JINDU GREATE STARS ဆိုင်အတွင်း လူသတ်မှု ကျူးလွန်သူအား ဖမ်းဆီးရမိ


(Unicode)⤵⤵⤵
ချမ်းမြသာစည်မြို့နယ် ၆၅ လမ်းပေါ်ရှိ JINDU GREATE STARS (ဆံပင်အလှကုန်ပစ္စည်း ဖြန့်ချိရေးကုမ္ပဏီ)ဆိုင်အတွင်း လူသတ်မှု ကျူးလွန်သူအား နေ့ချင်းလက်ရဖမ်းဆီးရမိ

မန္တလေး၊ ဇွန် ၂၂

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက် ၆၅ လမ်း၊ သဇင်လမ်းနှင့်ငုပြာလမ်း ရှိ JINDU GREATE STARS (ဆံပင်အလှကုန်ပစ္စည်းဖြန့်ချိရးကုမ္ပဏီ)ဆိုင်တွင် ဆိုင်တာဝန်ခံ ဖြစ်သူ ဦးချမ်းမြေ့အောင်အား ဓားဖြင့် လည်ပင်းအားလှီးဖြတ် သတ်ဖြတ်မှုဖြစ်ပွားခဲ့ရာ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များမှ နေ့ချင်း လက်ရဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၉ ရက် ညနေ ၆ နာရီခန့်တွင် အဆိုပါ ဆံပင်အ လှကုန်ပစ္စည်းဆိုင်အတွင်းသို့ ကုမ္ပဏီ နယ်အရောင်းဝန်ထမ်းဖြစ်သူ အားကျင်(ခ)မောင်ကိုကို ဝင်ရောက်လာပြီး ဈေးဝယ်သူအား ပစ္စည်းများ ရှင်းလင်း ပြသနေသည့် ဆိုင်တာဝန်ခံ ဦးချမ်းမြေ့အောင် ၏ နောက်ကျောမှ အသင့်ပါလာသော ဓားဖြင့် လည်ပင်းအား လှီးဖြတ် သတ်ဖြတ်ခဲ့ရာ ကုမ္ပဏီဆိုင်အတွင်းရှိ ဝန်ထမ်းများ၏ သတင်းပေးမှုကြောင့် အမှတ်(၁၁)ရဲစခန်းမှူး ဒုရဲမှူးဇော်နိုင်၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်တူးတူးနှင့်အဖွဲ့တို့ ချက်ချင်း ရောက်ရှိလာပြီး လိုက်လံပိတ်ဆို့ဖမ်းဆီး ရာ ပြစ်မှုကျူးလွန်သူ အားကျင်(ခ)မောင်ကိုကို အား အချိန်တိုအတွင်း လက်ရဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ဆိုင်တာဝန်ခံ ဦးချမ်းမြေ့အောင် မှာ ရရှိဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ သဖြင့် ပြစ်မှုကျူးလွန်သူ အားကျင်(ခ)မောင်ကိုကို ၊ အကွက်(၂၉၇)၊ အမှတ်(၁၂၁)၊ အောင်မြေ သာစံမြို့နယ်နေသူအား ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း အမှတ်(၁၁)ရဲစခန်းမှ သတင်းရရှိသည်။

မန်းကိုယ်ပွား / Myanmaalinn
--------------------------------------------
(Zawgyi)⤵⤵⤵
JINDU GREATE STARS ဆိုင္အတြင္း လူသတ္မႈ က်ဴးလြန္သူအား ဖမ္းဆီးရမိ

ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၆၅ လမ္းေပၚရွိ JINDU GREATE STARS (ဆံပင္အလွကုန္ပစၥည္း ျဖန႔္ခ်ိေရးကုမၸဏီ)ဆိုင္အတြင္း လူသတ္မႈ က်ဴးလြန္သူအား ေန႔ခ်င္းလက္ရဖမ္းဆီးရမိ

မႏၲေလး၊ ဇြန္ ၂၂

မႏၲေလးတိုင္းေဒသႀကီး ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၿမိဳ႕သစ္(၁)ရပ္ကြက္ ၆၅ လမ္း၊ သဇင္လမ္းႏွင့္ငုျပာလမ္း ရွိ JINDU GREATE STARS (ဆံပင္အလွကုန္ပစၥည္းျဖန႔္ခ်ိရးကုမၸဏီ)ဆိုင္တြင္ ဆိုင္တာဝန္ခံ ျဖစ္သူ ဦးခ်မ္းေျမ့ေအာင္အား ဓားျဖင့္ လည္ပင္းအားလွီးျဖတ္ သတ္ျဖတ္မႈျဖစ္ပြားခဲ့ရာ နယ္ေျမခံ ရဲတပ္ဖြဲ႕ဝင္မ်ားမွ ေန႔ခ်င္း လက္ရဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဇြန္ ၁၉ ရက္ ညေန ၆ နာရီခန႔္တြင္ အဆိုပါ ဆံပင္အ လွကုန္ပစၥည္းဆိုင္အတြင္းသို႔ ကုမၸဏီ နယ္အေရာင္းဝန္ထမ္းျဖစ္သူ အားက်င္(ခ)ေမာင္ကိုကို ဝင္ေရာက္လာၿပီး ေဈးဝယ္သူအား ပစၥည္းမ်ား ရွင္းလင္း ျပသေနသည့္ ဆိုင္တာဝန္ခံ ဦးခ်မ္းေျမ့ေအာင္ ၏ ေနာက္ေက်ာမွ အသင့္ပါလာေသာ ဓားျဖင့္ လည္ပင္းအား လွီးျဖတ္ သတ္ျဖတ္ခဲ့ရာ ကုမၸဏီဆိုင္အတြင္းရွိ ဝန္ထမ္းမ်ား၏ သတင္းေပးမႈေၾကာင့္ အမွတ္(၁၁)ရဲစခန္းမႉး ဒုရဲမႉးေဇာ္ႏိုင္၊ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္တူးတူးႏွင့္အဖြဲ႕တို႔ ခ်က္ခ်င္း ေရာက္ရွိလာၿပီး လိုက္လံပိတ္ဆို႔ဖမ္းဆီး ရာ ျပစ္မႈက်ဴးလြန္သူ အားက်င္(ခ)ေမာင္ကိုကို အား အခ်ိန္တိုအတြင္း လက္ရဖမ္းဆီးရမိခဲ့သည္။

အဆိုပါျဖစ္စဥ္တြင္ ဆိုင္တာဝန္ခံ ဦးခ်မ္းေျမ့ေအာင္ မွာ ရရွိဒဏ္ရာျဖင့္ အခင္းျဖစ္ေနရာတြင္ ေသဆုံးခဲ့ သျဖင့္ ျပစ္မႈက်ဴးလြန္သူ အားက်င္(ခ)ေမာင္ကိုကို ၊ အကြက္(၂၉၇)၊ အမွတ္(၁၂၁)၊ ေအာင္ေျမ သာစံၿမိဳ႕နယ္ေနသူအား ဥပေဒအရ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း အမွတ္(၁၁)ရဲစခန္းမွ သတင္းရရွိသည္။

မန္းကိုယ္ပြား / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
JINDU GREATE STARS ဆိုင်အတွင်း လူသတ်မှု ကျူးလွန်သူအား ဖမ်းဆီးရမိ JINDU GREATE STARS ဆိုင်အတွင်း လူသတ်မှု ကျူးလွန်သူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.