မိုးနဲ RCSS/SSA ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ် တပ်မှ ဖျက်ဆီး

ဖျက်ဆီးခံရတဲ့ RCSS/SSA၏ ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်နေရာ (Photo by Tai Freedom/Facebook )
(Unicode)⤵⤵⤵
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ် အတွင်း RCSS/SSA ၏ ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်ကို အစိုးရ တပ်မတော် က လာရောက် ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ဇွန် ၂၁ ရက်တွင် မိုးနဲမြို့နယ် နားခန်ကျေးရွာ အတွင်းရှိ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)၏ ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်ကို အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) တိုင်းမှူး အမိန့်ဖြင့် လာရောက်ဖျက်ဆီးခဲ့သည် ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ခြေမြန်တပ်ရင်း ခမရ ၅၇၅ တပ် အင်အား ၃၀ ကျော်လောက် လာဖျက်တာပါ။ ရလခတိုင်းမှူး အမိန့်နဲ့ လာဖျက်တာပါ။ အရင်ကတည်းက ကျနော်တို့ စစ်ဆေးနေတဲ့ဂိတ်ပါ။ ဘာမှ မဖြစ်ပါဘူး။ ကျနော်တို့ ကျေးရွာတွေမှာလည်း ကျန်းမာရေး စစ်ဆေးဂိတ်တွေ အများကြီးရှိပါတယ်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောသည်။
ဖျက်ဆီးခံရတဲ့ RCSS/SSA၏ ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်နေရာ (Photo by Tai Freedom/Facebook )
RCSS/SSA ၏ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အတွက် တည်ဆောက်ထားသည့် ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်ကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) တိုင်းမှူးဗိုလ်ချုပ် သန်းလှိုင် အမိန့် အရ လာရောက်ဖျက်ဆီးခဲ့ကြောင်း RCSS/SSA ၏ သတင်းဝက်ဆိုဒ် တွင် ရေးသားဖော်ပြထားသည်။

ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးသည့် ဂိတ်ကို လာရောက်ဖျက်ဆီးသည့် နားလောကျေးရွာ အုပ်စု မိုင်းပန်မြို့နယ် အခြေစိုက် သည့် ခမရ ၅၇၅ သည် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ-ခိုလမ်) လက်အောက်ခံ အမှတ် ၁၇ စစ်ဆင်ရေး ကွပ်ကဲရေး ဌာနချုပ် စကခ ၁၇ ၏ တပ်ရင်း ဖြစ်ကြောင်း သိရသည်။

ဇွန် ၁၈ ရက် မနက် ၉ နာရီ တွင်လည်း သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း RCSS/SSA ၏ ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ် တွင် တာဝန်ထမ်းဆောင်သည့် RCSS/SSA ကျန်းမာရေး ဝန်ထမ်းများကိုအာဏာပိုင်များက ဆောင်ရွက်ခြင်းမပြုရန် တားဆီး ပိတ်ပင်ခဲ့ကာ ယနေ့အချိန်ထိ ကျန်းမာရေး ဝန်ဆောင်မှု မပေးနိုင်ခဲ့ကြောင်း လည်း RCSS/SSA အသိုင်းအဝန်းက ပြောသည်။

RCSS/SSA၏ ကျန်းမာရေး ဝန်ဆောင်မှုပေးနေသည့် ဝန်ထမ်းများသည် အစိုးရအာဏာပိုင်များ၏ တားဆီးပိတ်ပင်မှုကို မကြာခဏ ခံရသော်လည်း တဖက်တွင်လည်း RCSS/SSA ၏ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အတွက် အစိုးရ၊ တပ်ပိုင်းဆိုင်ရာက ထောက်ပံ့မှုများ ပေးဝေနေသည်မှာ စဉ်းစားစရာဖြစ်နေသည် ဟုလည်း ဒေသခံ ပြည်သူများ က ပြောဆိုလာကြသည်။

“ တဖက်က ကိုဗစ် အတွက် ထောက်ပံ့မှုတွေ ပေးတယ်။ တဖက်မှာတော့ တားဆီးနေတယ်။ အခုဆိုရင် ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်ကိုတောင် ဖျက်ဆီးလာတော့ မြေပြင်နဲ့ အပေါ်ပိုင်းနဲ့ က ဝေးကွာနေတယ်” ဟု သျှမ်းပြည် မိုးနဲဒေသခံ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇွန် ၁၆ ရက်တွင်လည်း ကိုဗစ်-၁၉ ကာလ အတွင်း ထိန်းချုပ်ရေး ၊ ကုသရေး နှင့် ပတ်သက်ပြီး RCSS/SSAနှင့် အစိုးရ အဖွဲ့တို့သည် Vedio Conferencing အစည်းအဝေးပြုလုပ်ကာ အစိုးရ မှ RCSS/SSA၏ ကိုဗစ်-၁၉ လုပ်ဆောင်ချက် အပေါ် ထောက်ပံ့ပစ္စည်းများ ထပ်မံပေးမည်ဟုလည်း ပြောဆိုခဲ့ကြောင်း သိရသည်။

Nang Seng Nom - သျှမ်းသံတော်ဆင့်
--------------------------------------------------
(Zawgyi)⤵⤵⤵
မိုးနဲ RCSS/SSA ကိုဗစ္-၁၉ စစ္ေဆးေရး ဂိတ္ တပ္မွ ဖ်က္ဆီး

သွ်မ္းျပည္ေတာင္ပိုင္း လင္းေခးခ႐ိုင္ မိုးနဲၿမိဳ႕နယ္ အတြင္း RCSS/SSA ၏ ကိုဗစ္-၁၉ စစ္ေဆးေရး ဂိတ္ကို အစိုးရ တပ္မေတာ္ က လာေရာက္ ဖ်က္ဆီးခဲ့ေၾကာင္း စုံစမ္းသိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ ဇြန္ ၂၁ ရက္တြင္ မိုးနဲၿမိဳ႕နယ္ နားခန္ေက်း႐ြာ အတြင္းရွိ သွ်မ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ၊ သွ်မ္းျပည္တပ္မေတာ္(RCSS/SSA)၏ ကိုဗစ္-၁၉ စစ္ေဆးေရး ဂိတ္ကို အေရွ႕အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ (ရလခ) တိုင္းမႉး အမိန႔္ျဖင့္ လာေရာက္ဖ်က္ဆီးခဲ့သည္ ဟု RCSS/SSA ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မႉးႀကီး စဝ္အုမ္ေခး က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။

“ ေျချမန္တပ္ရင္း ခမရ ၅၇၅ တပ္ အင္အား ၃၀ ေက်ာ္ေလာက္ လာဖ်က္တာပါ။ ရလခတိုင္းမႉး အမိန႔္နဲ႔ လာဖ်က္တာပါ။ အရင္ကတည္းက က်ေနာ္တို႔ စစ္ေဆးေနတဲ့ဂိတ္ပါ။ ဘာမွ မျဖစ္ပါဘူး။ က်ေနာ္တို႔ ေက်း႐ြာေတြမွာလည္း က်န္းမာေရး စစ္ေဆးဂိတ္ေတြ အမ်ားႀကီးရွိပါတယ္” ဟု ဒုဗိုလ္မႉးႀကီး စဝ္အုမ္ေခး က ေျပာသည္။

RCSS/SSA ၏ ကိုဗစ္-၁၉ ကာကြယ္တားဆီးေရး လုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ရန္ အတြက္ တည္ေဆာက္ထားသည့္ ကိုဗစ္-၁၉ စစ္ေဆးေရး ဂိတ္ကို အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ (ရလခ) တိုင္းမႉးဗိုလ္ခ်ဳပ္ သန္းလႈိင္ အမိန႔္ အရ လာေရာက္ဖ်က္ဆီးခဲ့ေၾကာင္း RCSS/SSA ၏ သတင္းဝက္ဆိုဒ္ တြင္ ေရးသားေဖာ္ျပထားသည္။

ကိုဗစ္-၁၉ က်န္းမာေရး စစ္ေဆးသည့္ ဂိတ္ကို လာေရာက္ဖ်က္ဆီးသည့္ နားေလာေက်း႐ြာ အုပ္စု မိုင္းပန္ၿမိဳ႕နယ္ အေျခစိုက္ သည့္ ခမရ ၅၇၅ သည္ အေရွ႕ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ (ရလခ-ခိုလမ္) လက္ေအာက္ခံ အမွတ္ ၁၇ စစ္ဆင္ေရး ကြပ္ကဲေရး ဌာနခ်ဳပ္ စကခ ၁၇ ၏ တပ္ရင္း ျဖစ္ေၾကာင္း သိရသည္။

ဇြန္ ၁၈ ရက္ မနက္ ၉ နာရီ တြင္လည္း သွ်မ္းျပည္ ေတာင္ပိုင္း လင္းေခးခ႐ိုင္ မိုးနဲၿမိဳ႕နယ္အတြင္း RCSS/SSA ၏ ကိုဗစ္-၁၉ စစ္ေဆးေရး ဂိတ္ တြင္ တာဝန္ထမ္းေဆာင္သည့္ RCSS/SSA က်န္းမာေရး ဝန္ထမ္းမ်ားကိုအာဏာပိုင္မ်ားက ေဆာင္႐ြက္ျခင္းမျပဳရန္ တားဆီး ပိတ္ပင္ခဲ့ကာ ယေန႔အခ်ိန္ထိ က်န္းမာေရး ဝန္ေဆာင္မႈ မေပးႏိုင္ခဲ့ေၾကာင္း လည္း RCSS/SSA အသိုင္းအဝန္းက ေျပာသည္။

RCSS/SSA၏ က်န္းမာေရး ဝန္ေဆာင္မႈေပးေနသည့္ ဝန္ထမ္းမ်ားသည္ အစိုးရအာဏာပိုင္မ်ား၏ တားဆီးပိတ္ပင္မႈကို မၾကာခဏ ခံရေသာ္လည္း တဖက္တြင္လည္း RCSS/SSA ၏ ကိုဗစ္-၁၉ ကာကြယ္ ထိန္းခ်ဳပ္ေရး အတြက္ အစိုးရ၊ တပ္ပိုင္းဆိုင္ရာက ေထာက္ပံ့မႈမ်ား ေပးေဝေနသည္မွာ စဥ္းစားစရာျဖစ္ေနသည္ ဟုလည္း ေဒသခံ ျပည္သူမ်ား က ေျပာဆိုလာၾကသည္။

“ တဖက္က ကိုဗစ္ အတြက္ ေထာက္ပံ့မႈေတြ ေပးတယ္။ တဖက္မွာေတာ့ တားဆီးေနတယ္။ အခုဆိုရင္ ကိုဗစ္-၁၉ စစ္ေဆးေရး ဂိတ္ကိုေတာင္ ဖ်က္ဆီးလာေတာ့ ေျမျပင္နဲ႔ အေပၚပိုင္းနဲ႔ က ေဝးကြာေနတယ္” ဟု သွ်မ္းျပည္ မိုးနဲေဒသခံ တဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

ဇြန္ ၁၆ ရက္တြင္လည္း ကိုဗစ္-၁၉ ကာလ အတြင္း ထိန္းခ်ဳပ္ေရး ၊ ကုသေရး ႏွင့္ ပတ္သက္ၿပီး RCSS/SSAႏွင့္ အစိုးရ အဖြဲ႕တို႔သည္ Vedio Conferencing အစည္းအေဝးျပဳလုပ္ကာ အစိုးရ မွ RCSS/SSA၏ ကိုဗစ္-၁၉ လုပ္ေဆာင္ခ်က္ အေပၚ ေထာက္ပံ့ပစၥည္းမ်ား ထပ္မံေပးမည္ဟုလည္း ေျပာဆိုခဲ့ေၾကာင္း သိရသည္။

Nang Seng Nom - သွ်မ္းသံေတာ္ဆင့္
https://burmese.shannews.org/archives/17215
မိုးနဲ RCSS/SSA ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ် တပ်မှ ဖျက်ဆီး မိုးနဲ RCSS/SSA ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ် တပ်မှ ဖျက်ဆီး Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.