ခရီးသွားရာဇဝင်မရှိ၊ အတည်ပြုလူနာနဲ့ထိတွေ့မှုမရှိထားတဲ့ လူနာအမှတ်၂၃၁ ဟာ ကျန်းမာရေးမှူးတစ်ဦးဖြစ်

လူနာဟာ ကျန်းမာရေးအခြေအနေကောင်းမွန်လျှက်ရှိ
(Unicode)⤵⤵⤵
ဇွန် ၂ရက်နေ့က ကျန်းမာရေးဌာန ရဲ့ထုတ်ပြန်ချက်ထဲမှာ မူဆယ်မြို့က အသက်၃၀ အရွယ် အမျိုးသမီး တစ်ဦးဖြစ်သူ လူနာအမှတ် ၂၃၁ ဟာ ပြည်ပသွားထားတာမျိုးမရှိသလို အတည်ပြုလူနာတွေနဲ့ ထိတွေ့ခြင်းမရှိသူလို့ဖော်ပြခဲ့ပြီး သူဟာမုံးပေါ်ကျေးလက်ကျန်းမာရေးမှူးဖြစ်တယ်လို့ မူဆယ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုးက ဘီဘီစီကိုပြောပါ တယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ပိုးတွေ့လူနာအသစ်ထပ်တိုးလာတာတွေရှိပေမယ့် ပြည်တွင်းကူးစက်မှုအနေနဲ့မရှိတာဟာ မေ ၁၈ ရက်ကစပြီး ၂ပတ်ကျော်ရှိသွားပြီဖြစ်ပါတယ်။

ပြည်ပကပြန်လာပြီး ကွာရမ်တင်းဝင်သူတွေထံကပဲတွေ့နေရတာဖြစ်လို့ ပြည်တွင်းကူးစက်မှုမရှိတာကြောင့် မကြာခင်ကာလမှာ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်တော့မယ်လို့ အများ ကမျှော်လင့်နေကြတာပါ။

ဒီအချိန်မှာပဲ ဇွန် ၂ ရက်နေ့က ထပ်တိုးလူနာအသစ်စာရင်းကို ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့ရာမှာတော့ ပြည်ပခရီးသွားရာဇဝင်မရှိသလို အတည်ပြု လူနာတွေနဲ့ ထိတွေ့ခြင်းမရှိသူအဖြစ် လူနာအမှတ် ၂၃၁ ကိုဖော်ပြခဲ့ပြီးတဲ့နောက်မှာတော့ ပြည်တွင်းကူးစက်မှုပြန်ရှိလာတာလားလို့ အများပြည်သူအကြားစိုးရိမ်ပူပန်တာတွေလည်းရှိလာပါတယ်။
လူနာကို မူဆယ်အခြေစိုက်ပရဟိတအဖွဲ့တွေက ညတွင်းချင်းမှာပဲ ခရိုင်ဆေးရုံသစ်ကို သွားရောက်ပို့ဆောင်ပေးခဲ့
ကျန်းမာရေးဝန်ထမ်းတစ်ဦးလည်းဖြစ်တဲ့ လူနာအမှတ် ၂၃၁ ဘယ်လိုကူးစက်ခံခဲ့ရသလဲဆိုတာအခုထိဘယ်လိုသုံးသပ်ရဲမလဲမသိသေးဘူးလို့ ဒေါက်တာဟန်နိုင်စိုးကပြောပြပါတယ်။

' ' သူ့အမျိုးသားနဲ့ တပည့် ၂ယောက်၊ အမျိုးသားရဲ့လုပ်ဖော်ကိုင်ဖက်၂ယောက်၊ ကျေးလက်ကျန်းမာရေးဌာနက သားဖွားဆရာမတွေရယ်၊ တခြားသူတို့နဲ့ ဆက်စပ်မှုရှိတဲ့သူတွေကိုတော့ ကွာရမ်တင်းထားဖို့ရှိတယ်။ လကုန်အစည်းအဝေးကိုလည်း လာတက်ထားတော့ အဲ့မှာလည်း ကျန်းမာရေးဝန်ထမ်းတော်တော်များများပါတယ်။ အရမ်းနီးစပ်တဲ့သူက ၁၀ယောက်လောက်ပဲ ရှိနိုင်ပေမယ့် secondary contact ကတော့ တော်တော်များတယ်''လို့ ဒေါက်တာဟန်နိုင်စိုးကပြောပြပါတယ်။

လူနာအမှတ် ၂၃၁ကို မနေ့က ဇွန်၂ရက်နေ့ထုတ်ပြန်အပြီး ညပိုင်းမှာပဲ မူဆယ်ခရိုင် ဆေးရုံသစ်ကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ မူဆယ်ဂရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

' ' လူနာက ကျန်းမာရေးကောင်းတယ်။ လက္ခဏာလည်းပြတာမရှိဘူး။ ငိုတော့ငိုနေတာပေါ့။ အားငယ်နေလို့ ကျွန်တော်တို့ အားပေးခဲ့တယ်''လို့ လူနာရဲ့အခြေအနေနဲ့ပတ်သက်ပြီး တော့လည်း သူကပြောပြပါတယ်။

လူနာအမှတ် ၂၃၁ ဟာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ထိတွေ့မှုများသလို တဘက်မှာလည်း သူဟာ မုံးပေါ်ကျန်းမာရေးမှူးဖြစ်ပေမယ့် လိုအပ်ချက်အရ မူဆယ်အပါအဝင်အခြားကျေးရွာမြို့နယ် တွေကဒေသခံတွေနဲ့လည်း အဆက်စပ်ရှိတာကြောင့် ဒေသခံတွေအကြား စိုးရိမ်မှုတွေရှိနေတယ်လို့ ဦးသောင်းထွန်းက ပြောပြပါတယ်။

' ' မူဆယ်မြို့မှာ ကလေးတွေဆေးထိုးတာတို့ဘာတို့လည်း လိုက်လုပ်ပေးတယ်။ အဲဒါကိုတော့ စိုးရိမ်တာပေါ့နော်။ သူကဘာကြောင့်ကူးစက်ထားလဲ၊ ဘယ်အချိန်ကကူးစက်ထားလဲစုံစမ်းဆဲ ဆိုတော့လေ''လို့ ဦးသောင်းထွန်းကဆက်လက်ပြောပြပါတယ်။

ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ လူနာအမှတ် ၂၃၁ ဟာ ပြည်ပကပြန်လာသူတွေ ကိုနယ်စပ်ဂိတ်ပေါက်မှာ စစ်ဆေးတဲ့တာဝန်ထမ်းဆောင်ခဲ့ရသူလို့ ပြောဆိုမှုတွေရှိနေပေမယ့်လည်း ပြီးခဲ့တဲ့ လတွေအတွင်း နယ်စပ်ဂိတ်မှာ တာဝန်ချတာမျိုးမရှိခဲ့ဘူးလို့ ဒေါက်တာဟန်နိုင်စိုးကပြောပြပါတယ်။

ဒါပေမယ့် လူနာအမှတ် ၂၃၁ ဟာ နေအိမ်ကွာရမ်တင်းဝင်သူတွေကို ကြည့်ရှုစစ်ဆေးရတဲ့တာဝန်ကိုတော့ ယူထားရသူဖြစ်တယ်လို့ မူဆယ်ဆေးရုံအုပ်ဖြစ်သူဒေါက်တာဟန်နိုင်စိုးကပြောပြ ပါတယ်။

မြန်မာနိုင်ငံမှာ ဇွန် ၃ရက်နေ့အထိ ကိုဗစ် အတည်ပြုလူနာစုစုပေါင်း ၂၃၃ ဦး ရှိပြီး ဒီထဲကမှ ရောဂါပိုးကင်းစင်လာသူ ၁၄၃ဦးရှိလာပြီးဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရသိရပါတယ်။

BBC Burmese
----------------------------
(Zawgyi)⤵⤵⤵
ခရီးသြားရာဇဝင္မရွိ၊ အတည္ျပဳလူနာနဲ႔ထိေတြ႕မႈမရွိထားတဲ့ လူနာအမွတ္၂၃၁ ဟာ က်န္းမာေရးမႉးတစ္ဦးျဖစ္

ဇြန္ ၂ရက္ေန႔က က်န္းမာေရးဌာန ရဲ႕ထုတ္ျပန္ခ်က္ထဲမွာ မူဆယ္ၿမိဳ႕က အသက္၃၀ အ႐ြယ္ အမ်ိဳးသမီး တစ္ဦးျဖစ္သူ လူနာအမွတ္ ၂၃၁ ဟာ ျပည္ပသြားထားတာမ်ိဳးမရွိသလို အတည္ျပဳလူနာေတြနဲ႔ ထိေတြ႕ျခင္းမရွိသူလို႔ေဖာ္ျပခဲ့ၿပီး သူဟာမုံးေပၚေက်းလက္က်န္းမာေရးမႉးျဖစ္တယ္လို႔ မူဆယ္ခ႐ိုင္ျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာဟန္ႏိုင္စိုးက ဘီဘီစီကိုေျပာပါ တယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ - ၁၉ ပိုးေတြ႕လူနာအသစ္ထပ္တိုးလာတာေတြရွိေပမယ့္ ျပည္တြင္းကူးစက္မႈအေနနဲ႔မရွိတာဟာ ေမ ၁၈ ရက္ကစၿပီး ၂ပတ္ေက်ာ္ရွိသြားၿပီျဖစ္ပါတယ္။

ျပည္ပကျပန္လာၿပီး ကြာရမ္တင္းဝင္သူေတြထံကပဲေတြ႕ေနရတာျဖစ္လို႔ ျပည္တြင္းကူးစက္မႈမရွိတာေၾကာင့္ မၾကာခင္ကာလမွာ ေရာဂါပိုးကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ေတာ့မယ္လို႔ အမ်ား ကေမွ်ာ္လင့္ေနၾကတာပါ။

ဒီအခ်ိန္မွာပဲ ဇြန္ ၂ ရက္ေန႔က ထပ္တိုးလူနာအသစ္စာရင္းကို က်န္းမာေရးဌာနက ထုတ္ျပန္ခဲ့ရာမွာေတာ့ ျပည္ပခရီးသြားရာဇဝင္မရွိသလို အတည္ျပဳ လူနာေတြနဲ႔ ထိေတြ႕ျခင္းမရွိသူအျဖစ္ လူနာအမွတ္ ၂၃၁ ကိုေဖာ္ျပခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ျပည္တြင္းကူးစက္မႈျပန္ရွိလာတာလားလို႔ အမ်ားျပည္သူအၾကားစိုးရိမ္ပူပန္တာေတြလည္းရွိလာပါတယ္။

က်န္းမာေရးဝန္ထမ္းတစ္ဦးလည္းျဖစ္တဲ့ လူနာအမွတ္ ၂၃၁ ဘယ္လိုကူးစက္ခံခဲ့ရသလဲဆိုတာအခုထိဘယ္လိုသုံးသပ္ရဲမလဲမသိေသးဘူးလို႔ ေဒါက္တာဟန္ႏိုင္စိုးကေျပာျပပါတယ္။

' ' သူ႔အမ်ိဳးသားနဲ႔ တပည့္ ၂ေယာက္၊ အမ်ိဳးသားရဲ႕လုပ္ေဖာ္ကိုင္ဖက္၂ေယာက္၊ ေက်းလက္က်န္းမာေရးဌာနက သားဖြားဆရာမေတြရယ္၊ တျခားသူတို႔နဲ႔ ဆက္စပ္မႈရွိတဲ့သူေတြကိုေတာ့ ကြာရမ္တင္းထားဖို႔ရွိတယ္။ လကုန္အစည္းအေဝးကိုလည္း လာတက္ထားေတာ့ အဲ့မွာလည္း က်န္းမာေရးဝန္ထမ္းေတာ္ေတာ္မ်ားမ်ားပါတယ္။ အရမ္းနီးစပ္တဲ့သူက ၁၀ေယာက္ေလာက္ပဲ ရွိႏိုင္ေပမယ့္ secondary contact ကေတာ့ ေတာ္ေတာ္မ်ားတယ္''လို႔ ေဒါက္တာဟန္ႏိုင္စိုးကေျပာျပပါတယ္။

လူနာအမွတ္ ၂၃၁ကို မေန႔က ဇြန္၂ရက္ေန႔ထုတ္ျပန္အၿပီး ညပိုင္းမွာပဲ မူဆယ္ခ႐ိုင္ ေဆး႐ုံသစ္ႀကီးကို ပို႔ေဆာင္ေပးခဲ့တယ္လို႔ မူဆယ္ဂ႐ုဏာလူမႈကူညီေရးအသင္းဥကၠ႒ ဦးေသာင္းထြန္းက ဘီဘီစီကို ေျပာပါတယ္။

' ' လူနာက က်န္းမာေရးေကာင္းတယ္။ လကၡဏာလည္းျပတာမရွိဘူး။ ငိုေတာ့ငိုေနတာေပါ့။ အားငယ္ေနလို႔ ကြၽန္ေတာ္တို႔ အားေပးခဲ့တယ္''လို႔ လူနာရဲ႕အေျခအေနနဲ႔ပတ္သက္ၿပီး ေတာ့လည္း သူကေျပာျပပါတယ္။

လူနာအမွတ္ ၂၃၁ ဟာ က်န္းမာေရးဝန္ထမ္းေတြနဲ႔ထိေတြ႕မႈမ်ားသလို တဘက္မွာလည္း သူဟာ မုံးေပၚက်န္းမာေရးမႉးျဖစ္ေပမယ့္ လိုအပ္ခ်က္အရ မူဆယ္အပါအဝင္အျခားေက်း႐ြာၿမိဳ႕နယ္ ေတြကေဒသခံေတြနဲ႔လည္း အဆက္စပ္ရွိတာေၾကာင့္ ေဒသခံေတြအၾကား စိုးရိမ္မႈေတြရွိေနတယ္လို႔ ဦးေသာင္းထြန္းက ေျပာျပပါတယ္။

' ' မူဆယ္ၿမိဳ႕မွာ ကေလးေတြေဆးထိုးတာတို႔ဘာတို႔လည္း လိုက္လုပ္ေပးတယ္။ အဲဒါကိုေတာ့ စိုးရိမ္တာေပါ့ေနာ္။ သူကဘာေၾကာင့္ကူးစက္ထားလဲ၊ ဘယ္အခ်ိန္ကကူးစက္ထားလဲစုံစမ္းဆဲ ဆိုေတာ့ေလ''လို႔ ဦးေသာင္းထြန္းကဆက္လက္ေျပာျပပါတယ္။

က်န္းမာေရးဝန္ထမ္းတစ္ဦးျဖစ္တဲ့ လူနာအမွတ္ ၂၃၁ ဟာ ျပည္ပကျပန္လာသူေတြ ကိုနယ္စပ္ဂိတ္ေပါက္မွာ စစ္ေဆးတဲ့တာဝန္ထမ္းေဆာင္ခဲ့ရသူလို႔ ေျပာဆိုမႈေတြရွိေနေပမယ့္လည္း ၿပီးခဲ့တဲ့ လေတြအတြင္း နယ္စပ္ဂိတ္မွာ တာဝန္ခ်တာမ်ိဳးမရွိခဲ့ဘူးလို႔ ေဒါက္တာဟန္ႏိုင္စိုးကေျပာျပပါတယ္။

ဒါေပမယ့္ လူနာအမွတ္ ၂၃၁ ဟာ ေနအိမ္ကြာရမ္တင္းဝင္သူေတြကို ၾကည့္ရႈစစ္ေဆးရတဲ့တာဝန္ကိုေတာ့ ယူထားရသူျဖစ္တယ္လို႔ မူဆယ္ေဆး႐ုံအုပ္ျဖစ္သူေဒါက္တာဟန္ႏိုင္စိုးကေျပာျပ ပါတယ္။

ျမန္မာႏိုင္ငံမွာ ဇြန္ ၃ရက္ေန႔အထိ ကိုဗစ္ အတည္ျပဳလူနာစုစုေပါင္း ၂၃၃ ဦး ရွိၿပီး ဒီထဲကမွ ေရာဂါပိုးကင္းစင္လာသူ ၁၄၃ဦးရွိလာၿပီးျဖစ္တယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားခ်က္အရသိရပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52833427
ခရီးသွားရာဇဝင်မရှိ၊ အတည်ပြုလူနာနဲ့ထိတွေ့မှုမရှိထားတဲ့ လူနာအမှတ်၂၃၁ ဟာ ကျန်းမာရေးမှူးတစ်ဦးဖြစ် ခရီးသွားရာဇဝင်မရှိ၊ အတည်ပြုလူနာနဲ့ထိတွေ့မှုမရှိထားတဲ့ လူနာအမှတ်၂၃၁ ဟာ ကျန်းမာရေးမှူးတစ်ဦးဖြစ် Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.