ကန် မှာဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေကြောင့် နယူးယောက်က မြန်မာတွေအတွက် ကုလဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ရုံး သတိပေးချက် ထုတ်ပြန်

ကန် မှာဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေကြောင့် ကုလဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ရုံး သတိပေးချက် ထုတ်ပြန်
(Unicode)⤵⤵⤵
အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့နေ မြန်မာအသိုက်အဝန်းနဲ့ ကျောင်းသား ကျောင်းသူတွေ လိုက်နာဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ရုံးက ဇွန်လ ၂ ရက် အင်္ဂါနေ့ ရက်စွဲနဲ့ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေနဲ့ ဆူပူအကြမ်းဖက်မှုတွေဟာ နယူးရောက်မှာပါ ဖြစ်ပွားလာနေတာကြောင့် ဇွန်လ ၃ ရက် ဗုဒ္ဓဟူးနေ့က စပြီး ည ၈နာရီကနေမနက် ၅ နာရီအထိ ညမထွက်ရ ထုတ်ပြန်ကြေညာလိုက်တဲ့အတွက် မြန်မာမိသားစုတွေနဲ့ ကျောင်သား ကျောင်းသူတွေအနနေဲ့ မိမိလုံခြုံရေးအတွက် ‌ဒေသဆိုင်ရာ အစိုးရရဲ့ သတိပေးချက်တွေကို လိုက်နာကြဖို့ သတိပေး တိုက်တွန်းထားတာပါ။

မိမိ နေအိမ်မှာပဲနေပြီး ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် သတိထားဖို့အပြင် ပတ်ဝန်းကျင်မှာ ဖြစ်ပွားနေတာကို သိနိုင်အောင်သတင်းမီဒီယာတွေကို စောင့်ကြည့် သွားဖို့နဲ့ သတ်မှတ် စည်းကမ်းတွေ လိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင်လူစုလူဝေးဖြစ်တဲ့ နေရာတွေကို မသွားကြဖို့နဲ့ လိုအပ်လို့ နေအိမ်ကနေ အပြင်ကို သွားရင်လည်း လူစုလူဝေးနဲ့ ကြုံရရင် လူအုပ်နဲ့ ဝေးရာကို ရှောင်သွားဖို့၊ ကားမောင်းစဉ် ကြုံရရင် ကားတံခါးမဖွင့်ဖို့ကစပြီး အရေးပေါ်ကြုံရင် ၉၁၁ ကို ခေါ်ဖို့ပါ ညွှန်ကြားထားပါတယ်။

တကယ်လို့ ကောင်စစ်ဆိုင်ရာကိစ္စနဲ့ အရေးပေါ် ဆက်သွယ်ချင်ရင် လက်ကိုင်ဖုံး ၁ (၃၄၇) ၆၄၇ ၀၈၀၁ ဒါမှမဟုတ် ၁ (၉၁၇) ၅၆၁ ၄၄၁၆ နဲ့ အီးမေးလ် counsulatemyanmarny@gmail.com ကို ဆက်သွယ်ဖို့ပါ ဖေါ်ပြထားပါတယ်။

တခြားမြို့ကြီး အတော်များများမှာလည်း လူတွေ လမ်းမတွေပေါ်မှာ မရှိအောင် မြို့တော်ဝန်တွေကညမထွက်ရ ကာဖျူးအမိန့်တွေ ထုတ်ပြန်ထားသလို အကြမ်းဖက်မှုတွေ ပေါ်လာရင် ခြေမှုန်းနိုင်ဖို့အတွက်အမျိုးသားအစောင့်တပ်တွေကိုလည်း ချထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------
(Zawgyi)⤵⤵⤵
ကန္ မွာျဖစ္ေပၚေနတဲ့ ဆႏၵျပပြဲေတြေၾကာင့္ နယူးေယာက္က ျမန္မာေတြအတြက္ ကုလဆိုင္ရာ ျမန္မာအၿမဲတမ္း ကိုယ္စားလွယ္႐ုံး သတိေပးခ်က္ ထုတ္ျပန္

အေမရိကန္ျပည္ေထာင္စု နယူးေရာက္ၿမိဳ႕ေန ျမန္မာအသိုက္အဝန္းနဲ႔ ေက်ာင္းသား ေက်ာင္းသူေတြ လိုက္နာဖို႔ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္း ကိုယ္စားလွယ္အဖြဲ႕ ႐ုံးက ဇြန္လ ၂ ရက္ အဂၤါေန႔ ရက္စြဲနဲ႔ သတိေပးစာ ထုတ္ျပန္လိုက္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ျဖစ္ပြားေနတဲ့ ဆႏၵျပမႈေတြနဲ႔ ဆူပူအၾကမ္းဖက္မႈေတြဟာ နယူးေရာက္မွာပါ ျဖစ္ပြားလာေနတာေၾကာင့္ ဇြန္လ ၃ ရက္ ဗုဒၶဟူးေန႔က စၿပီး ည ၈နာရီကေနမနက္ ၅ နာရီအထိ ညမထြက္ရ ထုတ္ျပန္ေၾကညာလိုက္တဲ့အတြက္ ျမန္မာမိသားစုေတြနဲ႔ ေက်ာင္သား ေက်ာင္းသူေတြအနေနဲ႔ မိမိလုံၿခဳံေရးအတြက္ ‌ေဒသဆိုင္ရာ အစိုးရရဲ႕ သတိေပးခ်က္ေတြကို လိုက္နာၾကဖို႔ သတိေပး တိုက္တြန္းထားတာပါ။

မိမိ ေနအိမ္မွာပဲေနၿပီး ကို႐ိုနာဗိုင္းရပ္စ္ မကူးစက္ေအာင္ သတိထားဖို႔အျပင္ ပတ္ဝန္းက်င္မွာ ျဖစ္ပြားေနတာကို သိႏိုင္ေအာင္သတင္းမီဒီယာေတြကို ေစာင့္ၾကည့္ သြားဖို႔နဲ႔ သတ္မွတ္ စည္းကမ္းေတြ လိုက္နာဖို႔လည္း တိုက္တြန္းထားပါတယ္။

ဒါ့အျပင္လူစုလူေဝးျဖစ္တဲ့ ေနရာေတြကို မသြားၾကဖို႔နဲ႔ လိုအပ္လို႔ ေနအိမ္ကေန အျပင္ကို သြားရင္လည္း လူစုလူေဝးနဲ႔ ႀကဳံရရင္ လူအုပ္နဲ႔ ေဝးရာကို ေရွာင္သြားဖို႔၊ ကားေမာင္းစဥ္ ႀကဳံရရင္ ကားတံခါးမဖြင့္ဖို႔ကစၿပီး အေရးေပၚႀကဳံရင္ ၉၁၁ ကို ေခၚဖို႔ပါ ၫႊန္ၾကားထားပါတယ္။

တကယ္လို႔ ေကာင္စစ္ဆိုင္ရာကိစၥနဲ႔ အေရးေပၚ ဆက္သြယ္ခ်င္ရင္ လက္ကိုင္ဖုံး ၁ (၃၄၇) ၆၄၇ ၀၈၀၁ ဒါမွမဟုတ္ ၁ (၉၁၇) ၅၆၁ ၄၄၁၆ နဲ႔ အီးေမးလ္ counsulatemyanmarny@gmail.com ကို ဆက္သြယ္ဖို႔ပါ ေဖၚျပထားပါတယ္။

တျခားၿမိဳ႕ႀကီး အေတာ္မ်ားမ်ားမွာလည္း လူေတြ လမ္းမေတြေပၚမွာ မရွိေအာင္ ၿမိဳ႕ေတာ္ဝန္ေတြကညမထြက္ရ ကာဖ်ဴးအမိန႔္ေတြ ထုတ္ျပန္ထားသလို အၾကမ္းဖက္မႈေတြ ေပၚလာရင္ ေျခမႈန္းႏိုင္ဖို႔အတြက္အမ်ိဳးသားအေစာင့္တပ္ေတြကိုလည္း ခ်ထားပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/permanent-mission-of-myanmar-to-the-united-nations-statement-on-current-us-situation-/5447014.html
ကန် မှာဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေကြောင့် နယူးယောက်က မြန်မာတွေအတွက် ကုလဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ရုံး သတိပေးချက် ထုတ်ပြန် ကန် မှာဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေကြောင့် နယူးယောက်က မြန်မာတွေအတွက် ကုလဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ရုံး သတိပေးချက် ထုတ်ပြန် Reviewed by THITHTOOLWIN on 07:02 Rating: 5
Powered by Blogger.