အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်း၊ RCSS/SSA စခန်းကိုပစ်ခတ်


(Unicode)⤵⤵⤵
ကိုဗစ်ကာလကြား သျှမ်းပြည် အရှေ့ပိုင်း ပုံပါကျင်မြို့နယ် တွင် အစိုးရတပ် နှင့် နယ်ခြားစောင့်တပ်တို့ပူးပေါင်းပြီး RCSS/SSA တို့ ယနေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း စုံစမ်းသိရသည်။

ဇွန် ၃ ရက် ယနေ့မနက်ပိုင်းက မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့နယ် အတွင်း အမှတ်၆၅ ခြေလျင်တပ်ရင်း နှင့် အမှတ် ၁၀၀၇ နယ်ခြားစောင့်တပ် တို့ ပူးပေါင်းပြီး သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊သျှမ်းပြည်တပ်တော်( RCSS/SSA) ယာယီတပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တိုက်ပွဲကတော့ မနက် ၈နာရီ ကနေ ၁၀နာရီထိဖြစ်သွားတယ်။ တပ်နဲ့ နယ်ခြားစောင့် တပ် ပူးပေါင်းပြီး ကျနော်တို့ တပ်စခန်း ရှိတဲ့နေရာကို ပစ်တာပါ။ လူထိခိုက်မှုတော့မရှိဘူး” ဟု ဗိုလ်မှူး ခမ်းစံ ကဆိုသည်။

အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် တို့ ပူးပေါင်းပြီး စစ်အင်အား ၁၀၀ တို့သည် မော်တာ ၆၀ မမ၊ M 79 ၊တို့ဖြင့် RCSS/SSA၏ ယာယီတပ်စခန်းကို ပစ်ခတ်ကြောင်း သိရသည်။

လက်ရှိမှာ အစိုးရတပ်မတော်နှင့် နယ်ခြားစောင့်တပ်တို့သည် စစ်အင်အားများ ဖြည့်နေမှုကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွါးမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ဧပြီလကလည်း RCSS/SSAနှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ၂ဖက် ထိန်းသိမ်းနေထိုင်သွားမည် ဟုလည်း နှုတ်ကတိများ အပြန်အလှန်ပေးခဲ့ပြီး ကိုဗစ်-၁၉ ကာလ အတွင်း ပူးပေါင်းဆောင်ရွက်ရန်လည်း ပြောဆိုထားကြသည်။

ထို့ပြင် အစိုးရ တပ်မတော် ဘက်မှလည်း အကြမ်းဖက် ဟု ကြေညာထားသည့် အဖွဲ့အစည်းရှိသည့်နေရာ မှ အပ ကျန် နယ်မြေများတွင် မေ ၁၀ရက်မှ သြဂုတ် ၃၁ရက် ထိ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်သည့် ကာလ အနေဖြင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲထားကြောင်း ကြေညာချက် ထုတ်ခဲ့သေးသည်။

RCSS/SSA သည် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တခုဖြစ်သည်။

By Nang Seng Nom - သျှမ်းသံတော်ဆင့်
-------------------------------------------
(Zawgyi)⤵⤵⤵
အစိုးရတပ္ႏွင့္ နယ္ျခားေစာင့္တပ္ ပူးေပါင္း၊ RCSS/SSA စခန္းကိုပစ္ခတ္

ကိုဗစ္ကာလၾကား သွ်မ္းျပည္ အေရွ႕ပိုင္း ပုံပါက်င္ၿမိဳ႕နယ္ တြင္ အစိုးရတပ္ ႏွင့္ နယ္ျခားေစာင့္တပ္တို႔ပူးေပါင္းၿပီး RCSS/SSA တို႔ ယေန႔ မနက္ပိုင္းက ပစ္ခတ္မႈျဖစ္ပြါးခဲ့ေၾကာင္း စုံစမ္းသိရသည္။

ဇြန္ ၃ ရက္ ယေန႔မနက္ပိုင္းက မိုင္းဆတ္ခ႐ိုင္ ပုံပါက်င္ၿမိဳ႕နယ္ အတြင္း အမွတ္၆၅ ေျခလ်င္တပ္ရင္း ႏွင့္ အမွတ္ ၁၀၀၇ နယ္ျခားေစာင့္တပ္ တို႔ ပူးေပါင္းၿပီး သွ်မ္းျပည္ ျပန္လည္ ထူေထာင္ေရး ေကာင္စီ၊သွ်မ္းျပည္တပ္ေတာ္( RCSS/SSA) ယာယီတပ္စခန္းကို လက္နက္ႀကီးျဖင့္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း RCSS ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉး ခမ္းစံ က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

“ တိုက္ပြဲကေတာ့ မနက္ ၈နာရီ ကေန ၁၀နာရီထိျဖစ္သြားတယ္။ တပ္နဲ႔ နယ္ျခားေစာင့္ တပ္ ပူးေပါင္းၿပီး က်ေနာ္တို႔ တပ္စခန္း ရွိတဲ့ေနရာကို ပစ္တာပါ။ လူထိခိုက္မႈေတာ့မရွိဘူး” ဟု ဗိုလ္မႉး ခမ္းစံ ကဆိုသည္။

အစိုးရတပ္ႏွင့္ နယ္ျခားေစာင့္တပ္ တို႔ ပူးေပါင္းၿပီး စစ္အင္အား ၁၀၀ တို႔သည္ ေမာ္တာ ၆၀ မမ၊ M 79 ၊တို႔ျဖင့္ RCSS/SSA၏ ယာယီတပ္စခန္းကို ပစ္ခတ္ေၾကာင္း သိရသည္။

လက္ရွိမွာ အစိုးရတပ္မေတာ္ႏွင့္ နယ္ျခားေစာင့္တပ္တို႔သည္ စစ္အင္အားမ်ား ျဖည့္ေနမႈေၾကာင့္ တိုက္ပြဲမ်ား ဆက္လက္ ျဖစ္ပြါးမည္ကို ေဒသခံမ်ားက စိုးရိမ္ေနၾကသည္။

ဧၿပီလကလည္း RCSS/SSAႏွင့္ အစိုးရ တပ္မေတာ္တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး တိုက္ပြဲမ်ား ထပ္မံ မျဖစ္ပြားေအာင္ ၂ဖက္ ထိန္းသိမ္းေနထိုင္သြားမည္ ဟုလည္း ႏႈတ္ကတိမ်ား အျပန္အလွန္ေပးခဲ့ၿပီး ကိုဗစ္-၁၉ ကာလ အတြင္း ပူးေပါင္းေဆာင္႐ြက္ရန္လည္း ေျပာဆိုထားၾကသည္။

ထို႔ျပင္ အစိုးရ တပ္မေတာ္ ဘက္မွလည္း အၾကမ္းဖက္ ဟု ေၾကညာထားသည့္ အဖြဲ႕အစည္းရွိသည့္ေနရာ မွ အပ က်န္ နယ္ေျမမ်ားတြင္ ေမ ၁၀ရက္မွ ၾသဂုတ္ ၃၁ရက္ ထိ ကိုဗစ္-၁၉ ကာကြယ္ ထိန္းခ်ဳပ္သည့္ ကာလ အေနျဖင့္ ပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲထားေၾကာင္း ေၾကညာခ်က္ ထုတ္ခဲ့ေသးသည္။

RCSS/SSA သည္ တႏိုင္ငံလုံး အပစ္ခတ္ရပ္စဲေရး သေဘာတူ စာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႕ တခုျဖစ္သည္။

By Nang Seng Nom - သွ်မ္းသံေတာ္ဆင့္
https://burmese.shannews.org/archives/16919
အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်း၊ RCSS/SSA စခန်းကိုပစ်ခတ် အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်း၊ RCSS/SSA စခန်းကိုပစ်ခတ် Reviewed by THITHTOOLWIN on 22:56 Rating: 5
Powered by Blogger.