Crew Dragon နိုင်ငံတကာ အာကာသစခန်း ရောက်ရှိ

Crew Dragon အာကာသယာဉ်နဲ့ လိုက်ပါသွားတဲ့ အမေရိကန် အာကာသယာဉ်မှူး Douglas Hurley နဲ့ Bob Behnken. (မေ ၃၀၊ ၂၀၂၀)
(Unicode)⤵⤵⤵
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ကနေဒီ အာကာသစခန်းကနေ လွှတ်တင်ခဲ့တဲ့ Crew Dragon အာကာသယာဉ်နဲ့အတူ အာကာသထဲ ရောက်ရှိနေတဲ့ အမေရိကန် အာကာသယာဉ်မှူး Douglas Hurley နဲ့ Bob Behnken တို့ဟာ နိုင်ငံတကာ အာကာသစခန်းကို ရောက်ရှိသွားပါပြီ။ဝါရှင်တန်ဒီစီ ဒေသစံတော်ချိန် တနင်္ဂနွေနေ့မနက် ၁၀ နာရီကျော် အချိန်လောက်မှာ နိုင်ငံတကာ အာကာသစခန်းကို အောင်အောင်မြင်မြင် ရောက်ရှိခဲ့တာပါ။

အသက် ၅၃ နှစ်အရွယ် Hurley နဲ့ အသက် ၄၉ နှစ်အရွယ် Behnken တို့ဟာ အရင်က အမေရိကန်စစ်တပ်က လေယာဉ်မှူးတွေ ဖြစ်ကြပြီး ၂၀၀၀ ခုနှစ်မှာ အမေရိကန် အာကာသအေဂျင်စီ (NASA) မှာ စတင် တာဝန်ထမ်းဆောင်ခဲ့ကြတာပါ။

SpaceX ဒုံးပျံယာဉ်ကို စနေနေ့က အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့တာဟာ ပုဂ္ဂလိက ကုမ္ပဏီလုပ် ဒုံးပျံနဲ့ လွှတ်တင်တဲ့ ပထမဆုံး အာကာသခရီးစဉ်အဖြစ် သမိုင်းတွင်သွားခဲ့သလို ၁၀ စုနှစ်တခုနီးပါးအတွင်း အမေရိကန်မြေပေါ်ကနေ အာကာသယာဉ် ပြန်လည်ပစ်လွှတ်နိုင်တာလည်း ဖြစ်ပါတယ်။

SpaceX ကုမ္ပဏီကို ကယ်လီဖိုးနီးယားအခြေစိုက် ဘီလီယံနာသူဌေး Elon Musk တည်ထောင်ခဲ့တာပါ။ Elon Musk က ဒုံးပျံ အောင်အောင်မြင်မြင် ပစ်လွှတ်နိုင်လို့ မဖော်ပြတတ်အောင် ဝမ်းသာပျော်ရွှင်တယ်လို့ ပြောပြီး ဒါဟာ အင်္ဂါဂြိုဟ်မှာ လူ့ယဉ်ကျေးမှု တည်ထောင်ဖို့ ပထမခြေလှမ်း ဖြစ်လိမ့်မယ်လို့လည်း ပြောပါတယ်။

စနေနေ့က SpaceX ဒုံးပျံ လွှတ်တင်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ အမေရိကန်သမ္မတ Donald Trump က NASA က ဝန်ထမ်းတွေကို ချီးကျူးစကား ပြောကြားခဲ့သလို အမေရိကန် မြေပေါ်ကနေ အာကာသယာဉ်ကို ပြန်လည် လွှတ်တင်နိုင်ခဲ့တဲ့ ထူးခြားတဲ့နေ့တနေ့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အမေရိကန်မြေပေါ်ကနေ အာကာသထဲကို အမေရိကန် အာကာသယာဉ်မှူးတွေ ၂၀၁၁ ခုနှစ်မှာ နောက်ဆုံး စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------
(Zawgyi)⤵⤵⤵
Crew Dragon ႏိုင္ငံတကာ အာကာသစခန္း ေရာက္ရွိ

အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္၊ ကေနဒီ အာကာသစခန္းကေန လႊတ္တင္ခဲ့တဲ့ Crew Dragon အာကာသယာဥ္နဲ႔အတူ အာကာသထဲ ေရာက္ရွိေနတဲ့ အေမရိကန္ အာကာသယာဥ္မႉး Douglas Hurley နဲ႔ Bob Behnken တို႔ဟာ ႏိုင္ငံတကာ အာကာသစခန္းကို ေရာက္ရွိသြားပါၿပီ။ဝါရွင္တန္ဒီစီ ေဒသစံေတာ္ခ်ိန္ တနဂၤေႏြေန႔မနက္ ၁၀ နာရီေက်ာ္ အခ်ိန္ေလာက္မွာ ႏိုင္ငံတကာ အာကာသစခန္းကို ေအာင္ေအာင္ျမင္ျမင္ ေရာက္ရွိခဲ့တာပါ။

အသက္ ၅၃ ႏွစ္အ႐ြယ္ Hurley နဲ႔ အသက္ ၄၉ ႏွစ္အ႐ြယ္ Behnken တို႔ဟာ အရင္က အေမရိကန္စစ္တပ္က ေလယာဥ္မႉးေတြ ျဖစ္ၾကၿပီး ၂၀၀၀ ခုႏွစ္မွာ အေမရိကန္ အာကာသေအဂ်င္စီ (NASA) မွာ စတင္ တာဝန္ထမ္းေဆာင္ခဲ့ၾကတာပါ။

SpaceX ဒုံးပ်ံယာဥ္ကို စေနေန႔က ေအာင္ေအာင္ျမင္ျမင္ လႊတ္တင္ႏိုင္ခဲ့တာဟာ ပုဂၢလိက ကုမၸဏီလုပ္ ဒုံးပ်ံနဲ႔ လႊတ္တင္တဲ့ ပထမဆုံး အာကာသခရီးစဥ္အျဖစ္ သမိုင္းတြင္သြားခဲ့သလို ၁၀ စုႏွစ္တခုနီးပါးအတြင္း အေမရိကန္ေျမေပၚကေန အာကာသယာဥ္ ျပန္လည္ပစ္လႊတ္ႏိုင္တာလည္း ျဖစ္ပါတယ္။

SpaceX ကုမၸဏီကို ကယ္လီဖိုးနီးယားအေျခစိုက္ ဘီလီယံနာသူေဌး Elon Musk တည္ေထာင္ခဲ့တာပါ။ Elon Musk က ဒုံးပ်ံ ေအာင္ေအာင္ျမင္ျမင္ ပစ္လႊတ္ႏိုင္လို႔ မေဖာ္ျပတတ္ေအာင္ ဝမ္းသာေပ်ာ္႐ႊင္တယ္လို႔ ေျပာၿပီး ဒါဟာ အဂၤါၿဂိဳဟ္မွာ လူ႔ယဥ္ေက်းမႈ တည္ေထာင္ဖို႔ ပထမေျခလွမ္း ျဖစ္လိမ့္မယ္လို႔လည္း ေျပာပါတယ္။

စေနေန႔က SpaceX ဒုံးပ်ံ လႊတ္တင္တဲ့ အခမ္းအနားကို တက္ေရာက္ခဲ့တဲ့ အေမရိကန္သမၼတ Donald Trump က NASA က ဝန္ထမ္းေတြကို ခ်ီးက်ဴးစကား ေျပာၾကားခဲ့သလို အေမရိကန္ ေျမေပၚကေန အာကာသယာဥ္ကို ျပန္လည္ လႊတ္တင္ႏိုင္ခဲ့တဲ့ ထူးျခားတဲ့ေန႔တေန႔ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

အေမရိကန္ေျမေပၚကေန အာကာသထဲကို အေမရိကန္ အာကာသယာဥ္မႉးေတြ ၂၀၁၁ ခုႏွစ္မွာ ေနာက္ဆုံး ေစလႊတ္ခဲ့တာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
Crew Dragon နိုင်ငံတကာ အာကာသစခန်း ရောက်ရှိ Crew Dragon နိုင်ငံတကာ အာကာသစခန်း ရောက်ရှိ Reviewed by THITHTOOLWIN on 06:29 Rating: 5
Powered by Blogger.