ရခိုင်ပြည်နယ်တွင်း COVID-19 ထိန်းချုပ်ရေး တိုးမြှင့်လုပ်ဆောင်

ရခိုင်ပြည်နယ် စစ်တွေမြို့။ (ဧပြီ ၀၂၊၂၀၁၄)
(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာတဲ့ ကုန်သည်တစ်ဦးမှာ COVID-19 ရောဂါပိုး ဓာတ်ခွဲစမ်းသပ် အဖြေတွေ့ထားတာကြောင့် ရခိုင်ပြည်နယ်တွင်း ရောဂါထိန်းချုပ်ရေး တိုးမြှင့်လုပ်ဆောင်နေတဲ့ အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်ကူပြီး ပြန်လာတဲ့ ကုန်သည် တစ်ဦး မှာ COVID-19 ရောဂါပိုးကူး စက်ခံထားရတယ်လို့ မနေ့က ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ စစ်တွေကို သင်္ဘောနဲ့ ပြန်ရောက်လာတာဖြစ်ပြီး သူနဲ့အတူ ထိတွေ့ခဲ့သူတွေကို quarantine ထားရှိဖို့ လိုက်ရှာနေတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောခွင့်ရ ဒေါက်တာ စိုးဝင်းပိုင်ကပြောပါတယ်။

"၂၁ရက်နေ့က သူက ဘင်္ဂလားကို ကုန်သွယ်သွားတဲ့ သင်္ဘောတစ်စင်းနဲ့ သူကလိုက်လာတယ်တဲ့လိုက်လာတဲ့ သင်္ဘောမှာ လူ ရှစ်ယောက်ပါတယ်။ ၂၁ ရက်နေ့မှာ သင်္ဘောကပ်တဲ့အချိန်မှာ သူက လှေနဲ့ ဆင်းပြီးတော့ သုံးဘီး ဆိုင်ကယ်နဲ့ ဟိုတယ်ကို သွားတယ်။ အဲမှာ quarantine ဝင်တယ်။ အဲတော့ လှေသမားနဲ့ သုံးဘီးမောင်းတဲ့ သူတွေကို တော့ ရှာနေတုန်းပါ။ သင်္ဘောပေါ်မှာ သူနဲ့အတူ ပါလာတဲ့ လူ ရှစ် ယောက်ကိုတော့ မနေ့ကပဲ quarantine ထားလိုက်တယ်။ ဟိုတယ်မှာလည်း သူနဲ့ ထိတွေ့ခဲ့တယ်လို့ ယူဆရတဲ့ သုံး ယောက်ကို ဟိုတယ် quarantine ထားလိုက်တယ်။ နှာခေါင်းတို့ပတ်ယူပြီး ပို့ဖို့လုပ်နေတယ်။ လူနာကိုတော့ မနေ့ညကပဲ ဆေးရုံကို ပြောင်းထားပြီးပြီ ဆေးရုံမှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးထားပါတယ်။"

ရောဂါပိုးကူးစက်ခံရသူဟာ မိသားစုဝင်တွေနဲ့ ထိတွေ့ခဲ့တာ မရှိဘူးလို့ ပြောပေမဲ့ ကျန်းမာရေး ဌာနအနေနဲ့ အသေးစိတ် ဆက်လက်စုံစမ်းနေတယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

လက်ရှိအချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာလည်း COVID-19 ရောဂါပိုးကူးခံထားရသူတွေ အများအပြား ရှိနေတာကြောင့် ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ယာယီပိတ်ထားတယ်လို့ ရခိုင်ပြည်နယ် ကုန်သယ်နဲ့ စက်မှုလက်မှုအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောပါတယ်။

"ကျနော်တို့ သိရသလောက်ကတော မနေ့ကတည်းက နယ်စပ်ကုန်သွယ်ရေးကို ယာယီပိတ်ထားလိုက်တယ်လို့ သိထားပါတယ်။ လောလောဆယ်ကတော့ ပြန်ဖွင့်မယ်၊ မဖွင့်ဘူးဆိုတာတော့ မသိသေးဘူး။ ဒါကတော့ အစိုးရလမ်းညွှန်ချက်နဲ့ ပိတ်ထားတာပါ။ အခြေအနေကောင်းသွားရင်တော့ ပြန်ဖွင့်မှာပါ။"

လက်ရှိ ရခိုင်ပြည်နယ်တွင်း ဓါတ်ခွဲနမူနာယူ စမ်းသပ်မှုတွေအရ COVID-19 ရောဂါပိုးကူးစက်ခံထားရသူ ၁၁ ဦးအထိ ရှိနေပြီး ဘူးသီးတောင်မြို့မှာ နှစ် ဦး မောင်တောမြို့နယ်မှာ ခြောက် ဦး တောင်ကုတ်နဲ့ သံတွဲမြို့နယ်မှာ နှစ် ဦးနဲ့ စစ်တွေမှာ တစ်ဦးဖြစ်ပြီး အများဆုံးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြန်လာသူတွေဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်းမှာလည်း ရောဂါကူးစက်မှုတွေ သေဆုံးမှုတွေ ရှိနေပါတယ်။ အဲဒီကနေ ထွက်ပြေးလာပြီး နယ်စပ်ဖြတ်ကျော်လာသူတွေကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးပြီး၊ ကယ်ဆယ်ရေးစခန်းတွေထဲကို ပို့ထားပါတယ်။ သူတို့ကို ဓါတ်ခွဲနမူနာယူစမ်းသပ်မှုအရ တချို့မှာ COVID-19 ရောဂါပိုး တွေ့ခဲ့ရပါတယ်။ ရိုဟင်ဂျာအသုံးအနှုန်း လက်မခံတဲ့ မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအစီအစဉ်ကို ယာယီဆိုင်းငံထားတာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေလည်း ပြင်းထန်နေသေးသလို စစ်ရှောင်ဒုက္ခဦးရေဟာလည်း ၁၀၀,၀၀၀ ကျော်အထိ ရှိနေပြီး ဒုက္ခသည်စခန်းတွေမှာ လူဦးရေ များလာတာကြောင့် ဒုက္ခသည်တွေအနေနဲ့ ရောဂါပိုး ကူးစက်ခံရမှာကို စိုးရိမ်နေကြပါတယ်။

အဲဒီဒေသတွေ အင်တာနက်လိုင်းတွေဖြတ် တောက်ထားတာကြောင့် အခုလို COVID-19 ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်နေရတဲ့ ပဋိပက္ခဒေသအတွင်း အရပ်သားပြည်သူတွေအတွက် အသက်အန္တရာယ်နဲ့ ကျန်းမာရေးစိုးရိမ်စရာတွေ ရှိတယ်လို့လည်း ကုလသမဂ္ဂက မှတ်ချက်ပြုထားပါတယ်။

သက်နိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္တြင္း COVID-19 ထိန္းခ်ဳပ္ေရး တိုးျမႇင့္လုပ္ေဆာင္

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ဘဂၤလားေဒ့ရွ္ဘက္က ျပန္လာတဲ့ ကုန္သည္တစ္ဦးမွာ COVID-19 ေရာဂါပိုး ဓာတ္ခြဲစမ္းသပ္ အေျဖေတြ႕ထားတာေၾကာင့္ ရခိုင္ျပည္နယ္တြင္း ေရာဂါထိန္းခ်ဳပ္ေရး တိုးျမႇင့္လုပ္ေဆာင္ေနတဲ့ အေၾကာင္း ေျပာျပပါမယ္။ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ကေန ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ကုန္ကူၿပီး ျပန္လာတဲ့ ကုန္သည္ တစ္ဦး မွာ COVID-19 ေရာဂါပိုးကူး စက္ခံထားရတယ္လို႔ မေန႔က က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

သူဟာ ၿပီးခဲ့တဲ့ ဇြန္လ ၂၁ ရက္ေန႔ ဘဂၤလားေဒ့ရွ္ဘက္ကေန စစ္ေတြကို သေဘၤာနဲ႔ ျပန္ေရာက္လာတာျဖစ္ၿပီး သူနဲ႔အတူ ထိေတြ႕ခဲ့သူေတြကို quarantine ထားရွိဖို႔ လိုက္ရွာေနတယ္လို႔ ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ေျပာခြင့္ရ ေဒါက္တာ စိုးဝင္းပိုင္ကေျပာပါတယ္။

"၂၁ရက္ေန႔က သူက ဘဂၤလားကို ကုန္သြယ္သြားတဲ့ သေဘၤာတစ္စင္းနဲ႔ သူကလိုက္လာတယ္တဲ့လိုက္လာတဲ့ သေဘၤာမွာ လူ ရွစ္ေယာက္ပါတယ္။ ၂၁ ရက္ေန႔မွာ သေဘၤာကပ္တဲ့အခ်ိန္မွာ သူက ေလွနဲ႔ ဆင္းၿပီးေတာ့ သုံးဘီး ဆိုင္ကယ္နဲ႔ ဟိုတယ္ကို သြားတယ္။ အဲမွာ quarantine ဝင္တယ္။ အဲေတာ့ ေလွသမားနဲ႔ သုံးဘီးေမာင္းတဲ့ သူေတြကို ေတာ့ ရွာေနတုန္းပါ။ သေဘၤာေပၚမွာ သူနဲ႔အတူ ပါလာတဲ့ လူ ရွစ္ ေယာက္ကိုေတာ့ မေန႔ကပဲ quarantine ထားလိုက္တယ္။ ဟိုတယ္မွာလည္း သူနဲ႔ ထိေတြ႕ခဲ့တယ္လို႔ ယူဆရတဲ့ သုံး ေယာက္ကို ဟိုတယ္ quarantine ထားလိုက္တယ္။ ႏွာေခါင္းတို႔ပတ္ယူၿပီး ပို႔ဖို႔လုပ္ေနတယ္။ လူနာကိုေတာ့ မေန႔ညကပဲ ေဆး႐ုံကို ေျပာင္းထားၿပီးၿပီ ေဆး႐ုံမွာ က်န္းမာေရး ေစာင့္ေရွာက္မႈ ေပးထားပါတယ္။"

ေရာဂါပိုးကူးစက္ခံရသူဟာ မိသားစုဝင္ေတြနဲ႔ ထိေတြ႕ခဲ့တာ မရွိဘူးလို႔ ေျပာေပမဲ့ က်န္းမာေရး ဌာနအေနနဲ႔ အေသးစိတ္ ဆက္လက္စုံစမ္းေနတယ္လို႔ ေဒါက္တာစိုးဝင္းပိုင္က ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္မွာလည္း COVID-19 ေရာဂါပိုးကူးခံထားရသူေတြ အမ်ားအျပား ရွိေနတာေၾကာင့္ ရခိုင္ျပည္နယ္နဲ႔ ဘဂၤလားေဒ့ရွ္ နယ္စပ္ကုန္သြယ္ေရးဂိတ္ကို ယာယီပိတ္ထားတယ္လို႔ ရခိုင္ျပည္နယ္ ကုန္သယ္နဲ႔ စက္မႈလက္မႈအသင္း ဥကၠ႒ ဦးတင္ေအာင္ဦးက ေျပာပါတယ္။

"က်ေနာ္တို႔ သိရသေလာက္ကေတာ မေန႔ကတည္းက နယ္စပ္ကုန္သြယ္ေရးကို ယာယီပိတ္ထားလိုက္တယ္လို႔ သိထားပါတယ္။ ေလာေလာဆယ္ကေတာ့ ျပန္ဖြင့္မယ္၊ မဖြင့္ဘူးဆိုတာေတာ့ မသိေသးဘူး။ ဒါကေတာ့ အစိုးရလမ္းၫႊန္ခ်က္နဲ႔ ပိတ္ထားတာပါ။ အေျခအေနေကာင္းသြားရင္ေတာ့ ျပန္ဖြင့္မွာပါ။"

လက္ရွိ ရခိုင္ျပည္နယ္တြင္း ဓါတ္ခြဲနမူနာယူ စမ္းသပ္မႈေတြအရ COVID-19 ေရာဂါပိုးကူးစက္ခံထားရသူ ၁၁ ဦးအထိ ရွိေနၿပီး ဘူးသီးေတာင္ၿမိဳ႕မွာ ႏွစ္ ဦး ေမာင္ေတာၿမိဳ႕နယ္မွာ ေျခာက္ ဦး ေတာင္ကုတ္နဲ႔ သံတြဲၿမိဳ႕နယ္မွာ ႏွစ္ ဦးနဲ႔ စစ္ေတြမွာ တစ္ဦးျဖစ္ၿပီး အမ်ားဆုံးမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္က ျပန္လာသူေတြျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ နယ္စပ္က ႐ိုဟင္ဂ်ာဒုကၡသည္စခန္းအတြင္းမွာလည္း ေရာဂါကူးစက္မႈေတြ ေသဆုံးမႈေတြ ရွိေနပါတယ္။ အဲဒီကေန ထြက္ေျပးလာၿပီး နယ္စပ္ျဖတ္ေက်ာ္လာသူေတြကို ျမန္မာအာဏာပိုင္ေတြက ဖမ္းဆီးၿပီး၊ ကယ္ဆယ္ေရးစခန္းေတြထဲကို ပို႔ထားပါတယ္။ သူတို႔ကို ဓါတ္ခြဲနမူနာယူစမ္းသပ္မႈအရ တခ်ိဳ႕မွာ COVID-19 ေရာဂါပိုး ေတြ႕ခဲ့ရပါတယ္။ ႐ိုဟင္ဂ်ာအသုံးအႏႈန္း လက္မခံတဲ့ ျမန္မာအစိုးရဘက္ကေတာ့ ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရးအစီအစဥ္ကို ယာယီဆိုင္းငံထားတာပါ။

ရခိုင္ျပည္နယ္အတြင္းမွာ တိုက္ပြဲေတြလည္း ျပင္းထန္ေနေသးသလို စစ္ေရွာင္ဒုကၡဦးေရဟာလည္း ၁၀၀,၀၀၀ ေက်ာ္အထိ ရွိေနၿပီး ဒုကၡသည္စခန္းေတြမွာ လူဦးေရ မ်ားလာတာေၾကာင့္ ဒုကၡသည္ေတြအေနနဲ႔ ေရာဂါပိုး ကူးစက္ခံရမွာကို စိုးရိမ္ေနၾကပါတယ္။

အဲဒီေဒသေတြ အင္တာနက္လိုင္းေတြျဖတ္ ေတာက္ထားတာေၾကာင့္ အခုလို COVID-19 ကမာၻ႔ကပ္ေရာဂါ ရင္ဆိုင္ေနရတဲ့ ပဋိပကၡေဒသအတြင္း အရပ္သားျပည္သူေတြအတြက္ အသက္အႏၲရာယ္နဲ႔ က်န္းမာေရးစိုးရိမ္စရာေတြ ရွိတယ္လို႔လည္း ကုလသမဂၢက မွတ္ခ်က္ျပဳထားပါတယ္။

သက္ႏိုင္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/Rakhine-covid/5475225.html
ရခိုင်ပြည်နယ်တွင်း COVID-19 ထိန်းချုပ်ရေး တိုးမြှင့်လုပ်ဆောင် ရခိုင်ပြည်နယ်တွင်း COVID-19 ထိန်းချုပ်ရေး တိုးမြှင့်လုပ်ဆောင် Reviewed by THITHTOOLWIN on 17:49 Rating: 5
Powered by Blogger.