မြန်မာ COVID-19 ကူးစက်သူ နောက် ၄ ဦးထပ်တိုးပြီး ၂၂၈ ဦးဖြစ်လာ
(Unicode)⤵⤵⤵
(၁-၆-၂၀၂၀)  ရက်နေ့၊  နံနက် (၇:၃၀)နာရီ
၁။ (၃၁-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် -
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ဒုတိယအသုတ်) အဖြစ် ဓာတ်ခွဲနမူနာ(၇၃၄)ခု နှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး  (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၀၃) ခု၊  စုစုပေါင်း (၈၃၇)ခု အား (၁-၆-၂၀၂၀) ရက်နေ့ အစောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄) ဦးတွေ့ရှိရပါသည်။
၂။ (၁-၆-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၂၈) ဦးရှိပါသည်။
၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များတွင် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၃၈) ဦးရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။ 
၅။ (၃၁-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် -
• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၁,၂၇၉)ခု၊ 
• ဆေးသုတေသနဦးစီးဌာန မှ  ဓာတ်ခွဲနမူနာ (၁၇၈) ခုနှင့် 
• ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး  (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၀၃) ခု၊  
စုစုပေါင်း (၁,၅၆၀)ခုအား စစ်ဆေးခဲ့ပြီး (၁-၆-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် ဓာတ်ခွဲစစ်ဆေးမှုများ ပြီးစီးခဲ့ပါသည်။
Ministry of Health and Sports, Myanmar
-------------
(Zawgyi)⤵⤵⤵
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
မြန်မာ COVID-19 ကူးစက်သူ နောက် ၄ ဦးထပ်တိုးပြီး ၂၂၈ ဦးဖြစ်လာ မြန်မာ COVID-19 ကူးစက်သူ နောက် ၄ ဦးထပ်တိုးပြီး ၂၂၈ ဦးဖြစ်လာ Reviewed by THITHTOOLWIN on 08:29 Rating: 5
Powered by Blogger.