တပ်မတော်စီးပွားရေးလုပ်နေတဲ့ MEC နဲ့ ဦးပိုင်လိမိတက်သည် နိုင်ငံပိုင်မဟုတ်


(Unicode)⤵⤵⤵
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာ့စီးပွားရေးဦးပိုင် (MEHL) တွေဟာ နိုင်ငံပိုင် မဟုတ်ပဲ တပ်မတော်က ဆောင်ရွက်နေတဲ့ စီးပွားရေး လုပ်ငန်းတွေသာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက တနင်္လာနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာစစ်ဘက်အကြီးအကဲတွေ စီးပွားရေးလုပ်ငန်းမှာ ပါဝင်ပတ်သက်နေတာဟာ အကျိုးစီးပွား ပဋိပက္ခ ဖြစ်စေတယ်လို့ ဝေဖန်ချက်တွေထွက်ပေါ်ခဲ့ပေမယ့်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ဆိုတာဟာ မြန်မာ့တပ်မတော်သားတွေ သက်သာချောင်ချိရေးအတွက် ဖွဲ့စည်းလုပ် ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတခု ဖြစ်တယ်လို့ တပ်မတော်ဘက်က တုံ့ပြန်လိုက်ပါတယ်။ဒါပေမယ့် ဒီစီးပွားရေးကုမ္ပဏီရဲ့အမြတ်အစွန်းတွေဘယ်လို သုံးစွဲလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်းမရှိပါဘူး။ VOA မြန်မာပိုင်းသတင်းထောက် မ မေခ ပြောပြမှာပါ။

ဒီကနေ့နေပြည်တော်မှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၄နှစ်တာ လုပ်ငန်းလုပ်ဆောင်မှုနဲ့ပတ်သတ်လို့ မီဒီယာတွေနဲ့တွေ့ ဆုံပွဲမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့ ရပ်တည်မှု၊ မြန်မာ့စီးပွားရေးဦးပိုင် (MEHL) ရဲ့ လုပ်ငန်းရပ်တည် မှုနဲ့ ဒီစီးပွားရေးလုပ်ငန်းတွေမှာ မြန်မာ့တပ်မတော်ပါဝင်ပတ်သက်နေတဲ့အပေါ် သတင်းထောက်တွေမေးမြန်းတာမှာ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော် ဟိုးက တုန့်ပြန်ပြောဆိုသွားတာဖြစ်ပါတယ်။

“ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)ဟာ ဆောင်ရွက်နေတဲ့ လုပ်ငန်းတခုဖြစ်တယ်။ ကျနော်တို့မှာ ရည်ရွယ်ချက်ရှိပါတယ်။ နိုင်ငံတော်စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုဖို့၊ တပ်မတော် အသုံးစရိတ် တွေကိုလျော့နည်းသက်သာဖို့နဲ့ တပ်မတော်ရဲ့ လိုအပ်သော ထောက်ပံ့ မှုတွေ ဖြည့်နိုင်ဖို့ ၊ တပ်မတော်သား မိသားစုဝင်တွေကို ထောက်ပံ့နိုင်ဖို့နဲ့ အခြား ရည်ရွယ်ထားလုပ် ဆောင်တာဖြစ်ပါတယ်။ ကျနော်တို့ မြန်မာ့စီးပွားရေး ဦး ပိုင်တွေကို ဆောင်ရွက်တာမှာ သတ်မှတ်စည်းမျဉ်းအတိုင်းလုပ်ပါတယ်။ ငွေကြေးဘယ်လောက်ထိလုပ်ကိုင်ထားလဲ ဆိုတာကိုတော့ ကျနော့်အနေနဲ့ ဖြေကြားနိုင်တာမရှိပါဘူး။”

မြန်မာစီးပွားရေးဦးပိုင် MEHLကတော့ အများပိုင်လုပ်ငန်းဖြစ်ပြီး၊ မြန်မာ့စီးပွားရေးကော်မရှင်း mec ကတော့ တပ်မတော်က စီမံခန့်ခွဲနေတဲ့လုပ်ငန်းဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီနှစ်ခုလုံးဟာနိုင်ငံတော်ပိုင်တွေပဲမဟုတ်ပဲ ပုဂ္ဂလိကပိုင်လုပ်ငန်းတွေဖြစ်တယ်လို့ တပ်မတော်က ဆိုပါတယ်။

Justice for Myanmar အဖွဲ့ဘက်က ထုတ်ပြန်ထားချက်အရ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)ဥက္ကဌလည်းဖြစ်သူ ဟာ လက်ရှိ တပ်မတော် စစ်ထောက်ချုပ်အနေနဲ့တာဝန်ယူလုပ်ကိုင်နေသူ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီပြင်သူဟာ မကြာသေးခင် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ တပ်မတော်အရာရှိတွေ ပိုင်ဆိုင်မှုတခုအနေနဲ့ ၁၉၈၈ နောက်ပိုင်းကနေ ဆယ်စုနှစ် အတော်ကြာ တပ်မတော် လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်း မြန်မာ့စီးပွားရေးဦးပိုင် (MEHL)ကနေ အများပိုင်ကုမ္ပဏီ တခု အနေနဲ့ ပြောင်းလဲလိုက်တဲ့ လက်ရှိ အသွင်ပြောင်း မြန်မာ့စီးပွားရေးဦးပိုင် (MEHL)မှာလည်း နာယကအဖွဲ့ဝင် တစ်ဦးအနေနဲ့ ပါဝင်နေသူတဦးဖြစ်ပါတယ်။

လက်ရှိ တပ်ပိုင်းဆိုင်ရာအရာရှိကြီးတဦးက စီးပွားရေးလုပ်ငန်းပိုင်း ပါဝင်ပတ်သတ်နေမှုက အကျိုးစီးပွားပဋိပက္ခ ပိုင်းမှာ ပါဝင်ပတ်သတ်နိုင်မှု ရှိနိုင်မရှိနိုင် နဲ့ သူရဲ့ လုပ်ငန်းတွေအပေါ်ကိုမေးမြန်းတာမှာ အကျိုးစီးပွားပဋိပက္ခဖြစ်ပွားနိုင်စရာမရှိ ဘူးလို့သာ တပ်မတော်ဘက်က ဖြေကြားခဲ့ပြီး ဘယ်လို လုပ်ဆောင်နေသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမပြောခဲ့ပါဘူး။

တပ်မတော်သတင်းအမှန်ပြန်ကြားရေးက ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) လုပ်ငန်း လုပ်ကိုင်နေတာနဲ့ပတ်သတ်လို့ပြောတာမှာဒီလုပ်ငန်းဟာ တပ်မတော်ပိုင်လုပ်ငန်းဖြစ်သလို ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတခုလည်းဖြစ်တာကြောင့် သတ်မှတ် အခွန်အခတွေ ပေးဆောင်နေတာ ရှိတယ်လို့ ဆိုပါတယ်။

“နိုင်ငံစီးပွားရေးကို အထောက်အကူပြုမယ့် သံမဏိ၊ တာယာ၊ ဘိလပ်မြေတွေ လုပ်တယ်။ နိုင်ငံတော်ဘက်က ကုန် ကြမ်းလိုအပ်ချက်ကို ပြည်ပကနေ မသွင်းဘဲ ဖြည့်ဆည်းတာသာဖြစ်တယ်။ စီးပွားရေးလုပ်ငန်း တခုလည်းဖြစ်တာ ကြောင့် သတ်မှတ် အခွန်အခတွေ ပေးဆောင်နေတယ်။ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံတော်အခွန်ဆောင်မှု ၅၅.၃၇ ဘီလီယံရှိတယ်။ ၂၀၁၈-၂၀၁၉ မှာ ၅၃.၈ ဘီလီယံရှိတယ်။ ၂၀၁၉ ခုနှစ် တတိယ ၄လပတ်ကာလမှာ အခွန် ဆောင်ပြီးတာက ၃၄၉.၇၉ ဘီလီယံရှိပါတယ်။”

ဗွီအိုအေ က စုံစမ်းသိရှိသမျှ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဌလည်းဖြစ်သူ ဟာ လက်ရှိ တပ်မတော် မှာ စစ်လက်နက်ပစ္စည်းများအပါအဝင် စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများကို တာဝန်ယူနေတဲ့ တာဝန်ခံဖြစ်ပြီး တပ်မတော် စစ်လက်နက်ထုတ်လုပ်ရေးပိုင်း၊ ရောင်းဝယ်ရေးပိုင်းကို အဓိက လုပ်ဆောင်နေသူ တဦးဖြစ်ကာ မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) ဟာတပ်မတော် စစ်ပိုင်းဆိုင်ရာထုတ်လုပ်မှု လုပ်ငန်းတွေ အပေါ်မှာ အခြေတည်တဲ့ စီးပွားရေးတခုဖြစ်ပါတယ်။

တပ်မတော်အရာရှိဟောင်းတဦးလည်းဖြစ် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဦးကျော်ဇေယျ ကတော့ တပ်မတော်လိုအပ်ချက်ကို ဖြည့်ပေးနိုင်ရင် တပ်မတော်က စီးပွားရေး လုပ်စရာမလိုဘူးလို့ voa ကို ပြောပါတယ်။

“နိုင်ငံတော်ရဲ့ ဘဏ္ဍာက တပ်မတော်ရဲ့ လိုအပ်ချက် ကို တပ်မတော်ရဲ့ သက်သာချောင်ချိရေး လိုအပ်ချက်ကို ပြည့်ပြည့်စုံစုံလေး perfect ဖြစ်အောင်လုပ်ပေးနိုင်ရင်ပေါ့။ ဒီစီးပွားရေးလုပ်ငန်းကိုမလုပ်သင့်ဘူး။ မရှိသင့်ဘူး”

နိုင်ငံတကာဘက်ကတော့ မြန်မာနိုင်ငံ အများနှင့်သက်ဆိုင်သော မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက် (မြန်မာ့စီးပွားရေးဦးပိုင်) အပါအဝင် လက်ရှိ မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သတ်လို့ ပွင့်လင်းမြင်သာမှုရှိရှိ တင်ပြတာမရှိတဲ့ အပေါ် ဒီကနေ တရားမဝင် လက်နက်ရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုတွေ ဖြစ်လာမှာစိုးရိမ်နေပါတယ်။

 မေခ  / ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------------
(Zawgyi)⤵⤵⤵
တပ္မေတာ္စီးပြားေရးလုပ္ေနတဲ့ MEC နဲ႔ ဦးပိုင္လိမိတက္သည္ ႏိုင္ငံပိုင္မဟုတ္

ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC) နဲ႔ ျမန္မာ့စီးပြားေရးဦးပိုင္ (MEHL) ေတြဟာ ႏိုင္ငံပိုင္ မဟုတ္ပဲ တပ္မေတာ္က ေဆာင္႐ြက္ေနတဲ့ စီးပြားေရး လုပ္ငန္းေတြသာျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဗိုလ္မႉးခ်ဳပ္ေအာင္ေက်ာ္ဟိုးက တနလၤာေန႔က ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ျမန္မာစစ္ဘက္အႀကီးအကဲေတြ စီးပြားေရးလုပ္ငန္းမွာ ပါဝင္ပတ္သက္ေနတာဟာ အက်ိဳးစီးပြား ပဋိပကၡ ျဖစ္ေစတယ္လို႔ ေဝဖန္ခ်က္ေတြထြက္ေပၚခဲ့ေပမယ့္၊ ျမန္မာ့စီးပြားေရး ေကာ္ပိုေရးရွင္း (MEC) ဆိုတာဟာ ျမန္မာ့တပ္မေတာ္သားေတြ သက္သာေခ်ာင္ခ်ိေရးအတြက္ ဖြဲ႕စည္းလုပ္ ေဆာင္ေနတဲ့ စီးပြားေရးလုပ္ငန္းတခု ျဖစ္တယ္လို႔ တပ္မေတာ္ဘက္က တုံ႔ျပန္လိုက္ပါတယ္။ဒါေပမယ့္ ဒီစီးပြားေရးကုမၸဏီရဲ႕အျမတ္အစြန္းေတြဘယ္လို သုံးစြဲလဲဆိုတာကေတာ့ ရွင္းရွင္းလင္းလင္းမရွိပါဘူး။ VOA ျမန္မာပိုင္းသတင္းေထာက္ မ ေမခ ေျပာျပမွာပါ။

ဒီကေန႔ေနျပည္ေတာ္မွာ ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ၄ႏွစ္တာ လုပ္ငန္းလုပ္ေဆာင္မႈနဲ႔ပတ္သတ္လို႔ မီဒီယာေတြနဲ႔ေတြ႕ ဆုံပြဲမွာ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC) ရဲ႕ ရပ္တည္မႈ၊ ျမန္မာ့စီးပြားေရးဦးပိုင္ (MEHL) ရဲ႕ လုပ္ငန္းရပ္တည္ မႈနဲ႔ ဒီစီးပြားေရးလုပ္ငန္းေတြမွာ ျမန္မာ့တပ္မေတာ္ပါဝင္ပတ္သက္ေနတဲ့အေပၚ သတင္းေထာက္ေတြေမးျမန္းတာမွာ ကာကြယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဗိုလ္မႉးခ်ဳပ္ေအာင္ေက်ာ္ ဟိုးက တုန႔္ျပန္ေျပာဆိုသြားတာျဖစ္ပါတယ္။

“ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC)ဟာ ေဆာင္႐ြက္ေနတဲ့ လုပ္ငန္းတခုျဖစ္တယ္။ က်ေနာ္တို႔မွာ ရည္႐ြယ္ခ်က္ရွိပါတယ္။ ႏိုင္ငံေတာ္စီးပြားေရးတိုးတက္မႈကို အေထာက္အကူျပဳဖို႔၊ တပ္မေတာ္ အသုံးစရိတ္ ေတြကိုေလ်ာ့နည္းသက္သာဖို႔နဲ႔ တပ္မေတာ္ရဲ႕ လိုအပ္ေသာ ေထာက္ပံ့ မႈေတြ ျဖည့္ႏိုင္ဖို႔ ၊ တပ္မေတာ္သား မိသားစုဝင္ေတြကို ေထာက္ပံ့ႏိုင္ဖို႔နဲ႔ အျခား ရည္႐ြယ္ထားလုပ္ ေဆာင္တာျဖစ္ပါတယ္။ က်ေနာ္တို႔ ျမန္မာ့စီးပြားေရး ဦး ပိုင္ေတြကို ေဆာင္႐ြက္တာမွာ သတ္မွတ္စည္းမ်ဥ္းအတိုင္းလုပ္ပါတယ္။ ေငြေၾကးဘယ္ေလာက္ထိလုပ္ကိုင္ထားလဲ ဆိုတာကိုေတာ့ က်ေနာ့္အေနနဲ႔ ေျဖၾကားႏိုင္တာမရွိပါဘူး။”

ျမန္မာစီးပြားေရးဦးပိုင္ MEHLကေတာ့ အမ်ားပိုင္လုပ္ငန္းျဖစ္ၿပီး၊ ျမန္မာ့စီးပြားေရးေကာ္မရွင္း mec ကေတာ့ တပ္မေတာ္က စီမံခန႔္ခြဲေနတဲ့လုပ္ငန္းျဖစ္တယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ ဒီႏွစ္ခုလုံးဟာႏိုင္ငံေတာ္ပိုင္ေတြပဲမဟုတ္ပဲ ပုဂၢလိကပိုင္လုပ္ငန္းေတြျဖစ္တယ္လို႔ တပ္မေတာ္က ဆိုပါတယ္။

Justice for Myanmar အဖြဲ႕ဘက္က ထုတ္ျပန္ထားခ်က္အရ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC)ဥကၠဌလည္းျဖစ္သူ ဟာ လက္ရွိ တပ္မေတာ္ စစ္ေထာက္ခ်ဳပ္အေနနဲ႔တာဝန္ယူလုပ္ကိုင္ေနသူ ဒုဗိုလ္ခ်ဳပ္ႀကီး ေက်ာ္စြာလင္း ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ ဒီျပင္သူဟာ မၾကာေသးခင္ သမၼတ ဦးသိန္းစိန္လက္ထက္မွာ တပ္မေတာ္အရာရွိေတြ ပိုင္ဆိုင္မႈတခုအေနနဲ႔ ၁၉၈၈ ေနာက္ပိုင္းကေန ဆယ္စုႏွစ္ အေတာ္ၾကာ တပ္မေတာ္ လုပ္ကိုင္ေနတဲ့ စီးပြားေရးလုပ္ငန္း ျမန္မာ့စီးပြားေရးဦးပိုင္ (MEHL)ကေန အမ်ားပိုင္ကုမၸဏီ တခု အေနနဲ႔ ေျပာင္းလဲလိုက္တဲ့ လက္ရွိ အသြင္ေျပာင္း ျမန္မာ့စီးပြားေရးဦးပိုင္ (MEHL)မွာလည္း နာယကအဖြဲ႕ဝင္ တစ္ဦးအေနနဲ႔ ပါဝင္ေနသူတဦးျဖစ္ပါတယ္။

လက္ရွိ တပ္ပိုင္းဆိုင္ရာအရာရွိႀကီးတဦးက စီးပြားေရးလုပ္ငန္းပိုင္း ပါဝင္ပတ္သတ္ေနမႈက အက်ိဳးစီးပြားပဋိပကၡ ပိုင္းမွာ ပါဝင္ပတ္သတ္ႏိုင္မႈ ရွိႏိုင္မရွိႏိုင္ နဲ႔ သူရဲ႕ လုပ္ငန္းေတြအေပၚကိုေမးျမန္းတာမွာ အက်ိဳးစီးပြားပဋိပကၡျဖစ္ပြားႏိုင္စရာမရွိ ဘူးလို႔သာ တပ္မေတာ္ဘက္က ေျဖၾကားခဲ့ၿပီး ဘယ္လို လုပ္ေဆာင္ေနသလဲ ဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္းမေျပာခဲ့ပါဘူး။

တပ္မေတာ္သတင္းအမွန္ျပန္ၾကားေရးက ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC) လုပ္ငန္း လုပ္ကိုင္ေနတာနဲ႔ပတ္သတ္လို႔ေျပာတာမွာဒီလုပ္ငန္းဟာ တပ္မေတာ္ပိုင္လုပ္ငန္းျဖစ္သလို ပုဂၢလိကပိုင္ စီးပြားေရးလုပ္ငန္းတခုလည္းျဖစ္တာေၾကာင့္ သတ္မွတ္ အခြန္အခေတြ ေပးေဆာင္ေနတာ ရွိတယ္လို႔ ဆိုပါတယ္။

“ႏိုင္ငံစီးပြားေရးကို အေထာက္အကူျပဳမယ့္ သံမဏိ၊ တာယာ၊ ဘိလပ္ေျမေတြ လုပ္တယ္။ ႏိုင္ငံေတာ္ဘက္က ကုန္ ၾကမ္းလိုအပ္ခ်က္ကို ျပည္ပကေန မသြင္းဘဲ ျဖည့္ဆည္းတာသာျဖစ္တယ္။ စီးပြားေရးလုပ္ငန္း တခုလည္းျဖစ္တာ ေၾကာင့္ သတ္မွတ္ အခြန္အခေတြ ေပးေဆာင္ေနတယ္။ ၂၀၁၇- ၂၀၁၈ ဘ႑ာေရးႏွစ္မွာ ႏိုင္ငံေတာ္အခြန္ေဆာင္မႈ ၅၅.၃၇ ဘီလီယံရွိတယ္။ ၂၀၁၈-၂၀၁၉ မွာ ၅၃.၈ ဘီလီယံရွိတယ္။ ၂၀၁၉ ခုႏွစ္ တတိယ ၄လပတ္ကာလမွာ အခြန္ ေဆာင္ၿပီးတာက ၃၄၉.၇၉ ဘီလီယံရွိပါတယ္။”

ဗြီအိုေအ က စုံစမ္းသိရွိသမွ် ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC) ဥကၠဌလည္းျဖစ္သူ ဟာ လက္ရွိ တပ္မေတာ္ မွာ စစ္လက္နက္ပစၥည္းမ်ားအပါအဝင္ စစ္ဘက္ဆိုင္ရာ ေထာက္ပံ့မႈမ်ားကို တာဝန္ယူေနတဲ့ တာဝန္ခံျဖစ္ၿပီး တပ္မေတာ္ စစ္လက္နက္ထုတ္လုပ္ေရးပိုင္း၊ ေရာင္းဝယ္ေရးပိုင္းကို အဓိက လုပ္ေဆာင္ေနသူ တဦးျဖစ္ကာ ျမန္မာ့ စီးပြားေရးေကာ္ပိုေရးရွင္း (MEC) ဟာတပ္မေတာ္ စစ္ပိုင္းဆိုင္ရာထုတ္လုပ္မႈ လုပ္ငန္းေတြ အေပၚမွာ အေျခတည္တဲ့ စီးပြားေရးတခုျဖစ္ပါတယ္။

တပ္မေတာ္အရာရွိေဟာင္းတဦးလည္းျဖစ္ ရန္ကုန္တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္တဦးလည္းျဖစ္တဲ့ ဦးေက်ာ္ေဇယ် ကေတာ့ တပ္မေတာ္လိုအပ္ခ်က္ကို ျဖည့္ေပးႏိုင္ရင္ တပ္မေတာ္က စီးပြားေရး လုပ္စရာမလိုဘူးလို႔ voa ကို ေျပာပါတယ္။

“ႏိုင္ငံေတာ္ရဲ႕ ဘ႑ာက တပ္မေတာ္ရဲ႕ လိုအပ္ခ်က္ ကို တပ္မေတာ္ရဲ႕ သက္သာေခ်ာင္ခ်ိေရး လိုအပ္ခ်က္ကို ျပည့္ျပည့္စုံစုံေလး perfect ျဖစ္ေအာင္လုပ္ေပးႏိုင္ရင္ေပါ့။ ဒီစီးပြားေရးလုပ္ငန္းကိုမလုပ္သင့္ဘူး။ မရွိသင့္ဘူး”

ႏိုင္ငံတကာဘက္ကေတာ့ ျမန္မာႏိုင္ငံ အမ်ားႏွင့္သက္ဆိုင္ေသာ ျမန္မာ့စီးပြားေရးဦးပိုင္ ကုမၸဏီလီမိတက္ (ျမန္မာ့စီးပြားေရးဦးပိုင္) အပါအဝင္ လက္ရွိ ျမန္မာ့ စီးပြားေရးေကာ္ပိုေရးရွင္း (MEC) ရဲ႕ စီးပြားေရး လုပ္ငန္းေတြနဲ႔ ပတ္သတ္လို႔ ပြင့္လင္းျမင္သာမႈရွိရွိ တင္ျပတာမရွိတဲ့ အေပၚ ဒီကေန တရားမဝင္ လက္နက္ေရာင္းဝယ္မႈ၊ ေငြေၾကးခဝါခ်မႈေတြ ျဖစ္လာမွာစိုးရိမ္ေနပါတယ္။

 ေမခ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-military-business-/5473087.html
တပ်မတော်စီးပွားရေးလုပ်နေတဲ့ MEC နဲ့ ဦးပိုင်လိမိတက်သည် နိုင်ငံပိုင်မဟုတ် တပ်မတော်စီးပွားရေးလုပ်နေတဲ့ MEC နဲ့ ဦးပိုင်လိမိတက်သည် နိုင်ငံပိုင်မဟုတ် Reviewed by THITHTOOLWIN on 08:13 Rating: 5
Powered by Blogger.