EU ဆုံးဖြတ်ချက် မြန်မာ ပယ်ချ


(Unicode)⤵⤵⤵
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇွန်လ ၂၂ ရက် မနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၄၃ ကြိမ်မြောက်အစည်းအဝေးမှာ EU ဥရောပသမဂ္ဂက တင်သွင်းထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်အဆိုကို မြန်မာအစိုးရက ပယ်ချလိုက်ပါတယ်။

အဲဒီအဆိုက မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးရေးကြိုးပမ်းချက်တွေကို အထောက်အကူမဖြစ်ဘဲ ပိုပြီးဆိုးရွားစေမယ်လို့ မြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်က အကြောင်းပြပြီး ပယ်ချလိုက်တာ ဖြစ်ပါတယ်။

EU က တင်သွင်းထားတဲ့ဆုံးဖြတ်ချက်အဆိုကို မဲခွဲတဲ့အခါမှာ ထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ ကြားနေ ၈ မဲတို့ရခဲ့ပါတယ်။ ကြားနေမဲထဲမှာ ဂျပန်နဲ့ အိန္ဒိယတို့ပါဝင်ပါတယ်။

အဲဒီနောက် လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံအတွက် နှစ်စဉ်ဆုံးဖြတ်နေတဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် စေလွှတ်မယ့် လုပ်ပိုင်ခွင့်ကို တစ်နှစ် ထပ်တိုးလိုက်ပါတယ်။

ဒီလိုမျိုး လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ခန့်ပြီး စေလွှတ်နေတဲ့နိုင်ငံပေါင်း ၁၂ နိုင်ငံရှိနေပြီး၊ အခုတော့ မြန်မာနိုင်ငံအတွက် မစ္စယန်ဟီးလီကို ခန့်အပ်တဲ့ကာလ ပြီးဆုံးသွားတဲ့နောက်၊ အမေရိကန်လွှတ်တော်အမတ်ဟောင်းဖြစ်တဲ့ Tom Andrews ကို လူ့အခွင့်အရေးအထူးကိုယ်စားလှယ်သစ်အနေနဲ့ ခန့်ထားပါတယ်။

RFA Burmese
-------------------------------------
(Zawgyi)⤵⤵⤵
EU ဆုံးျဖတ္ခ်က္ ျမန္မာ ပယ္ခ်

ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ႕မွာ ဇြန္လ ၂၂ ရက္ မေန႔က က်င္းပခဲ့တဲ့ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီရဲ႕ ၄၃ ႀကိမ္ေျမာက္အစည္းအေဝးမွာ EU ဥေရာပသမဂၢက တင္သြင္းထားတဲ့ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ ဆုံးျဖတ္ခ်က္အဆိုကို ျမန္မာအစိုးရက ပယ္ခ်လိုက္ပါတယ္။

အဲဒီအဆိုက ျမန္မာျပည္ၿငိမ္းခ်မ္းေရးနဲ႔ ဖြံၿဖိဳးေရးႀကိဳးပမ္းခ်က္ေတြကို အေထာက္အကူမျဖစ္ဘဲ ပိုၿပီးဆိုး႐ြားေစမယ္လို႔ ျမန္မာႏိုင္ငံရဲ႕ကိုယ္စားလွယ္က အေၾကာင္းျပၿပီး ပယ္ခ်လိုက္တာ ျဖစ္ပါတယ္။

EU က တင္သြင္းထားတဲ့ဆုံးျဖတ္ခ်က္အဆိုကို မဲခြဲတဲ့အခါမွာ ေထာက္ခံမဲ ၃၇ မဲ၊ ကန႔္ကြက္မဲ ၂ မဲနဲ႔ ၾကားေန ၈ မဲတို႔ရခဲ့ပါတယ္။ ၾကားေနမဲထဲမွာ ဂ်ပန္နဲ႔ အိႏၵိယတို႔ပါဝင္ပါတယ္။

အဲဒီေနာက္ လူ႔အခြင့္အေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ထဲမွာ ျမန္မာႏိုင္ငံအတြက္ ႏွစ္စဥ္ဆုံးျဖတ္ေနတဲ့ လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ ေစလႊတ္မယ့္ လုပ္ပိုင္ခြင့္ကို တစ္ႏွစ္ ထပ္တိုးလိုက္ပါတယ္။

ဒီလိုမ်ိဳး လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ခန႔္ၿပီး ေစလႊတ္ေနတဲ့ႏိုင္ငံေပါင္း ၁၂ ႏိုင္ငံရွိေနၿပီး၊ အခုေတာ့ ျမန္မာႏိုင္ငံအတြက္ မစၥယန္ဟီးလီကို ခန႔္အပ္တဲ့ကာလ ၿပီးဆုံးသြားတဲ့ေနာက္၊ အေမရိကန္လႊတ္ေတာ္အမတ္ေဟာင္းျဖစ္တဲ့ Tom Andrews ကို လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္သစ္အေနနဲ႔ ခန႔္ထားပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
EU ဆုံးဖြတ်ချက် မြန်မာ ပယ်ချ EU ဆုံးဖြတ်ချက် မြန်မာ ပယ်ချ Reviewed by THITHTOOLWIN on 08:40 Rating: 5
Powered by Blogger.