လက်တင်အမေရိကဒေသ ကမ္ဘာ့ COVID-19 ကူးစက်မှု ဗဟိုချက်ဖြစ်လာ

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် နယူးယောက်မြို့ Times Square အနီးမှာ တွေ့ရတဲ့ မြင်ကွင်း။ (ဇွန် ၂၂၊ ၂၀၂၀)
(Unicode)⤵⤵⤵
လက်တင်အမေရိကနိုင်ငံတွေမှာ COVID-19 ကြောင့် သေဆုံးတဲ့သူအရေအတွက်ဟာ ၁၀၀,၀၀၀ ကျော်ဖြစ်လာတာကြောင့် ဒီဒေသဟာ ကမ္ဘ္ဘာပေါ်မှာ အခုနောက်ဆုံး ဗိုင်းရပ်စ်ကူးစက်မှု အဓိကနေရာဖြစ် ဖြစ်လာနေပါတယ်။ Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းတွေအရတော့ အဲဒီသေဆုံးသူတွေထဲက ထက်ဝက်ကျော်ဟာ ဘရာဇီးနိုင်ငံကဖြစ်ပြီး ဘရာဇီးလ်မှာ သေဆုံးသူ စုစုပေါင်း ၅၄,၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း အမေရိကန်ပြည်ထောင်စုကတော့ ဗိုင်းရပ်စ်ကူးစက်သူဦးရေ ၂.၃ သန်းကျော်၊ သေဆုံးသူ ၁၂၁,၀၀၀ ကျော် နဲ့ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှုအများဆုံးနဲ့ သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် ဦးဆောင်နေပါတယ်။

အခုလောလောဆယ် ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ၉.၃ သန်းကျော်ရှိပြီး ရှေ့လာမယ့်သီတင်းပတ် အတွင်းမှာတော့ ၁၀ သန်းကျော်အထိ သိသိသာသာ တက်သွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အကြီးအကဲ Dr. Tedros Adhanom Ghebreyesus က ပြောပါတယ်။
WHO ရဲ့ အေရးပေါ်ဆိုင်ရာအကြီးအကဲ Dr. Mike Ryan နဲ့ WHO အကြီးအကဲ Dr. Tedros Adhanom Ghebreyesus
ဒါ့အပြင် WHO ရဲ့ အရေးပေါ်ဆိုင်ရာအကြီးအကဲ Dr. Mike Ryan အမေရိကတိုက်နိုင်ငံအတော်များများဟာ ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့်ကို မရောက်ကြသေးဘဲ အထူးသဖြင့် တောင်အမေရိကနဲ့ အလယ်အမေရိကဒေသတွေမှာ ရောဂါကူးစက်မှုတွေက ပြင်းပြင်းထန်ထန် ဖြစ်နေတုန်းပဲလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ တပတ်အတွင်း အဲဒီဒေသကနိုင်ငံအတော်များများမှာ ရောဂါကူးစက်မှု ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ တက်သွားတယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှာလည်း ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကန့်သတ်မှုတွေကို ဆက်လက်ဖြေလျော့လာနေပေမဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေ ထပ်တိုးလာတဲ့ အရိပ်လက္ခဏာသစ်တွေ တွေ့လာနေရပါတယ်။ အမေရိကန်မှာ ပြီးခဲ့တဲ့ မတ်လ ရောဂါကူးစက်မှု စဖြစ်ချိန်ကစပြီး Arizona, Arkansas, California, North Carolina, South Carolina, Tennessee နဲ့ Texas ပြည်နယ် ၇ ခု မှာ ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------
(Zawgyi)⤵⤵⤵
လက္တင္အေမရိကေဒသ ကမာၻ႔ COVID-19 ကူးစက္မႈ ဗဟိုခ်က္ျဖစ္လာ

လက္တင္အေမရိကႏိုင္ငံေတြမွာ COVID-19 ေၾကာင့္ ေသဆုံးတဲ့သူအေရအတြက္ဟာ ၁၀၀,၀၀၀ ေက်ာ္ျဖစ္လာတာေၾကာင့္ ဒီေဒသဟာ ကမာၻၻေပၚမွာ အခုေနာက္ဆုံး ဗိုင္းရပ္စ္ကူးစက္မႈ အဓိကေနရာျဖစ္ ျဖစ္လာေနပါတယ္။ Johns Hopkins တကၠသိုလ္ရဲ႕ စာရင္းေတြအရေတာ့ အဲဒီေသဆုံးသူေတြထဲက ထက္ဝက္ေက်ာ္ဟာ ဘရာဇီးႏိုင္ငံကျဖစ္ၿပီး ဘရာဇီးလ္မွာ ေသဆုံးသူ စုစုေပါင္း ၅၄,၀၀၀ ေလာက္ရွိတယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့လည္း အေမရိကန္ျပည္ေထာင္စုကေတာ့ ဗိုင္းရပ္စ္ကူးစက္သူဦးေရ ၂.၃ သန္းေက်ာ္၊ ေသဆုံးသူ ၁၂၁,၀၀၀ ေက်ာ္ နဲ႔ ကမာၻေပၚမွာ ဗိုင္းရပ္စ္ကူးစက္မႈအမ်ားဆုံးနဲ႔ ေသဆုံးမႈ အမ်ားဆုံးႏိုင္ငံအျဖစ္ ဦးေဆာင္ေနပါတယ္။

အခုေလာေလာဆယ္ ကမာၻတဝန္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ အေရအတြက္ဟာ ၉.၃ သန္းေက်ာ္ရွိၿပီး ေရွ႕လာမယ့္သီတင္းပတ္ အတြင္းမွာေတာ့ ၁၀ သန္းေက်ာ္အထိ သိသိသာသာ တက္သြားႏိုင္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ (WHO) အႀကီးအကဲ Dr. Tedros Adhanom Ghebreyesus က ေျပာပါတယ္။

ဒါ့အျပင္ WHO ရဲ႕ အေရးေပၚဆိုင္ရာအႀကီးအကဲ Dr. Mike Ryan အေမရိကတိုက္ႏိုင္ငံအေတာ္မ်ားမ်ားဟာ ေရာဂါကူးစက္မႈ အျမင့္ဆုံးအဆင့္ကို မေရာက္ၾကေသးဘဲ အထူးသျဖင့္ ေတာင္အေမရိကနဲ႔ အလယ္အေမရိကေဒသေတြမွာ ေရာဂါကူးစက္မႈေတြက ျပင္းျပင္းထန္ထန္ ျဖစ္ေနတုန္းပဲလို႔ ေျပာပါတယ္။ ၿပီးခဲ့တဲ့ တပတ္အတြင္း အဲဒီေဒသကႏိုင္ငံအေတာ္မ်ားမ်ားမွာ ေရာဂါကူးစက္မႈ ၂၅ ရာခိုင္ႏႈန္းကေန ၅၀ ရာခိုင္ႏႈန္းအထိ တက္သြားတယ္လို႔ ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စု ျပည္နယ္အသီးသီးမွာလည္း ဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ကန႔္သတ္မႈေတြကို ဆက္လက္ေျဖေလ်ာ့လာေနေပမဲ့ ဗိုင္းရပ္စ္ကူးစက္မႈေတြ ထပ္တိုးလာတဲ့ အရိပ္လကၡဏာသစ္ေတြ ေတြ႕လာေနရပါတယ္။ အေမရိကန္မွာ ၿပီးခဲ့တဲ့ မတ္လ ေရာဂါကူးစက္မႈ စျဖစ္ခ်ိန္ကစၿပီး Arizona, Arkansas, California, North Carolina, South Carolina, Tennessee နဲ႔ Texas ျပည္နယ္ ၇ ခု မွာ ေရာဂါကူးစက္မႈ အျမင့္ဆုံးအဆင့္ကို ေရာက္ခဲ့တယ္လို႔ ဝါရွင္တန္ပို႔စ္သတင္းစာက ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/covid-main/5476927.html
လက်တင်အမေရိကဒေသ ကမ္ဘာ့ COVID-19 ကူးစက်မှု ဗဟိုချက်ဖြစ်လာ လက်တင်အမေရိကဒေသ ကမ္ဘာ့ COVID-19 ကူးစက်မှု ဗဟိုချက်ဖြစ်လာ Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.