ဗန်းမော်မြို့အနီး မြန်မာတပ်နဲ့ KIA တိုက်ပွဲဖြစ်ပွား

KIA တပ်ဖွဲ့က တပ်ဖွဲ့ဝင်များ။
(Unicode)⤵⤵⤵
ကာလအတော်ကြာ ငြိမ်သက်နေခဲ့တဲ့ ကချင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း အစိုးရတပ်မတော်နဲ့ KIA ကချင်တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ စစ်ရှောင်ဦးရေ ထပ်မံတိုးမြင့်လာတဲ့သတင်းကို တင်ပြပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော် သတင်းပေးပို့ထားပါတယ်။

အစိုးရတပ်နဲ့ KIA အကြား ဗန်းမော်မြို့အနောက်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုခဲ့ပေမဲ့ မနေ့တုန်းက ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် မသိရသေးကြောင်း ပြောပါတယ်။

“ဗန်းမော်မြို့ရဲ့ အနောက်ဘက်ပေါ့နော်။ ဧရာဝတီရဲ့အနောက်ဘက်။ ကျနော်တို့ KIA အနေနဲ့တော့ တပ်ရင်း ၅ နယ်မြေ ဖြစ်ပါတယ်။ မနေ့က မနက်ပိုင်းပေါ့နော် တခါ ထိတွေ့ ရင်ဆိုင်တိုက်ပွဲဖြစ်တယ်။ ညနေလည်း တခေါက်လောက် ပြန်ဖြစ်တယ်လို့ ကြားတယ်။ ဒါပေမဲ့ အောက်ခြေသတင်းအပြည့်အစုံကိုတော့ အခုထက်ထိ ဘာမှ မကြားရသေးပါဘူး။ ကျနော်တို့ ကြားရတာကတော့ တပ်မတော်သားတွေက ဒီ ဗန်းမော်ဘက်ကနေ တပ်ရင်း ၅ နယ်မြေဘက်မှာ ထိုးဝင်လာလို့ ခုခံတိုက်ပွဲတွေ ဖြစ်တယ်ဆိုတဲ့သတင်းလောက်ပဲ ကျနော်တို့ ကြားပါတယ်။”

တပ်မတော်ဘက်က အင်အား ၆၀ ဝန်းကျင်ခန့် ရှိကြောင်း ပြောဆိုပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ VOA ကို ပြောပါတယ်။

“ဗန်းမော်မြို့ရဲ့အနောက်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတယ်လို့ သူတို့ ပြောထားတယ်။ ထိတွေ့တိုက်ပွဲဖြစ်ပွားတာ မရှိဘူး။ အဲဒီမှာ တပ်မတော်က စစ်ကြောင်းပေါ့နော်၊ ကျနော်တို့ နယ်မြေထဲမှာ လုံံခြုံရေးဆောင်ရွက်စဉ်မှာ မိုင်းနင်းမိခဲ့တာ ရှိတယ်။ စစ်သည်တချို့ ဒဏ်ရာရရှိသွားပါတယ် ခင်ဗျ။”

ဒီလ ၂၂ ရက်နေ့ကတော့ လွယ်ဂျယ်မြို့အနီးမှာ KIA က ဖွင့်ထားတဲ့ COVID 19 စစ်ဆေးရေးဂိတ်ကို အစိုးရတပ် ဖယ်ရှားခဲ့တာကြောင့် နှစ်ဘက်အကြား တင်းမာမှုတွေ ဖြစ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီလ အတွင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နဲ့ ကွတ်ခိုင်ဘက်မှာ အစိုးရတပ်နဲ့ KIA အကြား တိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်ခဲ့ပါတယ်။

KIA အဖွဲ့ဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ကို လက်မှတ် ရေးထိုးမထားတဲ့အဖွဲ့ဖြစ်သလို အခြား NCA လက်မှတ်မထိုးသေးတဲ့ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်၊ AA ရခိုင်အဖွဲ့တွေနဲ့အတူ Bilateral နှစ်ဘက်အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးဖို့ ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်အတွင်းကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ NCA လက်မှတ် ရေးထိုးထားတဲ့ RCSS အကြားမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေရပါတယ်။

၂၉ ရက်နေ့ အထိ စစ်ရှောင် ၅၀၀ လောက် ရှိခဲ့ရာက ဒီကနေ့မှာတော့ ၇၀၀ လောက်ထိ ရောက်ရှိလာကြောင်း စစ်ရှောင်တွေကို သွားရောက် ကူညီနေတဲ့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက ပြောပါတယ်။

“စစ်ရှောင်အခြေအနေကတော့ လောလောဆယ် ပန်လေ့ာဘုန်းကြီးကျောင်းမှာ အယောက် ၂၀၀ ကျော်နဲ့ နောင်ပိန် အောင်ဓမ္မာရုံမှာတော့ ၄၀၀ ဝန်းကျင်လောက်ရှိပြီ။ ပြီးရင် နောင်ပန်ဘုန်းကြီးကျောင်းမှာက ၈၀ ကျော်လောက်ရှိမယ်။ သူတို့ရဲ့ စားရေးသောက်ရေးကတော့ ပရဟိတ လူမှုရေးအဖွဲ့အစည်းတွေက လာရောက် ကူညီတာတွေ ရှိတယ်။ လိုအပ်ချက်ကတော့ နေရာထိုင်ခင်းပေါ့။ နောင်ပိန်မှဆိုလိုရှိရင် နောင်ပိန်မှာဆိုရင် နည်းနည်း ကြပ်တည်းတာပေါ့နော်။”

အစိုးရရဲ့ ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စံမံခန့်ခွဲမှုဦးစီးဌာနက မိသားစုတစ်စုကို အိမ်ထောင်သုံးပစ္စည်း ကိုးမျိုးလာရောက် လှူဒါန်းထားကြောင်းနဲ့ ဒီကနေ့မှာတော့ တိုက်ပွဲထပ်မံဖြစ်ပွားတာ မကြားရကြောင်း ပြောပါတယ်။

လက်ရှိ ကချင်နဲ့ ရှမ်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကတော့ အစိုးရနဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေးညီလာခံ စတင်ဖို့ ပြင်ဆင်နေချိန်မှာ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

မိုးဇော်  / ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------------
(Zawgyi)⤵⤵⤵
ဗန္းေမာ္ၿမိဳ႕အနီး ျမန္မာတပ္နဲ႔ KIA တိုက္ပြဲျဖစ္ပြား

ကာလအေတာ္ၾကာ ၿငိမ္သက္ေနခဲ့တဲ့ ကခ်င္ျပည္နယ္မွာ ဒီရက္ပိုင္းအတြင္း အစိုးရတပ္မေတာ္နဲ႔ KIA ကခ်င္တပ္ဖြဲ႕အၾကား တိုက္ပြဲျဖစ္ပြားခဲ့တယ္ဆိုတဲ့သတင္းနဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္မွာ စစ္ေရွာင္ဦးေရ ထပ္မံတိုးျမင့္လာတဲ့သတင္းကို တင္ျပပါတယ္။ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္ သတင္းေပးပို႔ထားပါတယ္။

အစိုးရတပ္နဲ႔ KIA အၾကား ဗန္းေမာ္ၿမိဳ႕အေနာက္ဘက္မွာ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း KIA ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက အတည္ျပဳခဲ့ေပမဲ့ မေန႔တုန္းက ျဖစ္စဥ္နဲ႔ ပတ္သက္လို႔ အေသးစိတ္ မသိရေသးေၾကာင္း ေျပာပါတယ္။

“ဗန္းေမာ္ၿမိဳ႕ရဲ႕ အေနာက္ဘက္ေပါ့ေနာ္။ ဧရာဝတီရဲ႕အေနာက္ဘက္။ က်ေနာ္တို႔ KIA အေနနဲ႔ေတာ့ တပ္ရင္း ၅ နယ္ေျမ ျဖစ္ပါတယ္။ မေန႔က မနက္ပိုင္းေပါ့ေနာ္ တခါ ထိေတြ႕ ရင္ဆိုင္တိုက္ပြဲျဖစ္တယ္။ ညေနလည္း တေခါက္ေလာက္ ျပန္ျဖစ္တယ္လို႔ ၾကားတယ္။ ဒါေပမဲ့ ေအာက္ေျခသတင္းအျပည့္အစုံကိုေတာ့ အခုထက္ထိ ဘာမွ မၾကားရေသးပါဘူး။ က်ေနာ္တို႔ ၾကားရတာကေတာ့ တပ္မေတာ္သားေတြက ဒီ ဗန္းေမာ္ဘက္ကေန တပ္ရင္း ၅ နယ္ေျမဘက္မွာ ထိုးဝင္လာလို႔ ခုခံတိုက္ပြဲေတြ ျဖစ္တယ္ဆိုတဲ့သတင္းေလာက္ပဲ က်ေနာ္တို႔ ၾကားပါတယ္။”

တပ္မေတာ္ဘက္က အင္အား ၆၀ ဝန္းက်င္ခန႔္ ရွိေၾကာင္း ေျပာဆိုပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ တိုက္ပြဲျဖစ္ပြားတာ မရွိဘူးလို႔ VOA ကို ေျပာပါတယ္။

“ဗန္းေမာ္ၿမိဳ႕ရဲ႕အေနာက္ဘက္မွာ ထိေတြ႕တိုက္ပြဲျဖစ္ပြားတယ္လို႔ သူတို႔ ေျပာထားတယ္။ ထိေတြ႕တိုက္ပြဲျဖစ္ပြားတာ မရွိဘူး။ အဲဒီမွာ တပ္မေတာ္က စစ္ေၾကာင္းေပါ့ေနာ္၊ က်ေနာ္တို႔ နယ္ေျမထဲမွာ လုံံၿခဳံေရးေဆာင္႐ြက္စဥ္မွာ မိုင္းနင္းမိခဲ့တာ ရွိတယ္။ စစ္သည္တခ်ိဳ႕ ဒဏ္ရာရရွိသြားပါတယ္ ခင္ဗ်။”

ဒီလ ၂၂ ရက္ေန႔ကေတာ့ လြယ္ဂ်ယ္ၿမိဳ႕အနီးမွာ KIA က ဖြင့္ထားတဲ့ COVID 19 စစ္ေဆးေရးဂိတ္ကို အစိုးရတပ္ ဖယ္ရွားခဲ့တာေၾကာင့္ ႏွစ္ဘက္အၾကား တင္းမာမႈေတြ ျဖစ္ခဲ့ေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။

ဒီလ အတြင္းမွာေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္နဲ႔ ကြတ္ခိုင္ဘက္မွာ အစိုးရတပ္နဲ႔ KIA အၾကား တိုက္ပြဲေတြ ခပ္စိတ္စိတ္ ျဖစ္ခဲ့ပါတယ္။

KIA အဖြဲ႕ဟာ တႏိုင္ငံလုံး အပစ္ရပ္စာခ်ဳပ္ NCA ကို လက္မွတ္ ေရးထိုးမထားတဲ့အဖြဲ႕ျဖစ္သလို အျခား NCA လက္မွတ္မထိုးေသးတဲ့ TNLA တအန္း(ပေလာင္)၊ MNDAA ကိုးကန႔္၊ AA ရခိုင္အဖြဲ႕ေတြနဲ႔အတူ Bilateral ႏွစ္ဘက္အပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရးထိုးဖို႔ ေဆြးေႏြးေနတာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ အပတ္အတြင္းကေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္းမွာ အစိုးရတပ္မေတာ္နဲ႔ NCA လက္မွတ္ ေရးထိုးထားတဲ့ RCSS အၾကားမွာ တိုက္ပြဲေတြ ဆက္တိုက္ဆိုသလို ျဖစ္ပြားခဲ့တာေၾကာင့္ ေဒသခံေတြဟာ ေနရပ္စြန႔္ခြာတိမ္းေရွာင္ေနရပါတယ္။

၂၉ ရက္ေန႔ အထိ စစ္ေရွာင္ ၅၀၀ ေလာက္ ရွိခဲ့ရာက ဒီကေန႔မွာေတာ့ ၇၀၀ ေလာက္ထိ ေရာက္ရွိလာေၾကာင္း စစ္ေရွာင္ေတြကို သြားေရာက္ ကူညီေနတဲ့ ေက်ာက္မဲၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းဝင္းက ေျပာပါတယ္။

“စစ္ေရွာင္အေျခအေနကေတာ့ ေလာေလာဆယ္ ပန္ေလ့ာဘုန္းႀကီးေက်ာင္းမွာ အေယာက္ ၂၀၀ ေက်ာ္နဲ႔ ေနာင္ပိန္ ေအာင္ဓမၼာ႐ုံမွာေတာ့ ၄၀၀ ဝန္းက်င္ေလာက္ရွိၿပီ။ ၿပီးရင္ ေနာင္ပန္ဘုန္းႀကီးေက်ာင္းမွာက ၈၀ ေက်ာ္ေလာက္ရွိမယ္။ သူတို႔ရဲ႕ စားေရးေသာက္ေရးကေတာ့ ပရဟိတ လူမႈေရးအဖြဲ႕အစည္းေတြက လာေရာက္ ကူညီတာေတြ ရွိတယ္။ လိုအပ္ခ်က္ကေတာ့ ေနရာထိုင္ခင္းေပါ့။ ေနာင္ပိန္မွဆိုလိုရွိရင္ ေနာင္ပိန္မွာဆိုရင္ နည္းနည္း ၾကပ္တည္းတာေပါ့ေနာ္။”

အစိုးရရဲ႕ ေက်ာက္မဲခ႐ိုင္ ေဘးအႏၲရာယ္ဆိုင္ရာ စံမံခန႔္ခြဲမႈဦးစီးဌာနက မိသားစုတစ္စုကို အိမ္ေထာင္သုံးပစၥည္း ကိုးမ်ိဳးလာေရာက္ လႉဒါန္းထားေၾကာင္းနဲ႔ ဒီကေန႔မွာေတာ့ တိုက္ပြဲထပ္မံျဖစ္ပြားတာ မၾကားရေၾကာင္း ေျပာပါတယ္။

လက္ရွိ ကခ်င္နဲ႔ ရွမ္းမွာ ျဖစ္ပြားခဲ့တဲ့တိုက္ပြဲေတြကေတာ့ အစိုးရနဲ႔ NCA လက္မွတ္ထိုး တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြအၾကား ၿငိမ္းခ်မ္းေရးညီလာခံ စတင္ဖို႔ ျပင္ဆင္ေနခ်ိန္မွာ ျဖစ္ပြားေနတာလည္း ျဖစ္ပါတယ္။

မိုးေဇာ္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/kachin-shan-kia-military/5483013.html
ဗန်းမော်မြို့အနီး မြန်မာတပ်နဲ့ KIA တိုက်ပွဲဖြစ်ပွား ဗန်းမော်မြို့အနီး မြန်မာတပ်နဲ့ KIA တိုက်ပွဲဖြစ်ပွား Reviewed by THITHTOOLWIN on 22:27 Rating: 5
Powered by Blogger.