ကမ္ဘောဇဘဏ်ခွဲက ငွေခြိမ်းခြောက်တောင်းတဲ့သူတွေကို SSPP စစ်ဆေးနေတယ်လို့ ဆို

( SSPP အဖွဲ့ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းစု ကို တွေ့ရစဉ်) Photo: Kan Thar/RFA
(Unicode)⤵⤵⤵
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို ၊ ကျောက်မဲ၊ သီပေါမြို့တွေမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲတွေဆီကနေ ငွေတောင်းခံခဲ့တဲ့ SSPP အဖွဲ့ဝင်တွေကို SSPP ဌာနချုပ်က ခေါ်ယူစစ်ဆေးနေပါတယ်။

ပိတ်ထားတဲ့ ကမ္ဘောဇဘဏ်ခွဲတွေ လုပ်ငန်းတွေပြန်လည်လုပ်ကိုင်နိုင်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာ နဲ့ပတ်သက်ပြီး SSPP တပ်ဖွဲ့ ဗဟိုတာဝန်ရှိသူတွေက ဘဏ်နဲ့ ဝန်ထမ်းတွေလုံခြုံရေးကို အာမခံပါကြောင်း မနေ့ နေ့လယ်ပိုင်းမှာ SSPP ဌာနချုပ် ဝမ်ဟိုင်းမှာ RFA နဲ့ တွေ့ဆုံပြီး ရှင်းလင်းပြောဆိုတာ ဖြစ်ပါတယ်။

SSPP တပ်မဟာ (၉၉၉) က တပ်သားတွေက ကျောက်မဲမြို့က မ္ဘောဇဘဏ်ကို ငွေကြေးတောင်းခံပြီး ခြိမ်းခြောက်ခဲ့လို့ တပ်မဟာမှူး အပါအဝင် သုံးဦးကို ဌာနချုပ်မှာ ခေါ်ယူစစ်ဆေးနေတယ်လို့ SSPP အဖွဲ့ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းစုက ပြောပါတယ်။ အဲဒီဘဏ်တွေကနေ ငွေဘယ်လောက်ထိ တောင်းခံခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားတာ မရှိခဲ့ပါဘူး။
အောက်ခြေတပ်သားတွေကို ဘဏ်တွေမှာ ငွေကောက်ခံခိုင်းတာမရှိဘဲ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်မှသာ SSPP ဗဟိုကနေ တိုက်ရိုက်အကူအညီ တောင်းခံတာမျိုးပဲရှိတယ်လို့ ပြောပါတယ်။

ကမ္ဘောဇဘဏ်ဖက်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ကျောက်မဲ၊ သီပေါနဲ့ နောင်ချို ဘဏ်သုံးခုကို ဇွန်လ ၂၂ ရက်နေ့ကနေစပြီး ပိတ်ထားမယ်လို့သာ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီကဒေသခံတွေအနေနဲ့ ပြင်ဦးလွင်မှာရှိတဲ့ ကမ္ဘောဇဘဏ်နဲ့ ငွေကြေးကိစ္စချိတ်ဆက် ဆောင်ရွက်နိုင်သလို သီပေါဒေသခံတွေကတော့ လားရှိုး ကမ္ဘောဇဘဏ်နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

RFA Burmese
-----------------------------------------
(Zawgyi)⤵⤵⤵
ကေမာၻဇဘဏ္ခြဲက ေငြၿခိမ္းေျခာက္ေတာင္းတဲ့သူေတြကို SSPP စစ္ေဆးေနတယ္လို႔ ဆို

ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေနာင္ခ်ိဳ ၊ ေက်ာက္မဲ၊ သီေပါၿမိဳ႕ေတြမွာရွိတဲ့ ကေမာၻဇဘဏ္ခြဲေတြဆီကေန ေငြေတာင္းခံခဲ့တဲ့ SSPP အဖြဲ႕ဝင္ေတြကို SSPP ဌာနခ်ဳပ္က ေခၚယူစစ္ေဆးေနပါတယ္။

ပိတ္ထားတဲ့ ကေမာၻဇဘဏ္ခြဲေတြ လုပ္ငန္းေတြျပန္လည္လုပ္ကိုင္ႏိုင္ေၾကာင္း၊ လုံၿခဳံေရးပိုင္းဆိုင္ရာ နဲ႔ပတ္သက္ၿပီး SSPP တပ္ဖြဲ႕ ဗဟိုတာဝန္ရွိသူေတြက ဘဏ္နဲ႔ ဝန္ထမ္းေတြလုံၿခဳံေရးကို အာမခံပါေၾကာင္း မေန႔ ေန႔လယ္ပိုင္းမွာ SSPP ဌာနခ်ဳပ္ ဝမ္ဟိုင္းမွာ RFA နဲ႔ ေတြ႕ဆုံၿပီး ရွင္းလင္းေျပာဆိုတာ ျဖစ္ပါတယ္။

SSPP တပ္မဟာ (၉၉၉) က တပ္သားေတြက ေက်ာက္မဲၿမိဳ႕က ေမာၻဇဘဏ္ကို ေငြေၾကးေတာင္းခံၿပီး ၿခိမ္းေျခာက္ခဲ့လို႔ တပ္မဟာမႉး အပါအဝင္ သုံးဦးကို ဌာနခ်ဳပ္မွာ ေခၚယူစစ္ေဆးေနတယ္လို႔ SSPP အဖြဲ႕ေျပာခြင့္ရသူ ဒုတိယ ဗိုလ္မႉးႀကီး စိုင္းစုက ေျပာပါတယ္။ အဲဒီဘဏ္ေတြကေန ေငြဘယ္ေလာက္ထိ ေတာင္းခံခဲ့တယ္ဆိုတာကိုေတာ့ ထုတ္ေဖာ္ေျပာၾကားတာ မရွိခဲ့ပါဘူး။
ေအာက္ေျခတပ္သားေတြကို ဘဏ္ေတြမွာ ေငြေကာက္ခံခိုင္းတာမရွိဘဲ ေဒသဖြံ႕ၿဖိဳးေရးအတြက္ လိုအပ္မွသာ SSPP ဗဟိုကေန တိုက္႐ိုက္အကူအညီ ေတာင္းခံတာမ်ိဳးပဲရွိတယ္လို႔ ေျပာပါတယ္။

ကေမာၻဇဘဏ္ဖက္ကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါကာလအတြင္း ေက်ာက္မဲ၊ သီေပါနဲ႔ ေနာင္ခ်ိဳ ဘဏ္သုံးခုကို ဇြန္လ ၂၂ ရက္ေန႔ကေနစၿပီး ပိတ္ထားမယ္လို႔သာ သတင္းထုတ္ျပန္ထားပါတယ္။

အဲဒီကေဒသခံေတြအေနနဲ႔ ျပင္ဦးလြင္မွာရွိတဲ့ ကေမာၻဇဘဏ္နဲ႔ ေငြေၾကးကိစၥခ်ိတ္ဆက္ ေဆာင္႐ြက္ႏိုင္သလို သီေပါေဒသခံေတြကေတာ့ လားရႈိး ကေမာၻဇဘဏ္နဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
ကမ္ဘောဇဘဏ်ခွဲက ငွေခြိမ်းခြောက်တောင်းတဲ့သူတွေကို SSPP စစ်ဆေးနေတယ်လို့ ဆို ကမ္ဘောဇဘဏ်ခွဲက ငွေခြိမ်းခြောက်တောင်းတဲ့သူတွေကို SSPP စစ်ဆေးနေတယ်လို့ ဆို Reviewed by THITHTOOLWIN on 11:26 Rating: 5
Powered by Blogger.