Joe Biden ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်သွားပြီ

ဒီမိုကရက်ပါတီ သမ္မတလောင်းဖြစ်သွားတဲ့ Joe Biden.
(Unicode)⤵⤵⤵
အမေရိကန် ဒုတိယသမ္မတဟောင်း Joe Biden ဟာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်ဖို့အတွက် လုံလောက်တဲ့ ထောက်ခံမဲ ရသွားပြီဖြစ်ပါတယ်။

သောကြာညဘက်က ထွက်လာတဲ့ မဲရလဒ်တွေအရ Joe Biden အနေနဲ့ ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ လိုအပ်တဲ့ ပါတီကိုယ်စားလှယ် ထောက်ခံမဲ အရေအတွက် ၁,၉၉၁ ဦး ရသွားပြီဖြစ်တာကြောင့် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Donald Trump နဲ့ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
ဒီမိုကရက်ပါတီ သမ္မတလောင်းဖြစ်သွားတဲ့ Joe Biden ရဲ့မှတ်တမ်းဓာတ်ပုံများ။
ဝါရှင်တန်ဒီစီမြို့တော်နဲ့ တခြား ပြည်နယ် ၇ ခုမှာ ဒီသီတင်းပတ် အစောပိုင်းက ပါတီတွင်း ပဏာမရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီး ထွက်လာတဲ့ မဲရလဒ်တွေအရ အခုလို ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ကိုယ်စားပြုယှဉ်ပြိုင်ဖို့ သတ်မှတ်ချက် ပြည့်မီသွားတာကြောင့် နောက်ထပ်လုပ်မယ့် ပဏာမ ရွေးကောက်ပွဲတွေရဲ့ ရလဒ်ကို စောင့်စရာမလိုတော့ပါဘူး။

သူ့ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ဧပြီလမှာ နုတ်ထွက်သွားကတည်းက သူပဲ သမ္မတလောင်းဖြစ်ဖို့ ကျိန်းသေသလောက်ရှိခဲ့ပြီး အခုရလဒ်ကတော့ သူ့အတွက် တရားဝင် အတည်ပြုပေးတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒီမိုကရက်ပါတီရဲ့ အတော်ဆုံးတွေထဲက တချို့နဲ့ ယှဉ်ပြိုင်ခဲ့ရတာမို့ ဂုဏ်ယူကြောင်း၊ ရွေးကောက်ပွဲအတွက် စုစည်းညီညွတ်တဲ့ ပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရမှာကို ဝမ်းသာမိကြောင်း Mr. Biden က ပြောပါတယ်။

ပြည်နယ်တော်တော်များများမှာ မဲပေးသူအရေအတွက်က ပုံမှန်ထက် ပိုများခဲ့တာကြောင့် အခုနောက်ဆုံး ရလဒ်ထုတ်ပြန်ဖို့ ၃ ရက်ကြာခဲ့ပြီး သောကြာညကမှ မဲရလဒ်တွေ ထုတ်ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------
(Zawgyi)⤵⤵⤵
Joe Biden ဒီမိုကရက္တစ္ပါတီ ကိုယ္စားျပဳ သမၼတေလာင္း ျဖစ္သြားၿပီ

အေမရိကန္ ဒုတိယသမၼတေဟာင္း Joe Biden ဟာ ဒီမိုကရက္တစ္ပါတီ ကိုယ္စားျပဳ သမၼတေလာင္း ျဖစ္ဖို႔အတြက္ လုံေလာက္တဲ့ ေထာက္ခံမဲ ရသြားၿပီျဖစ္ပါတယ္။

ေသာၾကာညဘက္က ထြက္လာတဲ့ မဲရလဒ္ေတြအရ Joe Biden အေနနဲ႔ ပါတီကိုယ္စားျပဳ သမၼတေလာင္းျဖစ္ဖို႔ လိုအပ္တဲ့ ပါတီကိုယ္စားလွယ္ ေထာက္ခံမဲ အေရအတြက္ ၁,၉၉၁ ဦး ရသြားၿပီျဖစ္တာေၾကာင့္ ႏိုဝင္ဘာလ သမၼတ ေ႐ြးေကာက္ပြဲမွာ လက္ရွိသမၼတ Donald Trump နဲ႔ ယွဥ္ၿပိဳင္ရေတာ့မွာ ျဖစ္ပါတယ္။

ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္နဲ႔ တျခား ျပည္နယ္ ၇ ခုမွာ ဒီသီတင္းပတ္ အေစာပိုင္းက ပါတီတြင္း ပဏာမေ႐ြးေကာက္ပြဲေတြ က်င္းပခဲ့ၿပီး ထြက္လာတဲ့ မဲရလဒ္ေတြအရ အခုလို ဒီမိုကရက္တစ္ပါတီရဲ႕ သမၼတေလာင္းအျဖစ္ ကိုယ္စားျပဳယွဥ္ၿပိဳင္ဖို႔ သတ္မွတ္ခ်က္ ျပည့္မီသြားတာေၾကာင့္ ေနာက္ထပ္လုပ္မယ့္ ပဏာမ ေ႐ြးေကာက္ပြဲေတြရဲ႕ ရလဒ္ကို ေစာင့္စရာမလိုေတာ့ပါဘူး။

သူ႔ရဲ႕ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ Vermont ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Bernie Sanders ဧၿပီလမွာ ႏုတ္ထြက္သြားကတည္းက သူပဲ သမၼတေလာင္းျဖစ္ဖို႔ က်ိန္းေသသေလာက္ရွိခဲ့ၿပီး အခုရလဒ္ကေတာ့ သူ႔အတြက္ တရားဝင္ အတည္ျပဳေပးတဲ့ သေဘာပဲ ျဖစ္ပါတယ္။

ဒီမိုကရက္ပါတီရဲ႕ အေတာ္ဆုံးေတြထဲက တခ်ိဳ႕နဲ႔ ယွဥ္ၿပိဳင္ခဲ့ရတာမို႔ ဂုဏ္ယူေၾကာင္း၊ ေ႐ြးေကာက္ပြဲအတြက္ စုစည္းညီၫြတ္တဲ့ ပါတီအေနနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ရမွာကို ဝမ္းသာမိေၾကာင္း Mr. Biden က ေျပာပါတယ္။

ျပည္နယ္ေတာ္ေတာ္မ်ားမ်ားမွာ မဲေပးသူအေရအတြက္က ပုံမွန္ထက္ ပိုမ်ားခဲ့တာေၾကာင့္ အခုေနာက္ဆုံး ရလဒ္ထုတ္ျပန္ဖို႔ ၃ ရက္ၾကာခဲ့ၿပီး ေသာၾကာညကမွ မဲရလဒ္ေတြ ထုတ္ျပန္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/joe-biden-democratic-party-presidential-candidate/5451977.html
Joe Biden ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်သွားပြီ Joe Biden ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်သွားပြီ Reviewed by THITHTOOLWIN on 06:41 Rating: 5
Powered by Blogger.