိုက်ကြပြီး အမေရိကန်လည်း သူတို့ဘက်က တရုတ်ကို ဝင်တိုက်ခဲ့ပါတယ်။ ၁၈၅၆-၁၈၆၀ ဒုတိယ ဘိန်းစစ်ပွဲမှာတော့ ဗြိတိသျှ အင်ပါယာက ဟောင်ကောင်ကျွန်းနဲ့ တစ်ဘက်ကမ်း ကောင်လွန်း ကျွန်းဆွယ်ကိုပါ သိမ်းယူ လိုက်ပါတယ်။

၁၈၉၈ မှာတော့ နောက်ပိုင်း နယ်မြေသစ်လို့ ခေါ်တဲ့ ရှမ်းချွန်မြစ်ရဲ့ တောင်ဘက် အောက်ပိုင်းက ကောင်းလွန်းဒေသ တစ်ခုလုံးနဲ့တကွ ကျွန်းငယ်ပေါင်း ၂၃၀ ပါ အပါအဝင် လက်ရှိ ဟောင်ကောင်ဒေသကို တရုတ်နိုင်ငံက ၉၉ နှစ် အငှားစာချုပ်နဲ့ ဗြိတိသျှ အင်ပါယာကို လွှဲအပ်ခဲ့ပါတယ်။

၁၉၈၄ အရောက်မှာတော့ အဲဒီအချိန်က ယူကေ ဝန်ကြီးချုပ် မာဂရက်သက်ချာက ဟောင်ကောင်ကို ၁၉၉၇ ခုနှစ်မှာ တရုတ်လက်ထဲ ပြန်အပ်ဖို့ တရုတ်အစိုးရနဲ့ ပူးတွဲ ကြေညာချက် ထုတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီလို ဖြစ်လာဖို့ တရုတ်အစိုးရဘက်က ဟောင်ကောင်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် များများပေးဖို့နဲ့ ဟောင်ကောင်သားတွေကို လွတ်လပ်ခွင့်နဲ့ အခြားအပိုဆောင်း အခွင့်အရေးတွေပေးဖို့ ယူကေအစိုးရက ကန့်သတ်ထားခဲ့ပါတယ်။

ဒါ့အပြင် တရုတ်ပြည်မကြီးမှာ ကျင့်သုံးနေတဲ့ ကွန်မြူနစ် စနစ်ကို မကျင့်သုံးစေဘဲ အရင်းရှင်စနစ် ကျင့်သုံးမှုကို ဟောင်ကောင်မှာ ဆက်လုပ်ခွင့် ပေးရမယ့် အချက်လည်း ပါဝင်ပါတယ်။

ဒီလို သဘောတူညီချက်တွေကြောင့် လက်ရှိ ဟောင်ကောင်မှာ ကိုယ်ပိုင် ဥပဒေစနစ်နဲ့ ကိုယ်ပိုင်နယ်စပ် သီးသန့်ရှိပြီး လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

ဒီလို အခွင့်အရေးတွေကြောင့်လည်း ၁၉၈၉ မှာ တရုတ်အစိုးရက လက်နက်မဲ့ ဆန္ဒပြသူတွေကို တီယန်နန်မန် ရင်ပြင်အတွင်း ပစ်ခတ်မှုနဲ့ ပတ်သက်တဲ့ အထိန်းအမှတ် အခမ်းအနားတွေကို ဟောင်ကောင်မှာ ကျင်းပခွင့်ရနေတာ ဖြစ်ပါတယ်။

ဒီလို ဟောင်ကောင်မှာ သီးသန့်အခွင့်အရေးတွေကို ၂၀၄၇ ခုနှစ်အထိ တရုတ်အစိုးရက အနှစ် ငါးဆယ် ဆက်ပေးဖို့ ဆိုတဲ့ အချက်လည်း အဲဒီ ၁၉၈၄ သဘောတူညီချက်ထဲမှာ ပါဝင်ပါတယ်။

တရုတ်အစိုးရရဲ့ လတ်တလော ဟောင်ကောင် လုံခြုံရေး ဥပဒေသစ်ဟာ ဥပဒေအရလည်း အာဏာသက်ရောက်မှုရှိတဲ့ အဲ့ဒီ ၁၉၈၄ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်ကို ရှင်းရှင်းလင်းလင်းကြီး ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတယ် ဆိုပြီး ယူကေဝန်ကြီးချုပ် မစ္စတာ ဂျွန်ဆင်က ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ပြောကြားထားပါတယ်။

BBC Burmese
--------------------------------
(Zawgyi)⤵⤵⤵
ေဟာင္ေကာင္သားေတြကို ယူေကႏိုင္ငံသားျဖစ္ခြင့္ ဘာ့ေၾကာင့္ေပးရတာလဲ

ေဟာင္ေကာင္သား သုံးသန္းေလာက္အထိ ယူေကက ႏိုင္ငံသားျဖစ္ခြင့္ေပးမယ္ဆိုတဲ့ကိစၥဟာ ယူေကအစိုးရအတြက္ တကယ့္ကို ႀကီးမားတဲ့ ေျခလွမ္းတစ္ခုပဲ ျဖစ္ပါတယ္။

ေဟာင္ေကာင္က ပိုဆိုးလာတဲ့ အေျခအေနေတြကို လြတ္ေျမာက္ဖို႔အတြက္ ဒီေလာက္အထိမ်ားတဲ့ ေဟာင္ေကာင္သားေတြ ယူေကကို ေရာက္လာလိမ့္မယ္လို႔ေတာ့ ယူေကအစိုးရနဲ႔ ပါလီမန္တို႔က ေမွ်ာ္လင့္ထားတာေတာ့ မဟုတ္ပါဘူး။

အခုလို ယူေကအစိုးရက ဆုံးျဖတ္ခ်က္ ခ်ရတာဟာ လက္ရွိ ေဟာင္ေကာင္က လမ္းမေတြေပၚက ႐ုန္းရင္းဆန္ခတ္ ျဖစ္ေနမႈေတြအေပၚ ယူေကအစိုးရက စိုးရိမ္မႈရွိလို႔ ခ်က္ခ်င္း လုပ္ေဆာင္မႈ တစ္ခုလို႔ ဆိုႏိုင္ပါတယ္။

ဒါေပမဲ့ ဒီ ဆုံးျဖတ္ခ်က္ဟာ ေဟာင္ေကာင္ကို ယူေကက အုပ္ခ်ဳပ္ခဲ့တဲ့ အေျခအေနနဲ႔လည္း သက္ဆိုင္ေနၿပီး ဒီလို ႏိုင္ငံသားျဖစ္ခြင့္ေပးဖို႔ ကိစၥကို ၁၉၉၇ ခုႏွစ္ ေဟာင္ေကာင္ကို တ႐ုတ္လက္ေအာက္ ျပန္အပ္တဲ့ အခ်ိန္က ေတာင္းဆိုမႈေတြ ရွိခဲ့ေပမဲ့ ယူေကအစိုးရက မေပးခဲ့ပါဘူး။

အခုလို ေဟာင္ေကာင္ကို ျပန္အပ္တဲ့ အခ်ိန္က ေဟာင္ေကာင္ရဲ႕ တစ္စိတ္တစ္ပိုင္း ဒီမိုကေရစီ က်င့္သုံးမႈနဲ႔ ေဈးကြက္စီးပြားေရးကို တ႐ုတ္အစိုးရက ဆက္ထိန္းထားမယ္ဆိုတဲ့ ကတိျပဳခ်က္နဲ႔ ေပးခဲ့တာ ျဖစ္ၿပီး အဲဒီ အေျခအေနေတြကေတာ့ လတ္တေလာ ႏွစ္ေတြ အတြင္းမွာ သိသိသာသာ ယိုယြင္းလာခဲ့ပါတယ္။

အေျပာင္းအလဲမ်ားခဲ့တဲ့ ယူေက ပါလီမန္အတြင္းက တ႐ုတ္အေပၚ သေဘာထား

လက္ရွိ ေဟာင္ေကာင္သားေတြကို ယူေကႏိုင္ငံသားျဖစ္ခြင့္ေပးမယ့္ ကိစၥ ေၾကညာခ်ိန္မွာ ပါလီမန္အတြင္း အမတ္တစ္ေယာက္မွ ကန႔္ကြက္ျခင္း မရွိခဲ့တာကလည္း သတိျပဳစရာ တစ္ခု ျဖစ္ၿပီး လတ္တေလာ ယူေက-တ႐ုတ္ ဆက္ဆံေရး ဆိုး႐ြားေနခဲ့တာကိုလည္း ေရာင္ျပန္ဟပ္ေနပါတယ္။

တကယ္တမ္းဆိုရင္ မၾကာေသးခင္ ၂၀၁၅ ကမွ ယူေက ဝန္ႀကီးခ်ဳပ္ ေဒးဗစ္ကန္မ႐ြန္က တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ကို ေကာ္ေဇာနီနဲ႔သာမက ဘုရင္မႀကီးရဲ႕ ေ႐ႊျမင္းလွည္းနဲ႔ပါ ႀကိဳဆိုခဲ့တာ ျဖစ္ၿပီး ဒီလိုမတိုင္ခင္ကေလးမွာပဲ ယူေက ဘ႑ာေရးဝန္ႀကီး ေဂ်ာ့ေအာ့စ္ဘြန္းက တ႐ုတ္ႏိုင္ငံကို ငါးရက္ခရီးစဥ္ သြားေရာက္ထားခဲ့တာ ျဖစ္ပါတယ္။

အဲဒီအခ်ိန္က ယူေကအေနနဲ႔ တ႐ုတ္ရဲ႕ လူ႔အခြင့္အေရး မူဝါဒေတြကို ေဝဖန္တာထက္ တ႐ုတ္နဲ႔ စီးပြားေရးလုပ္ဖို႔ကို ပိုၿပီး ဦးစားေပးခဲ့ပုံရတဲ့အတြက္ တ႐ုတ္အစိုးရအတြက္ပိုၿပီး ႏိုင္ငံေရးအျမတ္ထြက္ခဲ့တယ္ဆိုၿပီး ယူေကသတင္းစာတခ်ိဳ႕က ေရးသားခဲ့ပါေသးတယ္။

လက္ရွိကာလမွာေတာ့ အဲဒီအခ်ိန္က တ႐ုတ္နဲ႔ စီးပြားေရးလုပ္ဖို႔ဘက္ကို ဦးစားခဲ့တဲ့ အမတ္ေတြအပါအဝင္ ကြန္ဇားဗတစ္ ပါတီအမတ္ေတြက တစ္ပါတီထဲက တက္လမ္းရွိတဲ့ အမတ္ေတြနဲ႔ပါ ပူးေပါင္းၿပီး တ႐ုတ္နဲ႔ နီးနီးကပ္ကပ္ ပူးေပါင္းေဆာင္႐ြက္မႈေတြကို က်ယ္က်ယ္ေလာင္ေလာင္နဲ႔ ပုံမွန္ ဆန႔္က်င္ေနၾကၿပီ ျဖစ္ၿပီး အထူးသျဖင့္ တ႐ုတ္ကုမၸဏီ ဟြာေဝးကို ယူေကရဲ႕ ပၪၥမမ်ိဳးဆက္ ဖုန္းကြန္ရက္မွာ လုပ္ကိုင္ခြင့္ေပးမယ့္ ကိစၥကို ဆန႔္က်င္ၾကတာ ျဖစ္ပါတယ္။

အခုလို ဟြာေဝးကို လုပ္ပိုင္ခြင့္ ေပး မေပး ဆုံးျဖတ္ဖို႔ ပါလီမန္အတြင္း ၿပီးခဲ့တဲ့ မတ္လက မဲခြဲခဲ့ရာမွာလည္း ကြန္ဇားဗတစ္ပါတီ အမတ္ေတြထဲက ၃၈ ေယာက္က အစိုးရသေဘာထားနဲ႔ ဆန႔္က်င္ၿပီး မေပးဖို႔ဘက္က မဲေပးခဲ့ၾကတာကို ေတြ႕ရပါတယ္။

ဒီလို မဲေပးခဲ့ရာမွာ အတိုက္အခံ အမတ္ေတြ အပါအဝင္ ပါလီမန္အတြင္း အစိုးရဘက္ကို ေထာက္ခံတဲ့ မဲရရွိမႈက ၃၀၆ မဲ နဲ႔ ဆန႔္က်င္တဲ့ဘက္က ၂၈၂ မဲရွိခဲ့ၿပီး သိပ္မကြာတဲ့ အေျခအေနရွိခဲ့ရာမွာ အာဏာရ ကြန္ဇားဗတစ္ပါတီအတြင္းက အခုလို ပုန္ကန္တဲ့ အမတ္အင္အား ေကာင္းခဲ့တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။

အဲဒီ အုပ္စုထဲက အမတ္တစ္ဦးကလည္း အစိုးရကို ေဟာင္ေကာင္ကိစၥအေပၚ တုံ႔ျပန္ဖို႔အတြက္ တြန္းအားေပးေနမွ ရတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

တစ္ဖက္မွာလည္း တ႐ုတ္ႏိုင္ငံဟာ စီးပြားေရး အင္အားႀကီးႏိုင္ငံႀကီး ျဖစ္တယ္ဆိုတာ လ်စ္လ်ဴရႈလို႔မရတဲ့ အေျခအေနျဖစ္ၿပီး ကုန္သြယ္ေရးနဲ႔ ရာသီဥတု ေဖာက္ျပန္မႈဆိုင္ရာ ကိစၥေတြမွာ တ႐ုတ္နဲ႔ ပူးေပါင္းလုပ္ေဆာင္ဖို႔ ယူေကဝန္ႀကီးေတြက စိတ္အားထက္သန္မႈလည္း ရွိေနၾကပါတယ္။

ဒါ့အျပင္ ယူေကဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ ကိုယ္တိုင္ကလည္း “ကြၽန္ေတာ့ရဲ႕ ရပ္တည္ခ်က္က အလြန႔္ အလြန္ ႐ိုးရွင္းပါတယ္။ တ႐ုတ္မုန္းတီးေရးဘက္ကိုေတာ့ ကြၽန္ေတာ္ အပါမခံပါဘူး။ ဘာလို႔လည္း ဆိုေတာ့ ကြၽန္ေတာ္က တ႐ုတ္မုန္းတီးေရးသမား တစ္ေယာက္လည္း မဟုတ္ဘူး” လို႔ ဇြန္လ ၃၀ ရက္ေန႔မွာ ေျပာဆိုထားခဲ့ပါတယ္။

အစိုးရဘက္က သတင္းအရင္းအျမစ္ တစ္ခုအရ ဆိုရင္ ယူေကအစိုးရရဲ႕ တ႐ုတ္အေပၚသေဘာထားက တင္းမာလာတာ မဟုတ္ဘဲ တ႐ုတ္အစိုးရရဲ႕ ရပ္တည္ခ်က္ တင္းမာမႈ ေပၚလာတာသာ ျဖစ္တယ္ဆိုၿပီး ယူဆမႈေတြ ရွိေနတယ္လို႔ ဆိုပါတယ္။

ယူေကအစိုးရရဲ႕ ေဟာင္ေကာင္သားေတြကို ဖိတ္ေခၚတဲ့ ဆုံးျဖတ္ခ်က္ဟာ ယူေကအစိုးရရဲ႕ လူဝင္မႈႀကီးၾကပ္ေရး မူဝါဒ အလွည့္အေျပာင္းနဲ႔လည္း အခ်ိန္ကိုက္ျဖစ္ေနပါတယ္။

ယူေကႏိုင္ငံ ဥေရာပသမဂၢ အီးယူက ထြက္ဖို႔ လူထုဆႏၵခံယူပြဲနဲ႔ ဆုံးျဖတ္ထားတာနဲ႔အတူ အီးယူရဲ႕ ႏိုင္ငံအသီးသီးက ႏိုင္ငံသားေတြ ယူေကကို လြတ္လပ္စြာ ဝင္ခြင့္ရမႈကို အဆုံးသတ္ဖို႔ ဇြန္လ ၃၀ ရက္ေန႔မွာ ပါလီမန္အတြင္း အတည္ျပဳထားတာ ျဖစ္ပါတယ္။

ယူေက အီးယူကထြက္ဖို႔ မဲေပးသူေတြမွာ ယူေကႏိုင္ငံကို ႏိုင္ငံျခားသား ဝင္ေရာက္သူ အေရအတြက္ကို ကန႔္သတ္ခ်င္တဲ့အတြက္ ဒီလို ထြက္ဖို႔ မဲေပးသူေတြလည္း အမ်ားအျပားပါဝင္တဲ့အတြက္ သန္းနဲ႔ခ်ီၿပီး ရွိႏိုင္တဲ့ ေဟာင္ေကာင္သားေတြကို ႏိုင္ငံသားျဖစ္ဖို႔ အခြင့္အေရးေပးမယ့္ အေျခအေနနဲ႔ ဝိေရာဓိ ျဖစ္ေနတယ္လို႔ ေျပာစရာ ျဖစ္ေနပါတယ္။

ဝင္လာတဲ့ ေဟာင္ေကာင္သား အေရအတြက္ အေပၚမူတည္ၿပီး အျငင္းပြားစရာေတြ ျဖစ္လာႏိုင္ေပမယ့္ ဒီကိစၥက ယူေက ဝန္ႀကီးေတြအတြက္ေတာ့ အီးယူက ထြက္လိုက္တဲ့ ယူေကႏိုင္ငံဟာ ဘယ္သူ႔ကို ေပးဝင္ၿပီး ဘယ္သူ႔က ထြက္ေပးရမယ္ဆိုတာ ကိုယ့္ဟာကိုယ္ ဆုံးျဖတ္လို႔ရေၾကာင္း ျပလိုက္တဲ့ ျပယုဂ္တခု လိုလည္း အသုံးခ်စရာ ျဖစ္ေနပါတယ္။

ယူေကႏိုင္ငံသားျဖစ္ဖို႔ အခြင့္အေရးေတြကို ဘယ္လို ေဟာင္ေကာင္သားေတြက ရမွာလဲ

၁၉၈၀ ေနာက္ပိုင္း ယူေကျပင္ပ ႏိုင္ငံသား (BNO) လို႔ေခၚတဲ့ ႏိုင္ငံကူးလက္မွတ္ ကိုင္ထားသူ ေဟာင္ေကာင္သားေတြကို လက္ရွိ ယူေကမွာ ျပည္ဝင္ခြင့္ ဗီဇာမဲ့ ေျခာက္လ ေနခြင့္ေပးထားတာ ျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ အဲဒီ ႏိုင္ငံကူးလက္မွတ္ကိုင္သူေတြနဲ႔ သူတို႔ရဲ႕ မိသားစုဝင္ေတြက ယူေကမွာ ငါးႏွစ္အေျခခ် အလုပ္လုပ္ ပညာသင္ႏိုင္ၿပီး ငါးႏွစ္ျပည့္ရင္ ႏိုင္ငံသားေလွ်ာက္ခြင့္ေပးမွာ ျဖစ္ပါတယ္။

လက္ရွိ ေဟာင္ေကာင္မွာ BNO ႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္ထားသူ ၃၅၀,ဝ၀ဝ ေလာက္ရွိၿပီး ဒီႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ဖို႔ ေနာက္ထပ္အက်ဳံးဝင္သူ ေဟာင္ေကာင္သား အေရအတြက္ကလည္း ၂.၆ သန္းေလာက္ ရွိေနပါတယ္။

ဒါ့အျပင္ အခုလို အက်ဳံးဝင္သူေတြရဲ႕ ၁၉၉၇ ေနာက္ပိုင္း ေမြးဖြားသူ မိသားစုဝင္ေတြလည္း ယူေကအစိုးရရဲ႕ ႏိုင္ငံသား ေလွ်ာက္ခြင့္ေပးမယ့္ ကမ္းလွမ္းမႈအတြင္း အက်ဳံးဝင္ေနပါတယ္။

ေဟာင္ေကာင္မွာ တႏွစ္ၾကာ ဆႏၵျပမႈေတြျဖစ္ေစတဲ့ လုံးပါးပါးလာတဲ့ လြတ္လပ္ခြင့္ေတြ

တ႐ုတ္အစိုးရရဲ႕ လတ္တေလာ ေဟာင္ေကာင္ လုံၿခဳံေရး ဥပေဒသစ္အရ တ႐ုတ္အစိုးရကို မုန္းတီးေအာင္ လႈံ႕ေဆာ္မႈကို ျပင္းထန္တဲ့ ရာဇဝတ္မႈအျဖစ္ သတ္မွတ္မႈအပါအဝင္ တ႐ုတ္ျပည္မႀကီးက လုံၿခဳံေရးတပ္ဖြဲ႕ေတြကိုလည္း ေဟာင္ေကာင္ျပည္တြင္းမွာပါ ဝင္ေရာက္ ကိုယ္တြယ္ခြင့္ေပးေတာ့မွာ ျဖစ္ပါတယ္။

ဒါေပမဲ့ ဒီဥပေဒ ထြက္မလာခင္ ကတည္းက တ႐ုတ္အစိုးရဟာ ေဟာင္ေကာင္သားေတြကို ေပးထားတဲ့ လြတ္လပ္ခြင့္ေတြကို တျဖည္းျဖည္းေလ်ာ့ပါးေအာင္ လုပ္ေနတယ္လို႔ ေဟာင္ေကာင္သားေတြက ယူဆတဲ့အတြက္ ဆႏၵျပပြဲေတြ ျဖစ္ေပၚေနခဲ့တာ တစ္ႏွစ္ရွိလာၿပီ ျဖစ္ပါတယ္။

တ႐ုတ္အစိုးရဟာ ေဟာင္ေကာင္နယ္အေရးမွာ ပိုမို စြက္ဖက္လာၿပီး ဒီမိုကေရစီအေရး ေတာင္းဆိုတဲ့ ေဟာင္ေကာင္ ဥပေဒျပဳအမတ္ေတြကို အမတ္အျဖစ္က ဖယ္ရွားတာနဲ႔ ေဟာင္ေကာင္မွာ ျပစ္မႈက်ဴးလြန္သူေတြကို တ႐ုတ္ျပည္မႀကီးဆီပို႔ၿပီး အျပစ္ေပးႏိုင္တဲ့ ဥပေဒ သတ္မွတ္ဖို႔ ႀကိဳးစားတာေတြ လုပ္ခဲ့တယ္လို႔လည္း လူ႔အခြင့္အေရးလႈပ္ရွားတဲ့ အဖြဲ႕ေတြက ေထာက္ျပၾကပါတယ္။

အဲ့ဒီ ဥပေဒ သတ္မွတ္ အတည္ျပဳဖို႔ တ႐ုတ္အစိုးရက ႀကိဳးစားမႈေၾကာင့္ သိန္းနဲ႔ခ်ီတဲ့ ေဟာင္ေကာင္သားေတြ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကၿပီး ေဟာင္ေကာင္နယ္ရဲ႕ ဥပေဒျပဳအမတ္ ေ႐ြးခ်ယ္ပုံကို ျပဳျပင္ေျပာင္းလဲဖို႔ အပါအဝင္ တျခားဒီမိုကေရစီပိုက်တဲ့ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ဖို႔ ေတာင္းဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

ေနာက္ပိုင္းမွာ အဲဒီ ဥပေဒ မသတ္မွတ္ေတာ့ဖို႔ တ႐ုတ္အစိုးရက ဆုံးျဖတ္ခဲ့ေပမဲ့ ျပဳျပင္ေျပာင္းလဲေရးလုပ္ဖို႔ ေတာင္းဆိုတဲ့ ဆႏၵျပပြဲေတြကေတာ့ ဆက္ရွိေနခဲ့ပါတယ္။

ဒါ့အျပင္ ေဟာင္ေကာင္နယ္အတြင္း စာနယ္ဇင္း လြတ္လပ္ခြင့္နဲ႔ တတ္သိ ပညာရွင္ေတြအတြက္ လြတ္လပ္ခြင့္ေတြ ေလ်ာ့ပါးလာတယ္လို႔လည္း စြပ္စြဲမႈေတြ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ မတ္လမွာဆိုရင္ အေမရိကန္ စာနယ္ဇင္းသမား ေတာ္ေတာ္မ်ားမ်ားကို ေဟာင္ေကာင္မွာ ဆက္အလုပ္လုပ္ခြင့္ မေပးေတာ့တာမ်ိဳးလည္း တ႐ုတ္အစိုးရက လုပ္ခဲ့ပါတယ္။

ဘာလို႔ ယူေကက ေဟာင္ေကာင္ကို တ႐ုတ္လက္ေအာက္ ျပန္အပ္ခဲ့တာလဲ

ေဟာင္ေကာင္ကို ယူေကအစိုးရက ၁၅၆ ႏွစ္ၾကာ အုပ္ခ်ဳပ္ခဲ့တာ ျဖစ္ပါတယ္။ ၁၈၃၉ ခုႏွစ္ ေႏွာင္းပိုင္းကစၿပီး ဘိန္းကုန္သြယ္မႈကို ႏွိမ္နင္းလာတဲ့ တ႐ုတ္အစိုးရနဲ႔ တ႐ုတ္ကို ဘိန္းတင္သြင္းေနတဲ့ ၿဗိတိသွ်အင္ပါယာတို႔ ဘိန္းစစ္ပြဲ ျဖစ္ပြားၾကအၿပီး ၁၈၄၁ မွာ ေဟာင္ေကာင္ကြၽန္းကို ယူေကအစိုးရက စတင္သိမ္းယူခဲ့ပါတယ္။

ၿဗိတိသွ်နဲ႔ ျပင္သစ္အင္ပါယာတို႔က အဓိက တိုက္ခိုက္ၾကၿပီး အေမရိကန္လည္း သူတို႔ဘက္က တ႐ုတ္ကို ဝင္တိုက္ခဲ့ပါတယ္။ ၁၈၅၆-၁၈၆၀ ဒုတိယ ဘိန္းစစ္ပြဲမွာေတာ့ ၿဗိတိသွ် အင္ပါယာက ေဟာင္ေကာင္ကြၽန္းနဲ႔ တစ္ဘက္ကမ္း ေကာင္လြန္း ကြၽန္းဆြယ္ကိုပါ သိမ္းယူ လိုက္ပါတယ္။

၁၈၉၈ မွာေတာ့ ေနာက္ပိုင္း နယ္ေျမသစ္လို႔ ေခၚတဲ့ ရွမ္းခြၽန္ျမစ္ရဲ႕ ေတာင္ဘက္ ေအာက္ပိုင္းက ေကာင္းလြန္းေဒသ တစ္ခုလုံးနဲ႔တကြ ကြၽန္းငယ္ေပါင္း ၂၃၀ ပါ အပါအဝင္ လက္ရွိ ေဟာင္ေကာင္ေဒသကို တ႐ုတ္ႏိုင္ငံက ၉၉ ႏွစ္ အငွားစာခ်ဳပ္နဲ႔ ၿဗိတိသွ် အင္ပါယာကို လႊဲအပ္ခဲ့ပါတယ္။

၁၉၈၄ အေရာက္မွာေတာ့ အဲဒီအခ်ိန္က ယူေက ဝန္ႀကီးခ်ဳပ္ မာဂရက္သက္ခ်ာက ေဟာင္ေကာင္ကို ၁၉၉၇ ခုႏွစ္မွာ တ႐ုတ္လက္ထဲ ျပန္အပ္ဖို႔ တ႐ုတ္အစိုးရနဲ႔ ပူးတြဲ ေၾကညာခ်က္ ထုတ္ခဲ့ပါတယ္။

ဒါေပမဲ့ ဒီလို ျဖစ္လာဖို႔ တ႐ုတ္အစိုးရဘက္က ေဟာင္ေကာင္ကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ မ်ားမ်ားေပးဖို႔နဲ႔ ေဟာင္ေကာင္သားေတြကို လြတ္လပ္ခြင့္နဲ႔ အျခားအပိုေဆာင္း အခြင့္အေရးေတြေပးဖို႔ ယူေကအစိုးရက ကန႔္သတ္ထားခဲ့ပါတယ္။

ဒါ့အျပင္ တ႐ုတ္ျပည္မႀကီးမွာ က်င့္သုံးေနတဲ့ ကြန္ျမဴနစ္ စနစ္ကို မက်င့္သုံးေစဘဲ အရင္းရွင္စနစ္ က်င့္သုံးမႈကို ေဟာင္ေကာင္မွာ ဆက္လုပ္ခြင့္ ေပးရမယ့္ အခ်က္လည္း ပါဝင္ပါတယ္။

ဒီလို သေဘာတူညီခ်က္ေတြေၾကာင့္ လက္ရွိ ေဟာင္ေကာင္မွာ ကိုယ္ပိုင္ ဥပေဒစနစ္နဲ႔ ကိုယ္ပိုင္နယ္စပ္ သီးသန႔္ရွိၿပီး လြတ္လပ္စြာ စုေဝးခြင့္၊ လြတ္လပ္စြာ ေျပာဆိုခြင့္နဲ႔ စာနယ္ဇင္း လြတ္လပ္ခြင့္ေတြကို ဆက္လက္ ထိန္းသိမ္းထားႏိုင္ခဲ့ပါတယ္။

ဒီလို အခြင့္အေရးေတြေၾကာင့္လည္း ၁၉၈၉ မွာ တ႐ုတ္အစိုးရက လက္နက္မဲ့ ဆႏၵျပသူေတြကို တီယန္နန္မန္ ရင္ျပင္အတြင္း ပစ္ခတ္မႈနဲ႔ ပတ္သက္တဲ့ အထိန္းအမွတ္ အခမ္းအနားေတြကို ေဟာင္ေကာင္မွာ က်င္းပခြင့္ရေနတာ ျဖစ္ပါတယ္။

ဒီလို ေဟာင္ေကာင္မွာ သီးသန႔္အခြင့္အေရးေတြကို ၂၀၄၇ ခုႏွစ္အထိ တ႐ုတ္အစိုးရက အႏွစ္ ငါးဆယ္ ဆက္ေပးဖို႔ ဆိုတဲ့ အခ်က္လည္း အဲဒီ ၁၉၈၄ သေဘာတူညီခ်က္ထဲမွာ ပါဝင္ပါတယ္။

တ႐ုတ္အစိုးရရဲ႕ လတ္တေလာ ေဟာင္ေကာင္ လုံၿခဳံေရး ဥပေဒသစ္ဟာ ဥပေဒအရလည္း အာဏာသက္ေရာက္မႈရွိတဲ့ အဲ့ဒီ ၁၉၈၄ ႏွစ္ႏိုင္ငံ ပူးတြဲ ေၾကညာခ်က္ကို ရွင္းရွင္းလင္းလင္းႀကီး ဆိုးဆိုးဝါးဝါး ခ်ိဳးေဖာက္ေနတယ္ ဆိုၿပီး ယူေကဝန္ႀကီးခ်ဳပ္ မစၥတာ ဂြၽန္ဆင္က ၿပီးခဲ့တဲ့ ဇြန္လ ၃၀ ရက္ေန႔က ေျပာၾကားထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53298469

ဖားကန့် မြေပြိုမှုမှာ သေဆုံးသူ ၂၀၀ ထက် များနိုင်တယ်လို့ ကိုယ့်တွေ့ကြုံခဲ့သူကပြော

သေဆုံးသူ ၁၇၄ ဦးရဲ့ရုပ်အလောင်းတွေ ရရှိထား
(Unicode)⤵⤵⤵
ဖားကန့်မြေပြိုမှုမှာ သေဆုံးသူအရေအတွက် ၂၀၀ လောက် ရှိမယ်လို့ ခန်မှန်းကြပေမဲ့ ဒါ့ထက် ပိုများနိုင်တယ်လို့ ဒီမြေပြိုမှုဖြစ်စဉ်ကနေ လွတ်မြောက်လာသူ ကိုဖြိုးသက်နိုင်က ဘီဘီစီကို ပြောပါတယ်။

အခင်းဖြစ်ပွားချိန်မှာ အဲဒီနေရာမှာ လူတွေရာနဲ့ချီ ရှိနေကြတယ်လို့ ကိုဖြိုးသက်နိုင်က ပြောပြပါတယ်။

"လူ၂၀၀ တော့ မကလောက်ဘူး၊ လေးငါးရာလောက် ပါမယ်ထင်တယ်"လို့ သူကပြောပါတယ်။

"ပြိုကျတဲ့အချိန်မှာ လှိုင်းနဲ့ပါသွားတဲ့သူတွေ ရှိတယ်၊ အဲဒီအချိန်မှာ ကျွန်တော်တို့ကတော့ ကျင်းထဲ စဆင်းနေတဲ့အချိန်၊ ဟိုနားကမြေပြို ဒီနားကမြေပြို ဖြစ်နေတော့ အကုန်လုံး အုံလိုက်ကြီး မပြိုလောက်ဘူးလို့ လူတိုင်းက ထင်နေကြတာ၊ ကျွန်တော်တို့လည်း အဲဒီလိုထင်ပြီး ကျင်းထဲ ဆက်ဆင်းနေတဲ့ အချိန်မှာ အကုန်လုံး အုံလိုက်ကြီး ပြိုကျသွားတာ"လို့ သူက ပြောပါတယ်။

"ပြိုတဲ့အချိန်က ကျွန်တော် ကျင်းတစ်ဝက် ရောက်နေပြီ၊ အဲ့ဒီအချိန် အားကုန်ထည့်ပြီး အပေါ်ကို တက်ပြေးလာခဲ့တာ"လို့လည်း သူ လွတ်မြောက်လာတာကို ပြန်ပြောပြပါတယ်။

"ကျင်းထဲ ပြန်ကြည့်လိုက်တော့ စိတ်မကောင်းလည်း ဖြစ်ရတယ်၊ လူလည်း အတော်လေးကို လန့်သွားတယ်၊ ကမ်းပါးယံမှာ လွတ်ပြီ ထင်ပြီး ပြေးနေရာကနေ ရပ်နေသူတွေလည်း လှိုင်းရိုက်ပြီး ပါသွားတယ်"
အစိုးရက ထောက်ပံ့ကြေးပေး
လူ၂၀၀ လောက် သေဆုံးဖွယ်ရှိတယ်လို့ ခန့်မှန်းကြတဲ့ ဒီမြေပြိုမှု ဖြစ်စဉ်ဟာ ဇူလိုင်လ ၂ ရက်နေ့ မနက်စောပိုင်းက စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင်လ ၅ ရက်နေ့အထိ အလောင်း ၁၇၄ လောင်း တွေ့ရှိထားတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က သေဆုံးသူ တစ်ဦးကို ငါးသိန်းနဲ့ ဒဏ်ရာရသူတွေကို နှစ်သိန်းစီ ဇူလိုင်လ ၅ရက်နေ့က ထောက်ပံ့ ပေးအပ်ခဲ့ပါတယ်။

လုံးခင်း၊ ဖားကန့် ရတနာနယ်မြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့် စပ်လျဉ်းတဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ့မှာ ပါဝင်သူ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒဏ်ရာရသူတွေဟာ အရိုးကျိုးကြေတာ၊ ရေမွန်းတာ၊ ကိုယ်ခန္ဓာ စုတ်ပြဲ ပွန်းပဲ့ထိခိုက်တာတွေ အများဆုံး ဖြစ်တာကို ဇူလိုင်လ ၅ရက်နေ့က ကယ်ဆယ်ရေးနဲ့ ထောက်ပံရေး ခရီးစဉ်အတွင်း တွေ့ခဲ့ရတယ်လို့ ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာ ရေးထားပါတယ်။
ဒဏ်ရာရသူတွဟာ အရိုးကျိုးကြေတာ ၊ ရေမွန်းတာ ၊ ကိုယ်ခန္ဓာ စုတ်ပြဲပွန်းပဲ့ထိခိုက်တာတွေ အများဆုံးဖြစ်
အခု ဖြစ်စဉ်ဟာ ဖားကန့်မှာ လူအသေအပျောက် အများဆုံး မြေပြိုမှု ဖြစ်စဉ် ဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့ လူမှုအဖွဲ့တွေကိုလည်း အစိုးရက ကျပ်သိန်း ၁၁၀ ထောက်ပံ့ခဲ့ပါတယ်၊

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်နဲ့ မြန်မာ သူရ ကျောက်မျက် ကုမ္ပဏီတို့ကလည်း ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ကြပါတယ် ။

ဒီလို ထောက်ပံ့ ကူညီပံ့ပိုးမှုတွေဟာ အဖြေမဟုတ်ပေမဲ့ နောက်မဆုတ်ဘဲ ဆက်လက်ကြိုးပမ်းပါ့မယ်လို့လည်း ဝန်ကြီးက သူ့လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။
သတိပေးချက်တွေ ထုတ်ပြန်ထားပေမဲ့ ရေမဆေးကျောက်ရှာသူတွေက အန္တရာယ်ကို ဂရုမထားကြ
ဖားကန့်မှာ ရေမဆေးကျောက်ရှာသူ အရေအတွက်ဟာ သိန်းနဲ့ချီပြီးရှိနေပါတယ်။

ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလာဆိုင်းကတော့ ရေမဆေးကျောက် ရှာသူတွေဟာ အန္တရာယ်ကို သတိမမူဘဲ ကုမ္ပဏီလုပ်ကွက်တွေမှာ ဝင်ရောက်ရှာဖွေကြတာလို့ ဘီဘီစီကိုပြောပါတယ်။

သူတို့ကို သတိပေးဆိုင်းဘုတ်တွေနဲ့ သတိပေးထားသလို ရဲနဲ့တပ်ဘက်က တားဆီးမှုတွေလုပ်တဲ့အခါမျိုးမှာ ရပ်သွားပေမဲ့ တားတဲ့သူတွေ မရှိတဲ့အချိန်မှာ ဝင်တူးကြကြောင်းနဲ့ ကုမ္ပဏီလုပ်ကွက်တွေက တူးဖော်မှု ရပ်လိုက်တဲ့အချိန်မှာ သူ့နေရာကိုယ်နေရာ ဦးကြရင်း ရောက်နေခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

ပြည်နယ်အစိုးရသယံဇာတဝန်ကြီး ပြောပြချက် အရတော့ သဘာဝရေစုကန်ဖြစ်နေပြီး ပြိုကျနိုင်တဲ့ နေရာက ၆နေရာလောက်အထိကို ရှိနေသေးတယ် လို့သိရပါတယ်။

အဲဒီ့နေရာတွေမှာလည်း ရေမဆေးကျောက်ရှာဖွေနေသူ အချို့က အခုချိန်ထိ ရှာဖွေနေတာမျိုး တွေလည်း ရှိသေးတယ်လို့ သူကပြောပါတယ်။

အစိုးရအနေနဲ့ ဖားကန့်မှာ အသေးစားနဲ့ အလတ်စားလုပ်ကွက်တွေ ချထားပေးမယ့် အစီအစဉ်တွေ ရှိပြီးအဲဒီလို ချထားပေးနိုင်ရင်တော့ အခုလို ကုမ္ပဏီလုပ်ကွက်တွေမှာ ဝင်တူးတာတွေ နည်းသွားမယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျောက်စိမ်းထုတ်လုပ်မှုကနေ ရတဲ့ ဝင်ငွေဟာ တစ်နှစ်ကို ဒေါ်လာ ၃၀ ဘီလီယံ လောက် တန်ကြေးရှိတယ်လို့ စစ်တမ်းတွေက ဖော်ပြကြပါတယ်။

အသက်ဘေးက လွတ်လာသူ ကိုဖြိုးသက်နိုင်ကတော့ ကုမ္ပဏီ တွေအနေနဲ့ မြေစာပုံတွေကို အန္တရာယ်ကင်းအောင် ပုံစေချင်တယ်လို့ ပြောပါတယ်။

ဒီလိုဖြစ်သွားတာ ကိုယ်တိုင် မြင်လိုက်ရပြီးတဲ့နောက် ကျင်းထဲ မဆင်းချင်ပေမယ့် ဘဝအခြေအနေအရ ကျောက်ရမှ ထမင်းစားနိုင်မှာမို့ မသေမချင်းကတော့ ဒီအလုပ်ပဲ ဆက်လုပ်ရမယ်လို့ သူကပြောပါတယ်။

BBC Burmese
-------------------------------------
(Zawgyi)⤵⤵⤵
ဖားကန႔္ ေျမၿပိဳမႈမွာ ေသဆုံးသူ ၂၀၀ ထက္ မ်ားႏိုင္တယ္လို႔ ကိုယ့္ေတြ႕ႀကဳံခဲ့သူကေျပာ

ဖားကန္႔ေျမၿပိဳမႈမွာ ေသဆုံးသူအေရအတြက္ ၂၀၀ ေလာက္ ရွိမယ္လို႔ ခန္မွန္းၾကေပမဲ့ ဒါ့ထက္ ပိုမ်ားႏိုင္တယ္လို႔ ဒီေျမၿပိဳမႈျဖစ္စဥ္ကေန လြတ္ေျမာက္လာသူ ကိုၿဖိဳးသက္ႏိုင္က ဘီဘီစီကို ေျပာပါတယ္။

အခင္းျဖစ္ပြားခ်ိန္မွာ အဲဒီေနရာမွာ လူေတြရာနဲ႔ခ်ီ ရွိေနၾကတယ္လို႔ ကိုၿဖိဳးသက္ႏိုင္က ေျပာျပပါတယ္။

"လူ၂၀၀ ေတာ့ မကေလာက္ဘူး၊ ေလးငါးရာေလာက္ ပါမယ္ထင္တယ္"လို႔ သူကေျပာပါတယ္။

"ၿပိဳက်တဲ့အခ်ိန္မွာ လႈိင္းနဲ႔ပါသြားတဲ့သူေတြ ရွိတယ္၊ အဲဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔ကေတာ့ က်င္းထဲ စဆင္းေနတဲ့အခ်ိန္၊ ဟိုနားကေျမၿပိဳ ဒီနားကေျမၿပိဳ ျဖစ္ေနေတာ့ အကုန္လုံး အုံလိုက္ႀကီး မၿပိဳေလာက္ဘူးလို႔ လူတိုင္းက ထင္ေနၾကတာ၊ ကြၽန္ေတာ္တို႔လည္း အဲဒီလိုထင္ၿပီး က်င္းထဲ ဆက္ဆင္းေနတဲ့ အခ်ိန္မွာ အကုန္လုံး အုံလိုက္ႀကီး ၿပိဳက်သြားတာ"လို႔ သူက ေျပာပါတယ္။

"ၿပိဳတဲ့အခ်ိန္က ကြၽန္ေတာ္ က်င္းတစ္ဝက္ ေရာက္ေနၿပီ၊ အဲ့ဒီအခ်ိန္ အားကုန္ထည့္ၿပီး အေပၚကို တက္ေျပးလာခဲ့တာ"လို႔လည္း သူ လြတ္ေျမာက္လာတာကို ျပန္ေျပာျပပါတယ္။

"က်င္းထဲ ျပန္ၾကည့္လိုက္ေတာ့ စိတ္မေကာင္းလည္း ျဖစ္ရတယ္၊ လူလည္း အေတာ္ေလးကို လန္႔သြားတယ္၊ ကမ္းပါးယံမွာ လြတ္ၿပီ ထင္ၿပီး ေျပးေနရာကေန ရပ္ေနသူေတြလည္း လႈိင္း႐ိုက္ၿပီး ပါသြားတယ္"

လူ၂၀၀ ေလာက္ ေသဆုံးဖြယ္ရွိတယ္လို႔ ခန္႔မွန္းၾကတဲ့ ဒီေျမၿပိဳမႈ ျဖစ္စဥ္ဟာ ဇူလိုင္လ ၂ ရက္ေန႔ မနက္ေစာပိုင္းက စတင္ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။

ဇူလိုင္လ ၅ ရက္ေန႔အထိ အေလာင္း ၁၇၄ ေလာင္း ေတြ႕ရွိထားတယ္လို႔ အစိုးရက ထုတ္ျပန္ထားပါတယ္။

အမ်ိဳးသား သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီနဲ႔ လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနတို႔က ေသဆုံးသူ တစ္ဦးကို ငါးသိန္းနဲ႔ ဒဏ္ရာရသူေတြကို ႏွစ္သိန္းစီ ဇူလိုင္လ ၅ရက္ေန႔က ေထာက္ပံ့ ေပးအပ္ခဲ့ပါတယ္။

လုံးခင္း၊ ဖားကန္႔ ရတနာနယ္ေျမအတြင္း ေျမၿပိဳက်မႈျဖစ္စဥ္ႏွင့္ စပ္လ်ဥ္းတဲ့ စုံစမ္း စစ္ေဆးေရးအဖြဲ႕မွာ ပါဝင္သူ ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက ဒဏ္ရာရသူေတြဟာ အ႐ိုးက်ိဳးေၾကတာ၊ ေရမြန္းတာ၊ ကိုယ္ခႏၶာ စုတ္ၿပဲ ပြန္းပဲ့ထိခိုက္တာေတြ အမ်ားဆုံး ျဖစ္တာကို ဇူလိုင္လ ၅ရက္ေန႔က ကယ္ဆယ္ေရးနဲ႔ ေထာက္ပံေရး ခရီးစဥ္အတြင္း ေတြ႕ခဲ့ရတယ္လို႔ ေဖ့ဘြတ္ခ္စာမ်က္ႏွာေပၚမွာ ေရးထားပါတယ္။

အခု ျဖစ္စဥ္ဟာ ဖားကန္႔မွာ လူအေသအေပ်ာက္ အမ်ားဆုံး ေျမၿပိဳမႈ ျဖစ္စဥ္ ျဖစ္တယ္ လို႔ ေဒသခံေတြက ေျပာပါတယ္။

ေသဆုံးသူေတြနဲ႔ ဒဏ္ရာရသူေတြကို ကယ္ဆယ္ေရးေဆာင္႐ြက္ေပးခဲ့တဲ့ လူမႈအဖြဲ႕ေတြကိုလည္း အစိုးရက က်ပ္သိန္း ၁၁၀ ေထာက္ပံ့ခဲ့ပါတယ္၊

ကခ်င္ျပည္နယ္အစိုးရအဖြဲ႕၊ ျမန္မာႏိုင္ငံ ေက်ာက္မ်က္ရတနာလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္နဲ႔ ျမန္မာ သူရ ေက်ာက္မ်က္ ကုမၸဏီတို႔ကလည္း ေထာက္ပံ့ေငြေတြ ေပးအပ္ခဲ့ၾကပါတယ္ ။

ဒီလို ေထာက္ပံ့ ကူညီပံ့ပိုးမႈေတြဟာ အေျဖမဟုတ္ေပမဲ့ ေနာက္မဆုတ္ဘဲ ဆက္လက္ႀကိဳးပမ္းပါ့မယ္လို႔လည္း ဝန္ႀကီးက သူ႔လူမႈကြန္ရက္မွာ ေရးခဲ့ပါတယ္။

ဖားကန္႔မွာ ေရမေဆးေက်ာက္ရွာသူ အေရအတြက္ဟာ သိန္းနဲ႔ခ်ီၿပီးရွိေနပါတယ္။

ကခ်င္ျပည္နယ္ သယံဇာတဝန္ႀကီး ဦးဒါရွီလာဆိုင္းကေတာ့ ေရမေဆးေက်ာက္ ရွာသူေတြဟာ အႏၲရာယ္ကို သတိမမူဘဲ ကုမၸဏီလုပ္ကြက္ေတြမွာ ဝင္ေရာက္ရွာေဖြၾကတာလို႔ ဘီဘီစီကိုေျပာပါတယ္။

သူတို႔ကို သတိေပးဆိုင္းဘုတ္ေတြနဲ႔ သတိေပးထားသလို ရဲနဲ႔တပ္ဘက္က တားဆီးမႈေတြလုပ္တဲ့အခါမ်ိဳးမွာ ရပ္သြားေပမဲ့ တားတဲ့သူေတြ မရွိတဲ့အခ်ိန္မွာ ဝင္တူးၾကေၾကာင္းနဲ႔ ကုမၸဏီလုပ္ကြက္ေတြက တူးေဖာ္မႈ ရပ္လိုက္တဲ့အခ်ိန္မွာ သူ႔ေနရာကိုယ္ေနရာ ဦးၾကရင္း ေရာက္ေနခဲ့ၾကတယ္လို႔လည္း သူက ေျပာပါတယ္။

ျပည္နယ္အစိုးရသယံဇာတဝန္ႀကီး ေျပာျပခ်က္ အရေတာ့ သဘာဝေရစုကန္ျဖစ္ေနၿပီး ၿပိဳက်ႏိုင္တဲ့ ေနရာက ၆ေနရာေလာက္အထိကို ရွိေနေသးတယ္ လို႔သိရပါတယ္။

အဲဒီ့ေနရာေတြမွာလည္း ေရမေဆးေက်ာက္ရွာေဖြေနသူ အခ်ိဳ႕က အခုခ်ိန္ထိ ရွာေဖြေနတာမ်ိဳး ေတြလည္း ရွိေသးတယ္လို႔ သူကေျပာပါတယ္။

အစိုးရအေနနဲ႔ ဖားကန္႔မွာ အေသးစားနဲ႔ အလတ္စားလုပ္ကြက္ေတြ ခ်ထားေပးမယ့္ အစီအစဥ္ေတြ ရွိၿပီးအဲဒီလို ခ်ထားေပးႏိုင္ရင္ေတာ့ အခုလို ကုမၸဏီလုပ္ကြက္ေတြမွာ ဝင္တူးတာေတြ နည္းသြားမယ္လို႔ သူကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ေက်ာက္စိမ္းထုတ္လုပ္မႈကေန ရတဲ့ ဝင္ေငြဟာ တစ္ႏွစ္ကို ေဒၚလာ ၃၀ ဘီလီယံ ေလာက္ တန္ေၾကးရွိတယ္လို႔ စစ္တမ္းေတြက ေဖာ္ျပၾကပါတယ္။

အသက္ေဘးက လြတ္လာသူ ကိုၿဖိဳးသက္ႏိုင္ကေတာ့ ကုမၸဏီ ေတြအေနနဲ႔ ေျမစာပုံေတြကို အႏၲရာယ္ကင္းေအာင္ ပုံေစခ်င္တယ္လို႔ ေျပာပါတယ္။

ဒီလိုျဖစ္သြားတာ ကိုယ္တိုင္ ျမင္လိုက္ရၿပီးတဲ့ေနာက္ က်င္းထဲ မဆင္းခ်င္ေပမယ့္ ဘဝအေျခအေနအရ ေက်ာက္ရမွ ထမင္းစားႏိုင္မွာမို႔ မေသမခ်င္းကေတာ့ ဒီအလုပ္ပဲ ဆက္လုပ္ရမယ္လို႔ သူကေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53299054
 

မြန်မာ COVID-19 ကူးစက်သူ နောက် ၇ ဦးထပ်တိုးပြီး ၃၁၃ ဦးဖြစ်လာ



(Unicode)⤵⤵⤵
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၄-၇-၂၀၂၀)  ရက်နေ့၊  ည (၈:၀၀)နာရီ

၁။ (၄-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၆၅၅)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ (၂၂၁) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၇၀) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၂၆) ခု နှင့်
- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၂၇) ခု၊
စုစုပေါင်း (၁,၅၉၉)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၇) ဦး တွေ့ရှိရပါသည်။

၂။ (၄-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၁၃) ဦးရှိပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ  (၃) ဦး (Case- 222, 289 နှင့် 290) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူစုစုပေါင်း  (၂၄၀) ဦးရှိပါသည်။ ၎င်းတို့အနက် (၂၂၆)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။ 
   
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၃-၇-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၄-၇-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၃၃) ဦး ရှိပါသည်။

Ministry of Health and Sports, Myanmar
---------------------------------------
(Zawgyi)⤵⤵⤵
ျမန္မာ COVID-19 ကူးစက္သူ ေနာက္ ၇ ဦးထပ္တိုးၿပီး ၃၁၃ ဦးျဖစ္လာ

COVID-19 ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း
(၄-၇-၂၀၂၀)  ရက္ေန႔၊  ည (၈:၀၀)နာရီ

၁။ (၄-၇-၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ -
- အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ (ပထမအသုတ္) ဓာတ္ခြဲ နမူနာ (၆၅၅)ခု၊
- ေဆးသုေတသနဦးစီးဌာန (DMR)မွ  ဓာတ္ခြဲနမူနာ (၂၂၁) ခု၊
- ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (မႏၲေလး) (PHL, Mandalay) မွ ဓာတ္ခြဲနမူနာ (၂၇၀) ခု၊
- ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ေမာ္လၿမိဳင္) (PHL, Mawlamyine) မွ ဓာတ္ခြဲနမူနာ (၂၂၆) ခု ႏွင့္
- ရန္ကုန္ၿမိဳ႕၊ အမွတ္ (၁) တပ္မေတာ္ေဆး႐ုံႀကီး ခုတင္ (၁၀၀၀) မွ ဓာတ္ခြဲနမူနာ (၂၂၇) ခု၊
စုစုေပါင္း (၁,၅၉၉)ခု အား ယေန႔၊ ညေနတြင္ စစ္ေဆးၿပီးစီးခဲ့ရာ -
• COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ (၇) ဦး ေတြ႕ရွိရပါသည္။

၂။ (၄-၇-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ (၃၁၃) ဦးရွိပါသည္။

၃။ ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲနမူနာစစ္ေဆးမႈတြင္ (၂) ႀကိမ္ ဆက္တိုက္ ပိုးမေတြ႕ရွိသူ  (၃) ဦး (Case- 222, 289 ႏွင့္ 290) ရွိသျဖင့္ ယေန႔အထိ ေရာဂါပိုးကင္းစင္လာသူစုစုေပါင္း  (၂၄၀) ဦးရွိပါသည္။ ၎တို႔အနက္ (၂၂၆)ဦးအား ေဆး႐ုံမွဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ကာ သတ္မွတ္ေနရာမ်ားတြင္ အသြားအလာ ဆက္လက္ကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္။ 
   
၄။ ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိပါသည္။

၅။ (၃-၇-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၄-၇-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၃၃) ဦး ရွိပါသည္။

Ministry of Health and Sports, Myanmar

ကျောက်မဲရွာသား အသတ်ခံရမူအပေါ် လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြား

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်
(Unicode)⤵⤵⤵
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းရဲ့ ပစ်ခတ်မှုကြောင့် ကျေးရွာသား တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးပေးရန် ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေကနေ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားထားတဲ့အကြောင်း နိုင်ကွန်းအိန် ပြောပြပေးမှာပါ။

ဇွန်လကုန်ပိုင်းမှာ ကျောက်မဲမြို့နယ်အတွင်းမြန်မာစစ်တပ်နဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးအပြီး ဟဲကွီကျေးရွာအုပ်စု ပန်ကျန်ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်း ဝင်ရောက်လာပြီး ရွာသား တွေကိုပစ်ခတ်တဲ့ဖြစ်စဉ်အပေါ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားထားတယ်လို့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်ကပြောပါတယ်။

“အဲဒီ(၂၈)ရက်နေ့မနက်မှာ သူတို့က ပန်ကျန်ရွာကိုရောက်လာတဲ့အချိန် လူ(၃)ဦးက ဆရာမနားနေဆောင်ပေါ့။ ဆရာမတွေအိပ်တဲ့စာသင်ကျောင်းဆောင် ထဲမှာသွားပုန်းတာပေါ့နော်။ ပုန်းတဲ့အချိန်မှာတပ်က တံခါးဖွင့်ပြီးတော့ တွေ့တဲ့အချိန် မှာ လုံးဆုဆိုတဲ့ လူကို တချက်ပစ်လိုက်တယ်။ သူကထွက်ပြေးတဲ့အချိန်မှာ နောက်နှစ်ချက်ပစ်လိုက် တော့ သူကအဲဒီအထဲမှာသေသွားတာပေါ့နော်။ နောက်တဦးက တင်ပါးဒဏ်ရာရတယ်။ တင်ပါးမှာထိတဲ့ ဥစ္စာက အမျိုး သမီး။ အဲဒါနဲ့ ပက်သက်ပြီးတော့မှ ထွက်ဆိုချက်တွေ ကျွန်တော်တို့ရဲ့မြေပြင်တွေ့ရှိချက်တွေ ဒါတွေက တကယ်ကို လက်လွတ်စပယ်ပစ်သတ်လိုက်တာပေါ့နော်။ ဒါတွေကမဖြစ်သင့်တဲ့အရာပေါ့တိုင်ကြားရခြင်းဖြစ်ပါတယ်။ လူ့အခွင့်အ ရေး ကော်မရှင်ကတော့ ဆက်သွယ်ပြီးမေးပြီးပြီ စာကတော့ရောက်သွားပြီ။ ကာကွယ်ဌာနကနေပြီးတော့ ကျွန်တော် တို့ကို အထက်လူကြီးကိုတင်ပြပြီးတော့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ပြောပါတယ်။”

အစိုးရတပ်မတော်ဟာ ဇွန်လ ၂၈ ရက် နေ့ တုန်းက ကျောက်မဲမြို့နယ် ဟိုင်းကွီကျေးရွာအုပ်စု ပန်ကျန်ရွာထဲ ဝင်လာပြီး အိမ်ထဲပုန်းနေတဲ့ လုံးဆုကိုပစ်သတ်ခဲ့တယ်လို့ လုံးဆုရဲ့မိသားစုဝင်တဦးက ရှမ်းဘာသာနဲ့ပြောပါတယ်။

“ရွာထဲဝင်လာတာနဲ့ လမ်းမှာတွေ့တဲ့ဟာတိုင်း ကန်ကျောက် ဆဲဆိုပြီးဝင်လာတာ။ ကျမတို့ပုန်း နေတဲ့အိမ်ထဲ ဝင်လာတာနဲ့ တံခါးသွားဖွင့် ပေးတဲ့ လုံးဆုကိုဘာမှမမေးဘဲ သေနတ်နဲ့ ပစ်သတ်လိုက်တာ။ လုံးဆု လည်း အိမ်ပြင်ထွက ်ပြေးသွားတာ ၃-၄ လှမ်းဘဲရသေးတယ် ၂ ချက်ထပ်ပစ်လိုက်တယ်။ လုံးဆုလဲပွဲချင်းပြီးသေသွားတယ်။”

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မြန်မာ့တပ်မတော်ကနေ အကြောင်းမဲ့ပစ်သတ်တဲ့ဖြစ်စဉ်အတွက် ကျောက်မဲမြို့နယ် လွှတ် တော်အသီးသီးက ကိုယ်စားလှယ်(၄)ဦးကနေ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားထားတာပါ။

လက်ရှိတိုင်းရင်းသားဒေသမှာ လူ့အခွင့်အရေးချိုးဖေါက်ခံနေရတဲ့ဖြစ်စဉ်မှာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကိုင်တွယ်နေမှုနဲ့ပက်သက်ပြီး သိရှိဖို့ အဖွဲ့ပြောရေးဆိုခွင့်ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ရှမ်းပြည်နယ်အပါဝင် တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့ အကြား ဖြစ်ပွားတဲ့စစ်ရေးပဋိပက္ခတွေမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အပေါ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က အခုလိုသုံးသပ်ပါတယ်။

“သုံးသပ်ရတာကတော့ တိုက်ပွဲတွေက အရပ်သားတွေ ပစ်မှတ် ပစ်ရတဲ့တိုက်ပွဲက သတင်းထွက်လို့ကောင်းအောင် ပေါ့နော်။ ပြီးတော့လူကြီးတွေ တိုက်ပွဲရပ်စဲဖို့ ဆွေးနွေးလာအောင် အဲဒီလိုမျိုးပုံစံ အသုံးချတဲ့ပုံစံလားလို့ တခါတလေ သံသယဖြစ်မိတာပေါ့နော်။ အမှန်အတိုင်းဆိုရင် တချို့ကိစ္စတွေဟာ အရပ်သားတွေကို ထိခိုက်စရာအကြောင်းမရှိဘူး။”

စစ်ရေးပဋိပက္ခဖြစ်စဉ်မှာအရပ်သားတွေထိခိုက်မှုများလာရင် ငြိမ်းချမ်းရေးဆွေးနွေးမြန်ဆန်ဖို့ အသုံးချတာဖြစ်တယ် လို့ သူကဆိုပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA ဟာ မြန်မာအစိုးရနဲ့ NCAအပစ်ရပ်လက်မှတ် ရေးထိုးထားတဲ့အဖွဲ့ ဖြစ်ပေမဲ့ မြန်မာစစ်တပ်နဲ့တော့ မကြာမကြာတိုက်ပွဲဖြစ်ပွားနေပြီး သူ့ဘက်ကိုယ့်ဘက် စာချုပ်ပါအချက်တွေချိုးဖေါက်ကြောင်း အပြန်အလှန်စွဲချက်တင်နေကြပါတယ်။

ကျောက်မဲမြို့နယ်အတွင်း RCSS အဖွဲ့နဲ့တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းတပ်မတော်ဖက်က ဗွီအိုအေကို အတည်ပြုပြောဆို ခဲ့ပေမဲ့ လူသေဆုံးအထိဖြစ်ပွားတာကိုတော့ပြောဆိုခြင်းမရှိခဲ့ပါဘူး။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဇွန်လ(၂၇)(၂၈)(၂၉)ရက်နှေုတွေမှာဟိုဖိုင်၊ ဟဲဟွေ၊ ပန်ကျန်၊ ကျိန်းနယ်၊ နန့်ဖာ စတဲ့ရွာ(၈) ရွာက ရွာသား(၅၀၀)ကျော်ဟာလဲ နောင်ပိန်တိုက်နယ်ရွာရှိ အောင်ဓမ္မာရုံနဲ့ ပန်လော့ ဘုန်းတော်ကြီး ကျောင်းတွေမှာ စစ်ရှောင်နေကြရပြီး တိုက်ပွဲငြိမ်သက်သွားတဲ့ဇူလိုင် ဆန်းမှာတော့ နေရပ်ရင်းကိုပြန်သွားခဲ့ကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ကိုးကန့်တပ်ဖွဲ့တို့ နဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေဆဲအခြေအနေရှိနေပါတယ်။

နိုင်ကွန်းအိန်  / ဗွီအိုအေ ( မြန်မာပိုင်း)
---------------------------------------------
(Zawgyi)⤵⤵⤵
ေက်ာက္မဲ႐ြာသား အသတ္ခံရမူအေပၚ လူ႔အခြင့္အေရးေကာ္မရွင္ထံ တိုင္ၾကား

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္း တပ္မေတာ္စစ္ေၾကာင္းရဲ႕ ပစ္ခတ္မႈေၾကာင့္ ေက်း႐ြာသား တစ္ဦးေသဆုံးခဲ့တဲ့ျဖစ္စဥ္ကိုစုံစမ္းစစ္ေဆးေပးရန္ ေက်ာက္မဲၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေန ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ထံ တိုင္ၾကားထားတဲ့အေၾကာင္း ႏိုင္ကြန္းအိန္ ေျပာျပေပးမွာပါ။

ဇြန္လကုန္ပိုင္းမွာ ေက်ာက္မဲၿမိဳ႕နယ္အတြင္းျမန္မာစစ္တပ္နဲ႔ ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS/SSA အဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြါးအၿပီး ဟဲကြီေက်း႐ြာအုပ္စု ပန္က်န္ေက်း႐ြာအတြင္း တပ္မေတာ္စစ္ေၾကာင္း ဝင္ေရာက္လာၿပီး ႐ြာသား ေတြကိုပစ္ခတ္တဲ့ျဖစ္စဥ္အေပၚ ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ထံ တိုင္ၾကားထားတယ္လို႔ ေက်ာက္မဲၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းထြန္းဉာဏ္ကေျပာပါတယ္။

“အဲဒီ(၂၈)ရက္ေန႔မနက္မွာ သူတို႔က ပန္က်န္႐ြာကိုေရာက္လာတဲ့အခ်ိန္ လူ(၃)ဦးက ဆရာမနားေနေဆာင္ေပါ့။ ဆရာမေတြအိပ္တဲ့စာသင္ေက်ာင္းေဆာင္ ထဲမွာသြားပုန္းတာေပါ့ေနာ္။ ပုန္းတဲ့အခ်ိန္မွာတပ္က တံခါးဖြင့္ၿပီးေတာ့ ေတြ႕တဲ့အခ်ိန္ မွာ လုံးဆုဆိုတဲ့ လူကို တခ်က္ပစ္လိုက္တယ္။ သူကထြက္ေျပးတဲ့အခ်ိန္မွာ ေနာက္ႏွစ္ခ်က္ပစ္လိုက္ ေတာ့ သူကအဲဒီအထဲမွာေသသြားတာေပါ့ေနာ္။ ေနာက္တဦးက တင္ပါးဒဏ္ရာရတယ္။ တင္ပါးမွာထိတဲ့ ဥစၥာက အမ်ိဳး သမီး။ အဲဒါနဲ႔ ပက္သက္ၿပီးေတာ့မွ ထြက္ဆိုခ်က္ေတြ ကြၽန္ေတာ္တို႔ရဲ႕ေျမျပင္ေတြ႕ရွိခ်က္ေတြ ဒါေတြက တကယ္ကို လက္လြတ္စပယ္ပစ္သတ္လိုက္တာေပါ့ေနာ္။ ဒါေတြကမျဖစ္သင့္တဲ့အရာေပါ့တိုင္ၾကားရျခင္းျဖစ္ပါတယ္။ လူ႔အခြင့္အ ေရး ေကာ္မရွင္ကေတာ့ ဆက္သြယ္ၿပီးေမးၿပီးၿပီ စာကေတာ့ေရာက္သြားၿပီ။ ကာကြယ္ဌာနကေနၿပီးေတာ့ ကြၽန္ေတာ္ တို႔ကို အထက္လူႀကီးကိုတင္ျပၿပီးေတာ့ ဆက္လက္ေဆာင္႐ြက္သြားမယ္လို႔ေျပာပါတယ္။”

အစိုးရတပ္မေတာ္ဟာ ဇြန္လ ၂၈ ရက္ ေန႔ တုန္းက ေက်ာက္မဲၿမိဳ႕နယ္ ဟိုင္းကြီေက်း႐ြာအုပ္စု ပန္က်န္႐ြာထဲ ဝင္လာၿပီး အိမ္ထဲပုန္းေနတဲ့ လုံးဆုကိုပစ္သတ္ခဲ့တယ္လို႔ လုံးဆုရဲ႕မိသားစုဝင္တဦးက ရွမ္းဘာသာနဲ႔ေျပာပါတယ္။

“႐ြာထဲဝင္လာတာနဲ႔ လမ္းမွာေတြ႕တဲ့ဟာတိုင္း ကန္ေက်ာက္ ဆဲဆိုၿပီးဝင္လာတာ။ က်မတို႔ပုန္း ေနတဲ့အိမ္ထဲ ဝင္လာတာနဲ႔ တံခါးသြားဖြင့္ ေပးတဲ့ လုံးဆုကိုဘာမွမေမးဘဲ ေသနတ္နဲ႔ ပစ္သတ္လိုက္တာ။ လုံးဆု လည္း အိမ္ျပင္ထြက ္ေျပးသြားတာ ၃-၄ လွမ္းဘဲရေသးတယ္ ၂ ခ်က္ထပ္ပစ္လိုက္တယ္။ လုံးဆုလဲပြဲခ်င္းၿပီးေသသြားတယ္။”

တိုက္ပြဲျဖစ္ပြားတာမရွိဘဲ ျမန္မာ့တပ္မေတာ္ကေန အေၾကာင္းမဲ့ပစ္သတ္တဲ့ျဖစ္စဥ္အတြက္ ေက်ာက္မဲၿမိဳ႕နယ္ လႊတ္ ေတာ္အသီးသီးက ကိုယ္စားလွယ္(၄)ဦးကေန ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ထံ တိုင္ၾကားထားတာပါ။

လက္ရွိတိုင္းရင္းသားေဒသမွာ လူ႔အခြင့္အေရးခ်ိဳးေဖါက္ခံေနရတဲ့ျဖစ္စဥ္မွာ ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္ကိုင္တြယ္ေနမႈနဲ႔ပက္သက္ၿပီး သိရွိဖို႔ အဖြဲ႕ေျပာေရးဆိုခြင့္ကို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔မရခဲ့ပါဘူး။

ရွမ္းျပည္နယ္အပါဝင္ တိုင္းရင္းသားေဒသေတြမွာ ျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕တို႔ အၾကား ျဖစ္ပြားတဲ့စစ္ေရးပဋိပကၡေတြမွာ အရပ္သားေတြအေပၚ ပစ္မွတ္ထား တိုက္ခိုက္ေနတဲ့အေပၚ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ စိုင္းထြန္းဉာဏ္က အခုလိုသုံးသပ္ပါတယ္။

“သုံးသပ္ရတာကေတာ့ တိုက္ပြဲေတြက အရပ္သားေတြ ပစ္မွတ္ ပစ္ရတဲ့တိုက္ပြဲက သတင္းထြက္လို႔ေကာင္းေအာင္ ေပါ့ေနာ္။ ၿပီးေတာ့လူႀကီးေတြ တိုက္ပြဲရပ္စဲဖို႔ ေဆြးေႏြးလာေအာင္ အဲဒီလိုမ်ိဳးပုံစံ အသုံးခ်တဲ့ပုံစံလားလို႔ တခါတေလ သံသယျဖစ္မိတာေပါ့ေနာ္။ အမွန္အတိုင္းဆိုရင္ တခ်ိဳ႕ကိစၥေတြဟာ အရပ္သားေတြကို ထိခိုက္စရာအေၾကာင္းမရွိဘူး။”

စစ္ေရးပဋိပကၡျဖစ္စဥ္မွာအရပ္သားေတြထိခိုက္မႈမ်ားလာရင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးျမန္ဆန္ဖို႔ အသုံးခ်တာျဖစ္တယ္ လို႔ သူကဆိုပါတယ္။

ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS/SSA ဟာ ျမန္မာအစိုးရနဲ႔ NCAအပစ္ရပ္လက္မွတ္ ေရးထိုးထားတဲ့အဖြဲ႕ ျဖစ္ေပမဲ့ ျမန္မာစစ္တပ္နဲ႔ေတာ့ မၾကာမၾကာတိုက္ပြဲျဖစ္ပြားေနၿပီး သူ႔ဘက္ကိုယ့္ဘက္ စာခ်ဳပ္ပါအခ်က္ေတြခ်ိဳးေဖါက္ေၾကာင္း အျပန္အလွန္စြဲခ်က္တင္ေနၾကပါတယ္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္း RCSS အဖြဲ႕နဲ႔တိုက္ပြဲျဖစ္ပြါးခဲ့ေၾကာင္းတပ္မေတာ္ဖက္က ဗြီအိုေအကို အတည္ျပဳေျပာဆို ခဲ့ေပမဲ့ လူေသဆုံးအထိျဖစ္ပြားတာကိုေတာ့ေျပာဆိုျခင္းမရွိခဲ့ပါဘူး။

တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ဇြန္လ(၂၇)(၂၈)(၂၉)ရက္ေႏႈေတြမွာဟိုဖိုင္၊ ဟဲေဟြ၊ ပန္က်န္၊ က်ိန္းနယ္၊ နန႔္ဖာ စတဲ့႐ြာ(၈) ႐ြာက ႐ြာသား(၅၀၀)ေက်ာ္ဟာလဲ ေနာင္ပိန္တိုက္နယ္႐ြာရွိ ေအာင္ဓမၼာ႐ုံနဲ႔ ပန္ေလာ့ ဘုန္းေတာ္ႀကီး ေက်ာင္းေတြမွာ စစ္ေရွာင္ေနၾကရၿပီး တိုက္ပြဲၿငိမ္သက္သြားတဲ့ဇူလိုင္ ဆန္းမွာေတာ့ ေနရပ္ရင္းကိုျပန္သြားခဲ့ၾကပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမွာ ျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ေတြျဖစ္တဲ့ တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ (TNLA)၊ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ (KIA)၊ ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP/SSA)၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS/SSA) ကိုးကန႔္တပ္ဖြဲ႕တို႔ နဲ႔ ထိေတြ႕တိုက္ပြဲေတြ မၾကာခဏျဖစ္ပြားေနဆဲအေျခအေနရွိေနပါတယ္။

ႏိုင္ကြန္းအိန္  / ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/myanmar-human-rights-commission-/5488231.html

ကမ္ဘာတဝန်း COVID-19 ကူးစက်သူ ၁၁ သန်းကျော်ပြီ

တက္ကဆက်စ်ပြည်နယ် ဟူစတန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာတဦးကို ကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတချို့။ (ဇွန် ၂၉၊ ၂၀၂၀)
(Unicode)⤵⤵⤵
ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါ ကူးစက်သူအရေအတွက် ၁၁ သန်းကျော်သွားပြီ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံ အတော်များများမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ဆက်တိုးနေပြီး အဲဒီထဲမှာ အမေရိကန်ပြည်ထောင်စုကတော့ ကူးစက်သူ ၂.၈ သန်းကျော်နဲ့ အများဆုံးဖြစ်ပါတယ်။

အမေရိကန်မှာ မနေ့ သောကြာနေ့ တရက်တည်းမှာကိုပဲ ကူးစက်သူ ၅၇,၀၀၀ ကျော်ရှိခဲ့ပြီး ဒါဟာ တရက်တည်းမှာ ကူးစက်မှုအများဆုံး စံချိန်တင်ခဲ့တာဖြစ်သလို ၉ ရက်အတွင်းမှာ ၇ ရက်မြောက် စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၂၄၄ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်တဲ့အတွက် နိုင်ငံတဝန်း လွတ်လပ်ရေးနေ့ အခမ်းအနားတွေ ဆင်နွှဲဖို့ လုပ်နေချိန်မှာပဲ ရောဂါပိုးကူးစက်မှုနှုန်းတွေ ပြန်များလာနေတဲ့အတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး အတော်များများကလည်း သူတို့ပြည်နယ်တွေမှာ ကန့်သတ်ချက်တွေ လျှော့ချထားတာကို ပြန်ရုပ်သိမ်းလာနေပါတယ်။

ဘရာဇီးနိုင်ငံမှာတော့ ရောဂါကူးစက်သူ ၁ သန်းခွဲကျော်ရှိပြီး အမေရိကန်ပြီးရင် ကူးစက်မှု ဒုတိယအများဆုံး ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှာ တရုတ်နိုင်ငံ Sinovac ဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေး စမ်းသပ်မှု အစီအစဉ်ကို လုပ်ဖို့ သဘောတူလိုက်ပါတယ်။

ဒါ့အပြင် လူတွေအနေနဲ့ လမ်းတွေပေါ်နဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်တွေပေါ်မှာ နှာခေါင်းစည်း မျက်နှာဖုံး တပ်ရမယ်ဆိုတဲ့ ဥပဒေကို သမ္မတ Jair Blosonaro က မနေ့က အတည်ပြုလိုက်ပါတယ်။

ဒါပေမယ့် ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဈေးဆိုင်တွေလိုမျိုး အလုံပိတ်နေရာတွေမှာ နှာခေါင်းစည်းတွေ တပ်ရမယ်ဆိုတဲ့ အပိုဒ်ကိုတော့ ဗီတိုသုံးပြီး ပယ်ချခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဗြိတိန်မှာတော့ သန့်ရှင်းရေးအလုပ်သမားတွေ၊ ကုန်တင်ကုန်ချ အလုပ်သမားတွေနဲ့ ရုံးဝန်ထမ်းတွေဟာ ဗိုင်းရပ်စ်ပျံ့နှံ့အောင် တကယ့်ဖြန့်နေတဲ့သူတွေ ဖြစ်တယ်လို့ အမျိုးသားကျန်းမာရေးဌာနရဲ့ လေ့လာတွေ့ရှိမှု အသစ်တခုမှာ တွေ့ရပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
----------------------------------------
(Zawgyi)⤵⤵⤵
ကမာၻတဝန္း COVID-19 ကူးစက္သူ ၁၁ သန္းေက်ာ္ၿပီ

ကမာၻတဝန္း COVID-19 ကပ္ေရာဂါ ကူးစက္သူအေရအတြက္ ၁၁ သန္းေက်ာ္သြားၿပီ ျဖစ္ပါတယ္။

ကမာၻ႔ႏိုင္ငံ အေတာ္မ်ားမ်ားမွာ ဗိုင္းရပ္စ္ကူးစက္မႈေတြ ဆက္တိုးေနၿပီး အဲဒီထဲမွာ အေမရိကန္ျပည္ေထာင္စုကေတာ့ ကူးစက္သူ ၂.၈ သန္းေက်ာ္နဲ႔ အမ်ားဆုံးျဖစ္ပါတယ္။

အေမရိကန္မွာ မေန႔ ေသာၾကာေန႔ တရက္တည္းမွာကိုပဲ ကူးစက္သူ ၅၇,၀၀၀ ေက်ာ္ရွိခဲ့ၿပီး ဒါဟာ တရက္တည္းမွာ ကူးစက္မႈအမ်ားဆုံး စံခ်ိန္တင္ခဲ့တာျဖစ္သလို ၉ ရက္အတြင္းမွာ ၇ ရက္ေျမာက္ စံခ်ိန္တင္ခဲ့တာ ျဖစ္ပါတယ္။

ဒီကေန႔ဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ ၂၄၄ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ ျဖစ္တဲ့အတြက္ ႏိုင္ငံတဝန္း လြတ္လပ္ေရးေန႔ အခမ္းအနားေတြ ဆင္ႏႊဲဖို႔ လုပ္ေနခ်ိန္မွာပဲ ေရာဂါပိုးကူးစက္မႈႏႈန္းေတြ ျပန္မ်ားလာေနတဲ့အတြက္ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး အေတာ္မ်ားမ်ားကလည္း သူတို႔ျပည္နယ္ေတြမွာ ကန႔္သတ္ခ်က္ေတြ ေလွ်ာ့ခ်ထားတာကို ျပန္႐ုပ္သိမ္းလာေနပါတယ္။

ဘရာဇီးႏိုင္ငံမွာေတာ့ ေရာဂါကူးစက္သူ ၁ သန္းခြဲေက်ာ္ရွိၿပီး အေမရိကန္ၿပီးရင္ ကူးစက္မႈ ဒုတိယအမ်ားဆုံး ျဖစ္ပါတယ္။ ဘရာဇီးႏိုင္ငံမွာ တ႐ုတ္ႏိုင္ငံ Sinovac ေဆးကုမၸဏီက ထုတ္လုပ္တဲ့ COVID-19 ကာကြယ္ေဆး စမ္းသပ္မႈ အစီအစဥ္ကို လုပ္ဖို႔ သေဘာတူလိုက္ပါတယ္။

ဒါ့အျပင္ လူေတြအေနနဲ႔ လမ္းေတြေပၚနဲ႔ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး ယာဥ္ေတြေပၚမွာ ႏွာေခါင္းစည္း မ်က္ႏွာဖုံး တပ္ရမယ္ဆိုတဲ့ ဥပေဒကို သမၼတ Jair Blosonaro က မေန႔က အတည္ျပဳလိုက္ပါတယ္။

ဒါေပမယ့္ ဘုရားေက်ာင္းေတြ၊ စာသင္ေက်ာင္းေတြနဲ႔ ေဈးဆိုင္ေတြလိုမ်ိဳး အလုံပိတ္ေနရာေတြမွာ ႏွာေခါင္းစည္းေတြ တပ္ရမယ္ဆိုတဲ့ အပိုဒ္ကိုေတာ့ ဗီတိုသုံးၿပီး ပယ္ခ်ခဲ့ပါတယ္။

တခ်ိန္တည္းမွာပဲ ၿဗိတိန္မွာေတာ့ သန႔္ရွင္းေရးအလုပ္သမားေတြ၊ ကုန္တင္ကုန္ခ် အလုပ္သမားေတြနဲ႔ ႐ုံးဝန္ထမ္းေတြဟာ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔ေအာင္ တကယ့္ျဖန႔္ေနတဲ့သူေတြ ျဖစ္တယ္လို႔ အမ်ိဳးသားက်န္းမာေရးဌာနရဲ႕ ေလ့လာေတြ႕ရွိမႈ အသစ္တခုမွာ ေတြ႕ရပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/world-covid/5488712.html

ထိုင်းပြန် မြန်မာလုပ်သားတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွား


(Unicode)⤵⤵⤵
ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်ရေးတံတားရဲ့ မြန်မာဘက်ခြမ်း စိစစ်ရေးစခန်းမှာ ဒီကနေ့ဇူလိုင်(၄)ရက်၊ မွန်းလွဲပိုင်းက မြန်မာလုပ်သားတစ်ဦးဟာ မိမိကိုယ်ကို လည်ပင်းကို ဓားနဲ့လှီးပြီး အဆုံးစီရင်ခဲ့တယ်လို့ မြဝတီမြို့မ ရဲစခန်းကသိရပါတယ်။
သေဆုံးသူဟာ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ အင်းနိုကျေးရွာမှာနေထိုင်တဲ့ အသက်(၂၆) နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေ အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့သူလို့သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မျက်မြင်တွေ့ရှိသူ ယာဉ်မောင်းတစ်ဦးက " အသံကြားလို့ အဝေးကနေလှမ်းကြည့်လိုက် တာ အဲ့ဒီလူကတုံးလုံးလဲပြီး သွေးအန်နေတယ်ပဲထင်တာ အဲ့ဒါနဲ့ ရှေ့ကိုတိုးပြီးသူ့နဲ့ ဆယ်ကိုက်ခန့်အကွာကနေ မြင်ရတာက သူ့လည်ပင်းကို ဓားနဲ့လှီးထားပြီး သွေးတွေထွက်နေတာကိုတွေ့ရတယ်။ အဲ့ဒါနဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ လုံခြုံရေးတာဝန်ရှိသူတွေကို လှမ်းခေါ်ပြီးအသိပေးခဲ့တယ် ” လို့ပြောပါတယ်။

မြဝတီဘက်ခြမ်း ပြန်လည်ကြိုဆိုရေးနေရာမှာ နေရပ်ပြန်တွေအတွက် ကားစီစဉ်ပေးနေသူ မြဝတီအ.ထ.က(၂) ကျောင်းအုပ်ဆရာကြီး ဦးမိုးကျော်ကတော့ အဆုံးစီရင်သွားတဲ့သူဟာ မြန်မာဘက်ကိုဝင်လာကတည်းက မူမမှန်တာ တွေရှိခဲ့တယ်လို့ပြောပါတယ်။
အဲဒီအဆုံးစီရင်မှုနဲ့ပတ်သက်ပြီး အကြောင်းရင်းကိုစုံစမ်းနေတယ်လို့ မြဝတီမြို့မရဲစခန်းကသိရပါတယ်။

သတင်း- နေနော်( မြဝတီ) / One News Myanmar
----------------------------------------
(Zawgyi)⤵⤵⤵
ထိုင္းျပန္ ျမန္မာလုပ္သားတစ္ဦး မိမိကိုယ္ကို အဆုံးစီရင္မႈျဖစ္ပြား

ထိုင္း-ျမန္မာ အမွတ္(၂)ခ်စ္ၾကည္ေရးတံတားရဲ႕ ျမန္မာဘက္ျခမ္း စိစစ္ေရးစခန္းမွာ ဒီကေန႔ဇူလိုင္(၄)ရက္၊ မြန္းလြဲပိုင္းက ျမန္မာလုပ္သားတစ္ဦးဟာ မိမိကိုယ္ကို လည္ပင္းကို ဓားနဲ႔လွီးၿပီး အဆုံးစီရင္ခဲ့တယ္လို႔ ျမဝတီၿမိဳ႕မ ရဲစခန္းကသိရပါတယ္။
ေသဆုံးသူဟာ ကရင္ျပည္နယ္၊ လႈိင္းဘြဲ႕ၿမိဳ႕နယ္၊ အင္းႏိုေက်း႐ြာမွာေနထိုင္တဲ့ အသက္(၂၆) ႏွစ္အ႐ြယ္ အမ်ိဳးသား ျဖစ္ၿပီး ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕ကေန အလုပ္လုပ္ကိုင္ၿပီး ျပန္လာတဲ့သူလို႔သိရပါတယ္။

အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး မ်က္ျမင္ေတြ႕ရွိသူ ယာဥ္ေမာင္းတစ္ဦးက " အသံၾကားလို႔ အေဝးကေနလွမ္းၾကည့္လိုက္ တာ အဲ့ဒီလူကတုံးလုံးလဲၿပီး ေသြးအန္ေနတယ္ပဲထင္တာ အဲ့ဒါနဲ႔ ေရွ႕ကိုတိုးၿပီးသူ႔နဲ႔ ဆယ္ကိုက္ခန႔္အကြာကေန ျမင္ရတာက သူ႔လည္ပင္းကို ဓားနဲ႔လွီးထားၿပီး ေသြးေတြထြက္ေနတာကိုေတြ႕ရတယ္။ အဲ့ဒါနဲ႔ ခပ္လွမ္းလွမ္းမွာရွိတဲ့ လုံၿခဳံေရးတာဝန္ရွိသူေတြကို လွမ္းေခၚၿပီးအသိေပးခဲ့တယ္ ” လို႔ေျပာပါတယ္။

ျမဝတီဘက္ျခမ္း ျပန္လည္ႀကိဳဆိုေရးေနရာမွာ ေနရပ္ျပန္ေတြအတြက္ ကားစီစဥ္ေပးေနသူ ျမဝတီအ.ထ.က(၂) ေက်ာင္းအုပ္ဆရာႀကီး ဦးမိုးေက်ာ္ကေတာ့ အဆုံးစီရင္သြားတဲ့သူဟာ ျမန္မာဘက္ကိုဝင္လာကတည္းက မူမမွန္တာ ေတြရွိခဲ့တယ္လို႔ေျပာပါတယ္။
အဲဒီအဆုံးစီရင္မႈနဲ႔ပတ္သက္ၿပီး အေၾကာင္းရင္းကိုစုံစမ္းေနတယ္လို႔ ျမဝတီၿမိဳ႕မရဲစခန္းကသိရပါတယ္။

သတင္း- ေနေနာ္( ျမဝတီ) / One News Myanmar
https://www.facebook.com/onenewsmyan

လိင်အမြတ်ထုတ်တဲ့ ရဲမှူးချုပ်ကို ပြစ်ဒဏ်ချမှတ်လိုက်ပြီ

(ရဲမှူးချုပ် ဇော်မိုးသန်းကိုတွေ့ရစဉ်) Photo: Yangon Police's facebook
(Unicode)⤵⤵⤵
လိင်အမြတ်ထုတ်မှု ကျူးလွန်တယ်ဆိုပြီး တိုင်ကြားခံထားရတဲ့ ရဲမှူးချုပ် ဇော်မိုးသန်းကို ရဲတရားရုံးက အပြစ်ရှိကြောင်းပေါ်ပေါက်တဲ့အတွက် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟက RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ရဲမေတွေအပေါ် ရာထူးတိုးပေးမယ်ဆိုပြီး လိင်အမြတ်ထုတ်ခဲ့တဲ့အတွက် ရဲမေ ရှစ်ဦးတို့က စုပေါင်းတိုင်ကြားတာဖြစ်တယ်လို့ သိရပါတယ်။

ရဲမှူးချုပ် ဇော်မိုးသန်းကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေထဲက ဘယ်လိုပုဒ်မမျိုးနဲ့ ထောင်ဘယ်နှနှစ် ချလိုက်တယ်ဆိုတာကိုတော့ အတည်ပြုချက်မယူရသေးကြောင်း ရဲမှူးကြီး ကျော်သီဟက ပြောပါ တယ်။

ရာထူးအာဏာ မလျော်သြဇာသုံးစွဲပြီး တပ်ဖွဲ့ဝင်အချင်းချင်း လိင်အမြတ်ထုတ်မှု အပြစ်ရှိကြောင်း ပေါ် ပေါက်တဲ့အတွက် ရဲမှူးချုပ် ဇော်မိုးသန်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူသင့်တယ်လို့လည်း ဥပဒေ ပညာရှင်တွေကလည်း သုံးသပ်ထားပါတယ်။

RFA Burmese
----------------------------------
(Zawgyi)⤵⤵⤵
လိင္အျမတ္ထုတ္တဲ့ ရဲမႉးခ်ဳပ္ကို ျပစ္ဒဏ္ခ်မွတ္လိုက္ၿပီ

လိင္အျမတ္ထုတ္မႈ က်ဴးလြန္တယ္ဆိုၿပီး တိုင္ၾကားခံထားရတဲ့ ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းကို ရဲတရား႐ုံးက အျပစ္ရွိေၾကာင္းေပၚေပါက္တဲ့အတြက္ ျပစ္ဒဏ္ခ်မွတ္လိုက္ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးႀကီး ေက်ာ္သီဟက RFA ကို ေျပာပါတယ္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္ ရဲေမေတြအေပၚ ရာထူးတိုးေပးမယ္ဆိုၿပီး လိင္အျမတ္ထုတ္ခဲ့တဲ့အတြက္ ရဲေမ ရွစ္ဦးတို႔က စုေပါင္းတိုင္ၾကားတာျဖစ္တယ္လို႔ သိရပါတယ္။

ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းကို ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒထဲက ဘယ္လိုပုဒ္မမ်ိဳးနဲ႔ ေထာင္ဘယ္ႏွႏွစ္ ခ်လိုက္တယ္ဆိုတာကိုေတာ့ အတည္ျပဳခ်က္မယူရေသးေၾကာင္း ရဲမႉးႀကီး ေက်ာ္သီဟက ေျပာပါ တယ္။

ရာထူးအာဏာ မေလ်ာ္ၾသဇာသုံးစြဲၿပီး တပ္ဖြဲ႕ဝင္အခ်င္းခ်င္း လိင္အျမတ္ထုတ္မႈ အျပစ္ရွိေၾကာင္း ေပၚ ေပါက္တဲ့အတြက္ ရဲမႉးခ်ဳပ္ ေဇာ္မိုးသန္းကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒအရ အေရးယူသင့္တယ္လို႔လည္း ဥပေဒ ပညာရွင္ေတြကလည္း သုံးသပ္ထားပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese

Mount Rushmore မှာ သမ္မတ Trump ကန် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ


(Unicode)⤵⤵⤵
အမေရိကန်နိုင်ငံ သမ္မတ ၄ ဦးရဲ့ မျက်နှာပုံတွေထွင်းထားတဲ့ Mount Rushmore ကျောက်တောင်ကြီး ရှိရာ တောင်ဒါကိုတာပြည်နယ် အမျိုးသားဥယျာဉ်မှာ မီးရှုးမီးပန်းတွေနဲ့ ဆယ်နှစ်ကျော် ကာလအတွင်း ပထမဆုံးကျင်းပမယ့် လွတ်လပ်ရေးနေ့ ပွဲတော်ကို တက်ရောက်ဖို့ သောကြာနေ့မှာ သမ္မတဒေါ်နယ်ထရမ့် သွားရောက်နေပါတယ်။

ဒီ ဂရင်းနိုက်ကျောက်တောင်ကြီးပေါ်မှာ အမေရိကန် သမ္မတ လေးဦးဖြစ်တဲ့ George Washington, Thomas Jefferson, Theodore Roosevelt နဲ့ Abraham Lincoln တို့ရဲ့ မျက်နှာပုံတွေ ထွင်းထားတာပါ။

Mount Rushmore တဝိုက် မီးရှုးမီးပန်းလွှတ်တာကနေ တောမီးလောင်မှာ စိုးရိမ်တာကြောင့် အမျိုးသား ဥယျာဉ် ဝန်ဆောင်မှု အဖွဲ့က ၂၀၁၀ က စပြီး တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအမျိုးသားဥယျာဉ်ဟာ Black Hills အမျိုးသား သစ်တောဌာရဲ့ ဟက်တာ ၅၀၀ နီးပါးရှိတဲ့ သစ်တောမြေထဲမှာ ရှိပါတယ်။

ဥယျာဉ်ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ယူထားတဲ့ အဖွဲ့က ဧပြီလထဲမှာ ဆန်းစစ်မှုတွေ လုပ်ခဲ့ပြီး အခုလို မီးရှုးမီးပန်းလွှတ်တာကြောင့် သိသိသာသာ ထိခိုက်မှု မရှိနိုင်ဘူးလို့ ပြောပါတယ်။

ခွဲခြားဆက်ဆံမှုအမြင်ရှိသူ ဒါမှမဟုတ် ကျွန်စနစ်ကိုလက်ခံတဲ့ အမေရိကန် ခေါင်းဆောင်တွေကို ဂုဏ်ပြုတဲ့ရုပ်တုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံတဝှမ်း အခြေအတင်ငြင်းခုံနေကြချိန်မှာပဲ အခုလို အမေရိကန်သမ္မတဟောင်း တွေရဲ့ မျက်နှာတွေကို ထုဆစ်ထားတဲ့ ကျောက်တောင်ဆီ သမ္မတ ထရမ့် ခရီးစဉ် စတင်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတရဲ့ ခရီးစဉ်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ဖို့ အမေရိကန်နိုင်ငံသားတွေ နေအိမ်တွေမှာပဲ နေကြဖို့ တိုက်တွန်းနေချိန်ဖြစ်သလို မေလထဲ အာဖရိကန်အမေရိကန်အမျိုးသား George Floyd ရဲဖမ်းထားစဉ် သေဆုံးခဲ့တဲ့ နောက်ပိုင်း ခွဲခြားဆက်ဆံမှုမရှိစေဖို့ နိုင်ငံတလွှား ဆန္ဒပြတောင်းဆိုမှု တွေနဲ့အတူ တက္ကသိုလ်တွေ ဒေသအစိုးရတွေက အငြင်းပွါးဖွယ် ရုပ်တုတွေကို ဖယ်ရှားနေချိန်လည်း ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------------
(Zawgyi)⤵⤵⤵
Mount Rushmore မွာ သမၼတ Trump ကန္ လြတ္လပ္ေရးေန႔ အခမ္းအနားက်င္းပ

အေမရိကန္ႏိုင္ငံ သမၼတ ၄ ဦးရဲ႕ မ်က္ႏွာပုံေတြထြင္းထားတဲ့ Mount Rushmore ေက်ာက္ေတာင္ႀကီး ရွိရာ ေတာင္ဒါကိုတာျပည္နယ္ အမ်ိဳးသားဥယ်ာဥ္မွာ မီးရႈးမီးပန္းေတြနဲ႔ ဆယ္ႏွစ္ေက်ာ္ ကာလအတြင္း ပထမဆုံးက်င္းပမယ့္ လြတ္လပ္ေရးေန႔ ပြဲေတာ္ကို တက္ေရာက္ဖို႔ ေသာၾကာေန႔မွာ သမၼတေဒၚနယ္ထရမ့္ သြားေရာက္ေနပါတယ္။

ဒီ ဂရင္းႏိုက္ေက်ာက္ေတာင္ႀကီးေပၚမွာ အေမရိကန္ သမၼတ ေလးဦးျဖစ္တဲ့ George Washington, Thomas Jefferson, Theodore Roosevelt နဲ႔ Abraham Lincoln တို႔ရဲ႕ မ်က္ႏွာပုံေတြ ထြင္းထားတာပါ။

Mount Rushmore တဝိုက္ မီးရႈးမီးပန္းလႊတ္တာကေန ေတာမီးေလာင္မွာ စိုးရိမ္တာေၾကာင့္ အမ်ိဳးသား ဥယ်ာဥ္ ဝန္ေဆာင္မႈ အဖြဲ႕က ၂၀၁၀ က စၿပီး တားျမစ္ခဲ့တာ ျဖစ္ပါတယ္။ ဒီအမ်ိဳးသားဥယ်ာဥ္ဟာ Black Hills အမ်ိဳးသား သစ္ေတာဌာရဲ႕ ဟက္တာ ၅၀၀ နီးပါးရွိတဲ့ သစ္ေတာေျမထဲမွာ ရွိပါတယ္။

ဥယ်ာဥ္ထိန္းသိမ္းေစာင့္ေရွာက္ေရး တာဝန္ယူထားတဲ့ အဖြဲ႕က ဧၿပီလထဲမွာ ဆန္းစစ္မႈေတြ လုပ္ခဲ့ၿပီး အခုလို မီးရႈးမီးပန္းလႊတ္တာေၾကာင့္ သိသိသာသာ ထိခိုက္မႈ မရွိႏိုင္ဘူးလို႔ ေျပာပါတယ္။

ခြဲျခားဆက္ဆံမႈအျမင္ရွိသူ ဒါမွမဟုတ္ ကြၽန္စနစ္ကိုလက္ခံတဲ့ အေမရိကန္ ေခါင္းေဆာင္ေတြကို ဂုဏ္ျပဳတဲ့႐ုပ္တုေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံတဝွမ္း အေျခအတင္ျငင္းခုံေနၾကခ်ိန္မွာပဲ အခုလို အေမရိကန္သမၼတေဟာင္း ေတြရဲ႕ မ်က္ႏွာေတြကို ထုဆစ္ထားတဲ့ ေက်ာက္ေတာင္ဆီ သမၼတ ထရမ့္ ခရီးစဥ္ စတင္ခဲ့တာ ျဖစ္ပါတယ္။

သမၼတရဲ႕ ခရီးစဥ္ဟာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္မႈထိန္းခ်ဳပ္ႏိုင္ဖို႔ အေမရိကန္ႏိုင္ငံသားေတြ ေနအိမ္ေတြမွာပဲ ေနၾကဖို႔ တိုက္တြန္းေနခ်ိန္ျဖစ္သလို ေမလထဲ အာဖရိကန္အေမရိကန္အမ်ိဳးသား George Floyd ရဲဖမ္းထားစဥ္ ေသဆုံးခဲ့တဲ့ ေနာက္ပိုင္း ခြဲျခားဆက္ဆံမႈမရွိေစဖို႔ ႏိုင္ငံတလႊား ဆႏၵျပေတာင္းဆိုမႈ ေတြနဲ႔အတူ တကၠသိုလ္ေတြ ေဒသအစိုးရေတြက အျငင္းပြါးဖြယ္ ႐ုပ္တုေတြကို ဖယ္ရွားေနခ်ိန္လည္း ျဖစ္ပါတယ္။

 ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/mount-gushmore-trump-july-4th-/5488578.html

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ကိုဗစ် ၁၉ ကူးစက်ခံရ

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mehmood Qureshi
(Unicode)⤵⤵⤵
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mehmood Qureshi က သူဟာ ကိုဗစ် ၁၉ အ ကူးစက်ခံနေရ ကြောင်း သောကြာနေ့ ပြောပါတယ်။ သူဟာ ကြာသပတေးနေ့က အစ္စလန်မာဘတ်မှာ ကျင်းပတဲ့ အဆင့်မြင့်အရာရှိအဆင့် အစည်းဝေးတွေကို အာဖဂန်ဆိုင်ရာ အမေရိကန်အထူးသံတမန် Zalmay Khalilzad နဲ့အတူ တက်ရောက်ခဲ့သလို ဝန်ကြီးချုပ် Imran Khan နဲ့လည်း လွှတ်တော်မှာရော ဗုဒ္ဓဟူးနေ့ ကက်ဘိနက် အစည်းဝေးမှာပါ တွေ့ဆုံခဲ့တာပါ။

တချိန်ထဲမှာပဲ ပါကစ္စတန်နိုင်ငံရဲ့ COVID 19 ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအတွက် အမေရိကန်နိုင်ငံက အသက်ရှုစက် အလုံး ၁၀၀ လှူဒါန်းခဲ့ပါတယ်။ ဒါဟာ သမ္မတ ဒေါ်နယ်ထရမ့်က ပါကစ္စတန်ရဲ့ ကပ်ရောဂါဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးကို ပံ့ပိုးတဲ့ အနေနဲ့ပါကစ္စတန်နိုင်ငံမှာ တကယ်လိုအပ်နေတာကို ပေးလှူတာ ဖြစ်ကြောင်း အမေရိကန်သံရုံးက သောကြာနေ့မှာ ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။

လူဦးရေ သန်း ၂၂၀ ရှိတဲ့ ပါကစ္စတန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၄ လ ဒီရောဂါ စတင် ဖြစ်ပွါးခဲ့ချိန်ကစပြီး အကူးစက်ခံရသူ ၂ သိန်းကျော် (၂၂၂ ၀၀၀) ရှိနေပြီး သေဆုံးရသူက ၄ ၆၀၀ လောက်ရှိနေတာပါ။

အမေရိကန်နိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး Asad Majeed Khan ကလည်း အမေရိကန်နိုင်ငံဟာ ပါကစ္စတန်ကို ထိပ်တန်းဦးစားပေး ဆယ်နိုင်ငံစာရင်းမှာ ထည့်သွင်းထားပြီး အထူးသဖြင့် COVID 19 ကပ်ရောဂါ နဲ့ ပတ်သက်ရင် ရက်ရက်ရောရော ပေးလှူခဲ့ကြောင်း ဝါရှင်တန်ဒီစီ အွန်လိုင်းဆွေးနွေးပွဲမှာ ကြာသပတေးနေ့က ပြောပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ဒီရောဂါရှိမရှိစမ်းသပ်စစ်ဆေးမှုတွေ တိုးလုပ်ဖို့၊ ရောဂါစောင့်ကြည့်လေ့လာဖို့ နဲ့ လူနာပြုစုရေးလို ဒီကပ်ရောဂါတိုက်ဖျက်ရေး ဆိုင်ရာစိန်ခေါ်မှုတွေ စွမ်းဆောင် နိုင်ရေးအတွက် ရန်ပုံငွေအဖြစ် ဒေါ်လာ ၂၇ သန်းနီးပါးကို ထရမ့်အစိုးရအဖွဲ့က ပါကစ္စတန်ကို ပေးအပ်ခဲ့တာပါ။

အမေရိကန်နိုင်ငံမှာ ဒီကပ်ရောဂါတိုက်ဖျက်ရေး အတွက်လုံးပမ်းနေရတဲ့ မေလထဲမှာတော့ ပါကစ္စတန် အစိုးရက အမေရိကန်အတွက် ဆေးပစ္စည်းတွေ ရှားရှားပါးပါး ပေးပို့ခဲ့တာပါ။ အမေရိကန် ဗဟိုအစိုးရ အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ FEMA ကို ပါကစ္စတန်ပေးလှူတဲ့ ထဲမှာ နှာခေါင်းစည်း တသိန်းနဲ့ တကိုယ်ရေ အကာကွယ်ပစ္စည်း အစုံပေါင်း ၂၅ ၀၀၀ လည်း ပါဝင်ပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
------------------------------------
(Zawgyi)⤵⤵⤵
ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီး ကိုဗစ္ ၁၉ ကူးစက္ခံရ

ပါကစၥတန္ ႏိုင္ငံျခားေရးဝန္ႀကီး Shah Mehmood Qureshi က သူဟာ ကိုဗစ္ ၁၉ အ ကူးစက္ခံေနရ ေၾကာင္း ေသာၾကာေန႔ ေျပာပါတယ္။ သူဟာ ၾကာသပေတးေန႔က အစၥလန္မာဘတ္မွာ က်င္းပတဲ့ အဆင့္ျမင့္အရာရွိအဆင့္ အစည္းေဝးေတြကို အာဖဂန္ဆိုင္ရာ အေမရိကန္အထူးသံတမန္ Zalmay Khalilzad နဲ႔အတူ တက္ေရာက္ခဲ့သလို ဝန္ႀကီးခ်ဳပ္ Imran Khan နဲ႔လည္း လႊတ္ေတာ္မွာေရာ ဗုဒၶဟူးေန႔ ကက္ဘိနက္ အစည္းေဝးမွာပါ ေတြ႕ဆုံခဲ့တာပါ။

တခ်ိန္ထဲမွာပဲ ပါကစၥတန္ႏိုင္ငံရဲ႕ COVID 19 ကပ္ေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းအတြက္ အေမရိကန္ႏိုင္ငံက အသက္ရႈစက္ အလုံး ၁၀၀ လႉဒါန္းခဲ့ပါတယ္။ ဒါဟာ သမၼတ ေဒၚနယ္ထရမ့္က ပါကစၥတန္ရဲ႕ ကပ္ေရာဂါဆိုင္ရာ အေရးေပၚတုံ႔ျပန္ေရးကို ပံ့ပိုးတဲ့ အေနနဲ႔ပါကစၥတန္ႏိုင္ငံမွာ တကယ္လိုအပ္ေနတာကို ေပးလႉတာ ျဖစ္ေၾကာင္း အေမရိကန္သံ႐ုံးက ေသာၾကာေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ေျပာဆိုပါတယ္။

လူဦးေရ သန္း ၂၂၀ ရွိတဲ့ ပါကစၥတန္ႏိုင္ငံမွာ လြန္ခဲ့တဲ့ ၄ လ ဒီေရာဂါ စတင္ ျဖစ္ပြါးခဲ့ခ်ိန္ကစၿပီး အကူးစက္ခံရသူ ၂ သိန္းေက်ာ္ (၂၂၂ ၀၀၀) ရွိေနၿပီး ေသဆုံးရသူက ၄ ၆၀၀ ေလာက္ရွိေနတာပါ။

အေမရိကန္ႏိုင္ငံဆိုင္ရာ ပါကစၥတန္ သံအမတ္ႀကီး Asad Majeed Khan ကလည္း အေမရိကန္ႏိုင္ငံဟာ ပါကစၥတန္ကို ထိပ္တန္းဦးစားေပး ဆယ္ႏိုင္ငံစာရင္းမွာ ထည့္သြင္းထားၿပီး အထူးသျဖင့္ COVID 19 ကပ္ေရာဂါ နဲ႔ ပတ္သက္ရင္ ရက္ရက္ေရာေရာ ေပးလႉခဲ့ေၾကာင္း ဝါရွင္တန္ဒီစီ အြန္လိုင္းေဆြးေႏြးပြဲမွာ ၾကာသပေတးေန႔က ေျပာပါတယ္။

ပါကစၥတန္ႏိုင္ငံမွာ ဒီေရာဂါရွိမရွိစမ္းသပ္စစ္ေဆးမႈေတြ တိုးလုပ္ဖို႔၊ ေရာဂါေစာင့္ၾကည့္ေလ့လာဖို႔ နဲ႔ လူနာျပဳစုေရးလို ဒီကပ္ေရာဂါတိုက္ဖ်က္ေရး ဆိုင္ရာစိန္ေခၚမႈေတြ စြမ္းေဆာင္ ႏိုင္ေရးအတြက္ ရန္ပုံေငြအျဖစ္ ေဒၚလာ ၂၇ သန္းနီးပါးကို ထရမ့္အစိုးရအဖြဲ႕က ပါကစၥတန္ကို ေပးအပ္ခဲ့တာပါ။

အေမရိကန္ႏိုင္ငံမွာ ဒီကပ္ေရာဂါတိုက္ဖ်က္ေရး အတြက္လုံးပမ္းေနရတဲ့ ေမလထဲမွာေတာ့ ပါကစၥတန္ အစိုးရက အေမရိကန္အတြက္ ေဆးပစၥည္းေတြ ရွားရွားပါးပါး ေပးပို႔ခဲ့တာပါ။ အေမရိကန္ ဗဟိုအစိုးရ အေရးေပၚစီမံခန႔္ခြဲေရးေအဂ်င္စီ FEMA ကို ပါကစၥတန္ေပးလႉတဲ့ ထဲမွာ ႏွာေခါင္းစည္း တသိန္းနဲ႔ တကိုယ္ေရ အကာကြယ္ပစၥည္း အစုံေပါင္း ၂၅ ၀၀၀ လည္း ပါဝင္ပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/paksitan-foreign-minister-infected-by-covid-19/5488529.html

ပါကစ္စတန်က ကားနဲ့ရထားတိုက်မှုမှာ ဆစ်ခ်ဘုရားဖူး ၂၀ ကျော် သေဆုံး

ဆစ်ခ်ဘာသာဝင်တွေ ဘုရားဖူးအပြီး ပက်ရှ်ဝါဒေသက နေရပ်ကိုပြန်အလာမှာ စီးလာတဲ့ဒီကားက ရထားနဲ့ တိုက်မိခဲ့
(Unicode)⤵⤵⤵
ပါကစ္စတန်အရှေ့မြောက်ပိုင်းမှာ ဆစ်ခ်ဘာသာဝင် ဘုရားဖူးတွေကို တင်ဆောင်လာတဲ့ ဗန်ကားတစီးကို ရထားတစင်းက တိုက်မိခဲ့တဲ့အတွက် ကားထဲမှာပါလာတဲ့ ဆစ်ခ်ဘုရားဖူး ၂၁ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် ၁၀ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ်အတွင်းက ရှိတ်ခူးပူရ ဒေသအနီးမှာရှိတဲ့ ကားလမ်းနဲ့ ရထားလမ်းဆုံတနေရာမှာ အခုလို ဖြစ်ခဲ့တာ ဖြစ်ပြီး တိုက်မိတဲ့ရထားကတော့ ကရာချိနဲ့ လာဟိုးမြို့အကြား ပြေးဆွဲတဲ့ အမြန်ရထားဖြစ်ပါတယ်။

ဇွန်လ ၃ ရက်နေ့က ဖြစ်ခဲ့တဲ့ အဲဒီရထားတိုက်မှုမှာ သေဆုံးသူ အများစုဟာ တမိသားစုတည်းက ဖြစ်ပြီး ဆစ်ခ်ဘာသာဝင်တွေရဲ့ အဓိကကျတဲ့ အထွတ်အမြတ်နေရာတခုဖြစ်တဲ့ နန်ကာနာဒေသက ဆစ်ခ်ဘုရားကျောင်းက အပြန်မှာ အခုလို ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ရထားပေါ်ပါလာသူတွေထဲကတော့ ဒဏ်ရာရသူ မရှိဘူးလို့ဆိုပါတယ်။

ပါကစ္စတန်ရထားလမ်းတွေမှာ လတ်တလော အခုလို လူသေစေတဲ့အထိ မတော်တဆ ဖြစ်မှုတွေ ဖြစ်ထားအပြီး အခုလို ထပ်ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ကရာချိ-ရာဝယ်ပင်ဒီ ပြေးဆွဲတဲ့ ရထားမီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၇၀ ကျော်အထိ သေဆုံးထားတာ ဖြစ်ပါတယ်။

အဲဒါဟာ ၂၀၁၉ ခုနှစ်အတွင်း ရထားပြေးဆွဲမှုနဲ့ သက်ဆိုင်တဲ့ မတော်တဆဖြစ်မှု အခု ၁၀ဝ ကျော်ထဲက တခုသာ ဖြစ်ပါတယ်။

အခုလို ရထားအတိုက်ခံခဲ့ရတဲ့ ကားဟာ ရထားလာစဉ် ပိတ်ထားတဲ့ ဂိတ်မှာ မစောင့်ဘဲ ဖြတ်လမ်းကနေ ဖြတ်ကူးဖို့ ကြိုးစားရင်း အခုလို အတိုက်ခံခဲ့ရတာ ဖြစ်ပြီး ကားမောင်းသူလည်း သေဆုံးခဲ့တယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

ရှိတ်ခူးပူရ အရုဏ်ဦး သတင်းစာကို ရဲတွေ အပြောအရတော့ ကားပေါ်မှာ လူ ၂၅-၂၆ ယောက်လောက် ပါလာပြီး သေဆုံးသူတွေအထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

BBC Burmese
-------------------------------------
(Zawgyi)⤵⤵⤵
ပါကစၥတန္က ကားနဲ႔ရထားတိုက္မႈမွာ ဆစ္ခ္ဘုရားဖူး ၂၀ ေက်ာ္ ေသဆုံး

ပါကစၥတန္အေရွ႕ေျမာက္ပိုင္းမွာ ဆစ္ခ္ဘာသာဝင္ ဘုရားဖူးေတြကို တင္ေဆာင္လာတဲ့ ဗန္ကားတစီးကို ရထားတစင္းက တိုက္မိခဲ့တဲ့အတြက္ ကားထဲမွာပါလာတဲ့ ဆစ္ခ္ဘုရားဖူး ၂၁ ေယာက္ထက္မနည္း ေသဆုံးခဲ့ၿပီး ေနာက္ထပ္ ၁၀ ဦးလည္း ဒဏ္ရာရခဲ့ပါတယ္။

ပန္ဂ်ပ္ျပည္နယ္အတြင္းက ရွိတ္ခူးပူရ ေဒသအနီးမွာရွိတဲ့ ကားလမ္းနဲ႔ ရထားလမ္းဆုံတေနရာမွာ အခုလို ျဖစ္ခဲ့တာ ျဖစ္ၿပီး တိုက္မိတဲ့ရထားကေတာ့ ကရာခ်ိနဲ႔ လာဟိုးၿမိဳ႕အၾကား ေျပးဆြဲတဲ့ အျမန္ရထားျဖစ္ပါတယ္။

ဇြန္လ ၃ ရက္ေန႔က ျဖစ္ခဲ့တဲ့ အဲဒီရထားတိုက္မႈမွာ ေသဆုံးသူ အမ်ားစုဟာ တမိသားစုတည္းက ျဖစ္ၿပီး ဆစ္ခ္ဘာသာဝင္ေတြရဲ႕ အဓိကက်တဲ့ အထြတ္အျမတ္ေနရာတခုျဖစ္တဲ့ နန္ကာနာေဒသက ဆစ္ခ္ဘုရားေက်ာင္းက အျပန္မွာ အခုလို ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ရထားေပၚပါလာသူေတြထဲကေတာ့ ဒဏ္ရာရသူ မရွိဘူးလို႔ဆိုပါတယ္။

ပါကစၥတန္ရထားလမ္းေတြမွာ လတ္တေလာ အခုလို လူေသေစတဲ့အထိ မေတာ္တဆ ျဖစ္မႈေတြ ျဖစ္ထားအၿပီး အခုလို ထပ္ျဖစ္ခဲ့တာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလမွာ ကရာခ်ိ-ရာဝယ္ပင္ဒီ ေျပးဆြဲတဲ့ ရထားမီးေလာင္မႈ ျဖစ္ပြားခဲ့ၿပီး လူ ၇၀ ေက်ာ္အထိ ေသဆုံးထားတာ ျဖစ္ပါတယ္။

အဲဒါဟာ ၂၀၁၉ ခုႏွစ္အတြင္း ရထားေျပးဆြဲမႈနဲ႔ သက္ဆိုင္တဲ့ မေတာ္တဆျဖစ္မႈ အခု ၁၀ဝ ေက်ာ္ထဲက တခုသာ ျဖစ္ပါတယ္။

အခုလို ရထားအတိုက္ခံခဲ့ရတဲ့ ကားဟာ ရထားလာစဥ္ ပိတ္ထားတဲ့ ဂိတ္မွာ မေစာင့္ဘဲ ျဖတ္လမ္းကေန ျဖတ္ကူးဖို႔ ႀကိဳးစားရင္း အခုလို အတိုက္ခံခဲ့ရတာ ျဖစ္ၿပီး ကားေမာင္းသူလည္း ေသဆုံးခဲ့တယ္လို႔ အစိုးရ အရာရွိေတြက ေျပာပါတယ္။

ရွိတ္ခူးပူရ အ႐ုဏ္ဦး သတင္းစာကို ရဲေတြ အေျပာအရေတာ့ ကားေပၚမွာ လူ ၂၅-၂၆ ေယာက္ေလာက္ ပါလာၿပီး ေသဆုံးသူေတြအထဲမွာ အမ်ိဳးသမီးေတြနဲ႔ ကေလးေတြလည္း ပါဝင္တယ္လို႔ ဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53291357

တပ်သားသုံးဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း ရသေ့တောင်အမျိုးသမီး ပြောကြား၊ တပ်မတော် ငြင်းဆို

(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တောင်ပိုင်း မူစဲကမ်းပေါ်မှာရှိတဲ့ ဦးဂါကျေးရွာက အမျိုးသမီးတစ်ဦးကို ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်နေ့ညက တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်ကပြောဆို ပေမယ့် တပ်မတော်ကတော့ ဒါဟာ တပ်မတော်အပေါ် ပြည်သူလူထုအထင်အမြင်လွဲမှားစေဖို့ လုပ်ကြံဖန်တီးမှု တရပ်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ တပ်မတော်သား ၃ ဦးရဲ့ အဓမ္မပြုကျင့်တာကို ခံခဲ့ရတယ်လို့ အသက် ၃၆ နှစ်အရွယ် သားသမီး ၄ ယောက်ရဲ့ မိခင်တစ်ဦးဖြစ်သူ ကာယကံရှင်အမျိုးသမီးက RFA ကို ဇူလိုင်လ ၂ ရက်နေ့ က ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ည ၁၁ နာရီအချိန်လောက်မှာ သမီး၊ မြေး၊ အဒေါ်၊ အစ်မ၊ ယောက္ခမတို့နဲ့အတူ အိမ်အောက်ဗုံးခိုကျင်းထဲမှာ ပုန်းအောင်းနေစဉ် တပ်မတော်သား ၄ ဦးက အိမ်ထဲကို ဝင်ရောက်ခဲ့ကြတာလို့ ဆိုပါတယ်။

သေနတ်တွေကို မောင်းတင်ပြီး နေအိမ်အောက်တွေကို ဓာတ်မီးတွေနဲ့ထိုးကြည့်ရာကနေ ကလေးကထငိုတဲ့ အတွက် တပ်မတော်သားတွေက သူတို့ကို ရှာတွေ့သွားတာလို့လည်း ဆိုပါတယ်။

မှတ်ပုံတင်စစ်မယ်လို့အကြောင်းပြပြီးနောက် သူ့ကိုတစ်ဦးတည်း ဘေးအိမ်ကို ခေါ်ထုတ်ပြီး အဓမ္မပြုကျင့်ခဲ့ကြတာလို့ ကာယကံရှင်အမျိုးသမီးက ပြောပါတယ်။

“အသေခံမလား သူတို့ရဲ့ဆန္ဒကို လိုက်လျောမလားဆိုပြီး ကျွန်မကို ပြောတယ်။ ကျွန်မကတော့ သူတို့ပြောတာကို ငြင်းတယ်။ ငြင်းလို့ ထွက်ပြေးရင် သတ်ပစ်မယ်လို့ သေနတ်တွေ ဓားတွေနဲ့ ခြိမ်းခြောက်ပါတယ်။ ကျွန်မက ထွက်ပြေးဖို့ ကြိုးစားခဲ့သေးတယ်။ ထွက်ပြေးဖို့ကြိုးစားတဲ့ခါ ဗမာစစ်သားရှေ့က တစ်ယောက်  နောက်ကတစ်ယောက်က ကျွန်မကို ချုပ်ပြီး လိုက်လျောမလား မလျောဘူးလား ခြိမ်းခြောက်ပြီးတော့ပြောတယ်။ ကျွန်မဘဝကို သူတို့ကို မပေးဆပ်လိုက်ရရင် ကျွန်မအသက်အန္တရာယ် စိုးရိမ်ရတယ်။ ကျွန်မတို့မိသားစု ဆွေမျိုးတွေကို သူတို့သတ်ပစ်မယ်။ အဲဒါကို ငဲ့ညှာပြီးတော့ ကျွန်မဘဝကို ပေးလိုက်ရတယ်။ ပေးအပ်တဲ့အခါ သူတို့ ကျွန်မကို ကြိုက်သလုပ်ကြတယ်။ အဲဒီလို အဓမ္မပြုကျင့်တယ်”

ဒီကိစ္စကို ဘယ်သူ့ကိုမှထုတ်မပြောဖို့နဲ့ မုန့်ဖိုးငွေနှစ်သောင်းကျပ်ယူသွားလို့ပြောပြီး ည ၁ နာရီလောက်မှာ မူလနေရာဖြစ်တဲ့ ဗုံးခိုကျင်းထဲကို ပြန်ပို့ခဲ့ကြတယ်လို့ဆိုပါတယ်။

တပ်မတော်သားတွေက အမေဖြစ်သူကို အဓမ္မပြုကျင့်ခဲ့ကြပြီးနောက် သမီးဖြစ်သူကိုလည်း ထပ်မံပြီး အဓမ္မပြု ကျင့်ဖို့အတွက် ဗုံးခိုကျင်းထဲကနေ အဓမ္မခေါ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သမီးဖြစ်သူဟာ ကလေးမွေးထားတာ ၆ ရက်သာရှိသေးသလို ယောက္ခဖြစ်သူက အဓမ္မပြုကျင့်ဖို့ခေါ်သွားတဲ့ နေရာနောက်ကို လိုက်သွားပြီးနောက်မှာတော့ သမီးဖြစ်သူကို ပြန်လွတ်လာတယ်လို့ သူကဆက်ပြောပါတယ်။

“ကျွန်မသမီးကိုလည်း လာခေါ်တယ်။ သမီးခမျာ ငိုယိုလို့ မသွားလိုဘူး။ မသွားလိုတဲ့အတွက် သူတို့ကသေနတ်တွေကို မောင်းတင်ပြီးတော့ ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်လိုက်တယ်။ အကုန်လုံးကို သတ်ပစ်မယ် အဲဒီလိုပြောတယ်။ ကျွန်မသမီးလည်း ငိုယိုပြီးတော့ သူတို့အဓမ္မခေါ်တဲ့အခါ သွားလိုက်ရတယ်။  ကျွန်မသမီးမှာ ကလေးမွေးဖွားထားတာ ခြောက်ရက်ပဲ ရှိသေးတယ်။ သူ့ကိုဘယ်လို တားဆီးရမလဲဆိုတာကို ကျွန်မ အမျိုးမျိုးစဉ်းစားတယ်။ သမီးနောက်ကိုလည်း သူတို့ကမလိုက်စေရဘူး။ ကျွန်မယောကျာ်းရဲ့ အစ်မဖြစ်သူကို သမီးလေးကို ကျွန်မလိုမဖြစ်စေချင်ဘူး၊ ကျွန်မကတော့ကြုံခဲ့ရပြီလို့ ပြောပြတယ်။  အဲဒီလိုပြောနေတုန်း ကျွန်မ ယောက္ခမကနောက်ကနေလိုက်သွားတယ်။ ကျွန်မသမီးကိုလည်း သူတို့က လိုက်လျောခိုင်းတယ်။ ကျွန်မသမီးက ငိုလို့ယိုလို့။ ကျွန်မသမီးဆီကို ကျွန်မယောက္ခမက ရောက်သွားတော့ သူ့ကိုပြန်လွှတ်လိုက်တယ်။ သူတို့ ကျွန်မသမီးကို အဓမ္မမပြုကျင့်ခဲ့ရဘူး။ ကြံစည်ခဲ့ကြတာပေါ့”

သူမရဲ့အမျိုးသားကတော့ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကပင် ထိုင်းနိုင်ငံဘက်ကို အလုပ်သွားရောက်လုပ်ကိုင် နေတယ်လို့ဆိုပါတယ်။ တပ်မတော်သားတွေက ထပ်မံပြီး သမီးဖြစ်သူကို အကြိမ်ကြိမ်လာရောက်ခေါ်ထုတ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ သမီးဖြစ်သူဟာ အဓမ္မပြုကျင့်ခံရတဲ့ အခြေအနေက လွတ်မြောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီတပ်မတော်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းက ကံပြင်ကျေးရွာဘက်ကနေ ဦးဂါရွာထဲ ကို သေနတ်တွေပစ်ခတ်ပြီးတော့ ဝင်ရောက်လာခဲ့ကြတာလို့ ဒေသခံကျေးရွာသားတွေကပြောပါတယ်။

တပ်မတော်စစ်ကြောင်းတွေဟာ အေအေအဖွဲ့နဲ့ပတ်သက်လို့ သံသယနဲ့ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးလေ့ရှိတာကြောင့် တပ်မတော်စစ်ကြောင်းရွာထဲကိုမရောက်ခင် နာရီဝက်လောက်အလိုမှာ အမျိုးသားတွေအပါအဝင် ကျေးရွာသားအများအပြားဟာ အခြားနီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတယ်လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

အဓမ္မပြုကျင့်ခံရသူရဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိတ်ဆွေရင်းတစ်ဦးက ရက်သားအရွယ် ကလေးငယ်ကြောင့် သူတို့ကို အတူမခေါ်နိုင်ဘဲ ထားခဲ့ရာမှာ အခုလိုကြုံတွေ့ခဲ့ရတာလို့ ပြောပါတယ်။

“ ညနေ ၅ နာရီကျော်လောက်မှာ ကျွန်တော်တို့ရွာနဲ့အနီးမှာရှိတဲ့ ကန်ပြင်ရွာကနေ သူတို့တက်လာ တယ်။ သူတို့တက်လာတော့ ကျွန်တော်တို့လည်း တစ်ခြားရွာတွေကိုရှောင်ပြေးလာတာပေါ့။ ကျွန်တော်ကလည်း သူ့မှာ မိသားစုလည်းရှိတယ်။ မွေးထားတဲ့ကလေးကလည်း ရက်ပိုင်းပဲရှိသေးတယ်ဆိုတော့ တခြားရွာတွေကို  ရွှေ့ဖို့ပြောင်းဖို့ကလည်း ခက်ခဲတယ်။ ဒီမှာနေလည်း လုံခြုံတယ်ဆိုပြီးထားခဲ့တယ်။ ကျွန်တို့ယောကျာ်းတွေက သူတို့ဆီမှာ အမြင်ခံလို့မရဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့လည်း ရှောင်လာရတာပါ”

တပ်မတော်စစ်ကြောင်းဟာ မနေ့က ဇူလိုင်လ ၁ ရက်နေ့ ညနေ ၆ နာရီကျော်လောက်မှာ ရွာထဲကနေ ပြန်လည် ထွက်ခွာသွားကြတယ်လို့သိရပါတယ်။

အဲဒီလိုမထွက်ခွာခင်မှာ ရွာမှာရှိတဲ့ သက်ကြီးပိုင်းအရွယ်အမျိုးသား သုံးဦးကိုခေါ်ယူပြီး ရွာထဲမှာ မတော်မတရား လုပ်ခဲ့တာ ရှိသလားလို့ ဗီဒီယိုမှတ်တမ်းနဲ့မေးမြန်းခဲ့ရာမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေဖြစ်လို့ မရှိဘူးလို့ဖြေကြားခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

“မောင်မွှေးအောင်၊ ရွှေစန်အောင်၊ ကာချေမောင် အသက်ကြီးပိုင်း သုံးယောက်ကို ညနေ ၄ နာရီ လောက် မှာ ဘုန်းကြီးကျောင်းကိုခေါ်သွားတယ်။ ဗိုလ်ကြီးတစ်ယောက်က မေးတယ်တဲ့။ ရွာမှာ တညအိမ်ခဲ့တာ ဘာအပြစ်တွေရှိလည်းလို့ သူတို့လည်းကြောက်လို့ မရှိဘူးလို့ပြောတာပေါ့။ ရွှေ၊ ငွေ ရတနာတွေ၊ ကြက်ငှက်တွေ ကို ခိုးယူတာတွေရှိလား ဆိုလည်း မရှိဘူးလို့ဖြေလိုက်တာပေါ့။ နောက် အဓမ္မပြုကျင့်တာတွေရှိလား ဆိုပြီးတော့ မေးတယ်။ မရှိဘူးလို့ ပြောလိုက်တယ်။ အဲဒါကို ဗွီဒီယိုရိုက်လို့ မေးတာပါ”

အခုလို တပ်မတော်သားတွေက အဓမ္မပြုကျင့်ခံရတဲ့ကိစ္စအပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာသံရုံးအချို့ကို အသိပေးတိုင်ကြားထားသလို သက်သေအထောက်အထားအနေနဲ့ သုတ်သွေးတွေပေကျံနေတဲ့ လုံချည်ကိုပါ သိမ်းဆည်းထားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

လက်ရှိမှာ အဲဒီအမျိုးသမီးကို လုံခြုံတဲ့နေရာတစ်ခုမှာစောင့်ရှောက်ထားတယ်လို့ အကူအညီပေးသူအချို့က ပြောဆိုပြီး သူ့ရဲ့လုံခြုံရေးအရဆိုပြီးတော့ အသေးစိတ်အခြေအနေကို ထုတ်ဖော်ပြောဖို့ ငြင်းဆိုကြပါတယ်။

ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းကို RFA ကမနေ့ညနေက ဆက်သွယ်မေးမြန်းခဲ့ရာမှာလည်း ဒီကိစ္စနဲ့ပတ်သက်လို့ သူ့အနေနဲ့ မသိသေးဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကတော့ အဲဒီမနက် ဦးဂါရွာအနီးကို တပ်မတော်စစ်ကြောင်းသွားရောက်ခဲ့ပေမယ့် ညနေပိုင်းမှာ ပြန်ထွက်သွားတာကြောင့် ဒီစွပ်စွဲချက်ဟာ မဖြစ်နိုင်ဘူးလို့ပြောပါတယ်။

“အဲဒါတော့ မဖြစ်လောက်ပါဘူး။ အဲဒီနေ့မနက်ကတပ်က အဲဒီရွာကို ရှင်းလင်းခြင်းလုပ်ပြီးတော့ တောင်ကုန်း ထက်ကိုပဲတက်လာတယ်။ အဲဒီရွာရဲ့အရှေ့ဘက်မှာတောင်ကုန်းရှိတယ် အဲဒီမှာ အေအေရှိတယ်လို့ သတင်းရလို့ အဲဒီကို သွားကြတယ်။ အဲတော့ ညဘက်မှာ အဲဒီရွာနားမှာတပ်မရှိဘူး။ အဲဒီရွာမှာ တပ်မရှိတာကို လုပ်ကြံပြီးတော့ ရေးနေကြတာပေါ့။ အဲဒါကို သူက တရားဝင်တရားစွဲရမယ်။ လုပ်ရမယ့်လုပ်ထုံးလုပ်နည်းက သူကအမှုဖွင့်ရမယ်။ သူကအမှုဖွင့်တာမလုပ်ဘဲနဲ့သူက သွားပုပ်လေလွင့်ပြောသလိုဖြစ်နေတာလေ။ အဲတော့သူကအမှုဖွင့်လာရင် ဆေးမှတ်ချက်တွေယူပြီးတော့ မှန်ရင်လည်းမှန်တဲ့အတိုင်း လာရမယ်။ အခုကသူကအဲလိုလုပ်တာမရှိဘူး။ သူ့ဘက်က ပွင့်လင်းမှု၊ တရားဝင်လုပ်မှုမရှိဘူးလေ။ ဘယ်သူပဲဖြစ်ဖြစ် မုဒိမ်းကျင့်ခံရတယ်ဆိုရင် အကျင့်ခံရတဲ့သူက ရဲစခန်းမှာတိုင်ကြားနိုင်တယ်။ တိုင်ကြားရင် ရဲစခန်းမှာ အမှုဖွင့်ပြီးတော့ စစ်ဆေးမယ်။ ဒါမျိုးပဲသွားရမှာလေ။ အခုဒီကိစ္စစိစစ်လိုက်တော့ တပ်ကလည်းအဲဒီမှာမရှိဘူး။ အဲဒီနေ့ညက တပ်က အဲဒီမှာအိပ်တာမရှိဘူး။ တပ်က တောင်ကုန်းပေါ် တက်သွားတာ”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်က အသေးစိတ်စုံစမ်းခဲ့ရာမှာ ဒီဖြစ်စဉ်မျိုးဖြစ်ပွားတာမရှိဘူးလို့ RFA ကို မနေ့ညနေက ပြောဆိုခဲ့ပါ တယ်။

“ရသေ့တောင်ကိစ္စက နယ်မြေမှာ လုံခြုံရေးစစ်ဆေးမှုတွေ စတင်ဆောင်ရွက်တိုင်း အဲဒီဘက်သတင်းဌာနတွေက အမြဲတမ်းဖွနေတဲ့ဟာတွေ ဖြစ်တယ်။ အမြဲတမ်းဖွနေတဲ့အတွက်ကြောင့် ပုံကြီးချဲ့ပြီးတော့မှ လူတွေ ထွက်ပြေးတဲ့ ပုံစံမျိုးပေါ့နော်။ တချို့တိမ်းရှောင်တဲ့လူတွေမရှိမဟုတ်ဘူး ရှိတယ်။ ဒါကိုပုံကြီးချဲ့ပြီးတော့ လုပ်နေတာရှိတယ်။ ဒါကိုအရှိန်မြှင့်ပြီးတော့မှ အခုအချိန်မှာ မုဒိမ်းလို ဥစ္စာမျိုးပေါ့ဗျာ အဓမ္မပြုကျင့်တယ်ဆိုတဲ့ ပုံစံမျိုးအထိ စွပ်စွဲလာတာဖြစ်တယ်။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့အနေနဲ့ ရွာတွေကို နောက်ပိုင်းမှာ လုံခြုံရေးအရ စစ်ဆေးမှုလုပ်တဲ့အခါမှာ စစ်ဆေးမှုအထောက်အထားတွေ၊ သက်သေတွေယူပြီးတော့ ဆောင်ရွက်လေ့ရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က ပြန်လည်ပြီးတော့မှ မနက်ကတည်းက ဒီသတင်းဖြစ်နေတာကို သိတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီးတော့မှ မြေပြင်မှာ သေချာစုံစမ်းစစ်ဆေးတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီလိုမျိုးကိစ္စတွေကို ခွင့်လွှတ်ရိုးထုံးစံမရှိဘူး မှန်ခဲ့ရင်။ ဒါကြောင့်မို့လို့ ဒီကိစ္စ စုံစမ်းစစ်ဆေးပါတယ်။ ဖြစ်စဉ်မမှန်ကြောင်းအတည်ပြုနိုင်တော့မှ ကျွန်တော်တို့ကထုတ်ပြန်တာဖြစ်ပါတယ်”

တပ်မတော်သားတွေက ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ သတင်းဟာ ဒေသတွင်းမှာ အတော်များများ ပျံ့နှံ့နေတာကြောင့် ဒီဖြစ်စဉ်အမှန်တကယ် ဖြစ်ပွားခြင်းရှိ၊ မရှိဆိုတာကို သီးခြားစုံစမ်းလေ့လာမှုတွေ လုပ်ဖို့ လိုနေတယ်လို့လည်း လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

၂ဝ၁၈ ခုနှစ် သြဂုတ်လက ထုတ်ပြန်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အစီအရင်ခံစာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် တပ်မတော်သားတွေအနေနဲ့  မူဆလင်ရိုဟင်ဂျာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အဓမ္မပြုကျင့်မှုတွေ ရှိကြောင်း ဖော်ပြထားသလို လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး HRW ကလည်း ထွက်ပြေးလာသူ အမျိုးသမီးတွေကို တွေ့ဆုံမေးမြန်းပြီး ၂ဝ၁၇ နိုဝင်ဘာလက အစီအရင်ခံစာတွေ ထုတ်ပြန်ခဲ့ဖူးပါတယ်။

RFA Burmese
----------------------------------

(Zawgyi)⤵⤵⤵
တပ္သားသုံးဦးက အဓမၼျပဳက်င့္ခဲ့ေၾကာင္း ရေသ့ေတာင္အမ်ိဳးသမီး ေျပာၾကား၊ တပ္မေတာ္ ျငင္းဆို

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ေတာင္ပိုင္း မူစဲကမ္းေပၚမွာရွိတဲ့ ဦးဂါေက်း႐ြာက အမ်ိဳးသမီးတစ္ဦးကို ၿပီးခဲ့တဲ့ဇြန္လ ၃၀ ရက္ေန႔ညက တပ္မေတာ္သား ၃ ဦးက အဓမၼျပဳက်င့္ခဲ့တယ္လို႔ ကာယကံရွင္ကေျပာဆို ေပမယ့္ တပ္မေတာ္ကေတာ့ ဒါဟာ တပ္မေတာ္အေပၚ ျပည္သူလူထုအထင္အျမင္လြဲမွားေစဖို႔ လုပ္ႀကံဖန္တီးမႈ တရပ္သာျဖစ္တယ္လို႔ တုံ႔ျပန္ပါတယ္။

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ဦးဂါေက်း႐ြာမွာ တပ္မေတာ္သား ၃ ဦးရဲ႕ အဓမၼျပဳက်င့္တာကို ခံခဲ့ရတယ္လို႔ အသက္ ၃၆ ႏွစ္အ႐ြယ္ သားသမီး ၄ ေယာက္ရဲ႕ မိခင္တစ္ဦးျဖစ္သူ ကာယကံရွင္အမ်ိဳးသမီးက RFA ကို ဇူလိုင္လ ၂ ရက္ေန႔ က ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၃၀ ရက္ေန႔ည ၁၁ နာရီအခ်ိန္ေလာက္မွာ သမီး၊ ေျမး၊ အေဒၚ၊ အစ္မ၊ ေယာကၡမတို႔နဲ႔အတူ အိမ္ေအာက္ဗုံးခိုက်င္းထဲမွာ ပုန္းေအာင္းေနစဥ္ တပ္မေတာ္သား ၄ ဦးက အိမ္ထဲကို ဝင္ေရာက္ခဲ့ၾကတာလို႔ ဆိုပါတယ္။

ေသနတ္ေတြကို ေမာင္းတင္ၿပီး ေနအိမ္ေအာက္ေတြကို ဓာတ္မီးေတြနဲ႔ထိုးၾကည့္ရာကေန ကေလးကထငိုတဲ့ အတြက္ တပ္မေတာ္သားေတြက သူတို႔ကို ရွာေတြ႕သြားတာလို႔လည္း ဆိုပါတယ္။

မွတ္ပုံတင္စစ္မယ္လို႔အေၾကာင္းျပၿပီးေနာက္ သူ႔ကိုတစ္ဦးတည္း ေဘးအိမ္ကို ေခၚထုတ္ၿပီး အဓမၼျပဳက်င့္ခဲ့ၾကတာလို႔ ကာယကံရွင္အမ်ိဳးသမီးက ေျပာပါတယ္။

“အေသခံမလား သူတို႔ရဲ႕ဆႏၵကို လိုက္ေလ်ာမလားဆိုၿပီး ကြၽန္မကို ေျပာတယ္။ ကြၽန္မကေတာ့ သူတို႔ေျပာတာကို ျငင္းတယ္။ ျငင္းလို႔ ထြက္ေျပးရင္ သတ္ပစ္မယ္လို႔ ေသနတ္ေတြ ဓားေတြနဲ႔ ၿခိမ္းေျခာက္ပါတယ္။ ကြၽန္မက ထြက္ေျပးဖို႔ ႀကိဳးစားခဲ့ေသးတယ္။ ထြက္ေျပးဖို႔ႀကိဳးစားတဲ့ခါ ဗမာစစ္သားေရွ႕က တစ္ေယာက္  ေနာက္ကတစ္ေယာက္က ကြၽန္မကို ခ်ဳပ္ၿပီး လိုက္ေလ်ာမလား မေလ်ာဘူးလား ၿခိမ္းေျခာက္ၿပီးေတာ့ေျပာတယ္။ ကြၽန္မဘဝကို သူတို႔ကို မေပးဆပ္လိုက္ရရင္ ကြၽန္မအသက္အႏၲရာယ္ စိုးရိမ္ရတယ္။ ကြၽန္မတို႔မိသားစု ေဆြမ်ိဳးေတြကို သူတို႔သတ္ပစ္မယ္။ အဲဒါကို ငဲ့ညႇာၿပီးေတာ့ ကြၽန္မဘဝကို ေပးလိုက္ရတယ္။ ေပးအပ္တဲ့အခါ သူတို႔ ကြၽန္မကို ႀကိဳက္သလုပ္ၾကတယ္။ အဲဒီလို အဓမၼျပဳက်င့္တယ္”

ဒီကိစၥကို ဘယ္သူ႔ကိုမွထုတ္မေျပာဖို႔နဲ႔ မုန႔္ဖိုးေငြႏွစ္ေသာင္းက်ပ္ယူသြားလို႔ေျပာၿပီး ည ၁ နာရီေလာက္မွာ မူလေနရာျဖစ္တဲ့ ဗုံးခိုက်င္းထဲကို ျပန္ပို႔ခဲ့ၾကတယ္လို႔ဆိုပါတယ္။

တပ္မေတာ္သားေတြက အေမျဖစ္သူကို အဓမၼျပဳက်င့္ခဲ့ၾကၿပီးေနာက္ သမီးျဖစ္သူကိုလည္း ထပ္မံၿပီး အဓမၼျပဳ က်င့္ဖို႔အတြက္ ဗုံးခိုက်င္းထဲကေန အဓမၼေခၚေဆာင္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

သမီးျဖစ္သူဟာ ကေလးေမြးထားတာ ၆ ရက္သာရွိေသးသလို ေယာကၡျဖစ္သူက အဓမၼျပဳက်င့္ဖို႔ေခၚသြားတဲ့ ေနရာေနာက္ကို လိုက္သြားၿပီးေနာက္မွာေတာ့ သမီးျဖစ္သူကို ျပန္လြတ္လာတယ္လို႔ သူကဆက္ေျပာပါတယ္။

“ကြၽန္မသမီးကိုလည္း လာေခၚတယ္။ သမီးခမ်ာ ငိုယိုလို႔ မသြားလိုဘူး။ မသြားလိုတဲ့အတြက္ သူတို႔ကေသနတ္ေတြကို ေမာင္းတင္ၿပီးေတာ့ ပစ္သတ္မယ္ဆိုၿပီး ၿခိမ္းေျခာက္လိုက္တယ္။ အကုန္လုံးကို သတ္ပစ္မယ္ အဲဒီလိုေျပာတယ္။ ကြၽန္မသမီးလည္း ငိုယိုၿပီးေတာ့ သူတို႔အဓမၼေခၚတဲ့အခါ သြားလိုက္ရတယ္။  ကြၽန္မသမီးမွာ ကေလးေမြးဖြားထားတာ ေျခာက္ရက္ပဲ ရွိေသးတယ္။ သူ႔ကိုဘယ္လို တားဆီးရမလဲဆိုတာကို ကြၽန္မ အမ်ိဳးမ်ိဳးစဥ္းစားတယ္။ သမီးေနာက္ကိုလည္း သူတို႔ကမလိုက္ေစရဘူး။ ကြၽန္မေယာက်ာ္းရဲ႕ အစ္မျဖစ္သူကို သမီးေလးကို ကြၽန္မလိုမျဖစ္ေစခ်င္ဘူး၊ ကြၽန္မကေတာ့ႀကဳံခဲ့ရၿပီလို႔ ေျပာျပတယ္။  အဲဒီလိုေျပာေနတုန္း ကြၽန္မ ေယာကၡမကေနာက္ကေနလိုက္သြားတယ္။ ကြၽန္မသမီးကိုလည္း သူတို႔က လိုက္ေလ်ာခိုင္းတယ္။ ကြၽန္မသမီးက ငိုလို႔ယိုလို႔။ ကြၽန္မသမီးဆီကို ကြၽန္မေယာကၡမက ေရာက္သြားေတာ့ သူ႔ကိုျပန္လႊတ္လိုက္တယ္။ သူတို႔ ကြၽန္မသမီးကို အဓမၼမျပဳက်င့္ခဲ့ရဘူး။ ႀကံစည္ခဲ့ၾကတာေပါ့”

သူမရဲ႕အမ်ိဳးသားကေတာ့ လြန္ခဲ့တဲ့ ၆ ႏွစ္ေလာက္ကပင္ ထိုင္းႏိုင္ငံဘက္ကို အလုပ္သြားေရာက္လုပ္ကိုင္ ေနတယ္လို႔ဆိုပါတယ္။ တပ္မေတာ္သားေတြက ထပ္မံၿပီး သမီးျဖစ္သူကို အႀကိမ္ႀကိမ္လာေရာက္ေခၚထုတ္ခဲ့ၾကေပမယ့္ ေနာက္ပိုင္းမွာေတာ့ သမီးျဖစ္သူဟာ အဓမၼျပဳက်င့္ခံရတဲ့ အေျခအေနက လြတ္ေျမာက္ခဲ့ရတယ္လို႔ ဆိုပါတယ္။

အဲဒီတပ္မေတာ္စစ္ေၾကာင္းဟာ ၿပီးခဲ့တဲ့ဇြန္လ ၃၀ ရက္ေန႔ ညေနပိုင္းက ကံျပင္ေက်း႐ြာဘက္ကေန ဦးဂါ႐ြာထဲ ကို ေသနတ္ေတြပစ္ခတ္ၿပီးေတာ့ ဝင္ေရာက္လာခဲ့ၾကတာလို႔ ေဒသခံေက်း႐ြာသားေတြကေျပာပါတယ္။

တပ္မေတာ္စစ္ေၾကာင္းေတြဟာ ေအေအအဖြဲ႕နဲ႔ပတ္သက္လို႔ သံသယနဲ႔ ေဒသခံေတြကို ဖမ္းဆီးစစ္ေဆးေလ့ရွိတာေၾကာင့္ တပ္မေတာ္စစ္ေၾကာင္း႐ြာထဲကိုမေရာက္ခင္ နာရီဝက္ေလာက္အလိုမွာ အမ်ိဳးသားေတြအပါအဝင္ ေက်း႐ြာသားအမ်ားအျပားဟာ အျခားနီးစပ္ရာေက်း႐ြာေတြကို ထြက္ေျပးတိမ္းေရွာင္သြားခဲ့ၾကတယ္လို႔ ေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။

အဓမၼျပဳက်င့္ခံရသူရဲ႕ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ မိတ္ေဆြရင္းတစ္ဦးက ရက္သားအ႐ြယ္ ကေလးငယ္ေၾကာင့္ သူတို႔ကို အတူမေခၚႏိုင္ဘဲ ထားခဲ့ရာမွာ အခုလိုႀကဳံေတြ႕ခဲ့ရတာလို႔ ေျပာပါတယ္။

“ ညေန ၅ နာရီေက်ာ္ေလာက္မွာ ကြၽန္ေတာ္တို႔႐ြာနဲ႔အနီးမွာရွိတဲ့ ကန္ျပင္႐ြာကေန သူတို႔တက္လာ တယ္။ သူတို႔တက္လာေတာ့ ကြၽန္ေတာ္တို႔လည္း တစ္ျခား႐ြာေတြကိုေရွာင္ေျပးလာတာေပါ့။ ကြၽန္ေတာ္ကလည္း သူ႔မွာ မိသားစုလည္းရွိတယ္။ ေမြးထားတဲ့ကေလးကလည္း ရက္ပိုင္းပဲရွိေသးတယ္ဆိုေတာ့ တျခား႐ြာေတြကို  ေ႐ႊ႕ဖို႔ေျပာင္းဖို႔ကလည္း ခက္ခဲတယ္။ ဒီမွာေနလည္း လုံၿခဳံတယ္ဆိုၿပီးထားခဲ့တယ္။ ကြၽန္တို႔ေယာက်ာ္းေတြက သူတို႔ဆီမွာ အျမင္ခံလို႔မရဘူးေလ။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔လည္း ေရွာင္လာရတာပါ”

တပ္မေတာ္စစ္ေၾကာင္းဟာ မေန႔က ဇူလိုင္လ ၁ ရက္ေန႔ ညေန ၆ နာရီေက်ာ္ေလာက္မွာ ႐ြာထဲကေန ျပန္လည္ ထြက္ခြာသြားၾကတယ္လို႔သိရပါတယ္။

အဲဒီလိုမထြက္ခြာခင္မွာ ႐ြာမွာရွိတဲ့ သက္ႀကီးပိုင္းအ႐ြယ္အမ်ိဳးသား သုံးဦးကိုေခၚယူၿပီး ႐ြာထဲမွာ မေတာ္မတရား လုပ္ခဲ့တာ ရွိသလားလို႔ ဗီဒီယိုမွတ္တမ္းနဲ႔ေမးျမန္းခဲ့ရာမွာ အသက္အႏၲရာယ္စိုးရိမ္ရတဲ့အေျခအေနျဖစ္လို႔ မရွိဘူးလို႔ေျဖၾကားခဲ့ရတယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေက်း႐ြာသားတစ္ဦးကေျပာပါတယ္။

“ေမာင္ေမႊးေအာင္၊ ေ႐ႊစန္ေအာင္၊ ကာေခ်ေမာင္ အသက္ႀကီးပိုင္း သုံးေယာက္ကို ညေန ၄ နာရီ ေလာက္ မွာ ဘုန္းႀကီးေက်ာင္းကိုေခၚသြားတယ္။ ဗိုလ္ႀကီးတစ္ေယာက္က ေမးတယ္တဲ့။ ႐ြာမွာ တညအိမ္ခဲ့တာ ဘာအျပစ္ေတြရွိလည္းလို႔ သူတို႔လည္းေၾကာက္လို႔ မရွိဘူးလို႔ေျပာတာေပါ့။ ေ႐ႊ၊ ေငြ ရတနာေတြ၊ ၾကက္ငွက္ေတြ ကို ခိုးယူတာေတြရွိလား ဆိုလည္း မရွိဘူးလို႔ေျဖလိုက္တာေပါ့။ ေနာက္ အဓမၼျပဳက်င့္တာေတြရွိလား ဆိုၿပီးေတာ့ ေမးတယ္။ မရွိဘူးလို႔ ေျပာလိုက္တယ္။ အဲဒါကို ဗြီဒီယို႐ိုက္လို႔ ေမးတာပါ”

အခုလို တပ္မေတာ္သားေတြက အဓမၼျပဳက်င့္ခံရတဲ့ကိစၥအေပၚ ကုလသမဂၢနဲ႔ ႏိုင္ငံတကာသံ႐ုံးအခ်ိဳ႕ကို အသိေပးတိုင္ၾကားထားသလို သက္ေသအေထာက္အထားအေနနဲ႔ သုတ္ေသြးေတြေပက်ံေနတဲ့ လုံခ်ည္ကိုပါ သိမ္းဆည္းထားတယ္လို႔ ေဒသခံတစ္ဦးက RFA ကိုေျပာပါတယ္။

လက္ရွိမွာ အဲဒီအမ်ိဳးသမီးကို လုံၿခဳံတဲ့ေနရာတစ္ခုမွာေစာင့္ေရွာက္ထားတယ္လို႔ အကူအညီေပးသူအခ်ိဳ႕က ေျပာဆိုၿပီး သူ႔ရဲ႕လုံၿခဳံေရးအရဆိုၿပီးေတာ့ အေသးစိတ္အေျခအေနကို ထုတ္ေဖာ္ေျပာဖို႔ ျငင္းဆိုၾကပါတယ္။

ရန္ကုန္ၿမိဳ႕အေျခစိုက္ ကုလသမဂၢ႐ုံး ျပန္ၾကားေရးအရာရွိ ဦးေအးဝင္းကို RFA ကမေန႔ညေနက ဆက္သြယ္ေမးျမန္းခဲ့ရာမွာလည္း ဒီကိစၥနဲ႔ပတ္သက္လို႔ သူ႔အေနနဲ႔ မသိေသးဘူးလို႔ တုံ႔ျပန္ခဲ့ပါတယ္။

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ လုံၿခဳံေရးနဲ႔နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန္းကေတာ့ အဲဒီမနက္ ဦးဂါ႐ြာအနီးကို တပ္မေတာ္စစ္ေၾကာင္းသြားေရာက္ခဲ့ေပမယ့္ ညေနပိုင္းမွာ ျပန္ထြက္သြားတာေၾကာင့္ ဒီစြပ္စြဲခ်က္ဟာ မျဖစ္ႏိုင္ဘူးလို႔ေျပာပါတယ္။

“အဲဒါေတာ့ မျဖစ္ေလာက္ပါဘူး။ အဲဒီေန႔မနက္ကတပ္က အဲဒီ႐ြာကို ရွင္းလင္းျခင္းလုပ္ၿပီးေတာ့ ေတာင္ကုန္း ထက္ကိုပဲတက္လာတယ္။ အဲဒီ႐ြာရဲ႕အေရွ႕ဘက္မွာေတာင္ကုန္းရွိတယ္ အဲဒီမွာ ေအေအရွိတယ္လို႔ သတင္းရလို႔ အဲဒီကို သြားၾကတယ္။ အဲေတာ့ ညဘက္မွာ အဲဒီ႐ြာနားမွာတပ္မရွိဘူး။ အဲဒီ႐ြာမွာ တပ္မရွိတာကို လုပ္ႀကံၿပီးေတာ့ ေရးေနၾကတာေပါ့။ အဲဒါကို သူက တရားဝင္တရားစြဲရမယ္။ လုပ္ရမယ့္လုပ္ထုံးလုပ္နည္းက သူကအမႈဖြင့္ရမယ္။ သူကအမႈဖြင့္တာမလုပ္ဘဲနဲ႔သူက သြားပုပ္ေလလြင့္ေျပာသလိုျဖစ္ေနတာေလ။ အဲေတာ့သူကအမႈဖြင့္လာရင္ ေဆးမွတ္ခ်က္ေတြယူၿပီးေတာ့ မွန္ရင္လည္းမွန္တဲ့အတိုင္း လာရမယ္။ အခုကသူကအဲလိုလုပ္တာမရွိဘူး။ သူ႔ဘက္က ပြင့္လင္းမႈ၊ တရားဝင္လုပ္မႈမရွိဘူးေလ။ ဘယ္သူပဲျဖစ္ျဖစ္ မုဒိမ္းက်င့္ခံရတယ္ဆိုရင္ အက်င့္ခံရတဲ့သူက ရဲစခန္းမွာတိုင္ၾကားႏိုင္တယ္။ တိုင္ၾကားရင္ ရဲစခန္းမွာ အမႈဖြင့္ၿပီးေတာ့ စစ္ေဆးမယ္။ ဒါမ်ိဳးပဲသြားရမွာေလ။ အခုဒီကိစၥစိစစ္လိုက္ေတာ့ တပ္ကလည္းအဲဒီမွာမရွိဘူး။ အဲဒီေန႔ညက တပ္က အဲဒီမွာအိပ္တာမရွိဘူး။ တပ္က ေတာင္ကုန္းေပၚ တက္သြားတာ”

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကလည္း ဒီကိစၥနဲ႔ပတ္သက္လို႔ တပ္မေတာ္က အေသးစိတ္စုံစမ္းခဲ့ရာမွာ ဒီျဖစ္စဥ္မ်ိဳးျဖစ္ပြားတာမရွိဘူးလို႔ RFA ကို မေန႔ညေနက ေျပာဆိုခဲ့ပါ တယ္။

“ရေသ့ေတာင္ကိစၥက နယ္ေျမမွာ လုံၿခဳံေရးစစ္ေဆးမႈေတြ စတင္ေဆာင္႐ြက္တိုင္း အဲဒီဘက္သတင္းဌာနေတြက အၿမဲတမ္းဖြေနတဲ့ဟာေတြ ျဖစ္တယ္။ အၿမဲတမ္းဖြေနတဲ့အတြက္ေၾကာင့္ ပုံႀကီးခ်ဲ႕ၿပီးေတာ့မွ လူေတြ ထြက္ေျပးတဲ့ ပုံစံမ်ိဳးေပါ့ေနာ္။ တခ်ိဳ႕တိမ္းေရွာင္တဲ့လူေတြမရွိမဟုတ္ဘူး ရွိတယ္။ ဒါကိုပုံႀကီးခ်ဲ႕ၿပီးေတာ့ လုပ္ေနတာရွိတယ္။ ဒါကိိုအရွိန္ျမႇင့္ၿပီးေတာ့မွ အခုအခ်ိန္မွာ မုဒိမ္းလို ဥစၥာမ်ိဳးေပါ့ဗ်ာ အဓမၼျပဳက်င့္တယ္ဆိုတဲ့ ပုံစံမ်ိဳးအထိ စြပ္စြဲလာတာျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔လည္း ကြၽန္ေတာ္တို႔အေနနဲ႔ ႐ြာေတြကို ေနာက္ပိုင္းမွာ လုံၿခဳံေရးအရ စစ္ေဆးမႈလုပ္တဲ့အခါမွာ စစ္ေဆးမႈအေထာက္အထားေတြ၊ သက္ေသေတြယူၿပီးေတာ့ ေဆာင္႐ြက္ေလ့ရွိတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔က ျပန္လည္ၿပီးေတာ့မွ မနက္ကတည္းက ဒီသတင္းျဖစ္ေနတာကို သိတယ္။ ဒီသတင္းနဲ႔ပတ္သက္ၿပီးေတာ့မွ ေျမျပင္မွာ ေသခ်ာစုံစမ္းစစ္ေဆးတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ ဒီလိုမ်ိဳးကိစၥေတြကို ခြင့္လႊတ္႐ိုးထုံးစံမရွိဘူး မွန္ခဲ့ရင္။ ဒါေၾကာင့္မို႔လို႔ ဒီကိစၥ စုံစမ္းစစ္ေဆးပါတယ္။ ျဖစ္စဥ္မမွန္ေၾကာင္းအတည္ျပဳႏိုင္ေတာ့မွ ကြၽန္ေတာ္တို႔ကထုတ္ျပန္တာျဖစ္ပါတယ္”

တပ္မေတာ္သားေတြက ျပစ္မႈက်ဴးလြန္ခဲ့တယ္ဆိုတဲ့ သတင္းဟာ ေဒသတြင္းမွာ အေတာ္မ်ားမ်ား ပ်ံ႕ႏွံ႔ေနတာေၾကာင့္ ဒီျဖစ္စဥ္အမွန္တကယ္ ျဖစ္ပြားျခင္းရွိ၊ မရွိဆိုတာကို သီးျခားစုံစမ္းေလ့လာမႈေတြ လုပ္ဖို႔ လိုေနတယ္လို႔လည္း ေလ့လာသူေတြက သုံးသပ္ေနၾကပါတယ္။

၂ဝ၁၈ ခုႏွစ္ ၾသဂုတ္လက ထုတ္ျပန္ခဲ့တဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အစီအရင္ခံစာမွာ ရခိုင္ျပည္နယ္ေျမာက္ပိုင္း နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္စဥ္ တပ္မေတာ္သားေတြအေနနဲ႔  မူဆလင္႐ိုဟင္ဂ်ာ အမ်ိဳးသမီးေတြအေပၚ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ၊ အဓမၼျပဳက်င့္မႈေတြ ရွိေၾကာင္း ေဖာ္ျပထားသလို လူ႔အခြင့္အေရးေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ႀကီး HRW ကလည္း ထြက္ေျပးလာသူ အမ်ိဳးသမီးေတြကို ေတြ႕ဆုံေမးျမန္းၿပီး ၂ဝ၁၇ ႏိုဝင္ဘာလက အစီအရင္ခံစာေတြ ထုတ္ျပန္ခဲ့ဖူးပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/rakhine-rathedaung-woman-army-rape-07032020164747.html
အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ