တရုတ်-အိန္ဒိယနယ်စပ်မှာ နှစ်ဘက်တပ်တွေ ခိုက်ရန်ဖြစ်ရာက အိန္ဒိယတပ်သား ၂၀ သေဆုံး


(Unicode)⤵⤵⤵
တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံ တပ်အင်အားတွေ တိုးချဲ့ ချထားတဲ့ ဟိမဝန္တာတောင်တန်း အနောက်ပိုင်းနယ်စပ်မှာ နှစ်ဖက်တပ်တွေ ကြား ခိုက်ရန်ဖြစ်ပွားရာက အိန္ဒိယ စစ်သား ၂၀ သေဆုံး ခဲ့တယ်လို့ အိန္ဒိယ စစ်တပ်က မနေ့ အင်္ဂါနေ့က ပြောပါတယ်။

နှစ်ဖက် ရန်ပွဲ တနင်္လာနေ့က ဖြစ်ပွားခဲ့ရာမှာ အသေအပျောက် ရှိခဲ့ကြောင်းနဲ့ အိန္ဒိယ ဘက်က အရာရှိတစ်ဦးနဲ့ စစ်သားနှစ်ဦး သေဆုံးကြောင်း၊ တင်းမာမှု လျှော့ချဖို့ နှစ်နိုင်ငံ အဆင့်မြင့် အရာရှိတွေ တွေ့ဆုံဆွေးနွေးနေကြောင်း အစောပိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ပြင်းပြင်းထန်ထန် ဒဏ်ရာရ ရထားတဲ့ စစ်သား ၁၇ ဦး ထပ်မံသေဆုံးကြောင်း အိန္ဒိယ စစ်တပ်က အခုလို ကြေညာချက် ထပ်မံ ထုတ်ပြန်လိုက်တာပါ။

တရုတ်နိုင်ငံက ဘက်ကတော့ အသေအပျောက်နဲ့ ဒဏ်ရာရမှု အကြောင်း မပြောဘဲ အခင်းဖြစ်ပွား ခဲ့တာကိုသာ အင်္ဂါနေ့ က အတည်ပြု ကြေညာခဲ့ရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ Zhao Lijian က အိန္ဒိယ စစ်သားတွေ နယ်စပ်ကို ၂ ကြိမ် ကျော်ဖြတ်ပြီး တရုတ် စစ်သားတွေကို ရန်စ တိုက်ခိုက်ခဲ့လို့ သေဆုံး ဒဏ်ရာရမှုတွေ ရှိတယ် လို့ပြောပါတယ်။

မိုင်ပေါင်း ၂၂၀၀ ကျော်ရှည်လျားတဲ့ နှစ်နိုင်ငံ နယ်စပ်မှာ သီတင်းပတ် အတော်ကြာ တင်းမာနေတဲ့ အခြေအနေတွေကြောင့် တပ်အင်အား တွေ တိုးချထားခဲ့တာပါ။ ထောင်ချီတဲ့ နှစ်ဖက် နယ်စပ်တပ်ဖွဲ့ဝင်တွေအကြား ပြီးခဲ့တဲ့ မေလကတည်းကစလို့ပုံမှန် ခိုက်ရန်ဖြစ်ပွားမှုတွေ ပေါ်ပေါက်နေခဲ့ပါတယ်။

နှစ်ဖက် တပ်သားတွေအကြား မကြာခဏ ထိပ်တိုက်ရင်ဆိုင်တာတွေရှိခဲ့ပေမဲ့ အခုလို အသက်သေဆုံးမှုမျိုး မရှိခဲ့တာ ဆယ်စုနှစ် အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

ခိုက်ရန်ဖြစ်ပွားတဲ့နေရာက တိဘက်ဒေသမျက်နှာချင်းဆိုင် Galwan တောင်ကြားဒေသမှာ ဖြစ်ပြီး အခုအခါ နှစ်ဘက်တပ်တွေကို ခပ်ခွာခွာ တပ်စွဲထားစေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------
(Zawgyi)⤵⤵⤵
တ႐ုတ္-အိႏၵိယနယ္စပ္မွာ ႏွစ္ဘက္တပ္ေတြ ခိုက္ရန္ျဖစ္ရာက အိႏၵိယတပ္သား ၂၀ ေသဆုံး

တ႐ုတ္နဲ႔ အိႏၵိယႏွစ္ႏိုင္ငံ တပ္အင္အားေတြ တိုးခ်ဲ႕ ခ်ထားတဲ့ ဟိမဝႏၲာေတာင္တန္း အေနာက္ပိုင္းနယ္စပ္မွာ ႏွစ္ဖက္တပ္ေတြ ၾကား ခိုက္ရန္ျဖစ္ပြားရာက အိႏၵိယ စစ္သား ၂၀ ေသဆုံး ခဲ့တယ္လို႔ အိႏၵိယ စစ္တပ္က မေန႔ အဂၤါေန႔က ေျပာပါတယ္။

ႏွစ္ဖက္ ရန္ပြဲ တနလၤာေန႔က ျဖစ္ပြားခဲ့ရာမွာ အေသအေပ်ာက္ ရွိခဲ့ေၾကာင္းနဲ႔ အိႏၵိယ ဘက္က အရာရွိတစ္ဦးနဲ႔ စစ္သားႏွစ္ဦး ေသဆုံးေၾကာင္း၊ တင္းမာမႈ ေလွ်ာ့ခ်ဖို႔ ႏွစ္ႏိုင္ငံ အဆင့္ျမင့္ အရာရွိေတြ ေတြ႕ဆုံေဆြးေႏြးေနေၾကာင္း အေစာပိုင္းသတင္းေတြမွာ ေဖာ္ျပခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ျပင္းျပင္းထန္ထန္ ဒဏ္ရာရ ရထားတဲ့ စစ္သား ၁၇ ဦး ထပ္မံေသဆုံးေၾကာင္း အိႏၵိယ စစ္တပ္က အခုလို ေၾကညာခ်က္ ထပ္မံ ထုတ္ျပန္လိုက္တာပါ။

တ႐ုတ္ႏိုင္ငံက ဘက္ကေတာ့ အေသအေပ်ာက္နဲ႔ ဒဏ္ရာရမႈ အေၾကာင္း မေျပာဘဲ အခင္းျဖစ္ပြား ခဲ့တာကိုသာ အဂၤါေန႔ က အတည္ျပဳ ေၾကညာခဲ့ရာမွာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဌာန ေျပာခြင့္ရ Zhao Lijian က အိႏၵိယ စစ္သားေတြ နယ္စပ္ကို ၂ ႀကိမ္ ေက်ာ္ျဖတ္ၿပီး တ႐ုတ္ စစ္သားေတြကို ရန္စ တိုက္ခိုက္ခဲ့လို႔ ေသဆုံး ဒဏ္ရာရမႈေတြ ရွိတယ္ လို႔ေျပာပါတယ္။

မိုင္ေပါင္း ၂၂၀၀ ေက်ာ္ရွည္လ်ားတဲ့ ႏွစ္ႏိုင္ငံ နယ္စပ္မွာ သီတင္းပတ္ အေတာ္ၾကာ တင္းမာေနတဲ့ အေျခအေနေတြေၾကာင့္ တပ္အင္အား ေတြ တိုးခ်ထားခဲ့တာပါ။ ေထာင္ခ်ီတဲ့ ႏွစ္ဖက္ နယ္စပ္တပ္ဖြဲ႕ဝင္ေတြအၾကား ၿပီးခဲ့တဲ့ ေမလကတည္းကစလို႔ပုံမွန္ ခိုက္ရန္ျဖစ္ပြားမႈေတြ ေပၚေပါက္ေနခဲ့ပါတယ္။

ႏွစ္ဖက္ တပ္သားေတြအၾကား မၾကာခဏ ထိပ္တိုက္ရင္ဆိုင္တာေတြရွိခဲ့ေပမဲ့ အခုလို အသက္ေသဆုံးမႈမ်ိဳး မရွိခဲ့တာ ဆယ္စုႏွစ္ အေတာ္ၾကာခဲ့ၿပီ ျဖစ္ပါတယ္။

ခိုက္ရန္ျဖစ္ပြားတဲ့ေနရာက တိဘက္ေဒသမ်က္ႏွာခ်င္းဆိုင္ Galwan ေတာင္ၾကားေဒသမွာ ျဖစ္ၿပီး အခုအခါ ႏွစ္ဘက္တပ္ေတြကို ခပ္ခြာခြာ တပ္စြဲထားေစတယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထား ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/india-china-tention-/5465891.html
တရုတ်-အိန္ဒိယနယ်စပ်မှာ နှစ်ဘက်တပ်တွေ ခိုက်ရန်ဖြစ်ရာက အိန္ဒိယတပ်သား ၂၀ သေဆုံး တရုတ်-အိန္ဒိယနယ်စပ်မှာ နှစ်ဘက်တပ်တွေ ခိုက်ရန်ဖြစ်ရာက အိန္ဒိယတပ်သား ၂၀ သေဆုံး Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.