YBS ယာဉ်မောင်းရဲ့ မဆင်မခြင်မောင်းခဲ့လို့ အငှားယာဉ်ပေါ်ပါ သုံးဦးသေဆုံး

ရန်ကုန်မြို့ ဆင်မလိုက်အနီးမှာ ၂၀၂၀ ဇွန် ၂ ရက်နေ့က YBS နဲ့ အငှားယာဉ်တစ်စီး တိုက်မိပြီး သေဆုံးသွားခဲ့တဲ့ ခရီးသည်နှစ်ဦးရဲ့ နာရေးကို တွေ့ရစဉ် / Photo: Zarni Htun/RFA
(Unicode)⤵⤵⤵
YBS ၄၀ ယာဉ်နဲ့ အငှားယာဉ်တစ်စီးတိုက်မိပြီး ယာဉ်မောင်းအပါဝင် ခရီးသည် နှစ်ယောက် ဇွန် ၂ ရက်နေ့က သေဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့ ခရီးသည်မောင်နှမ နှစ်ယောက်ဟာ နှလုံးရောဂါသည်အမေနဲ့ ဆိုက်ကား နင်းနေတဲ့အဖေကို ပြုစုလုပ်ကျွေးနေသူပါ။ အခုလိုဖြစ်ရပ်ဆိုးကို တခြားသူတွေကိုလည်း မဖြစ်စေချင်လို့ စည်းကမ်းတကျ ကြပ်မတ်စေချင်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

၂၀၂၀ ပြည့်နှစ် ဇွန် ၂ ရက်က ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းမကြီး ဆင်မလိုက်အနားမှာ YBS ၄၀ က အငှားယာဉ်ကိုတိုက်လို့ သေဆုံးသွားတဲ့ မနှင်းဝေနဲ့ ကိုရဲနောင်ထွန်းတို့ရဲ့ မိခင် ဒေါ်အေးအေးဝင်းပါ။ သူ့မှာ နှလုံးနဲ့ကျောက်ကပ်ရောဂါခံစားနေရပြီး သေဆုံးသွားတဲ့ သမီးဖြစ်သူ မနှင်းဝေက ရှာဖွေပြုစုပေးနေတာလို့ သူတို့အိမ်နီးနားချင်းတွေနဲ့ ရပ်ကွက်ထဲက လူတွေက ပြောကြပါတယ်။

သေဆုံးသူ မနှင်းဝေက သူတို့မိသားစုတစ်လ တစ်သိန်း နှစ်သောင်းနဲ့ငှားနေတဲ့ စမ်းချောင်းမြို့နယ် ဝေဠုဝန် တောင်ရပ်ကွက်၊ ဝေဠုဝန် ၁ လမ်းနေအိမ်နဲ့ မလှမ်းမကမ်းက ဇေယျဝတီလမ်းပေါ်မှာ ကွမ်းယာရောင်းပါတယ်။

မနှင်းဝေရဲ့မောင် သေဆုံးသူ ကိုရဲနောင်ထွန်းက ဆိုက်ကားနင်းပါတယ်။ သူတို့မောင်နှမနှစ်ယောက်က မနက် ၄ နာရီလောက်ဆိုရင် သီရိမင်္ဂလာဈေးဘက်မှာ ကွမ်းယာသုံး ကွမ်း၊ ကွမ်းသီးသွားဝယ်နေကျဖြစ်ပြီး မနက် ၆ နာရီ လောက်ဆိုရင် အိမ်ပြန်ရောက်ကြပါတယ်။

ဇွန် ၂ ရက်မှာတော့ မနက် ၇ နာရီထိုးတဲ့အထိ ပြန်ရောက်မလာကြပါဘူး။ အဖေဖြစ်သူ ဆိုက်ကားဆရာ ဦးမောင်ဌေးတစ်ယောက် စိုးရိမ်စိတ်တွေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုအဖြစ်မျိုး ဖြစ်ခဲ့လိမ့်မယ်လို့တော့ သူမထင်ခဲ့ဘူးလို့ ပြောပါတယ်။

သူတို့မောင်နှမနှစ်ယောက်နဲ့အတူ သေဆုံးသွားတဲ့ အငှားယာဉ်မောင်းမှာလည်း အသက် ၂ နှစ်နဲ့ နို့စို့အရွယ် ကလေး နှစ်ယောက်ရှိပါတယ်။ အဲဒီအငှားယာဉ်မောင်းက စိတ်သဘောထားကောင်းမွန်တာ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာတာတွေကြောင့် မနှင်းဝေတို့ မောင်နှမနှစ်ယောက် မနက်ဈေးသွားတိုင်း စီးဖြစ်ကြတယ် လို့ အဖေဖြစ်သူ ဦးမောင်ဌေးက ပြောပါတယ်။

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၁၀၂ လိုင်းနဲ့ ယာဉ်အစီးရေ ခြောက်ထောင်ကျော်၊ ယာဉ်လိုင်း ကြောင်းပေါင်း ၁၃၀ ကျော်ပြေးဆွဲနေတာပါ။ တစ်ရက်မှာ ခရီးသည် ခြောက်သောင်းလောက်က အသုံးပြု နေတာပါ။

မြန်မာနိုင်ငံတဝှမ်းမှာ ၂၀၂၀ ဇန်နဝါရီကနေ ဧပြီအထိ ယာဉ်တိုက်မှုပေါင်း ၄၅၀၀ နီးပါးဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရ သူ  ၆၉၀၀ ကျော်၊ သေဆုံးသူ ၁၆၈၄ ယောက်ရှိခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းထဲမှာ ၂၀၂၀ ဇန်နဝါရီကနေ ဧပြီအထိ ယာဉ်မတော်တဆမှု ၇၀၀ ကျော်၊ ထိခိုက်မှု ၈၀၀ နီးပါးနဲ့၊ သေဆုံးမှု ၂၂၀ ကျော်ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇွန် ၂ ရက်နေ့က ယာဉ်မတော်တဆမှုမှာ YBS ၄၀ က လမ်းကြောင်းပြောင်းပြန်မောင်းလာတယ်လို့လည်း ပြောကြပါတယ်။ အဲဒီနေရာကို ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)  ဦးမြင့်ဝင်း က ယာဉ်မောင်းကို ခက်ခက်ခဲခဲထုတ်ခဲ့ရတယ်လို့  ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ YBS ၄၀ ယာဉ်မောင်း ဦးဇော်ထက်ကတော့ အဲဒီနေရာကနေ ထွက်ပြေးသွားပြီး အခုချိန်ထိ ဖမ်းမမိသေးပါဘူး။ သူ့ကို ကမာရွတ်မြို့နယ်ရဲစခန်းက ပုဒ်မှတ် ၉/၂၀၂၀ ပုဒ်မ ၃၀၄ (က) ၊ ၂၇၉၊ ၂၀၂ တို့နဲ့ အမှု ဖွင့်ထားတယ်လို့ သတင်းတွေအရ သိရပေမဲ့ အဲဒီရဲစခန်းကတော့ အတည်ပြုချက်မပေးပါဘူး။ တရားခံဖမ်းဖို့ ကိုလည်း ယာဉ်မှုစစ်ကလုပ်နေတာဖြစ်တယ်လို့ ကမာရွတ်ရဲစခန်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

လူ သုံးယောက်သေတဲ့ ယာဉ်မတော်တဆမှုဖြစ်ခဲ့တဲ့ အဲဒီယာဉ်မောင်းဟာ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ YRTA မှာ ယာဉ်မောင်းမှတ်ပုံတင်မထားတာဘဲ အဲဒီယာဉ် ကလည်း ပုဂ္ဂလိကပိုင်ဖြစ်ပြီး ပိုင်ရှင်အဆင့်ဆင့် လွှဲပြောင်းထားတာဖြစ်ပြီး ယာဉ်မောင်းကို လိုက်ရှာနေတယ်လို့ YRTA တွဲဘက်အတွင်းရေးမှူး ဦးလှအောင် က ပြောပါတယ်။

ဒီဖြစ်ရပ်မှာ သေဆုံးသူတွေအတွက်ကို ထောက်ပံ့တာတွေရှိတယ်လို့ ဦးလှအောင် က ပြောပါတယ်။

အများပြည်သူသုံးယာဉ်တွေကို စီးတဲ့သူအများစုက အခြေခံလူတန်းစားတွေများပါတယ်။ အခုလိုအခြေအနေမျိုးနဲ့ ကြုံလာရတဲ့အခါ ဘယ်သူတွေက မားမားမတ်မတ် ရပ်တည်ပေးမလဲဆိုတာကို အိမ်နီးချင်းဖြစ်တဲ့ မမြတ်မြတ်ခိုင် က မေးခွန်းထုတ်လိုက်ပါတယ်။

သူတို့မိသားစုဟာ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်မှာ နေထိုင်ခဲ့ကြပြီး နာဂစ်မုန်တိုင်းဒဏ် ထိခိုက်ခံစား ခဲ့ကြရသူတွေပါ။ အဲဒီနောက်ပိုင်း ရန်ကုန်မှာ ပြောင်းရွှေ့နေထိုင်ခဲ့ကြတာပါ။ မိသားစုထဲမှာ အဓိကမှီခိုအားထား နေရတဲ့ သားသမီးတွေ ရုတ်တရက်သေဆုံးသွားတဲ့နောက်ပိုင်း ဆေးခန်းကို ခဏခဏသွားနေရတဲ့ ရောဂါသည် အမေအိုနဲ့ဆိုက်ကားဆရာအဖေတို့ရဲ့ ရေရှည်ဘဝရပ်တည်ရေးကို မစဉ်းစားနိုင်ကြသေးပါဘူး။ သူတို့မှာ သားသမီး သုံးယောက်ရှိပေမဲ့ သမီးကြီးဖြစ်သူ မယုမော်ဌေးက အိမ်ထောင်ကြပြီး ဧရာဝတီတိုင်းမှာနေထိုင်ပါတယ်။

ထွက်ပြေးနေတဲ့ယာဉ်မောင်းကို အမြန်ဆုံးဖမ်းမိစေချင်ပြီး အခုလိုတွေ ထပ်မဖြစ်အောင် အစိုးရတာဝန်ရှိသူတွေ အနေနဲ့ ထိန်းသိမ်းပေးစေချင်တယ်လို့ သေဆုံးသူမောင်နှမရဲ့ အစ်မကြီးဖြစ်သူ မယုမော်ဌေးက ပြောပါတယ်။

အများပြည်သူသုံး ယာဉ်တွေကို စီးနင်းနေရတဲ့ ခရီးသည်တွေမှာ မိသားစုဝင်တွေရှိကြသလိုပဲ ယာဉ်မောင်းတွေမှာ လည်း အိမ်ပြန်လာမှာကိုစောင့်မျှော်နေတဲ့  မိသားစုတွေရှိကြပါတယ်။ ဒီလို ယာဉ်မတော်တဆမှုတွေဖြစ်ပြီး အိမ်အပြန်လမ်းမပျောက်ဖို့က အားလုံးသော ယာဉ်မောင်းတိုင်းမှာ တာဝန်ရှိတယ်လို့ ကိုသူရစိုးက ပြောပါတယ်။

တကမ္ဘာလုံးက နိုင်ငံတွေမှာ ကူးစက်ခံရပြီး ကြောက်လန့်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံမှာ တစ်ရက်တည်း လူ သုံးယောက် မသေခဲ့ပါဘူး။ ဒါပေမဲ့ ယာဉ်မတော်တဆမှုကြောင့် တစ်ရက်တည်း တပြိုင်တည်း လူ သုံးယောက်သေဆုံးခဲ့ပါတယ်။ ဒါကလည်း သတင်းတွေအရသာ သိရတာတွေပါ ။ ကျမတို့မသိရတဲ့ ယာဉ်မ တော်တဆမှုနဲ့ သေဆုံးတာတွေလည်းရှိနိုင်ပါတယ်။ ဇွန် ၂ ရက်မတိုင်ခင်က ကွမ်းယာဝယ်သူတွေနဲ့ လက်မလည် အောင် ရောင်းနေရတဲ့  စမ်းချောင်းမြို့ ဇေယျဝတီလမ်းမှာ မနှင်းဝေရောင်းနေကျ ကွမ်းယာဆိုင်လေးကတော့ အခုချိန်မှာ ပိုင်ရှင်မဲ့ပြီး ခြောက်ကပ်နေပါတော့တယ်။

RFA Burmese
----------------------------------
(Zawgyi)⤵⤵⤵
YBS ယာဥ္ေမာင္းရဲ႕ မဆင္မျခင္ေမာင္းခဲ့လို႔ အငွားယာဥ္ေပၚပါ သုံးဦးေသဆုံး

YBS ၄၀ ယာဥ္နဲ႔ အငွားယာဥ္တစ္စီးတိုက္မိၿပီး ယာဥ္ေမာင္းအပါဝင္ ခရီးသည္ ႏွစ္ေယာက္ ဇြန္ ၂ ရက္ေန႔က ေသဆုံးခဲ့ပါတယ္။ ေသဆုံးသြားတဲ့ ခရီးသည္ေမာင္ႏွမ ႏွစ္ေယာက္ဟာ ႏွလုံးေရာဂါသည္အေမနဲ႔ ဆိုက္ကား နင္းေနတဲ့အေဖကို ျပဳစုလုပ္ေကြၽးေနသူပါ။ အခုလိုျဖစ္ရပ္ဆိုးကို တျခားသူေတြကိုလည္း မျဖစ္ေစခ်င္လို႔ စည္းကမ္းတက် ၾကပ္မတ္ေစခ်င္တယ္လို႔ မိသားစုဝင္ေတြက ေျပာၾကပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ဇြန္ ၂ ရက္က ကမာ႐ြတ္ၿမိဳ႕နယ္ ဘုရင့္ေနာင္လမ္းမႀကီး ဆင္မလိုက္အနားမွာ YBS ၄၀ က အငွားယာဥ္ကိုတိုက္လို႔ ေသဆုံးသြားတဲ့ မႏွင္းေဝနဲ႔ ကိုရဲေနာင္ထြန္းတို႔ရဲ႕ မိခင္ ေဒၚေအးေအးဝင္းပါ။ သူ႔မွာ ႏွလုံးနဲ႔ေက်ာက္ကပ္ေရာဂါခံစားေနရၿပီး ေသဆုံးသြားတဲ့ သမီးျဖစ္သူ မႏွင္းေဝက ရွာေဖြျပဳစုေပးေနတာလို႔ သူတို႔အိမ္နီးနားခ်င္းေတြနဲ႔ ရပ္ကြက္ထဲက လူေတြက ေျပာၾကပါတယ္။

ေသဆုံးသူ မႏွင္းေဝက သူတို႔မိသားစုတစ္လ တစ္သိန္း ႏွစ္ေသာင္းနဲ႔ငွားေနတဲ့ စမ္းေခ်ာင္းၿမိဳ႕နယ္ ေဝဠဳဝန္ ေတာင္ရပ္ကြက္၊ ေဝဠဳဝန္ ၁ လမ္းေနအိမ္နဲ႔ မလွမ္းမကမ္းက ေဇယ်ဝတီလမ္းေပၚမွာ ကြမ္းယာေရာင္းပါတယ္။

မႏွင္းေဝရဲ႕ေမာင္ ေသဆုံးသူ ကိုရဲေနာင္ထြန္းက ဆိုက္ကားနင္းပါတယ္။ သူတို႔ေမာင္ႏွမႏွစ္ေယာက္က မနက္ ၄ နာရီေလာက္ဆိုရင္ သီရိမဂၤလာေဈးဘက္မွာ ကြမ္းယာသုံး ကြမ္း၊ ကြမ္းသီးသြားဝယ္ေနက်ျဖစ္ၿပီး မနက္ ၆ နာရီ ေလာက္ဆိုရင္ အိမ္ျပန္ေရာက္ၾကပါတယ္။

ဇြန္ ၂ ရက္မွာေတာ့ မနက္ ၇ နာရီထိုးတဲ့အထိ ျပန္ေရာက္မလာၾကပါဘူး။ အေဖျဖစ္သူ ဆိုက္ကားဆရာ ဦးေမာင္ေဌးတစ္ေယာက္ စိုးရိမ္စိတ္ေတြ ျဖစ္လာခဲ့ပါတယ္။ ဒါေပမဲ့ ဒီလိုအျဖစ္မ်ိဳး ျဖစ္ခဲ့လိမ့္မယ္လို႔ေတာ့ သူမထင္ခဲ့ဘူးလို႔ ေျပာပါတယ္။

သူတို႔ေမာင္ႏွမႏွစ္ေယာက္နဲ႔အတူ ေသဆုံးသြားတဲ့ အငွားယာဥ္ေမာင္းမွာလည္း အသက္ ၂ ႏွစ္နဲ႔ ႏို႔စို႔အ႐ြယ္ ကေလး ႏွစ္ေယာက္ရွိပါတယ္။ အဲဒီအငွားယာဥ္ေမာင္းက စိတ္သေဘာထားေကာင္းမြန္တာ၊ ယာဥ္စည္းကမ္း လမ္းစည္းကမ္းလိုက္နာတာေတြေၾကာင့္ မႏွင္းေဝတို႔ ေမာင္ႏွမႏွစ္ေယာက္ မနက္ေဈးသြားတိုင္း စီးျဖစ္ၾကတယ္ လို႔ အေဖျဖစ္သူ ဦးေမာင္ေဌးက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ေျပးဆြဲေနတဲ့ ယာဥ္လိုင္းေပါင္း ၁၀၂ လိုင္းနဲ႔ ယာဥ္အစီးေရ ေျခာက္ေထာင္ေက်ာ္၊ ယာဥ္လိုင္း ေၾကာင္းေပါင္း ၁၃၀ ေက်ာ္ေျပးဆြဲေနတာပါ။ တစ္ရက္မွာ ခရီးသည္ ေျခာက္ေသာင္းေလာက္က အသုံးျပဳ ေနတာပါ။

ျမန္မာႏိုင္ငံတဝွမ္းမွာ ၂၀၂၀ ဇန္နဝါရီကေန ဧၿပီအထိ ယာဥ္တိုက္မႈေပါင္း ၄၅၀၀ နီးပါးျဖစ္ခဲ့ၿပီး ထိခိုက္ဒဏ္ရာရ သူ  ၆၉၀၀ ေက်ာ္၊ ေသဆုံးသူ ၁၆၈၄ ေယာက္ရွိခဲ့တယ္လို႔ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနကေန ထုတ္ျပန္ထားပါတယ္။

ရန္ကုန္တိုင္းထဲမွာ ၂၀၂၀ ဇန္နဝါရီကေန ဧၿပီအထိ ယာဥ္မေတာ္တဆမႈ ၇၀၀ ေက်ာ္၊ ထိခိုက္မႈ ၈၀၀ နီးပါးနဲ႔၊ ေသဆုံးမႈ ၂၂၀ ေက်ာ္ရွိခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဇြန္ ၂ ရက္ေန႔က ယာဥ္မေတာ္တဆမႈမွာ YBS ၄၀ က လမ္းေၾကာင္းေျပာင္းျပန္ေမာင္းလာတယ္လို႔လည္း ေျပာၾကပါတယ္။ အဲဒီေနရာကို ကူညီကယ္ဆယ္ေရးလုပ္ခဲ့တဲ့ လူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ (ရန္ကုန္)  ဦးျမင့္ဝင္း က ယာဥ္ေမာင္းကို ခက္ခက္ခဲခဲထုတ္ခဲ့ရတယ္လို႔  ေျပာပါတယ္။

ယာဥ္တိုက္မႈျဖစ္ခဲ့တဲ့ YBS ၄၀ ယာဥ္ေမာင္း ဦးေဇာ္ထက္ကေတာ့ အဲဒီေနရာကေန ထြက္ေျပးသြားၿပီး အခုခ်ိန္ထိ ဖမ္းမမိေသးပါဘူး။ သူ႔ကို ကမာ႐ြတ္ၿမိဳ႕နယ္ရဲစခန္းက ပုဒ္မွတ္ ၉/၂၀၂၀ ပုဒ္မ ၃၀၄ (က) ၊ ၂၇၉၊ ၂၀၂ တို႔နဲ႔ အမႈ ဖြင့္ထားတယ္လို႔ သတင္းေတြအရ သိရေပမဲ့ အဲဒီရဲစခန္းကေတာ့ အတည္ျပဳခ်က္မေပးပါဘူး။ တရားခံဖမ္းဖို႔ ကိုလည္း ယာဥ္မႈစစ္ကလုပ္ေနတာျဖစ္တယ္လို႔ ကမာ႐ြတ္ရဲစခန္း တာဝန္ရွိသူတစ္ေယာက္က ေျပာပါတယ္။

လူ သုံးေယာက္ေသတဲ့ ယာဥ္မေတာ္တဆမႈျဖစ္ခဲ့တဲ့ အဲဒီယာဥ္ေမာင္းဟာ ရန္ကုန္တိုင္းေဒသႀကီး အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈအာဏာပိုင္အဖြဲ႕ YRTA မွာ ယာဥ္ေမာင္းမွတ္ပုံတင္မထားတာဘဲ အဲဒီယာဥ္ ကလည္း ပုဂၢလိကပိုင္ျဖစ္ၿပီး ပိုင္ရွင္အဆင့္ဆင့္ လႊဲေျပာင္းထားတာျဖစ္ၿပီး ယာဥ္ေမာင္းကို လိုက္ရွာေနတယ္လို႔ YRTA တြဲဘက္အတြင္းေရးမႉး ဦးလွေအာင္ က ေျပာပါတယ္။

ဒီျဖစ္ရပ္မွာ ေသဆုံးသူေတြအတြက္ကို ေထာက္ပံ့တာေတြရွိတယ္လို႔ ဦးလွေအာင္ က ေျပာပါတယ္။

အမ်ားျပည္သူသုံးယာဥ္ေတြကို စီးတဲ့သူအမ်ားစုက အေျခခံလူတန္းစားေတြမ်ားပါတယ္။ အခုလိုအေျခအေနမ်ိဳးနဲ႔ ႀကဳံလာရတဲ့အခါ ဘယ္သူေတြက မားမားမတ္မတ္ ရပ္တည္ေပးမလဲဆိုတာကို အိမ္နီးခ်င္းျဖစ္တဲ့ မျမတ္ျမတ္ခိုင္ က ေမးခြန္းထုတ္လိုက္ပါတယ္။

သူတို႔မိသားစုဟာ ဧရာဝတီတိုင္း ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္မွာ ေနထိုင္ခဲ့ၾကၿပီး နာဂစ္မုန္တိုင္းဒဏ္ ထိခိုက္ခံစား ခဲ့ၾကရသူေတြပါ။ အဲဒီေနာက္ပိုင္း ရန္ကုန္မွာ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ၾကတာပါ။ မိသားစုထဲမွာ အဓိကမွီခိုအားထား ေနရတဲ့ သားသမီးေတြ ႐ုတ္တရက္ေသဆုံးသြားတဲ့ေနာက္ပိုင္း ေဆးခန္းကို ခဏခဏသြားေနရတဲ့ ေရာဂါသည္ အေမအိုနဲ႔ဆိုက္ကားဆရာအေဖတို႔ရဲ႕ ေရရွည္ဘဝရပ္တည္ေရးကို မစဥ္းစားႏိုင္ၾကေသးပါဘူး။ သူတို႔မွာ သားသမီး သုံးေယာက္ရွိေပမဲ့ သမီးႀကီးျဖစ္သူ မယုေမာ္ေဌးက အိမ္ေထာင္ၾကၿပီး ဧရာဝတီတိုင္းမွာေနထိုင္ပါတယ္။

ထြက္ေျပးေနတဲ့ယာဥ္ေမာင္းကို အျမန္ဆုံးဖမ္းမိေစခ်င္ၿပီး အခုလိုေတြ ထပ္မျဖစ္ေအာင္ အစိုးရတာဝန္ရွိသူေတြ အေနနဲ႔ ထိန္းသိမ္းေပးေစခ်င္တယ္လို႔ ေသဆုံးသူေမာင္ႏွမရဲ႕ အစ္မႀကီးျဖစ္သူ မယုေမာ္ေဌးက ေျပာပါတယ္။

အမ်ားျပည္သူသုံး ယာဥ္ေတြကို စီးနင္းေနရတဲ့ ခရီးသည္ေတြမွာ မိသားစုဝင္ေတြရွိၾကသလိုပဲ ယာဥ္ေမာင္းေတြမွာ လည္း အိမ္ျပန္လာမွာကိုေစာင့္ေမွ်ာ္ေနတဲ့  မိသားစုေတြရွိၾကပါတယ္။ ဒီလို ယာဥ္မေတာ္တဆမႈေတြျဖစ္ၿပီး အိမ္အျပန္လမ္းမေပ်ာက္ဖို႔က အားလုံးေသာ ယာဥ္ေမာင္းတိုင္းမွာ တာဝန္ရွိတယ္လို႔ ကိုသူရစိုးက ေျပာပါတယ္။

တကမာၻလုံးက ႏိုင္ငံေတြမွာ ကူးစက္ခံရၿပီး ေၾကာက္လန႔္ေနရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျမန္မာႏိုင္ငံမွာ တစ္ရက္တည္း လူ သုံးေယာက္ မေသခဲ့ပါဘူး။ ဒါေပမဲ့ ယာဥ္မေတာ္တဆမႈေၾကာင့္ တစ္ရက္တည္း တၿပိဳင္တည္း လူ သုံးေယာက္ေသဆုံးခဲ့ပါတယ္။ ဒါကလည္း သတင္းေတြအရသာ သိရတာေတြပါ ။ က်မတို႔မသိရတဲ့ ယာဥ္မ ေတာ္တဆမႈနဲ႔ ေသဆုံးတာေတြလည္းရွိႏိုင္ပါတယ္။ ဇြန္ ၂ ရက္မတိုင္ခင္က ကြမ္းယာဝယ္သူေတြနဲ႔ လက္မလည္ ေအာင္ ေရာင္းေနရတဲ့  စမ္းေခ်ာင္းၿမိဳ႕ ေဇယ်ဝတီလမ္းမွာ မႏွင္းေဝေရာင္းေနက် ကြမ္းယာဆိုင္ေလးကေတာ့ အခုခ်ိန္မွာ ပိုင္ရွင္မဲ့ၿပီး ေျခာက္ကပ္ေနပါေတာ့တယ္။

RFA Burmese
https://www.rfa.org/burmese/program_2/ybs-car-accident-three-dead-06042020084916.html
YBS ယာဉ်မောင်းရဲ့ မဆင်မခြင်မောင်းခဲ့လို့ အငှားယာဉ်ပေါ်ပါ သုံးဦးသေဆုံး YBS ယာဉ်မောင်းရဲ့ မဆင်မခြင်မောင်းခဲ့လို့ အငှားယာဉ်ပေါ်ပါ သုံးဦးသေဆုံး Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.