USAGM အကြီးအကဲ အပြောင်းအလဲကြောင့် ဗွီအိုအေ ထိပ်ပိုင်းခေါင်းဆောင် ၂ ဦး ရာထူးက နှုတ်ထွက်


(Unicode)⤵⤵⤵
ဗွီအိုအေ အမေရိကန်အသံရဲ့ ညွှန်ကြားရေးမှူး Amanda Bennett နဲ့ ဒုတိယ ညွှန်ကြားရေးမှူး Sandra Sugawara တို့ တနလာင်္နေ့မှာဘဲ ရာထူးက နုတ်ထွက်သွားပါပြီ။ ဗွီအိုအေရဲ့ မိခင် အဖွဲ့အစည်း ဖြစ်တဲ့ U.S. Agency for Global Media (USAGM) ရဲ့ အကြီးအကဲအဖြစ် အသစ်ခန့်အပ်ခံရတဲ့ Michael Pack အနေနဲ့ VOA ရဲ့ ခေါင်းဆောင်မှုကို သူကိုယ်တိုင် ရွေးချယ်ခန့်အပ်ပိုင်ခွင့် ရှိပါတယ်လို့ ပြောဆိုပြီးနောက် အခုလို နုတ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဝါရင့် သတင်းသမားတွေ ဖြစ်ကြတဲ့ Amanda Bennett နဲ့ Sandra Sugawara တို့က ၂၀၁၆ ခုနှစ်မှာ စလို့ ဗွီအိုအေကို ဦးဆောင်ကြီးကြပ်ခဲ့ကြတာပါ။ ကမ္ဘာတလွှားကို ဘာသာစကားပေါင်း ၄၇ မျိုးနဲ့ ရေဒီယိုနဲ့ ရုပ်သံထုတ်လွှင့်ချက်၊ နောက် voanews.com ကနေ တဆင့်လည်း ကမ္ဘာတလွှားကို ဒီဂျစ်တယ်နည်းနဲ့ သတင်းတွေ ဖြန့်ဝေနေတဲ့ အမေရိကန် အစိုးရရဲ့ လွတ်လပ်တဲ့ သတင်းအေဂျင်စီကနေ သတင်းနဲ့ သတင်းအစီအစဉ်တွေကို သိသိသာသာ တိုးချဲ့ဆောင်ရွက်နေတာပါ။ ရာနဲ့ချီတဲ့ ဗွီအိုအေက သတင်းရေးသားသူတွေ၊ အသံလွှင့်သမားတွေ၊ အယ်ဒီတာတွေနဲ့ နည်းပညာကျွမ်းကျင် ဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ ၄ နှစ်တာ ကာလအတွင်း ဌာနမှာ ပိုပြီး ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖော်ဆောင်ခဲ့တယ်လို့ သူတို့ရဲ့ နုတ်ထွက်လွှာမှာ မစ္စ Bennett နဲ့ မစ္စ Sugawara တို့က ပြောဆိုထားပါတယ်။

VOA နဲ့အတူ တခြားအ မေရိကန် အစိုးရရဲ့ မီဒီယာ အဖွဲ့အစည်းတွေရဲ့ အကြီးအကဲသစ်အဖြစ် မစ္စတာ Pack တာဝန်ယူလိုက်တာကြောင့် ဗွီအိုအေ ဝန်ထန်းတွေ အတွက် အပြောင်းအလဲ တစုံတရာ မရှိပါဘူးလို့လည်း ပြောဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------
(Zawgyi)⤵⤵⤵
USAGM အႀကီးအကဲ အေျပာင္းအလဲေၾကာင့္ ဗြီအိုေအ ထိပ္ပိုင္းေခါင္းေဆာင္ ၂ ဦး ရာထူးက ႏႈတ္ထြက္

ဗြီအိုေအ အေမရိကန္အသံရဲ႕ ၫႊန္ၾကားေရးမႉး Amanda Bennett နဲ႔ ဒုတိယ ၫႊန္ၾကားေရးမႉး Sandra Sugawara တို႔ တနလာေနၤ့မွာဘဲ ရာထူးက ႏုတ္ထြက္သြားပါၿပီ။ ဗြီအိုေအရဲ႕ မိခင္ အဖြဲ႕အစည္း ျဖစ္တဲ့ U.S. Agency for Global Media (USAGM) ရဲ႕ အႀကီးအကဲအျဖစ္ အသစ္ခန႔္အပ္ခံရတဲ့ Michael Pack အေနနဲ႔ VOA ရဲ႕ ေခါင္းေဆာင္မႈကို သူကိုယ္တိုင္ ေ႐ြးခ်ယ္ခန႔္အပ္ပိုင္ခြင့္ ရွိပါတယ္လို႔ ေျပာဆိုၿပီးေနာက္ အခုလို ႏုတ္ထြက္ခဲ့ၾကတာ ျဖစ္ပါတယ္။

၀ါရင့္ သတင္းသမားေတြ ျဖစ္ၾကတဲ့ Amanda Bennett နဲ႔ Sandra Sugawara တို႔က ၂၀၁၆ ခုႏွစ္မွာ စလို႔ ဗြီအိုေအကို ဦးေဆာင္ႀကီးၾကပ္ခဲ့ၾကတာပါ။ ကမာၻတလႊားကို ဘာသာစကားေပါင္း ၄၇ မ်ိဳးနဲ႔ ေရဒီယိုနဲ႔ ႐ုပ္သံထုတ္လႊင့္ခ်က္၊ ေနာက္ voanews.com ကေန တဆင့္လည္း ကမာၻတလႊားကို ဒီဂ်စ္တယ္နည္းနဲ႔ သတင္းေတြ ျဖန႔္ေဝေနတဲ့ အေမရိကန္ အစိုးရရဲ႕ လြတ္လပ္တဲ့ သတင္းေအဂ်င္စီကေန သတင္းနဲ႔ သတင္းအစီအစဥ္ေတြကို သိသိသာသာ တိုးခ်ဲ႕ေဆာင္႐ြက္ေနတာပါ။ ရာနဲ႔ခ်ီတဲ့ ဗြီအိုေအက သတင္းေရးသားသူေတြ၊ အသံလႊင့္သမားေတြ၊ အယ္ဒီတာေတြနဲ႔ နည္းပညာကြၽမ္းက်င္ ဝန္ထမ္းေတြဟာ ၿပီးခဲ့တဲ့ ၄ ႏွစ္တာ ကာလအတြင္း ဌာနမွာ ပိုၿပီး ေကာင္းမြန္တဲ့ အေျပာင္းအလဲေတြ ေဖာ္ေဆာင္ခဲ့တယ္လို႔ သူတို႔ရဲ႕ ႏုတ္ထြက္လႊာမွာ မစၥ Bennett နဲ႔ မစၥ Sugawara တို႔က ေျပာဆိုထားပါတယ္။

VOA နဲ႔အတူ တျခားအ ေမရိကန္ အစိုးရရဲ႕ မီဒီယာ အဖြဲ႕အစည္းေတြရဲ႕ အႀကီးအကဲသစ္အျဖစ္ မစၥတာ Pack တာဝန္ယူလိုက္တာေၾကာင့္ ဗြီအိုေအ ဝန္ထန္းေတြ အတြက္ အေျပာင္းအလဲ တစုံတရာ မရွိပါဘူးလို႔လည္း ေျပာဆိုထားပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/tope2-voa-managers-resign-new-ceo-takes-helm/5464444.html
USAGM အကြီးအကဲ အပြောင်းအလဲကြောင့် ဗွီအိုအေ ထိပ်ပိုင်းခေါင်းဆောင် ၂ ဦး ရာထူးက နှုတ်ထွက် USAGM အကြီးအကဲ အပြောင်းအလဲကြောင့် ဗွီအိုအေ ထိပ်ပိုင်းခေါင်းဆောင် ၂ ဦး ရာထူးက နှုတ်ထွက် Reviewed by THITHTOOLWIN on 18:40 Rating: 5
Powered by Blogger.