COVID ဒဏ်သင့် မြန်မာနိုင်ငံအတွက် IMF က ဒေါ်လာသန်း ၃၅၀ ကျော် အရေးပေါ်ကူညီ

ရန်ကုန်မြို့ ဈေးတခုမှာ မျက်နှာဖုံးတပ် ဈေးရောင်းနေသူတဦး။ (ဧပြီ ၂၁၊ ၂၀၂၀)
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ့စီးပွားရေး အထိနာနေချိန်မှာပဲ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၃၅၆ ဒသမ ၅ သန်း အရေးပေါ် အကူအညီ ပေးအပ်ဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အမှုဆောင်ဘုတ်အဖွဲ့က အတည်ပြု ဆုံးဖြတ်ကြောင်း ဇွန်လ ၂၆ ရက် သောကြာနေ့က သတင်းထုတ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ခရီးသွားလုပ်ငန်း တရှိန်ထိုး ကျဆင်းနေတာ၊ ပြည်ပက ငွေပို့မှုတွေ ရပ်ဆိုင်းကုန်တာနဲ့ ကုန်ပစ္စည်း ထောက်ပို့မှုလမ်းကြောင်း Supply Chain တွေ ပြတ်တောက်ကုန်တာကြောင့် မြန်မာ့စီးပွားရေး အထိနာနေတယ်လို့ IMF အဖွဲ့ရဲ့ ဒုတိယစီမံခန့်ခွဲမှု ဒါရိုက်တာ Mitsuhiro Furusawa က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

အခုပေးအပ်တဲ့ ငွေကြေးက COVID-19 ကြောင့် မြန်မာနိုင်ငံ အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာငွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။

IMF ရဲ့ အရေးပေါ် အကူအညီပေးရေး အစီအစဉ် နှစ်ခုကနေ ဒီငွေတွေကို ပေးအပ်တာဖြစ်ပြီး IMF က အကူအညီပေးရာမှာ ကြိုတင် စည်းမျဉ်းစည်းကမ်း တခုဖြစ်တဲ့ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စကို IMF နဲ့ အချိန်ကြာ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်စရာမလိုဘဲ ပေးအပ်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အခုလို အမေရိကန်ဒေါ်လာ ၃၅၆ ဒသမ ၅ သန်း အရေးပေါ် အကူအညီ ပေးအပ်တာက IMF အမှုဆောင်ဘုတ်အဖွဲ့ အနေနဲ့ အရေးပေါ် ငွေကြေးအကူအညီ တောင်းခံမှုနဲ့ ပတ်သက်တဲ့ ၇၂ ကြိမ်မြောက် ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။

ဒီငွေကြေးတွေကို မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့၊ အစားအသောက် ဖြန့်ဖြူးပေးဖို့နဲ့ အကာအကွယ်မဲ့ လိုအပ်နေသူတွေကို ငွေကြေး တိုက်ရိုက်ထောက်ပံ့မှုတွေ ပေးရာမှာ အသုံးပြုနိုင်မှာ ဖြစ်သလို စီးပွားရေးလုပ်ငန်းတွေနဲ့ လယ်သမားတွေကို အကူအညီပေးရာမှာလည်း မြန်မာအစိုးရအနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ IMF က ပြောပါတယ်။

တဆက်တည်းမှာပဲ မနေ့ ဇွန်လ ၂၇ ရက်နေ့က မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ တုံ့ပြန်ရေးအတွက် ထုတ်ပြန်ထားတဲ့ အမိန့်တွေကို သက်တမ်းတိုးလိုက်ပါတယ်။

COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ဇွန်လ ၃၀ ရက်နေ့အထိ အမျိုးသားအဆင့် ကော်မတီက ထုတ်ပြန်ထားတဲ့ အများပြည်သူဆိုင်ရာ ပန်ကြားချက်နဲ့ ညွှန်ကြားချက် အမိန့်တွေကို ဇူလိုင်လ ၁၅ ရက်နေ့အထိ ရက်တိုး သတ်မှတ်လိုက်ကြောင်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားကော်မတီက အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ပြည်ပ ခရီးသည်တင်လေယာဉ် ဆိုက်ရောက်မှု ပိတ်ပင်တားမြစ်ချက်လည်း ဇူလိုင်လ ၁၅ ရက်နေ့အထိ ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------
(Zawgyi)⤵⤵⤵
COVID ဒဏ္သင့္ ျမန္မာႏိုင္ငံအတြက္ IMF က ေဒၚလာသန္း ၃၅၀ ေက်ာ္ အေရးေပၚကူညီ

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျမန္မာ့စီးပြားေရး အထိနာေနခ်ိန္မွာပဲ ျမန္မာႏိုင္ငံကို အေမရိကန္ေဒၚလာ ၃၅၆ ဒသမ ၅ သန္း အေရးေပၚ အကူအညီ ေပးအပ္ဖို႔ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF) အမႈေဆာင္ဘုတ္အဖြဲ႕က အတည္ျပဳ ဆုံးျဖတ္ေၾကာင္း ဇြန္လ ၂၆ ရက္ ေသာၾကာေန႔က သတင္းထုတ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ျပႆနာေၾကာင့္ ခရီးသြားလုပ္ငန္း တရွိန္ထိုး က်ဆင္းေနတာ၊ ျပည္ပက ေငြပို႔မႈေတြ ရပ္ဆိုင္းကုန္တာနဲ႔ ကုန္ပစၥည္း ေထာက္ပို႔မႈလမ္းေၾကာင္း Supply Chain ေတြ ျပတ္ေတာက္ကုန္တာေၾကာင့္ ျမန္မာ့စီးပြားေရး အထိနာေနတယ္လို႔ IMF အဖြဲ႕ရဲ႕ ဒုတိယစီမံခန႔္ခြဲမႈ ဒါ႐ိုက္တာ Mitsuhiro Furusawa က ေၾကညာခ်က္ထုတ္ျပန္ ေျပာၾကားလိုက္ပါတယ္။

အခုေပးအပ္တဲ့ ေငြေၾကးက COVID-19 ေၾကာင့္ ျမန္မာႏိုင္ငံ အေရးတႀကီး လိုအပ္ေနတဲ့ ဘ႑ာေငြကို ျဖည့္ဆည္းေပးႏိုင္လိမ့္မယ္လို႔လည္း သူက ေျပာပါတယ္။

IMF ရဲ႕ အေရးေပၚ အကူအညီေပးေရး အစီအစဥ္ ႏွစ္ခုကေန ဒီေငြေတြကို ေပးအပ္တာျဖစ္ၿပီး IMF က အကူအညီေပးရာမွာ ႀကိဳတင္ စည္းမ်ဥ္းစည္းကမ္း တခုျဖစ္တဲ့ ျမန္မာ့စီးပြားေရး ျပဳျပင္ေျပာင္းလဲေရးဆိုင္ရာ ကိစၥကို IMF နဲ႔ အခ်ိန္ၾကာ ေစ့စပ္ညႇိႏႈိင္းမႈေတြ လုပ္စရာမလိုဘဲ ေပးအပ္တာလည္း ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကို အခုလို အေမရိကန္ေဒၚလာ ၃၅၆ ဒသမ ၅ သန္း အေရးေပၚ အကူအညီ ေပးအပ္တာက IMF အမႈေဆာင္ဘုတ္အဖြဲ႕ အေနနဲ႔ အေရးေပၚ ေငြေၾကးအကူအညီ ေတာင္းခံမႈနဲ႔ ပတ္သက္တဲ့ ၇၂ ႀကိမ္ေျမာက္ ဆုံးျဖတ္ခ်က္လည္း ျဖစ္ပါတယ္။

ဒီေငြေၾကးေတြကို ျမန္မာႏိုင္ငံရဲ႕ က်န္းမာေရးက႑ ပိုမိုတိုးတက္ေကာင္းမြန္ေအာင္ ေဆာင္႐ြက္ဖို႔၊ အစားအေသာက္ ျဖန႔္ျဖဴးေပးဖို႔နဲ႔ အကာအကြယ္မဲ့ လိုအပ္ေနသူေတြကို ေငြေၾကး တိုက္႐ိုက္ေထာက္ပံ့မႈေတြ ေပးရာမွာ အသုံးျပဳႏိုင္မွာ ျဖစ္သလို စီးပြားေရးလုပ္ငန္းေတြနဲ႔ လယ္သမားေတြကို အကူအညီေပးရာမွာလည္း ျမန္မာအစိုးရအေနနဲ႔ အသုံးျပဳႏိုင္မွာ ျဖစ္တယ္လို႔ IMF က ေျပာပါတယ္။

တဆက္တည္းမွာပဲ မေန႔ ဇြန္လ ၂၇ ရက္ေန႔က ျမန္မာႏိုင္ငံအတြင္း COVID-19 ေရာဂါ တုံ႔ျပန္ေရးအတြက္ ထုတ္ျပန္ထားတဲ့ အမိန႔္ေတြကို သက္တမ္းတိုးလိုက္ပါတယ္။

COVID-19 ကာကြယ္ထိန္းခ်ဳပ္ ကုသေရးအတြက္ ဇြန္လ ၃၀ ရက္ေန႔အထိ အမ်ိဳးသားအဆင့္ ေကာ္မတီက ထုတ္ျပန္ထားတဲ့ အမ်ားျပည္သူဆိုင္ရာ ပန္ၾကားခ်က္နဲ႔ ၫႊန္ၾကားခ်က္ အမိန႔္ေတြကို ဇူလိုင္လ ၁၅ ရက္ေန႔အထိ ရက္တိုး သတ္မွတ္လိုက္ေၾကာင္း COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရး အမ်ိဳးသားေကာ္မတီက အသိေပးေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ ျပည္ပ ခရီးသည္တင္ေလယာဥ္ ဆိုက္ေရာက္မႈ ပိတ္ပင္တားျမစ္ခ်က္လည္း ဇူလိုင္လ ၁၅ ရက္ေန႔အထိ ဆက္လက္ရွိေနမွာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/covid-myanmar-imf/5480418.html
COVID ဒဏ်သင့် မြန်မာနိုင်ငံအတွက် IMF က ဒေါ်လာသန်း ၃၅၀ ကျော် အရေးပေါ်ကူညီ COVID ဒဏ်သင့် မြန်မာနိုင်ငံအတွက် IMF က ဒေါ်လာသန်း ၃၅၀ ကျော် အရေးပေါ်ကူညီ Reviewed by THITHTOOLWIN on 11:28 Rating: 5
Powered by Blogger.