သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ရွေးကောက်ပွဲဝင်မယ်လို့ NLD ပြော


(Unicode)⤵⤵⤵
သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြန်ကြားရေးကော်မတီက မုံရွာအောင်ရှင်က RFA ကို အတည်ပြု ပြောပါတယ်။

ဘယ်မဲဆန္ဒနယ်ကနေ ပါဝင်ယှဉ်ပြိုင်မလဲဆိုတာ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ   ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ဦးဝင်းမြင့်က တာမွေမြို့နယ်တို့ကနေ ဝင်ပြိုင်ခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး ဦးဝင်းမြင့်က ဒုဥက္ကဌ (၁) ဖြစ်တာကြောင့် ပါတီနဲ့ အစိုးရပိုင်းမှာ တာဝန်ကြီးကြီး ယူထားကြသူတွေ ပါဝင်မယ့် ရွေးကောက်ပွဲကို အများက ပိုမို စိတ်ဝင်စားလာနိုင်တယ်လို့ ရန်ကုန်မြို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို  နိုဝင်ဘာမှာ ကျင်းပမယ်လို့ လျာထားပေမဲ့ ရွေးကောက်ပွဲနေ့ အတိအကျကို ရွေးကောက်ပွဲကော်မရှင်က မကြေညာသေးပါဘူး။

ပါတီအများအပြားကတော့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို စိစစ် ရွေးချယ်နေကြပါပြီ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉၁ ခု ဝင်ပြိုင်ခဲ့ရာမှာ NLD ပါတီက နေရာအများစုမှာ အနိုင်ရရှိခဲ့ပြီး အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
-----------------------------
(Zawgyi)⤵⤵⤵
သမၼတနဲ႔ အတိုင္ပင္ခံပုဂၢိဳလ္ ေ႐ြးေကာက္ပြဲဝင္မယ္လို႔ NLD ေျပာ

သမၼတနဲ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္တို႔ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္သြားမယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ျပန္ၾကားေရးေကာ္မတီက မုံ႐ြာေအာင္ရွင္က RFA ကို အတည္ျပဳ ေျပာပါတယ္။

ဘယ္မဲဆႏၵနယ္ကေန ပါဝင္ယွဥ္ၿပိဳင္မလဲဆိုတာ မသိရေသးပါဘူး။ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ   ေဒၚေအာင္ဆန္းစုၾကည္က ရန္ကုန္တိုင္း၊ ေကာ့မႉးၿမိဳ႕နယ္၊ ဦးဝင္းျမင့္က တာေမြၿမိဳ႕နယ္တို႔ကေန ဝင္ၿပိဳင္ခဲ့ၾကတာပါ။ ေဒၚေအာင္ဆန္းစုၾကည္က NLD ပါတီရဲ႕ ဥကၠ႒ ျဖစ္ၿပီး ဦးဝင္းျမင့္က ဒုဥကၠဌ (၁) ျဖစ္တာေၾကာင့္ ပါတီနဲ႔ အစိုးရပိုင္းမွာ တာဝန္ႀကီးႀကီး ယူထားၾကသူေတြ ပါဝင္မယ့္ ေ႐ြးေကာက္ပြဲကို အမ်ားက ပိုမို စိတ္ဝင္စားလာႏိုင္တယ္လို႔ ရန္ကုန္ၿမိဳ႕ ႏိုင္ငံေရးေလ့လာသူ ေဒါက္တာရန္မ်ိဳးသိမ္းက သုံးသပ္ပါတယ္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲကို  ႏိုဝင္ဘာမွာ က်င္းပမယ္လို႔ လ်ာထားေပမဲ့ ေ႐ြးေကာက္ပြဲေန႔ အတိအက်ကို ေ႐ြးေကာက္ပြဲေကာ္မရွင္က မေၾကညာေသးပါဘူး။

ပါတီအမ်ားအျပားကေတာ့ ေ႐ြးေကာက္ပြဲဝင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြကို စိစစ္ ေ႐ြးခ်ယ္ေနၾကပါၿပီ။ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ ႏိုင္ငံေရးပါတီ ၉၁ ခု ဝင္ၿပိဳင္ခဲ့ရာမွာ NLD ပါတီက ေနရာအမ်ားစုမွာ အႏိုင္ရရွိခဲ့ၿပီး အစိုးရအဖြဲ႕ ဖြဲ႕စည္းႏိုင္ခဲ့တာျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ရွေးကောက်ပွဲဝင်မယ်လို့ NLD ပြော သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ရွေးကောက်ပွဲဝင်မယ်လို့ NLD ပြော Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.