George Floyd သေဆုံးမှု ရဲတွေ တရားစွဲခံရတဲ့အပေါ် ဆန္ဒပြသူတွေကြိုဆို

California ပြည်နယ် Los Angeles မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၀၃၊ ၂၀၂၀)
(Unicode)⤵⤵⤵
အမေရိကန်ပြည်ထောင်စုမှာ ရဲဖမ်းဆီးထားစဉ် အာဖရိကန် အမေရိကန် George Floyd သေဆုံးခဲ့ရမှုအတွက် ဖမ်းဆီးမှုမှာပါဝင်တဲ့ နောက်ထပ် ရဲ သုံး ယောက်ကိုလည်း Minnesota ပြည်နယ်အစိုးရရှေ့နေတွေက အမှုဖွင့်ခဲ့တဲ့အပေါ် ဆန္ဒပြနေသူတွေက ကြိုဆိုခဲ့ကြပေမဲ့ ရဲတွေ တရားလွန် နောက်ထပ်မလုပ်နိုင်အောင် စနစ်ပြောင်းဖို့ တောင်းဆိုမှုတွေ ဆက်ရှိခဲ့ပါတယ်။

အမေရိကန်တဝန်းက မြို့တွေမှာ ဗုဒ္ဓဟူးနေ့ညက ဆန္ဒပြပွဲ အများစုက ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့ပါတယ်။ ဝါရှင်တန်မြို့တော်မှာ ဆန္ဒပြသူ ထောင်နဲ့ချီဟာ အိမ်ဖြူတော်ရှေ့၊ လွှတ်တော်အဆောက်အဦးရှေ့တွေမှာ ဆန္ဒပြခဲ့ကြသလို သမ္မတအိမ်ဖြူတော်ရှေ့Pennsylvania လမ်းမကြီးတလေ ျှာက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ပြည်တွင်းလုံခြုံရေးအရန်တပ်ဖွဲ့တွေ၊ ရဲတွေ စောင့်ကြပ်နေတဲ့ကြားက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ မနေ့ညကတော့ ဝါရှင်တန်မြို့တော်မှာ ညမထွက်ရအမိန့်ကို ည ၇ နာရီအစား ည ၁၁ နာရီက စတယ်လို့ မြို့တော်ဝန်က ပြောင်းလဲထုတ်ပြန်ခဲ့ပါတယ်။

ညမထွက်ရအမိန့်ကို ဖီဆန်ပေမဲ့ ငြိမ်းငြိမ်းချမ်းချမ်း လမ်းလေ ျှာက် ဆန္ဒပြမှုကို တားဆီးမှာမဟုတ်ဘူးလို့ Detroit မြို့ရဲချုပ်ကလည်း ပြောကြားခဲ့ပါတယ်။ Seattle မြို့မှာတော့ စနေနေ့အထိ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို မြို့တော်ဝန်က ရုတ်သိမ်းခဲ့ပါတယ်။ San Francisco နဲ့Los Angeles မြို့တော်ဝန်ကလည်း ညမထွက်ရအမိန့်တွေကို ဒီကနေ့ ကြာသပတေးနေ့မှာ ရုတ်သိမ်းမယ်လို့ ပြောကြားထားကြပါတယ်။

New Orleans မြို့မှာတော့ Mississippi မြစ်တံတားကို မဖြတ်နိုင်အောင် တားဆီးထားတဲ့ ရဲတွေကို အတင်းတွန်းဖြတ်ခဲ့တဲ့ ဆန္ဒပြသူ ရာချီကို ရဲတွေက မျက်ရည်ယိုဗုံးတွေသုံး လူစုခွဲခဲ့ပါတယ်။

မေလ ၂၅ ရက်နေ့က ငွေအတုလိမ်လည်သုံးတယ်ဆိုတဲ့ မသင်္ကာမှုနဲ့ အသက် ၄၆ နှစ်အရွယ် လူမည်း George Floyd ကိုရဲက ဖမ်းစဉ် လူဖြူရဲတယောက်က မှောက်လျက်လက်ထိပ်ခတ်ထားတဲ့ Floyd ရဲ့ လည်ပင်းပေါ် ၈ မိနစ်ကျော်ကြာ ဖိထားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ Floyd သေဆုံးသွားတာကြောင့် ခုလိုနိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာပါ။

တက်ဖိထားခဲ့တဲ့ရဲကို တတိယအဆင့် လူသတ်မှုနဲ့ တရားစွဲထားရာကနေ ကြိုတင်ရည်ရွယ်ချက်မပါတဲ့ ဒုတိယအဆင့် လူသတ်မှုနဲ့ ဗုဒ္ဓဟူးနေ့က ပြောင်းလဲ အမှုဖွင့်ခဲ့သလို ဖမ်းဆီးစဉ်ပါဝင်တဲ့ နောက် ရဲ သုံး ယောက်ကိုလည်း လူသတ်မှု ဖြစ်မြောက်စေရေး အတွက် အကူအညီပေးသူတွေ အဖြစ် ပြည်နယ်အစိုးရရှေ့နေတွေက အမှုဖွင့် တရားစွဲခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------
(Zawgyi)⤵⤵⤵
George Floyd ေသဆုံးမႈ ရဲေတြ တရားစြဲခံရတဲ့အေပၚ ဆႏၵျပသူေတြႀကိဳဆို

အေမရိကန္ျပည္ေထာင္စုမွာ ရဲဖမ္းဆီးထားစဥ္ အာဖရိကန္ အေမရိကန္ George Floyd ေသဆုံးခဲ့ရမႈအတြက္ ဖမ္းဆီးမႈမွာပါဝင္တဲ့ ေနာက္ထပ္ ရဲ သုံး ေယာက္ကိုလည္း Minnesota ျပည္နယ္အစိုးရေရွ႕ေနေတြက အမႈဖြင့္ခဲ့တဲ့အေပၚ ဆႏၵျပေနသူေတြက ႀကိဳဆိုခဲ့ၾကေပမဲ့ ရဲေတြ တရားလြန္ ေနာက္ထပ္မလုပ္ႏိုင္ေအာင္ စနစ္ေျပာင္းဖို႔ ေတာင္းဆိုမႈေတြ ဆက္ရွိခဲ့ပါတယ္။

အေမရိကန္တဝန္းက ၿမိဳ႕ေတြမွာ ဗုဒၶဟူးေန႔ညက ဆႏၵျပပြဲ အမ်ားစုက ၿငိမ္းၿငိမ္းခ်မ္းခ်မ္းရွိခဲ့ပါတယ္။ ဝါရွင္တန္ၿမိဳ႕ေတာ္မွာ ဆႏၵျပသူ ေထာင္နဲ႔ခ်ီဟာ အိမ္ျဖဴေတာ္ေရွ႕၊ လႊတ္ေတာ္အေဆာက္အဦးေရွ႕ေတြမွာ ဆႏၵျပခဲ့ၾကသလို သမၼတအိမ္ျဖဴေတာ္ေရွ႕Pennsylvania လမ္းမႀကီးတေလ ွ်ာက္ ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။

ျပည္တြင္းလုံၿခဳံေရးအရန္တပ္ဖြဲ႕ေတြ၊ ရဲေတြ ေစာင့္ၾကပ္ေနတဲ့ၾကားက ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။ မေန႔ညကေတာ့ ဝါရွင္တန္ၿမိဳ႕ေတာ္မွာ ညမထြက္ရအမိန႔္ကို ည ၇ နာရီအစား ည ၁၁ နာရီက စတယ္လို႔ ၿမိဳ႕ေတာ္ဝန္က ေျပာင္းလဲထုတ္ျပန္ခဲ့ပါတယ္။

ညမထြက္ရအမိန႔္ကို ဖီဆန္ေပမဲ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း လမ္းေလ ွ်ာက္ ဆႏၵျပမႈကို တားဆီးမွာမဟုတ္ဘူးလို႔ Detroit ၿမိဳ႕ရဲခ်ဳပ္ကလည္း ေျပာၾကားခဲ့ပါတယ္။ Seattle ၿမိဳ႕မွာေတာ့ စေနေန႔အထိ ထုတ္ျပန္ထားတဲ့ ညမထြက္ရအမိန႔္ကို ၿမိဳ႕ေတာ္ဝန္က ႐ုတ္သိမ္းခဲ့ပါတယ္။ San Francisco နဲ႔Los Angeles ၿမိဳ႕ေတာ္ဝန္ကလည္း ညမထြက္ရအမိန႔္ေတြကို ဒီကေန႔ ၾကာသပေတးေန႔မွာ ႐ုတ္သိမ္းမယ္လို႔ ေျပာၾကားထားၾကပါတယ္။

New Orleans ၿမိဳ႕မွာေတာ့ Mississippi ျမစ္တံတားကို မျဖတ္ႏိုင္ေအာင္ တားဆီးထားတဲ့ ရဲေတြကို အတင္းတြန္းျဖတ္ခဲ့တဲ့ ဆႏၵျပသူ ရာခ်ီကို ရဲေတြက မ်က္ရည္ယိုဗုံးေတြသုံး လူစုခြဲခဲ့ပါတယ္။

ေမလ ၂၅ ရက္ေန႔က ေငြအတုလိမ္လည္သုံးတယ္ဆိုတဲ့ မသကၤာမႈနဲ႔ အသက္ ၄၆ ႏွစ္အ႐ြယ္ လူမည္း George Floyd ကိုရဲက ဖမ္းစဥ္ လူျဖဴရဲတေယာက္က ေမွာက္လ်က္လက္ထိပ္ခတ္ထားတဲ့ Floyd ရဲ႕ လည္ပင္းေပၚ ၈ မိနစ္ေက်ာ္ၾကာ ဖိထားခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းမွာ Floyd ေသဆုံးသြားတာေၾကာင့္ ခုလိုႏိုင္ငံတဝန္း ဆႏၵျပပြဲေတြ ျဖစ္ပြားေနတာပါ။

တက္ဖိထားခဲ့တဲ့ရဲကို တတိယအဆင့္ လူသတ္မႈနဲ႔ တရားစြဲထားရာကေန ႀကိဳတင္ရည္႐ြယ္ခ်က္မပါတဲ့ ဒုတိယအဆင့္ လူသတ္မႈနဲ႔ ဗုဒၶဟူးေန႔က ေျပာင္းလဲ အမႈဖြင့္ခဲ့သလို ဖမ္းဆီးစဥ္ပါဝင္တဲ့ ေနာက္ ရဲ သုံး ေယာက္ကိုလည္း လူသတ္မႈ ျဖစ္ေျမာက္ေစေရး အတြက္ အကူအညီေပးသူေတြ အျဖစ္ ျပည္နယ္အစိုးရေရွ႕ေနေတြက အမႈဖြင့္ တရားစြဲခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/us-protests/5448870.html
George Floyd သေဆုံးမှု ရဲတွေ တရားစွဲခံရတဲ့အပေါ် ဆန္ဒပြသူတွေကြိုဆို George Floyd သေဆုံးမှု ရဲတွေ တရားစွဲခံရတဲ့အပေါ် ဆန္ဒပြသူတွေကြိုဆို Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.