NLD မြို့မိမြို့ဖတွေကို ဇွန် ၈ ရက်မတိုင်မီ ရွေးဖို့ပြင်

NLD မြို့မိမြို့ဖ တွေ တစ်ပတ်အတွင်း အပြီးရွေးမယ်
(Unicode)⤵⤵⤵
လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ရေးမှာပါဝင်မယ့် NLD မြို့မိမြို့ဖတွေကို တစ်ပတ်အတွင်း ရွေးဖို့ ပြင်နေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD က ဒုတိယ ဥက္ကဋ္ဌ (၂ ) ဒေါက်တာဇော်မြင့်မောင်က ဘီဘီစီကို ပြောပါတယ်။

လာမယ့်ဇွန်လ ၈ ရက်နေ့အပြီး သက်ဆိုင်ရာမြို့နယ်တွေအလိုက် ရွေးချယ်ကြဖို့ကိုလည်း ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။

တစ်မြို့နယ်ကို မြို့မိမြို့ဖ ၅ဦးစီ ရွေးမှာ ဖြစ်ပြီးတော့ ဒီမြို့မိမြို့ဖတွေဟာ ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ရေး အတွက် ပါဝင် ဆောင်ရွက်ဖို့ရှိတယ်လို့လည်း NLD ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မြို့နယ်တချို့က အလုပ်အမှုဆောင်တွေကို ဘီဘီစီက ဆက်သွယ်မေးကြည့်ရာမှာတော့ မြိုမိမြို့ဖ ရွေးဖို့ အစည်းဝေးအရင်ထိုင်ဖို့ရှိပြီး အစည်းအဝေးပြီးမှ ဘယ်လိုရွေးမယ် ဆိုတာကို ပြောနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
 မြို့နယ်ပေါင်း ၃၃၀ခန့် အတွက် လျာထားရမှာ ဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ မြို့နယ် အလုပ်အမှုဆောင်တွေကို မြို့မိမြို့ဖတွေက တဆင့် ထောက်ခံပေးရမှာ ဖြစ်ပြီး မြို့မိမြို့ဖ ရွေးဖို့ အရည်အချင်း ကန့်သတ်ချက်တွေကိုလည်း ပါတီက ထုတ်ပြန်ခဲ့ပါတယ်။

"မြို့မိမြို့ဖ ဖြစ်ဖို့ဆိုရင် အဲ့ဒီမှာ နှစ်ရှည် နေထိုင်ခဲ့သူ ၊ အများက ယုံကြည်လေးစားသူ၊ ဒီမိုကရေစီအရေးကို အစဉ်တစိုက် ထောက်ခံသူ၊ ပါတီရဲ့ အကျိုးစီးပွားကို ဖော်ဆောင်သူ၊ နိုင်ငံရေး အမြော်အမြင်ရှိသူ ဖြစ်ရမယ်ဆိုတဲ့ စည်းကမ်းချက်တွေနဲ့ အကျုံးဝင်ရမယ်"လို့ ဒေါက်တာဇော်မြင့်မောင်က ဘီဘီစီကို ပြောပါတယ်။

NLD အောက်က ဝင်ရောက်ရွေးချယ်ခံကြမယ့် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ ဒေသခံမြို့မိမြို့ဖတွေရဲ့ ထောက်ခံချက်တွေကို ထည့်သွင်းစဉ်းစားရွေးချယ်ဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

မြို့မိမြို့ဖတွေ ရဲ့ ထောက်ခံချက်နဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်မယ်ဆိုတဲ့ အပေါ် တကယ်အလုပ်လုပ်ခဲ့ သူတွေအနေနဲ့ကတော့ စိတ်ပူစရာ မရှိဘူးလို့လည်း NLD က စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နှင်းခိုင်စိုးက ပြောပါတယ်။
 ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ NLD ပါတီ အမတ်တချို့ကို နေပြည်တော် လွှတ်တော်တစ်ခုမှာ တွေ့ရစဉ်
နီးစပ်ရာ အုပ်စုဖွဲ့ ရွေးချယ်ခဲ့တဲ့ ပြဿနာမျိုးတွေလည်း ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီက ဖြစ်ခဲ့ဖူးတာတွေ ရှိခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ရေးနဲ့ ပတ်သတ်ပြီးတော့လည်း ဗဟိုမှာ ကိုယ်စားလှယ်လောင်းတွ လုပ်ဆောင်ချက်ကို သုတေသန လုပ်ထားတာ ရှိတဲ့အတွက်လည်း အပေါ်မှာ စိစစ်မှုတွေ ထပ်ရှိဦးမှာ ဖြစ်တယ်လို့လည်း ဒေါ်နှင်းခိုင်စိုးက မှတ်ချက်ပြုပါတယ်။

မြို့မိမြို့ဖတွေ ထောက်ခံချက်နဲ့ မြို့နယ်တွေက ပေးပို့လာတဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေကို တိုင်းနှင့်ပြည်နယ်အဆင့် ပါတီတာဝန်ရှိသူတွေက စိစစ်ပြီး ဦးစားပေး (၁)၊ ဦးစားပေး (၂) ခွဲကာ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ အခုလအတွင်း ပေးပို့ရမယ်လို့လည်းဒေါက်တာဇော်မြင့်မောင်က ပြောထားပါတယ်။

ဒီကိုယ်စားလှယ်လောင်းတွေထဲက ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ့် NLD ကိုယ်စားပြု အမတ်လောင်းတွေကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ရွေးချယ်သွားမှာ ဖြစ်တယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ပါတီစည်းကမ်းနဲ့မညီလို့ ထုတ်ပယ်ခဲ့သူတွေလည်းရှိသလို ပါတီကို ထောက်ပံ့ငွေ မသွင်းကြသူတွေ၊ ဒါ့အပြင် ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ပါတီကို ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ခဲ့ဖူးသူတွေကို ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်ရွေးချယ်တာမျိုးကိုတော့ လုပ်မှာမဟုတ်ဘူးလို့ ပါတီရဲ့ ဒုတိယဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ် ။

BBC Burmese
-------------------------------------------
(Zawgyi)⤵⤵⤵
NLD ၿမိဳ႕မိၿမိဳ႕ဖေတြကို ဇြန္ ၈ ရက္မတိုင္မီ ေ႐ြးဖို႔ျပင္

လာမယ့္၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဝင္ၿပိဳင္မယ့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ NLD က လႊတ္ေတာ္ကိုယ္စားလွယ္ေ႐ြးခ်ယ္ေရးမွာပါဝင္မယ့္ NLD ၿမိဳ႕မိၿမိဳ႕ဖေတြကို တစ္ပတ္အတြင္း ေ႐ြးဖို႔ ျပင္ေနတယ္လို႔ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ NLD က ဒုတိယ ဥကၠ႒ (၂ ) ေဒါက္တာေဇာ္ျမင့္ေမာင္က ဘီဘီစီကို ေျပာပါတယ္။

လာမယ့္ဇြန္လ ၈ ရက္ေန႔အၿပီး သက္ဆိုင္ရာၿမိဳ႕နယ္ေတြအလိုက္ ေ႐ြးခ်ယ္ၾကဖို႔ကိုလည္း ေၾကညာခ်က္ထုတ္ျပန္ၿပီး တိုက္တြန္းထားပါတယ္။

တစ္ၿမိဳ႕နယ္ကို ၿမိဳ႕မိၿမိဳ႕ဖ ၅ဦးစီ ေ႐ြးမွာ ျဖစ္ၿပီးေတာ့ ဒီၿမိဳ႕မိၿမိဳ႕ဖေတြဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲ ဝင္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြ ေ႐ြးခ်ယ္ေရး အတြက္ ပါဝင္ ေဆာင္႐ြက္ဖို႔ရွိတယ္လို႔လည္း NLD ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

ၿမိဳ႕နယ္တခ်ိဳ႕က အလုပ္အမႈေဆာင္ေတြကို ဘီဘီစီက ဆက္သြယ္ေမးၾကည့္ရာမွာေတာ့ ၿမိဳမိၿမိဳ႕ဖ ေ႐ြးဖို႔ အစည္းေဝးအရင္ထိုင္ဖို႔ရွိၿပီး အစည္းအေဝးၿပီးမွ ဘယ္လိုေ႐ြးမယ္ ဆိုတာကို ေျပာႏိုင္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ရာမွာ ၿမိဳ႕နယ္ အလုပ္အမႈေဆာင္ေတြကို ၿမိဳ႕မိၿမိဳ႕ဖေတြက တဆင့္ ေထာက္ခံေပးရမွာ ျဖစ္ၿပီး ၿမိဳ႕မိၿမိဳ႕ဖ ေ႐ြးဖို႔ အရည္အခ်င္း ကန႔္သတ္ခ်က္ေတြကိုလည္း ပါတီက ထုတ္ျပန္ခဲ့ပါတယ္။

"ၿမိဳ႕မိၿမိဳ႕ဖ ျဖစ္ဖို႔ဆိုရင္ အဲ့ဒီမွာ ႏွစ္ရွည္ ေနထိုင္ခဲ့သူ ၊ အမ်ားက ယုံၾကည္ေလးစားသူ၊ ဒီမိုကေရစီအေရးကို အစဥ္တစိုက္ ေထာက္ခံသူ၊ ပါတီရဲ႕ အက်ိဳးစီးပြားကို ေဖာ္ေဆာင္သူ၊ ႏိုင္ငံေရး အေျမာ္အျမင္ရွိသူ ျဖစ္ရမယ္ဆိုတဲ့ စည္းကမ္းခ်က္ေတြနဲ႔ အက်ဳံးဝင္ရမယ္"လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္က ဘီဘီစီကို ေျပာပါတယ္။

NLD ေအာက္က ဝင္ေရာက္ေ႐ြးခ်ယ္ခံၾကမယ့္ ကိုယ္စားလွယ္ေလာင္းေတြကို ေ႐ြးခ်ယ္ရာမွာ ေဒသခံၿမိဳ႕မိၿမိဳ႕ဖေတြရဲ႕ ေထာက္ခံခ်က္ေတြကို ထည့္သြင္းစဥ္းစားေ႐ြးခ်ယ္ဖို႔ ျပင္ဆင္လာတာျဖစ္ပါတယ္။

ၿမိဳ႕မိၿမိဳ႕ဖေတြ ရဲ႕ ေထာက္ခံခ်က္နဲ႔ ကိုယ္စားလွယ္ေလာင္းေတြကို ေ႐ြးခ်ယ္မယ္ဆိုတဲ့ အေပၚ တကယ္အလုပ္လုပ္ခဲ့ သူေတြအေနနဲ႔ကေတာ့ စိတ္ပူစရာ မရွိဘူးလို႔လည္း NLD က စစ္ကိုင္းတိုင္းေဒသႀကီး ဒီပဲယင္းၿမိဳ႕နယ္က တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚႏွင္းခိုင္စိုးက ေျပာပါတယ္။

နီးစပ္ရာ အုပ္စုဖြဲ႕ ေ႐ြးခ်ယ္ခဲ့တဲ့ ျပႆနာမ်ိဳးေတြလည္း ၂၀၁၅ ေ႐ြးေကာက္ပြဲမတိုင္မီက ျဖစ္ခဲ့ဖူးတာေတြ ရွိခဲ့ပါတယ္။ ကိုယ္စားလွယ္ေလာင္းေတြ ေ႐ြးခ်ယ္ေရးနဲ႔ ပတ္သတ္ၿပီးေတာ့လည္း ဗဟိုမွာ ကိုယ္စားလွယ္ေလာင္းတြ လုပ္ေဆာင္ခ်က္ကို သုေတသန လုပ္ထားတာ ရွိတဲ့အတြက္လည္း အေပၚမွာ စိစစ္မႈေတြ ထပ္ရွိဦးမွာ ျဖစ္တယ္လို႔လည္း ေဒၚႏွင္းခိုင္စိုးက မွတ္ခ်က္ျပဳပါတယ္။

ၿမိဳ႕မိၿမိဳ႕ဖေတြ ေထာက္ခံခ်က္နဲ႔ ၿမိဳ႕နယ္ေတြက ေပးပို႔လာတဲ့ ကိုယ္စားလွယ္ေလာင္းစာရင္းေတြကို တိုင္းႏွင့္ျပည္နယ္အဆင့္ ပါတီတာဝန္ရွိသူေတြက စိစစ္ၿပီး ဦးစားေပး (၁)၊ ဦးစားေပး (၂) ခြဲကာ NLD ပါတီဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ထံ အခုလအတြင္း ေပးပို႔ရမယ္လို႔လည္းေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာထားပါတယ္။

ဒီကိုယ္စားလွယ္ေလာင္းေတြထဲက ၂၀၂၀ ေ႐ြးေကာက္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရမယ့္ NLD ကိုယ္စားျပဳ အမတ္ေလာင္းေတြကို ပါတီဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က ဆုံးျဖတ္ေ႐ြးခ်ယ္သြားမွာ ျဖစ္တယ္လို႔လည္း ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

ပါတီစည္းကမ္းနဲ႔မညီလို႔ ထုတ္ပယ္ခဲ့သူေတြလည္းရွိသလို ပါတီကို ေထာက္ပံ့ေငြ မသြင္းၾကသူေတြ၊ ဒါ့အျပင္ ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြမွာ ပါတီကို ၿပိဳင္ဘက္အျဖစ္ ယွဥ္ၿပိဳင္ခဲ့ဖူးသူေတြကို ကိုယ္စားလွယ္ေလာင္းအျဖစ္ ျပန္လည္ေ႐ြးခ်ယ္တာမ်ိဳးကိုေတာ့ လုပ္မွာမဟုတ္ဘူးလို႔ ပါတီရဲ႕ ဒုတိယဥကၠဌ ေဒါက္တာ ေဇာ္ျမင့္ေမာင္က ေျပာပါတယ္ ။

BBC Burmese
https://www.bbc.com/burmese/burma-52911475
NLD မြို့မိမြို့ဖတွေကို ဇွန် ၈ ရက်မတိုင်မီ ရွေးဖို့ပြင် NLD မြို့မိမြို့ဖတွေကို ဇွန် ၈ ရက်မတိုင်မီ ရွေးဖို့ပြင် Reviewed by THITHTOOLWIN on 04:10 Rating: 5
Powered by Blogger.