မြန်မာနဲ့ ကမ်းလွန်ရေနံတူးဖော်ရေး အိန္ဒိယက ဒေါ်လာသန်းတရာကျော် ထပ်တိုးမည်


(Unicode)⤵⤵⤵
 မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင် ရွှေသဘာဝဓာတ်ငွေ့ လုပ်ငန်းမှာ အမေရိကန်ဒေါ်လာ ၁၂၁ သန်း ထပ်မံရင်းနှီးမြှုပ်နှံဖို့ အိန္ဒိယအစိုးရက သဘောတူလိုက်ပါတယ်။

မြန်မာ့ကမ်းလွန် ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက် A-1 နဲ့ A-3 မှာ ထပ်မံရင်းနှီးမြှုပ်နှံဖို့ ဝန်ကြီးချုပ် နရင်ဒရာမိုဒီ အစိုးရက  အတည်ပြုလိုက်တာပါ။

ဒါဟာ အိန္ဒိယအစိုးရရဲ့ အရှေ့မျှော် မူဝါဒရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဂျာဗာ ဒက္ကား က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အိန္ဒိယရဲ့ အမျိုးသား ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကြီးဖြစ်တဲ့ ONGC က ၂၀ဝ၂ ခုနှစ်ကတည်းက ရွှေသဘာဝဓာတ်ငွေ့လုပ်ငန်းမှာ တောင်ကိုရီးယားနဲ့အတူ ပါဝင်ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
--------------------------------------------
(Zawgyi)⤵⤵⤵





RFA Burmese
https://www.facebook.com/rfaburmese
မြန်မာနဲ့ ကမ်းလွန်ရေနံတူးဖော်ရေး အိန္ဒိယက ဒေါ်လာသန်းတရာကျော် ထပ်တိုးမည် မြန်မာနဲ့ ကမ်းလွန်ရေနံတူးဖော်ရေး အိန္ဒိယက ဒေါ်လာသန်းတရာကျော် ထပ်တိုးမည် Reviewed by THITHTOOLWIN on 06:03 Rating: 5
Powered by Blogger.