NLD ထိပ်တန်းခေါင်းဆောင်များ မဲဆန္ဒနယ်မြေဟောင်းမှာ ရွေးကောက်ပွဲဝင်မည်


(Unicode)⤵⤵⤵
 နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် လာမယ့် ရွေးကောက်ပွဲမှာ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး နီးစပ်သူတွေက ပြောပါတယ်။ အဲဒီနေရာအတွက် ပေးပို့လာတဲ့ စာရင်းမှာ သမ္မတ ဦးဝင်းမြင့် နာမည် တစ်ခုပဲရှိတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်း ၂၀၁၅ မှာ သူအနိုင်ရခဲ့တဲ့ လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) နေရာကနေ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းတန်က အတည်ပြုပြောဆိုပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

NLD ပါတီက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ သက်ဆိုင်ရာ မြို့နယ်တွေမှာ မြို့မိ၊ မြို့ဖတွေနဲ့ ကော်မတီဖွဲ့ပြီး ရွေးချယ်စိစစ်နေတာဖြစ်ပါတယ်။

RFA Burmese
------------------------------
(Zawgyi)⤵⤵⤵
NLD ထိပ္တန္းေခါင္းေဆာင္မ်ား မဲဆႏၵနယ္ေျမေဟာင္းမွာ ေ႐ြးေကာက္ပြဲဝင္မည္

 ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္ လာမယ့္ ေ႐ြးေကာက္ပြဲမွာ တာေမြၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္တယ္လို႔ တာေမြၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ေရးနဲ႔ ပတ္သက္ၿပီး နီးစပ္သူေတြက ေျပာပါတယ္။ အဲဒီေနရာအတြက္ ေပးပို႔လာတဲ့ စာရင္းမွာ သမၼတ ဦးဝင္းျမင့္ နာမည္ တစ္ခုပဲရွိတယ္လို႔ ဆိုပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းလည္း ၂၀၁၅ မွာ သူအႏိုင္ရခဲ့တဲ့ လွည္းကူးၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ (၂) ေနရာကေန ျပန္လည္ဝင္ေရာက္ယွဥ္ၿပိဳင္မယ္လို႔ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသိန္းတန္က အတည္ျပဳေျပာဆိုပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္လည္း ေကာ့မႉးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေနရာအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္တယ္လို႔ သိရပါတယ္။

NLD ပါတီက လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ဖို႔ သက္ဆိုင္ရာ ၿမိဳ႕နယ္ေတြမွာ ၿမိဳ႕မိ၊ ၿမိဳ႕ဖေတြနဲ႔ ေကာ္မတီဖြဲ႕ၿပီး ေ႐ြးခ်ယ္စိစစ္ေနတာျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
NLD ထိပ်တန်းခေါင်းဆောင်များ မဲဆန္ဒနယ်မြေဟောင်းမှာ ရွေးကောက်ပွဲဝင်မည် NLD ထိပ်တန်းခေါင်းဆောင်များ မဲဆန္ဒနယ်မြေဟောင်းမှာ ရွေးကောက်ပွဲဝင်မည် Reviewed by THITHTOOLWIN on 18:09 Rating: 5
Powered by Blogger.