COVID ကူးစက်ခံ ရိုဟင်ဂျာတချို့ ထွက်ပြေးတိမ်းရှောင်

ကုတုပလောင် ဒုက္ခသည်စခန်းတွင်း ဈေးဝယ်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (မေ ၁၅၊ ၂၀၂၀)
ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိထားတဲ့ လူနာတချို့ Quarantine ဝင်ရမှာစိုးလို့ ထွက်ပြေး တိမ်းရှောင်နေတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။ ကိုဗစ်ပိုး စမ်းသပ်တွေ့ရှိထားတဲ့ ရိုဟင်ဂျာ အနည်းဆုံး ၂ ဦး ထွက်ပြေးနေတာပါ။

ဘင်္ဂလားပင်လယ်အော်ထဲက လူသူဝေးတဲ့ Bhashan Char ကျွန်းကို အပို့ခံရမှာ စိုးတဲ့အတွက် အခုလို တိမ်းရှောင်နေတာ ဖြစ်တယ်လို့ စခန်းတွင်း ရပ်ရွာခေါင်းဆောင်တွေက ပြောပါတယ်။ ခုချိန်ထိတော့ ဒုက္ခသည်စခန်းထဲမှာ Quarantine လုပ်ထားတဲ့ ရိုဟင်ဂျာ ၁၆,၀၀၀ ရှိပြီး သူတို့ထဲက ၂၉ ဦးဆီမှာ ကိုဗစ်ပိုး တွေ့ရှိ အတည်ပြုထားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချထားပေမယ့် ဒီဒုက္ခသည်တွေ ပြန်လာနိုင်ရေးကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတောာ့ COVID-19 ရောဂါပိုး ကူးစက်ခံရသူ နောက်ထပ် ၂ ဦး ထပ်တွေ့ရှိခဲ့တာကြောင့် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၄၂ ယောက် ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ခွဲနမူနာ ၁,၂၀၀ ကို စစ်ဆေးခဲ့တဲ့အထဲက အိန္ဒိယနဲ့ ထိုင်းက ပြန်လာသူ ၂ ဦးဆီမှာ COVID-19 ရောဂါပိုး တွေ့ရှိတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ဆက်လက်ရင်ဆိုင်နေရတဲ့ အာရှနိုင်ငံတွေထဲက ဖိလစ်ပိုင်နိုင်ငံမှာတော့ တနင်္ဂနွေနေ့က အတည်ပြုလူနာသစ် ၅၅၅ ယောက်နဲ့ စုစုပေါင်း ၂၁,၀၀၀ ကျော်ရှိတယ်လို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ တနင်္ဂနွေနေ့က သေဆုံးသူ ၉ ယောက်ရှိတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၁,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာတော့ မနေ့က အတည်ပြုလူနာသစ် ၈ ယောက် တွေ့ရတဲ့အတွက် ကူးစက်သူစုစုပေါင်း ၃,၁၀၀ ကျော်နဲ့ သေဆုံးသူ ၅၈ ယောက် ဖြစ်သွားပါတယ်။ ကူးစက်မှုအသစ်တွေဟာ UAE၊ ကူဝိတ်၊ အိန္ဒိယနိုင်ငံတွေက ပြန်လာသူတွေဆီမှာ တွေ့ရပါတယ်။ ပြည်တွင်းကူးစက်မှု မရှိတာ ၁၃ ရက်ဆက်တိုက် ရှိပြီလို့ ထိုင်း COVID-19 ထိန်းချုပ်ရေးစင်တာက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------
COVID ကူးစက္ခံ ႐ိုဟင္ဂ်ာတခ်ိဳ႕ ထြက္ေျပးတိမ္းေရွာင္

ဘဂၤလားေဒ့ရွ္နယ္စပ္ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိထားတဲ့ လူနာတခ်ိဳ႕ Quarantine ဝင္ရမွာစိုးလို႔ ထြက္ေျပး တိမ္းေရွာင္ေနတယ္လို႔ AFP သတင္းမွာ ေဖာ္ျပပါတယ္။ ကိုဗစ္ပိုး စမ္းသပ္ေတြ႕ရွိထားတဲ့ ႐ိုဟင္ဂ်ာ အနည္းဆုံး ၂ ဦး ထြက္ေျပးေနတာပါ။

ဘဂၤလားပင္လယ္ေအာ္ထဲက လူသူေဝးတဲ့ Bhashan Char ကြၽန္းကို အပို႔ခံရမွာ စိုးတဲ့အတြက္ အခုလို တိမ္းေရွာင္ေနတာ ျဖစ္တယ္လို႔ စခန္းတြင္း ရပ္႐ြာေခါင္းေဆာင္ေတြက ေျပာပါတယ္။ ခုခ်ိန္ထိေတာ့ ဒုကၡသည္စခန္းထဲမွာ Quarantine လုပ္ထားတဲ့ ႐ိုဟင္ဂ်ာ ၁၆,၀၀၀ ရွိၿပီး သူတို႔ထဲက ၂၉ ဦးဆီမွာ ကိုဗစ္ပိုး ေတြ႕ရွိ အတည္ျပဳထားတာ ျဖစ္ပါတယ္။

ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံ ပယ္ခ်ထားေပမယ့္ ဒီဒုကၡသည္ေတြ ျပန္လာႏိုင္ေရးကို ႏိုင္ငံတကာနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနဆဲ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာေတာာ့ COVID-19 ေရာဂါပိုး ကူးစက္ခံရသူ ေနာက္ထပ္ ၂ ဦး ထပ္ေတြ႕ရွိခဲ့တာေၾကာင့္ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၂၄၂ ေယာက္ ရွိသြားၿပီလို႔ က်န္းမာေရးဝန္ႀကီးဌာနက တနဂၤေႏြေန႔ည ၈ နာရီမွာ သတင္းထုတ္ျပန္ပါတယ္။

ဓာတ္ခြဲနမူနာ ၁,၂၀၀ ကို စစ္ေဆးခဲ့တဲ့အထဲက အိႏၵိယနဲ႔ ထိုင္းက ျပန္လာသူ ၂ ဦးဆီမွာ COVID-19 ေရာဂါပိုး ေတြ႕ရွိတာ ျဖစ္ပါတယ္။

တခ်ိန္တည္းမွာပဲ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈ ဆက္လက္ရင္ဆိုင္ေနရတဲ့ အာရွႏိုင္ငံေတြထဲက ဖိလစ္ပိုင္ႏိုင္ငံမွာေတာ့ တနဂၤေႏြေန႔က အတည္ျပဳလူနာသစ္ ၅၅၅ ေယာက္နဲ႔ စုစုေပါင္း ၂၁,၀၀၀ ေက်ာ္ရွိတယ္လို႔ က်န္းမာေရးဌာနက သတင္းထုတ္ျပန္ပါတယ္။ တနဂၤေႏြေန႔က ေသဆုံးသူ ၉ ေယာက္ရွိတဲ့အတြက္ စုစုေပါင္း ေသဆုံးသူ ၁,၀၀၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံမွာေတာ့ မေန႔က အတည္ျပဳလူနာသစ္ ၈ ေယာက္ ေတြ႕ရတဲ့အတြက္ ကူးစက္သူစုစုေပါင္း ၃,၁၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၅၈ ေယာက္ ျဖစ္သြားပါတယ္။ ကူးစက္မႈအသစ္ေတြဟာ UAE၊ ကူဝိတ္၊ အိႏၵိယႏိုင္ငံေတြက ျပန္လာသူေတြဆီမွာ ေတြ႕ရပါတယ္။ ျပည္တြင္းကူးစက္မႈ မရွိတာ ၁၃ ရက္ဆက္တိုက္ ရွိၿပီလို႔ ထိုင္း COVID-19 ထိန္းခ်ဳပ္ေရးစင္တာက ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/rohingya-refugees-covid19/5453136.html
COVID ကူးစက်ခံ ရိုဟင်ဂျာတချို့ ထွက်ပြေးတိမ်းရှောင် COVID ကူးစက်ခံ ရိုဟင်ဂျာတချို့ ထွက်ပြေးတိမ်းရှောင် Reviewed by THITHTOOLWIN on 07:15 Rating: 5
Powered by Blogger.