ဂျော့ဖလွိုက်- အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် BTS လှူသလို ပရိသတ်တွေကပါ ဒေါ်လာတစ်သန်းရအောင် ဝိုင်းလှူ

အဖွဲ့ဝင် ခုနစ်ဦးပါတဲ့ ကမ္ဘာကျော် BTS ကေပေါ့ပ်အဖွဲ့
(Unicode)⤵⤵⤵
တောင်ကိုရီးယား ကေပေါ့ပ် အဖွဲ့ BTS က Black Lives Matter လှုပ်ရှားမှုအတွက် အမေရိကန် ဒေါ်လာ တစ်သန်း လှူဒါန်းလိုက် ပါတယ်။

အမေရိကန်မှာ အခြေပြုထားတဲ့ ဒီ Black Lives Matter လှုပ်ရှားမှုဟာ လူမည်းတွေအပေါ် လူမျိုးရေးခွဲခြားမှုနဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။

BTSအဖွဲ့ရဲ့ အေဂျင်စီ Bit Hit entertainment က အဲဒီလှုပ်ရှားမှုအတွက် ဒေါ်လာ တစ်သန်း လှူဒါန်းခဲ့တယ်လို့ စနေနေ့က ပြောကြားကြောင်း တောင်ကိုရီးယားအခြေစိုက် ယွန်ဟက်သတင်းဌာနနဲ့ ဗရိုက်တီသတင်းတွေက ဖော်ပြပါတယ်။

BTS အဖွဲ့ရဲ့ တွစ်တာစာမျက်နှာမှာ လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင့်တဲ့သူတွေနဲ့ တစ်သားတည်းရပ်တည်ကြောင်း၊ အကြမ်းဖက်မှုတွေကို ရှုံ့ချကြောင်း၊ လူသားချင်း လေးစားမှုခံရဖို့ အားလုံးမှာ အခွင့်အရေးရှိကြောင်းနဲ့ အားလုံးနဲ့ အတူတကွရပ်တည်သွားမယ် ဇွန် ၄ ရက်ကရေးသားခဲ့ပါတယ်။
တွစ်တာမှာ Black Lives Matter လှုပ်ရှားမှုအပေါ် ထောက်ခံကြောင်း BTS အဖွဲ့ရဲ့ ရေးသားချက်
အဲဒီနေ့မှာပဲ ဒီလှုပ်ရှားမှုအတွက် BTS အဖွဲ့က ဒေါ်လာတစ်သန်းလှူတယ်လို့ သူတို့ အေဂျင်စီက ပြောတဲ့သတင်းတွေ ထွက်လာတာပါ။

အဲဒီသတင်းတွေ ထွက်လာပြီးတဲ့နောက်မှာတော့ ကမ္ဘာတစ်ဝန်းက BTS Army လို့ သူတို့ကိုယ်သူတို့ နာမည်ပေးထားတဲ့ အမာခံပရိသတ်တွေက တွစ်တာမှာ ဟက်ချ်တပ်ခ်တွေနဲ့ #MatchAMillion ဆိုပြီး BTS အဖွဲ့ လှူဒါန်းခဲ့တဲ့ ပမာဏအတိုင်း ထပ်လှူနိုင်ဖို့ စတင်လှုံ့ဆော်ခဲ့ပါတယ်။

၂၄ နာရီအတွင်းမှာပဲ အမေရိကန် ဒေါ်လာ ရှစ်သိန်းကျော် ရရှိခဲ့ပြီး ဒီလှုပ်ရှားမှုကို ဦးဆောင်တဲ့ One In An Army အဖွဲ့က လူမည်းတွေဟာ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ကြောင်းနဲ့ လူမည်းတွေအားလုံးနဲ့အတူ တစ်သားတည်းရပ်တည်ကြောင်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

BTS အဖွဲ့ဟာ အဖွဲ့ဝင်ခုနစ်ဦးပါတဲ့ တောင်ကိုရီးယားနိုင်ငံက ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ကမ္ဘာတစ်ဝန်း အားပေးသူပရိသတ်များစွာနဲ့ အောင်မြင်မှုကြီးကြီး မားမားရထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
ကိုဗစ်ကြောင့် သူတို့အဖွဲ့ရဲ့ ဖျော်ဖြေပွဲခရီးတွေ ရပ်ထားရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧပြီလအတွင်း သူတို့အဖွဲ့ရဲ့ Map of the Soul ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကို ဆိုင်းငံ့ထားရပါတယ်။

ငယ်ရွယ်သူတွေနဲ့ ဖွဲ့စည်းထားပြီး ကမ္ဘာကျော်တဲ့အပြင် လူငယ်ပရိသတ်သန်းပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့အတွက် သူတို့အဖွဲ့ဟာ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ဧည့်သည်တွေအဖြစ် တက်ရောက်ပြီး နှုတ်ဆက်စကားပြောခွင့် ရခဲ့တဲ့ ပထမဆုံးကေပေါ့ပ်အဖွဲ့အဖြစ် မှတ်တမ်းဝင်ထားပါတယ်။
ကုလညီလာခံရောက် BTS အဖွဲ့
အမေရိကန်ပြည်ထောင်စု၊ မင်နီယားပိုလစ်စ်မြို့မှာ မေ ၂၅ ရက်က ရဲအရာရှိတွေလက်ထဲ သေဆုံးခဲ့တဲ့အာဖရိကန်အမေရိကန်လူမျိုး ဂျော့ဖလွိုက် သေဆုံးမှုကြောင့် အမေရိကန်တစ်ဝန်း ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေတာပါ။

အခုတော့ ဂျော့ဖလွိုက်သေဆုံးမှုဟာ နိုင်ငံတကာထိ သတိပေးတပ်လှန့်လိုက်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့ပြီး ဆန္ဒပြပွဲတွေဟာလည်း ကမ္ဘာတစ်ဝန်းပျံ့နှံ့ လာပါတယ်။

BTS အဖွဲ့လိုပဲ ကမ္ဘာ့ နာမည်ကြီး အနုပညာရှင်နဲ့ ကျော်ကြားသူ တချို့ဟာ ဂျော့ဖလွိုက်သေဆုံးမှုက အစပြုပြီး လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင်ကြောင်းနဲ့ Black Lives matter လှုပ်ရှားမှုအတွက် လှူဒါန်းမှုတွေ ပြုလုပ်ထားကြပါတယ်။

BBC Burmese
------------------------------------------
(Zawgyi)⤵⤵⤵
ေဂ်ာ့ဖလြိဳက္- အသားအေရာင္ခြဲျခားမႈ ဆန္႔က်င္ေရး လႈပ္ရွားမႈအတြက္ BTS လႉသလို ပရိသတ္ေတြကပါ ေဒၚလာတစ္သန္းရေအာင္ ဝိုင္းလႉ

ေတာင္ကိုရီးယား ေကေပါ့ပ္ အဖြဲ႕ BTS က Black Lives Matter လႈပ္ရွားမႈအတြက္ အေမရိကန္ ေဒၚလာ တစ္သန္း လႉဒါန္းလိုက္ ပါတယ္။

အေမရိကန္မွာ အေျချပဳထားတဲ့ ဒီ Black Lives Matter လႈပ္ရွားမႈဟာ လူမည္းေတြအေပၚ လူမ်ိဳးေရးခြဲျခားမႈနဲ႔ အၾကမ္းဖက္မႈေတြကို ဆန႔္က်င္တဲ့ လႈပ္ရွားမႈ ျဖစ္ပါတယ္။

BTSအဖြဲ႕ရဲ႕ ေအဂ်င္စီ Bit Hit entertainment က အဲဒီလႈပ္ရွားမႈအတြက္ ေဒၚလာ တစ္သန္း လႉဒါန္းခဲ့တယ္လို႔ စေနေန႔က ေျပာၾကားေၾကာင္း ေတာင္ကိုရီးယားအေျခစိုက္ ယြန္ဟက္သတင္းဌာနနဲ႔ ဗ႐ိုက္တီသတင္းေတြက ေဖာ္ျပပါတယ္။

BTS အဖြဲ႕ရဲ႕ တြစ္တာစာမ်က္ႏွာမွာ လူမ်ိဳးေရးခြဲျခားမႈေတြကို ဆန႔္က်င့္တဲ့သူေတြနဲ႔ တစ္သားတည္းရပ္တည္ေၾကာင္း၊ အၾကမ္းဖက္မႈေတြကို ရႈံ႕ခ်ေၾကာင္း၊ လူသားခ်င္း ေလးစားမႈခံရဖို႔ အားလုံးမွာ အခြင့္အေရးရွိေၾကာင္းနဲ႔ အားလုံးနဲ႔ အတူတကြရပ္တည္သြားမယ္ ဇြန္ ၄ ရက္ကေရးသားခဲ့ပါတယ္။

အဲဒီေန႔မွာပဲ ဒီလႈပ္ရွားမႈအတြက္ BTS အဖြဲ႕က ေဒၚလာတစ္သန္းလႉတယ္လို႔ သူတို႔ ေအဂ်င္စီက ေျပာတဲ့သတင္းေတြ ထြက္လာတာပါ။

အဲဒီသတင္းေတြ ထြက္လာၿပီးတဲ့ေနာက္မွာေတာ့ ကမာၻတစ္ဝန္းက BTS Army လို႔ သူတို႔ကိုယ္သူတို႔ နာမည္ေပးထားတဲ့ အမာခံပရိသတ္ေတြက တြစ္တာမွာ ဟက္ခ်္တပ္ခ္ေတြနဲ႔ #MatchAMillion ဆိုၿပီး BTS အဖြဲ႕ လႉဒါန္းခဲ့တဲ့ ပမာဏအတိုင္း ထပ္လႉႏိုင္ဖို႔ စတင္လႈံ႕ေဆာ္ခဲ့ပါတယ္။

၂၄ နာရီအတြင္းမွာပဲ အေမရိကန္ ေဒၚလာ ရွစ္သိန္းေက်ာ္ ရရွိခဲ့ၿပီး ဒီလႈပ္ရွားမႈကို ဦးေဆာင္တဲ့ One In An Army အဖြဲ႕က လူမည္းေတြဟာ အေရးႀကီးတဲ့အစိတ္အပိုင္းျဖစ္ေၾကာင္းနဲ႔ လူမည္းေတြအားလုံးနဲ႔အတူ တစ္သားတည္းရပ္တည္ေၾကာင္း ထုတ္ျပန္ခ်က္တစ္ခု ထုတ္ျပန္ခဲ့ပါတယ္။

BTS အဖြဲ႕ဟာ အဖြဲ႕ဝင္ခုနစ္ဦးပါတဲ့ ေတာင္ကိုရီးယားႏိုင္ငံက ေကေပါ့ပ္အဖြဲ႕တစ္ဖြဲ႕ျဖစ္ၿပီး ကမာၻတစ္ဝန္း အားေပးသူပရိသတ္မ်ားစြာနဲ႔ ေအာင္ျမင္မႈႀကီးႀကီး မားမားရထားတဲ့ အဖြဲ႕လည္း ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဧၿပီလအတြင္း သူတို႔အဖြဲ႕ရဲ႕ Map of the Soul ကမာၻလွည့္ေဖ်ာ္ေျဖပြဲေတြကို ဆိုင္းငံ့ထားရပါတယ္။

ငယ္႐ြယ္သူေတြနဲ႔ ဖြဲ႕စည္းထားၿပီး ကမာၻေက်ာ္တဲ့အျပင္ လူငယ္ပရိသတ္သန္းေပါင္းမ်ားစြာ ပိုင္ဆိုင္ထားတဲ့အတြက္ သူတို႔အဖြဲ႕ဟာ ကုလသမဂၢအေထြေထြ ညီလာခံမွာ ဧည့္သည္ေတြအျဖစ္ တက္ေရာက္ၿပီး ႏႈတ္ဆက္စကားေျပာခြင့္ ရခဲ့တဲ့ ပထမဆုံးေကေပါ့ပ္အဖြဲ႕အျဖစ္ မွတ္တမ္းဝင္ထားပါတယ္။

အေမရိကန္ျပည္ေထာင္စု၊ မင္နီယားပိုလစ္စ္ၿမိဳ႕မွာ ေမ ၂၅ ရက္က ရဲအရာရွိေတြလက္ထဲ ေသဆုံးခဲ့တဲ့အာဖရိကန္အေမရိကန္လူမ်ိဳး ေဂ်ာ့ဖလြိဳက္ ေသဆုံးမႈေၾကာင့္ အေမရိကန္တစ္ဝန္း ဆႏၵျပပြဲေတြ အႀကီးအက်ယ္ျဖစ္ပြားေနတာပါ။

အခုေတာ့ ေဂ်ာ့ဖလြိဳက္ေသဆုံးမႈဟာ ႏိုင္ငံတကာထိ သတိေပးတပ္လွန႔္လိုက္တဲ့ ျဖစ္စဥ္တစ္ခု ျဖစ္လာခဲ့ၿပီး ဆႏၵျပပြဲေတြဟာလည္း ကမာၻတစ္ဝန္းပ်ံ႕ႏွံ႔ လာပါတယ္။

BTS အဖြဲ႕လိုပဲ ကမာၻ႔ နာမည္ႀကီး အႏုပညာရွင္နဲ႔ ေက်ာ္ၾကားသူ တခ်ိဳ႕ဟာ ေဂ်ာ့ဖလြိဳက္ေသဆုံးမႈက အစျပဳၿပီး လူမ်ိဳးေရးခြဲျခားမႈေတြကို ဆန႔္က်င္ေၾကာင္းနဲ႔ Black Lives matter လႈပ္ရွားမႈအတြက္ လႉဒါန္းမႈေတြ ျပဳလုပ္ထားၾကပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52953808
ဂျော့ဖလွိုက်- အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် BTS လှူသလို ပရိသတ်တွေကပါ ဒေါ်လာတစ်သန်းရအောင် ဝိုင်းလှူ ဂျော့ဖလွိုက်- အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် BTS လှူသလို ပရိသတ်တွေကပါ ဒေါ်လာတစ်သန်းရအောင် ဝိုင်းလှူ Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.