USAGM အကြီးအကဲအဖြစ် Michael Pack ကို အထက်လွှတ်တော်အတည်ပြု

USAGM အကြီးအကဲအဖြစ် ခန့်ထားရေးဆိုင်ရာ အထက်လွှတ်တော်ကြားနာပွဲတွင် တွေ့ရသည့် Michael Pack
(Unicode)⤵⤵⤵
VOA သတင်းဌာနအပါအဝင် အမေရိကန်အစိုးရ ရုပ်သံလွှင့်ဌာနတွေကို ကြီးကြပ်တဲ့ U.S. Agency for Global Media (USAGM) အကြီးအကဲအဖြစ် သမ္မတ Donald Trump ရွေးချယ်ထားသူကို အထက်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။
USAGM အကြီးအကဲ Michael Pack
မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးသူ Michael Pack အနေနဲ့ USAGM ကို ၃ နှစ်အုပ်ချုပ်ဖို့ ရီပတ်ဘလီကန် အမတ်အများစုဖြစ်တဲ့ အထက်လွှတ်တော်မှာ ထောက်ခံမဲ ၅၃ မဲ ကန့်ကွက်မဲ ၃၈ မဲနဲ့ ကြာသပတေးနေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။

သူ့စီးပွားရေးမှာ ဘဏ္ဍာရေးကိစ္စတွေနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ရှိနေတာကို ဒီမိုကရက်တစ် ပါတီ အမတ်တွေဘက်က စိုးရိမ်မှုတွေ ရှိနေတာကြောင့် သူ့ကို ခန့်အပ်သင့် မသင့် အထက်လွှတ်တော်မှာ ၂ နှစ်လောက် စဉ်းစားခဲ့ကြတာပါ။

Michael Pack ဟာသူ့ရဲ့ Manifold Productions ထုတ်လုပ်ရေးလုပ်ငန်းကနေ မှတ်တမ်းရုပ်ရှင်အများအပြားကို ရေးသား၊ ရိုက်ကူး၊ ထုတ်လုပ်ခဲ့ပါတယ်။ အများစုကိုလည်း အများပြည်သူပိုင် PBS ရုပ်သံလွှင့်လုပ်ငန်းကနေ ပြသခဲ့ပါတယ်။ သူဟာ အမေရိကန်က Conservative အတွေးအမြင်ရှိသူ တတ်သိပညာရှင်များအဖွဲ့ Claremont Institute မှာ အမှုဆောင်အရာရှိချုပ်လုပ်ခဲ့သလို သီးခြားလွတ်လပ်တဲ့ အစိုးရဌာနတခုဖြစ်တဲ့ National Endowment for the Humanities, Corporation for Public Broadcasting ပရဟိတအဖွဲ့အစည်းတွေမှာလည်း တာဝန်တွေယူခဲ့ပါတယ်။

သမ္မတ Trump အတွက် အရင်က အဓိကမဟာဗျူဟာရေးဆွဲခဲ့သူလဲဖြစ်၊ Breitbart News ကိုတည်ထောင်သူလည်းဖြစ်တဲ့ Stephen Bannon နဲ့လည်း ရုပ်ရှင် project တွေကို အတူတွဲလုပ်ခဲ့ဖူးပါတယ်။

VOA ရဲ့ ရုပ်မြင်သံကြားအပိုင်းဖြစ်လာခဲ့တဲ့ U.S. Information Agency ရဲ့ ကမ္ဘာတဝန်းဂြိုလ်တုဆက်သွယ်ရေးကွန်ယက် WORLDNET မှာလည်း ညွှန်ကြားရေးမှူးအဖြစ် Michael Pack တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

USAGM လုပ်ငန်းကြီးတခုလုံးမှာ အလုပ်လုပ်နေကြတဲ့ သတင်းထောက်တွေအားလုံးဟာ ဘက်လိုက်မှုကင်းတယ်။ သတင်းတွေကို ဘယ်လိုပြောပါဆိုတဲ့ နိုင်ငံရေးလွှမ်းမိုးမှုမရှိဘဲ အလုပ်လုပ်နေကြတယ်ဆိုတဲ့ ယုံကြည်မှုနဲ့ လည်ပတ်နေကြတာဖြစ်လို့ ဒီယုံကြည်မှုပျက်သွားရင် လုပ်ငန်းကြီးတခုလုံး ထိခိုက်လိမ့်မယ်လို့ သူ့ကို USAGM အကြီးအကဲ ခန့်သင့် မသင့် ပြီးခဲ့တဲ့ စက်တင်ဘာမှာလုပ်ခဲ့တဲ့ လွှတ်တော်ကြားနာပွဲမှာတော့ Michael Pack ပြောကြားခဲ့ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------
(Zawgyi)⤵⤵⤵
USAGM အႀကီးအကဲအျဖစ္ Michael Pack ကို အထက္လႊတ္ေတာ္အတည္ျပဳ

VOA သတင္းဌာနအပါအဝင္ အေမရိကန္အစိုးရ ႐ုပ္သံလႊင့္ဌာနေတြကို ႀကီးၾကပ္တဲ့ U.S. Agency for Global Media (USAGM) အႀကီးအကဲအျဖစ္ သမၼတ Donald Trump ေ႐ြးခ်ယ္ထားသူကို အထက္လႊတ္ေတာ္က အတည္ျပဳလိုက္ပါၿပီ။

မွတ္တမ္း႐ုပ္ရွင္ေတြ ႐ိုက္ကူးသူ Michael Pack အေနနဲ႔ USAGM ကို ၃ ႏွစ္အုပ္ခ်ဳပ္ဖို႔ ရီပတ္ဘလီကန္ အမတ္အမ်ားစုျဖစ္တဲ့ အထက္လႊတ္ေတာ္မွာ ေထာက္ခံမဲ ၅၃ မဲ ကန႔္ကြက္မဲ ၃၈ မဲနဲ႔ ၾကာသပေတးေန႔က အတည္ျပဳခဲ့တာျဖစ္ပါတယ္။

သူ႔စီးပြားေရးမွာ ဘ႑ာေရးကိစၥေတြနဲ႔ပတ္သက္လို႔ ေမးခြန္းထုတ္စရာေတြ ရွိေနတာကို ဒီမိုကရက္တစ္ ပါတီ အမတ္ေတြဘက္က စိုးရိမ္မႈေတြ ရွိေနတာေၾကာင့္ သူ႔ကို ခန႔္အပ္သင့္ မသင့္ အထက္လႊတ္ေတာ္မွာ ၂ ႏွစ္ေလာက္ စဥ္းစားခဲ့ၾကတာပါ။

Michael Pack ဟာသူ႔ရဲ႕ Manifold Productions ထုတ္လုပ္ေရးလုပ္ငန္းကေန မွတ္တမ္း႐ုပ္ရွင္အမ်ားအျပားကို ေရးသား၊ ႐ိုက္ကူး၊ ထုတ္လုပ္ခဲ့ပါတယ္။ အမ်ားစုကိုလည္း အမ်ားျပည္သူပိုင္ PBS ႐ုပ္သံလႊင့္လုပ္ငန္းကေန ျပသခဲ့ပါတယ္။ သူဟာ အေမရိကန္က Conservative အေတြးအျမင္ရွိသူ တတ္သိပညာရွင္မ်ားအဖြဲ႕ Claremont Institute မွာ အမႈေဆာင္အရာရွိခ်ဳပ္လုပ္ခဲ့သလို သီးျခားလြတ္လပ္တဲ့ အစိုးရဌာနတခုျဖစ္တဲ့ National Endowment for the Humanities, Corporation for Public Broadcasting ပရဟိတအဖြဲ႕အစည္းေတြမွာလည္း တာဝန္ေတြယူခဲ့ပါတယ္။

သမၼတ Trump အတြက္ အရင္က အဓိကမဟာဗ်ဴဟာေရးဆြဲခဲ့သူလဲျဖစ္၊ Breitbart News ကိုတည္ေထာင္သူလည္းျဖစ္တဲ့ Stephen Bannon နဲ႔လည္း ႐ုပ္ရွင္ project ေတြကို အတူတြဲလုပ္ခဲ့ဖူးပါတယ္။

VOA ရဲ႕ ႐ုပ္ျမင္သံၾကားအပိုင္းျဖစ္လာခဲ့တဲ့ U.S. Information Agency ရဲ႕ ကမာၻတဝန္းၿဂိဳလ္တုဆက္သြယ္ေရးကြန္ယက္ WORLDNET မွာလည္း ၫႊန္ၾကားေရးမႉးအျဖစ္ Michael Pack တာဝန္ထမ္းေဆာင္ခဲ့ဖူးပါတယ္။

USAGM လုပ္ငန္းႀကီးတခုလုံးမွာ အလုပ္လုပ္ေနၾကတဲ့ သတင္းေထာက္ေတြအားလုံးဟာ ဘက္လိုက္မႈကင္းတယ္။ သတင္းေတြကို ဘယ္လိုေျပာပါဆိုတဲ့ ႏိုင္ငံေရးလႊမ္းမိုးမႈမရွိဘဲ အလုပ္လုပ္ေနၾကတယ္ဆိုတဲ့ ယုံၾကည္မႈနဲ႔ လည္ပတ္ေနၾကတာျဖစ္လို႔ ဒီယုံၾကည္မႈပ်က္သြားရင္ လုပ္ငန္းႀကီးတခုလုံး ထိခိုက္လိမ့္မယ္လို႔ သူ႔ကို USAGM အႀကီးအကဲ ခန႔္သင့္ မသင့္ ၿပီးခဲ့တဲ့ စက္တင္ဘာမွာလုပ္ခဲ့တဲ့ လႊတ္ေတာ္ၾကားနာပြဲမွာေတာ့ Michael Pack ေျပာၾကားခဲ့ပါတယ္။

 ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/usagm-micheal-pack/5450502.html
USAGM အကြီးအကဲအဖြစ် Michael Pack ကို အထက်လွှတ်တော်အတည်ပြု USAGM အကြီးအကဲအဖြစ် Michael Pack ကို အထက်လွှတ်တော်အတည်ပြု Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.