ဘေဂျင်းမြို့တော်မှာ COVID-19 ကူးစက်မှုကြောင့် ရပ်ကွက် ၁၁ ခု အပြင်မထွက်ရ အမိန့်ထုတ်

ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်နေတဲ့ Xinfadi ဈေးအနီး လမ်းတခုမှာ ဗိုင်းရပ်စ်ကာကွယ်ရေးဝတ်စုံဝတ် သွားလာနေတဲ့ အမျိုးသမီးနှစ်ဦး။ (ဇွန် ၁၃၊ ၂၀၂၀)
(Unicode)⤵⤵⤵
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က ကုန်ပစ္စည်း လက်ကားရောင်းချတဲ့ ဈေးတခုမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ အသစ်တွေ့ရှိလာတဲ့အတွက် အဲဒီနားက လူနေရပ်ကွက် ၁၁ ခုကို အပြင်မထွက်ရအမိန့် ထုတ်လိုက်သလို ဘေဂျင်းမြို့ကိုလည်း ခရီးသွားတွေ မလာဖို့ တားမြစ်လိုက်ပါတယ်။

Xinfadi ဈေးက အလုပ်သမား ၄၅ ယောက်မှာ ရောဂါလက္ခဏာ မပြပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ရတယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့ ပြောတာပါ။

ဒါကြောင့် ဗိုင်းရပ်စ်ကူးစက်မှုတွေ နောက်ထပ် ထပ်ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် အာဏာပိုင်တွေက ဘေဂျင်းမြို့ အဲဒီခရိုင်မှာ စစ်အတွင်း အရေးပေါ်အခြေအနေ ကြေညာသလိုမျိုး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ခရိုင်တာဝန်ရှိသူတဦးက ပြောပါတယ်။

COVID-19 ရောဂါ ကူးစက်ခံထားရတဲ့ ၇ ယောက်ဟာ အဲဒီ Xinfadi ဈေးကို သွားခဲ့တယ်လို့ သောကြာနေ့က အတည်ပြုခဲ့ကြောင်း ဘေဂျင်းမြို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပိတ်ခံလိုက်ရတဲ့ လူနေရပ်ကွက် ၁၁ ခုက လူတွေအတွက် အစားအစာနဲ့ နေ့စဉ်လိုအပ်တဲ့ အရာတွေကို ဝယ်ဖို့အတွက် ကွန်မြူနစ်ပါတီဝင်တွေနဲ့ တခြား စေတနာ့ဝန်ထမ်းတွေက စီစဉ်လုပ်ဆောင်ပေးနေတယ်လို့ ဘေဂျင်း သတင်းစာတစောင်က သူတို့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဘေဂျင်းမြို့အနေနဲ့ အားကစားပြိုင်ပွဲတွေနဲ့ ပြည်နယ်တခုကနေတခု ခရီးသွားလာမှုတွေကို ချက်ချင်းရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုတွေ မရှိတာ ရက်ပေါင်း ၅၀ ကျော် ရှိလာခဲ့တဲ့ ဘေဂျင်းမြို့အတွက် အခုလို ဗိုင်းရပ်စ်ကူးစက်မှုတွေ ထပ်ဖြစ်လာတာကြောင့် ကန့်သတ်မှုတွေကို ပြန်လုပ်လာနေပြီး တနင်္လာနေ့ကျရင် ၁ တန်းကနေ ၃ တန်းအထိ ကျောင်းတွေ ပြန်ဖွင့်ဖို့ လုပ်ထားတာကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------
(Zawgyi)⤵⤵⤵
ေဘဂ်င္းၿမိဳ႕ေတာ္မွာ COVID-19 ကူးစက္မႈေၾကာင့္ ရပ္ကြက္ ၁၁ ခု အျပင္မထြက္ရ အမိန႔္ထုတ္

တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕ေတာ္က ကုန္ပစၥည္း လက္ကားေရာင္းခ်တဲ့ ေစ်းတခုမွာ ဗိုင္းရပ္စ္ကူးစက္မႈေတြ အသစ္ေတြ႕ရွိလာတဲ့အတြက္ အဲဒီနားက လူေနရပ္ကြက္ ၁၁ ခုကို အျပင္မထြက္ရအမိန႔္ ထုတ္လိုက္သလို ေဘဂ်င္းၿမိဳ႕ကိုလည္း ခရီးသြားေတြ မလာဖို႔ တားျမစ္လိုက္ပါတယ္။

Xinfadi ေစ်းက အလုပ္သမား ၄၅ ေယာက္မွာ ေရာဂါလကၡဏာ မျပေပမယ့္လည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတာကို ေတြ႕ရွိခဲ့ရတယ္လို႔ တ႐ုတ္အာဏာပိုင္ေတြက ဒီကေန႔ ေျပာတာပါ။

ဒါေၾကာင့္ ဗိုင္းရပ္စ္ကူးစက္မႈေတြ ေနာက္ထပ္ ထပ္ျဖစ္လာမွာကို စိုးရိမ္တဲ့အတြက္ အာဏာပိုင္ေတြက ေဘဂ်င္းၿမိဳ႕ အဲဒီခ႐ိုင္မွာ စစ္အတြင္း အေရးေပၚအေျခအေန ေၾကညာသလိုမ်ိဳး လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ ခ႐ိုင္တာဝန္ရွိသူတဦးက ေျပာပါတယ္။

COVID-19 ေရာဂါ ကူးစက္ခံထားရတဲ့ ၇ ေယာက္ဟာ အဲဒီ Xinfadi ေစ်းကို သြားခဲ့တယ္လို႔ ေသာၾကာေန႔က အတည္ျပဳခဲ့ေၾကာင္း ေဘဂ်င္းၿမိဳ႕ တာဝန္ရွိသူတဦးက ေျပာပါတယ္။

ပိတ္ခံလိုက္ရတဲ့ လူေနရပ္ကြက္ ၁၁ ခုက လူေတြအတြက္ အစားအစာနဲ႔ ေန႔စဥ္လိုအပ္တဲ့ အရာေတြကို ဝယ္ဖို႔အတြက္ ကြန္ျမဴနစ္ပါတီဝင္ေတြနဲ႔ တျခား ေစတနာ့ဝန္ထမ္းေတြက စီစဥ္လုပ္ေဆာင္ေပးေနတယ္လို႔ ေဘဂ်င္း သတင္းစာတေစာင္က သူတို႔ရဲ႕ လူမႈကြန္ရက္မွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ ေဘဂ်င္းၿမိဳ႕အေနနဲ႔ အားကစားၿပိဳင္ပြဲေတြနဲ႔ ျပည္နယ္တခုကေနတခု ခရီးသြားလာမႈေတြကို ခ်က္ခ်င္းရပ္ဆိုင္းသြားမွာ ျဖစ္ပါတယ္။

ဗိုင္းရပ္စ္ကူးစက္မႈေတြ မရွိတာ ရက္ေပါင္း ၅၀ ေက်ာ္ ရွိလာခဲ့တဲ့ ေဘဂ်င္းၿမိဳ႕အတြက္ အခုလို ဗိုင္းရပ္စ္ကူးစက္မႈေတြ ထပ္ျဖစ္လာတာေၾကာင့္ ကန႔္သတ္မႈေတြကို ျပန္လုပ္လာေနၿပီး တနလၤာေန႔က်ရင္ ၁ တန္းကေန ၃ တန္းအထိ ေက်ာင္းေတြ ျပန္ဖြင့္ဖို႔ လုပ္ထားတာကိုလည္း ေ႐ႊ႕ဆိုင္းလိုက္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/beijing-covid19/5461408.html
ဘေဂျင်းမြို့တော်မှာ COVID-19 ကူးစက်မှုကြောင့် ရပ်ကွက် ၁၁ ခု အပြင်မထွက်ရ အမိန့်ထုတ် ဘေဂျင်းမြို့တော်မှာ COVID-19 ကူးစက်မှုကြောင့် ရပ်ကွက် ၁၁ ခု အပြင်မထွက်ရ အမိန့်ထုတ် Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.