မြန်မာ့အရေး ဆုံးဖြတ်ချက် လူ့အခွင့်အရေးကောင်စီ အတည်ပြုဖို့ရှိ

၄၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ ကို ကျင်းပနေ
(Unicode)⤵⤵⤵
၄၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံက ဒီသတင်းပတ်အကုန်မှာ မြန်မာ့အရေးဆုံးဖြတ်ချက် အတည်ပြုဖို့ရှိနေပါတယ်။ဇွန်လ ၁၅ ရက်နေ့ တနင်္လာနေ့မှာ ညီလာခံကို ကန့်သတ်ချက်တွေနဲ့ပြန်လည်စတင်ကျင်းပနေပါပြီ။ မတ်လထဲမှာ ကျင်းပရမယ့် အစည်းအဝေးတွေကို ကိုဗစ်-၁၉ကပ်ရော ဂါ ကြောင့် ရွှေ့ဆိုင်းခဲ့ပြီးမှ ပြန်လည်ကျင်းပတာပါ။ ပုံမှန်လို ကျင်းပရတာ မဟုတ်တဲ့ အစည်းအဝေးတွေမှာ ဘယ်လိုအကြောင်းတွေကို ဆွေးနွေး ဆုံးဖြတ်ကြဖို့ရှိသလဲဆိုတာ ကုလသမဂ္ဂ ဌာနချုပ်ရှိရာ ဂျနီဗာမြို့ကနေ Lisa Schlein ပေးပို့ထားတဲ့သတင်းလွှာကို အခြေခံပြီး မခွာညို ပြောပြပေးမှာပါ။

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေတဲ့ကာလအတွင်း ကျင်းပမယ့် အစည်းအဝေးတွေမှာ ကိုယ်တိုင် တက်ရောက်သူတွေအနေနဲ့ ကျန်းမာရေးအန္တရာယ် မဖြစ်စေရအောင် လူချင်း ခပ်ခွါခွါနေကြရမယ့် စည်းကမ်းကိုတော့ တိတိကျကျ လိုက်နာကြရမှာဖြစ်ကြောင်း ကုလဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ အစည်းအဝေးကို လူကိုယ်တိုင်တက်ကြမယ့် ကိုယ်စားလှယ်အဖွဲ့တွေမှာ လူဦးရေကို လျှော့ချထားမှာဖြစ်ပြီး ရာနဲ့ချီတဲ့ အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ အလွတ်သဘောတွေ့ဆုံမှုတွေကိုလည်း ကုလသမဂ္ဂအဆောက်အဦးအတွင်းမှာ လုပ်ကြရမှာမဟုတ်ပါဘူး။

အစီရင်ခံစာ တင်သွင်းတာတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာတွေကိုလည်း လူကိုယ်တိုင်ဖြစ်စေ၊ ဗွီဒီယိုကောလ် တွေကဖြစ်စေ ပါဝင်ဆွေးနွေးသွားကြမှာပါ။ ကွန်ဂို ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၊ မာလီ၊ ယူကရိန်း၊ လစ်ဗျား၊ အာဖဂန်နစ္စတန် နဲ့ ဗဟိုအာဖရိက နိုင်ငံတွေအပါအဝင် နိုင်ငံတွေနဲ့ပတ်သက်လို့ ဆွေးနွေး သုံးသပ်ကြမှာဖြစ်ပါတယ်။

သီတင်းတပတ်ကြာ အစည်းအဝေးအတွင်း အဓိက ဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲမှာတော့ အမေရိကန်ပြည်ထောင်စုအတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးချိန်အတွင်း သေဆုံးသွားတဲ့ အာဖရိကန်-အမေရိကန်ဖြစ်သူ ဂျော့ချ်-ဖလွိုက်ရဲ့ကိစ္စကတော့ အရေးပေါ်အခြေအ နေ အဖြစ်နဲ့ ဆွေးနွေးကြမှာပါ။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ ဂျနီဗာမြို့က ညွှန်ကြားရေးမှူး John Fisher က အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒါကိုကြိုတင်တွက်ဆထားမှာ ဖြစ်ကြောင်း ပြောပါတယ်။ နိုင်ငံတချို့က သူတို့ရဲ့ ကိုယ်ပိုင်အစီအစဉ်တွေကို ရှေ့တိုးဆောင်ရွက်ဖို့ ဒီလို ဆွေးနွေးမှုတွေကို အသုံးချကြတာမျိုးဖြစ်ကြောင်း သူက ပြောပါတယ်။

“အခု လက်ရှိအနေအထားအရ ကမ္ဘာတဝန်းမှာရော အမေရိကန်ပြည်ထောင်စုထဲမှာပါ ပရမ်းပတာတွေဖြစ်နေတာကို တရုတ်က အခွင့် ကောင်း ယူပြီး ဟောင်ကောင်ရဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို ဖိနှိပ် ချိုးနှိမ်ပစ်မှာမျိုးကို ကျနော်တို့က အလွန်ကို စိုးရိမ် ပူပန်နေ ပါတယ်။ နောက်ပြီး စောစောက ပြောခဲ့သလိုပါပဲ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဒီလို အခြေအနေအတွင်း ဟောင်ကောင်အပေါ်မှာ ပိုပြီး တော့ အလေးထား အာရုံစိုက်ပေးကြဖို့ တိုက်တွန်းပါတယ်။ ဒီအချိန်ဟာ တရုတ်နိုင်ငံက နိုင်ငံတကာရဲ့တုံ့ပြန်မှုတွေကို စောင့်ကြည့်နေတယ်ဆိုတာကို ကျနော်တို့ သိနေပါတယ်။ တကယ်လို့ နိုင်ငံတကာဘက်က တုံ့ပြန်သံတွေ မကြားရဘူး ဆိုရင်တော့ နောက်ထပ် နှိမ်နင်းမှုတွေ ထပ်လုပ်ဖို့ ပိုပြီး ရဲတင်းလာလိမ့်မယ်လို့ ထင်ပါတယ်။” လို့ သူက ပြောပါတယ်။

လွန်ခဲ့တဲ့တနှစ်ကတော့ ဥပဒေမဲ့ကွက်မျက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Agnes Callemard က သူ့ရဲ့အစီရင်ခံစာမှာ ဆော်ဒီအစိုးရရဲ့ ထောက်လှမ်းရေးလက်ချက်လို့ အခိုင်အမာ ဖော်ပြထားတဲ့ ဝါရှင်တန်ပို့စ်က ဆောင်းပါးရှင် ဂျမဲလ် ခါရှိုဂီ အသတ်ခံရမှုနဲ့ ပတ်သက်လို့ တင်ပြသွားခဲ့ပါတယ်။ ကုလလူ့အခွင့်အရေးကောင်စီအတွင်း ပုံမှန်တင်သွင်းနေကြ အစီရင်ခံစာမျိုးမဟုတ်ဘဲ ခါရှိုဂီရဲ့အမှုကိစ္စကို တင်သွင်းချိန်က အာရုံစိုက်ခံရမှုမျိုး အသစ်တဖန် ပြန်လုပ်ပေးရမှာဖြစ်တယ်လို့ Fisher က ယူဆထားပါတယ်။

“ခါရှိုဂီ အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဝိုင်းဝန်းပြောဆိုလာကြတဲ့အခါ လူ့အခွင့်အရေးရှေ့နေအမျိုးသမီး အတော်များများကို အကျဉ်းထောင် တွေကနေ လွှတ်ပေးခဲ့ကြပါတယ်။ ညှင်းပမ်းနှိပ်စက်မှုတွေ ရှိနေတုန်းပါပဲ။ သူတို့ဟာ အခုထိ ရာဇဝတ်ကြောင ်းအရ တရားစွဲခံထားရတာတွေကို ရင်ဆိုင်နေရတုန်းပါပဲ။ သူတို့အနေနဲ့ သေဒဏ်၊ ကြိမ်ဒဏ်၊ သဘောထားကွဲလွဲမှုတွေ အပေါ်မှာ ဖိနှပ်ချိုးနှိမ်ခံရတာနဲ့ နောက်ထပ် ဖမ်းဆီးချုပ်နှောင်ခံရမှုတွေကလည်း ဆက်ပြီးရှိနေတုန်းပါပဲ။” လို့ Fisher က ဆက်ပြောပါတယ်။

ဒီသီတင်းပတ်အကုန်ကျရင် ကုလလူ့အခွင့်အရေးကောင်စီဟာ ဆွေးနွေးပွဲတွေကနေ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ပေါင်း ၄၀ ကျော်ကို အတည်ပြုတာ၊ အပြီးသတ် ဆုံးဖြတ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီထဲမှာ လစ်ဗျား၊ အီရန်၊ နီကာရာဂွါ၊ တောင်ဆူဒန်နဲ့ မြန်မာနိုင်ငံတို့လို တိုင်းပြည်တွေက လူ့အခွင့်အရေးအခြေအနေ တိုးတက်လာမှုတွေနဲ့ပတ်သက်တဲ့ ထောက်ခံချက် တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

မခြာညို  / ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------
(Zawgyi)⤵⤵⤵
ျမန္မာ့အေရး ဆုံးျဖတ္ခ်က္ လူ႔အခြင့္အေရးေကာင္စီ အတည္ျပဳဖို႔ရွိ

၄၃ ႀကိမ္ေျမာက္ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ညီလာခံက ဒီသတင္းပတ္အကုန္မွာ ျမန္မာ့အေရးဆုံးျဖတ္ခ်က္ အတည္ျပဳဖို႔ရွိေနပါတယ္။ဇြန္လ ၁၅ ရက္ေန႔ တနလၤာေန႔မွာ ညီလာခံကို ကန႔္သတ္ခ်က္ေတြနဲ႔ျပန္လည္စတင္က်င္းပေနပါၿပီ။ မတ္လထဲမွာ က်င္းပရမယ့္ အစည္းအေဝးေတြကို ကိုဗစ္-၁၉ကပ္ေရာ ဂါ ေၾကာင့္ ေ႐ႊ႕ဆိုင္းခဲ့ၿပီးမွ ျပန္လည္က်င္းပတာပါ။ ပုံမွန္လို က်င္းပရတာ မဟုတ္တဲ့ အစည္းအေဝးေတြမွာ ဘယ္လိုအေၾကာင္းေတြကို ေဆြးေႏြး ဆုံးျဖတ္ၾကဖို႔ရွိသလဲဆိုတာ ကုလသမဂၢ ဌာနခ်ဳပ္ရွိရာ ဂ်နီဗာၿမိဳ႕ကေန Lisa Schlein ေပးပို႔ထားတဲ့သတင္းလႊာကို အေျခခံၿပီး မခြာညိဳ ေျပာျပေပးမွာပါ။

ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားေနတဲ့ကာလအတြင္း က်င္းပမယ့္ အစည္းအေဝးေတြမွာ ကိုယ္တိုင္ တက္ေရာက္သူေတြအေနနဲ႔ က်န္းမာေရးအႏၲရာယ္ မျဖစ္ေစရေအာင္ လူခ်င္း ခပ္ခြါခြါေနၾကရမယ့္ စည္းကမ္းကိုေတာ့ တိတိက်က် လိုက္နာၾကရမွာျဖစ္ေၾကာင္း ကုလဆိုင္ရာ အရာရွိေတြက ေျပာပါတယ္။ အစည္းအေဝးကို လူကိုယ္တိုင္တက္ၾကမယ့္ ကိုယ္စားလွယ္အဖြဲ႕ေတြမွာ လူဦးေရကို ေလွ်ာ့ခ်ထားမွာျဖစ္ၿပီး ရာနဲ႔ခ်ီတဲ့ အစိုးရ မဟုတ္တဲ့အဖြဲ႕အစည္းေတြနဲ႔ အလြတ္သေဘာေတြ႕ဆုံမႈေတြကိုလည္း ကုလသမဂၢအေဆာက္အဦးအတြင္းမွာ လုပ္ၾကရမွာမဟုတ္ပါဘူး။

အစီရင္ခံစာ တင္သြင္းတာေတြနဲ႔ လူ႔အခြင့္အေရးဆိုင္ရာ အေၾကာင္းအရာေတြကိုလည္း လူကိုယ္တိုင္ျဖစ္ေစ၊ ဗြီဒီယိုေကာလ္ ေတြကျဖစ္ေစ ပါဝင္ေဆြးေႏြးသြားၾကမွာပါ။ ကြန္ဂို ဒီမိုကရက္တစ္ျပည္သူ႔သမၼတႏိုင္ငံ၊ မာလီ၊ ယူကရိန္း၊ လစ္ဗ်ား၊ အာဖဂန္နစၥတန္ နဲ႔ ဗဟိုအာဖရိက ႏိုင္ငံေတြအပါအဝင္ ႏိုင္ငံေတြနဲ႔ပတ္သက္လို႔ ေဆြးေႏြး သုံးသပ္ၾကမွာျဖစ္ပါတယ္။

သီတင္းတပတ္ၾကာ အစည္းအေဝးအတြင္း အဓိက ေဆြးေႏြးၾကမယ့္ အေၾကာင္းအရာေတြထဲမွာေတာ့ အေမရိကန္ျပည္ေထာင္စုအတြင္း ရဲတပ္ဖြဲ႕က ဖမ္းဆီးခ်ိန္အတြင္း ေသဆုံးသြားတဲ့ အာဖရိကန္-အေမရိကန္ျဖစ္သူ ေဂ်ာ့ခ်္-ဖလြိဳက္ရဲ႕ကိစၥကေတာ့ အေရးေပၚအေျခအ ေန အျဖစ္နဲ႔ ေဆြးေႏြးၾကမွာပါ။ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕ရဲ႕ ဂ်နီဗာၿမိဳ႕က ၫႊန္ၾကားေရးမႉး John Fisher က အေမရိကန္ျပည္ေထာင္စု အေနနဲ႔ ဒါကိုႀကိဳတင္တြက္ဆထားမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။ ႏိုင္ငံတခ်ိဳ႕က သူတို႔ရဲ႕ ကိုယ္ပိုင္အစီအစဥ္ေတြကို ေရွ႕တိုးေဆာင္႐ြက္ဖို႔ ဒီလို ေဆြးေႏြးမႈေတြကို အသုံးခ်ၾကတာမ်ိဳးျဖစ္ေၾကာင္း သူက ေျပာပါတယ္။

“အခု လက္ရွိအေနအထားအရ ကမာၻတဝန္းမွာေရာ အေမရိကန္ျပည္ေထာင္စုထဲမွာပါ ပရမ္းပတာေတြျဖစ္ေနတာကို တ႐ုတ္က အခြင့္ ေကာင္း ယူၿပီး ေဟာင္ေကာင္ရဲ႕ လူ႔အခြင့္အေရးနဲ႔ လြတ္လပ္မႈကို ဖိႏွိပ္ ခ်ိဳးႏွိမ္ပစ္မွာမ်ိဳးကို က်ေနာ္တို႔က အလြန္ကို စိုးရိမ္ ပူပန္ေန ပါတယ္။ ေနာက္ၿပီး ေစာေစာက ေျပာခဲ့သလိုပါပဲ ကမာၻ႔ႏိုင္ငံေတြအေနနဲ႔ ဒီလို အေျခအေနအတြင္း ေဟာင္ေကာင္အေပၚမွာ ပိုၿပီး ေတာ့ အေလးထား အာ႐ုံစိုက္ေပးၾကဖို႔ တိုက္တြန္းပါတယ္။ ဒီအခ်ိန္ဟာ တ႐ုတ္ႏိုင္ငံက ႏိုင္ငံတကာရဲ႕တုံ႔ျပန္မႈေတြကို ေစာင့္ၾကည့္ေနတယ္ဆိုတာကို က်ေနာ္တို႔ သိေနပါတယ္။ တကယ္လို႔ ႏိုင္ငံတကာဘက္က တုံ႔ျပန္သံေတြ မၾကားရဘူး ဆိုရင္ေတာ့ ေနာက္ထပ္ ႏွိမ္နင္းမႈေတြ ထပ္လုပ္ဖို႔ ပိုၿပီး ရဲတင္းလာလိမ့္မယ္လို႔ ထင္ပါတယ္။” လို႔ သူက ေျပာပါတယ္။

လြန္ခဲ့တဲ့တႏွစ္ကေတာ့ ဥပေဒမဲ့ကြက္မ်က္မႈဆိုင္ရာ အထူးကိုယ္စားလွယ္ Agnes Callemard က သူ႔ရဲ႕အစီရင္ခံစာမွာ ေဆာ္ဒီအစိုးရရဲ႕ ေထာက္လွမ္းေရးလက္ခ်က္လို႔ အခိုင္အမာ ေဖာ္ျပထားတဲ့ ဝါရွင္တန္ပို႔စ္က ေဆာင္းပါးရွင္ ဂ်မဲလ္ ခါရႈိဂီ အသတ္ခံရမႈနဲ႔ ပတ္သက္လို႔ တင္ျပသြားခဲ့ပါတယ္။ ကုလလူ႔အခြင့္အေရးေကာင္စီအတြင္း ပုံမွန္တင္သြင္းေနၾက အစီရင္ခံစာမ်ိဳးမဟုတ္ဘဲ ခါရႈိဂီရဲ႕အမႈကိစၥကို တင္သြင္းခ်ိန္က အာ႐ုံစိုက္ခံရမႈမ်ိဳး အသစ္တဖန္ ျပန္လုပ္ေပးရမွာျဖစ္တယ္လို႔ Fisher က ယူဆထားပါတယ္။

“ခါရႈိဂီ အသတ္ခံရမႈနဲ႔ပတ္သက္ၿပီး ဝိုင္းဝန္းေျပာဆိုလာၾကတဲ့အခါ လူ႔အခြင့္အေရးေရွ႕ေနအမ်ိဳးသမီး အေတာ္မ်ားမ်ားကို အက်ဥ္းေထာင္ ေတြကေန လႊတ္ေပးခဲ့ၾကပါတယ္။ ညႇင္းပမ္းႏွိပ္စက္မႈေတြ ရွိေနတုန္းပါပဲ။ သူတို႔ဟာ အခုထိ ရာဇဝတ္ေၾကာင ္းအရ တရားစြဲခံထားရတာေတြကို ရင္ဆိုင္ေနရတုန္းပါပဲ။ သူတို႔အေနနဲ႔ ေသဒဏ္၊ ႀကိမ္ဒဏ္၊ သေဘာထားကြဲလြဲမႈေတြ အေပၚမွာ ဖိႏွပ္ခ်ိဳးႏွိမ္ခံရတာနဲ႔ ေနာက္ထပ္ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရမႈေတြကလည္း ဆက္ၿပီးရွိေနတုန္းပါပဲ။” လို႔ Fisher က ဆက္ေျပာပါတယ္။

ဒီသီတင္းပတ္အကုန္က်ရင္ ကုလလူ႔အခြင့္အေရးေကာင္စီဟာ ေဆြးေႏြးပြဲေတြကေန ထြက္ေပၚလာတဲ့ ဆုံးျဖတ္ခ်က္ေပါင္း ၄၀ ေက်ာ္ကို အတည္ျပဳတာ၊ အၿပီးသတ္ ဆုံးျဖတ္ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ အဲဒီထဲမွာ လစ္ဗ်ား၊ အီရန္၊ နီကာရာဂြါ၊ ေတာင္ဆူဒန္နဲ႔ ျမန္မာႏိုင္ငံတို႔လို တိုင္းျပည္ေတြက လူ႔အခြင့္အေရးအေျခအေန တိုးတက္လာမႈေတြနဲ႔ပတ္သက္တဲ့ ေထာက္ခံခ်က္ ေတြလည္း ပါဝင္မွာျဖစ္ပါတယ္။

မျခာညိဳ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-human-right-council-/5463811.html

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ