ကိုဗစ်ကာလ ထိခိုက်ခဲ့တဲ့ မြန်မာစီးပွားရေး လုပ်ငန်းငယ်တွေ ချေးငွေထုတ်ပေးမည်

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းများ။ (မေ ၂၈၊ ၂၀၂၀)
(Unicode)⤵⤵⤵
ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်မှုကြီးကြီးမားမား ရှိခဲ့တဲ့ အသေးစား၊ အလတ်စားလုပ်ငန်းများ (SMEs) အတွက် ဒုတိယအဆင့်အနေနဲ့ မြန်မာငွေ ၆၄ ဘီလီယံခန့် ချေးငွေ ချပေးသွားမယ့် အစိုးရက စီစဉ်နေတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက စုစည်းတင်ပြပေးသွားမှာပါ။

ကပ်ဘေးအလွန်စီးပွားရေးကုစားမှု အစီအစဉ်အဖြစ်နဲ့ COVID-19 တုံ့ပြန်ရေး ရန်ပုံငွေလျာထားကာ ထိခိုက်သွားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကူညီဖို့ ချေးငွေတွေ ချပေးတာတွေ ရှိပြီး ဒီ ချေးငွေထောက်ပံ့တဲ့ အစီအစဉ်ဟာ မြန်မာအစိုးရက COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်ကြီးရဲ့ အစိတ်အပိုင်း တရပ်ဖြစ်ပါတယ်။

အဲဒီအစီအစဉ်အတွက် အစိုးရက ကျပ်ငွေ ဘီလီယံ ၁၀၀ ကျော်လျာထားပြီး ဒီထက်လည်း ပိုသုံးစွဲသွားဖို့ ပြင်ဆင်နေချိန်မှာပဲ အခုတခါမှာ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီကနေ ၂ဝ၁၅ ခုနှစ်က စတင်ခဲ့တဲ့ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ငွေကြေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းကို ပြန်လည်ပြင်ဆင် ကူညီထောက်ပံ့မှု လုပ်လာတာဖြစ်ပါတယ်။

JICA ၏ ချေးငွေသတ်မှတ်ချက်အရဆိုရင် လုပ်ငန်းတွေအနေနဲ့ အာမခံပစ္စည်းထားရှိရမှာဖြစ်ပြီး အဲဒီပစ္စည်းအပေါ်တည်ပြီး ချေးသွားထုတ်ပေးမှာဖြစ်ပါတယ်။ အတိုးနှုန်း ၅.၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းဖြစ်ကာ ချေးငွေ သက်တမ်းက ၃ နှစ်ကနေ ၅ နှစ် အထိလို့ဆိုပါတယ်။ မြန်မာငွေ ၆၄ ဘီလီယံလျာထားတဲ့ ဒီအစီအစဉ်မှာ လုပ်ငန်းတွေအနေနဲ့ အများဆုံး ကျပ်သန်း ၃၀၀ ထိချေးနိုင်မယ်လို့ ဖော်ပြထားပါတယ်။

ဒီ ချေးငွေအစီအစဉ်နဲ့ ပတ်သတ်လို့ UMFCCI အထွေထွေ တွဲဖက်အတွင်းရေးမှူး ဦးအေးဝင်းကတော့

"နဂိုကတော့ တကြိမ်ချေးပြီးရင် နောက်တကြိမ်ချေးလို့ မရဘူးပေါ့နော်။ ခုကကျတော့ ဒီလုပ်ငန်းကထိခိုက်နစ်နာမှု ရှိတယ်။ ဒါပေမဲ့ အလားအလာကောင်းတယ်ဆိုရင်တော့ အလားအလာကောင်းတယ် ပြန်ဆပ်နိုင်ရင်အဲလုပ်ငန်းတွေကို ထပ်ချေးနိုင်တဲ့သဘော ရှိတယ်ပေါ့။"

အစိုးရအနေနဲ့ ပထမအဆင့် ချေးငွေထုတ်ပေးခဲ့ရာမှာ လုပ်ငန်းကြီးတွေသာ အများစုရပြီး အသေးစားနဲ့ အလတ်စားလုပ်ငန်းငယ်အများစုက ချေးငွေ မရဘူးလို့ ဝေဖန်တာတွေထွက်ပေါ်နေပါတယ်။ တချို့သော လုပ်ငန်းငယ်တွေ အတွက်က အစိုးရချထားတဲ့ စည်းမျဉ်းစည်းကမ်ူတွေက ကန့်သတ်ချက်တွေ ဖြစ်နေတာတွေလည်း ရှိနေတာမို့ ချေးငွေရဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

ချေးငွေရဖို့ အခက်အခဲတွေ ရှိနေတဲ့ လုပ်ငန်းရှင်တွေထဲမှာ နည်းပညာနယ်ပယ်မှာ ထူးချွန်အောင်မြင်တဲ့ အမျိုးသမီးလည်းဖြစ်၊ မြန်မာနိုင်ငံမှာ ကမာက အသိ အမှတ်ပြု ကမာ့အမြင့်ဆုံး ဒစ်ဂျစ်တယ် တီထွင်ဖန်တီးမှု ထူးချွန်ဆုရထားသူ 360ed ပညာရေး အထောက်အကူပြုလုပ်ငန်းရဲ့ CEO အမှု ဆောင်အရာရှိချုပ် စွန့်ဦးတီထွင်လုပ်ငန်းရှင် တဦးဖြစ်တဲ့ မလှလှဝင်းလည်း ပါဝင်နေပါတယ်။

"သတ်မှတ်ချက်တွေက နည်းပညာကို နားလည်တဲ့ သတ်မှတ်ချက်တွေ မဟုတ်ဘူး။ အဲတော့ကျနော်တို့က ဘောင်မဝင်ဘူး။ သတ်မှတ်ချက်က ရှိတာရပါတယ်။ ရှိသင့်တယ်။ ဒါပေမယ့်သတ်မှတ်ချက်တွေကခေတ်စနစ်ကို ထင်ဟပ်ရမှာပေါ့နော်။ ဒါကိုနားလည်ဖို့က စည်းဝိုင်းထဲရှိသူတွေက ခေတ်ကို ပိုနားလည်ဖို့လိုတယ်။ သူတို့တွေကိုယ်တိုင် ရွေးချယ်တာမှာခေတ်စနစ်နဲ့ အညီရွေးနိုင်ဖို့ ပါလာနိုင်ဖို့ကို လုပ်ပေးရမယ်။ လုပ်ပေးသင့်တာပေါ့။ ပိုကြိုးစားရမယ့် ကာလမှာ သတ်မှတ်ချက်တွေက လွဲနေတယ်။ ဒါမဟုတ် ဒါဆိုတဲ့ လျှော့တာမျိုးကလည်း မရှိဘူး။ လျှော့တာကလည်း သူတို့ အချင်းချင်း ကြည့်ရှုစောင့်ရှောက်တာမှာ ရှိနေတယ်။"

အသေးစား၊ အလတ်စားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ အကြံပေးအနေနဲ့ လုပ်ဆောင်နေသူလည်းဖြစ် SMEBI စီးပွားရေးသင်တန်းကျောင်းတခုကို ထူထောင်ထားသူလည်းဖြစ်တဲ့ ဦးစိုးဟိန်းကတော့ ကပ်ရောဂါဆိုးကြီးက အချိန်ဘယ်လောက်ယူသွားမလဲဆိုတာ သိဖို့ခက်ခဲနေဆဲ ဒီအချိန်မှာ စီးပွားရေး လုပ်ငန်းတွေ ရှင်သန်နိုင်ဖို့ဆိုရင် သေချာတိကျတဲ့ အချက်အလက်တွေနဲ့ ငွေကြေးထောက်ပံ့ ပေးနိုင်ဖို့ လိုတယ်လို့ ဦးစိုးဟိန်းကတော့ သုံးသပ်ပါတယ်။

"တကယ်တမ်းက အမှန်တကယ်လုပ်နေတဲ့ လုပ်ငန်းတွေကို ချပေးတာမျိုးက ပိုကောင်းလာမယ်။ အဲလိုချပေးဖို့က စစ်ဆေးမယ့်အဖွဲ့တရပ်လိုတယ်။ ဘယ်သူက တကယ်စီးပွားရေးလုပ်နေတာလဲ။ on paper မှာပဲ လုပ်တာလား။ တကယ်ရော ထဲထဲဝင်ဝင်လုပ်ရဲ့လားဆိုတာကို သေချာစိစစ်ဖို့လိုတယ်။ တချို့က SME အမည်ခံလုပ်နေတာတွေ ရှိတယ်။"

မြန်မာနိုင်ငံမှာ အသေးစား၊အလတ်စား လုပ်ငန်းများဟာ တစ်နိုင်ငံလုံး စီးပွားရေးလုပ်ငန်းတွေရဲ့ ၉၉ ရာခိုင်နှုန်းကျော်ရှိပြီး စီးပွားရေးကဏ္ဍ တစ်ရပ်လုံးအတွက် အရေးပါတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်ရှင်။

 မေခ  / ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္ကာလ ထိခိုက္ခဲ့တဲ့ ျမန္မာစီးပြားေရး လုပ္ငန္းငယ္ေတြ ေခ်းေငြထုတ္ေပးမည္

ကမာၻ႔ကပ္ေရာဂါေၾကာင့္ ထိခိုက္မႈႀကီးႀကီးမားမား ရွိခဲ့တဲ့ အေသးစား၊ အလတ္စားလုပ္ငန္းမ်ား (SMEs) အတြက္ ဒုတိယအဆင့္အေနနဲ႔ ျမန္မာေငြ ၆၄ ဘီလီယံခန႔္ ေခ်းေငြ ခ်ေပးသြားမယ့္ အစိုးရက စီစဥ္ေနတာကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက စုစည္းတင္ျပေပးသြားမွာပါ။

ကပ္ေဘးအလြန္စီးပြားေရးကုစားမႈ အစီအစဥ္အျဖစ္နဲ႔ COVID-19 တုံ႔ျပန္ေရး ရန္ပုံေငြလ်ာထားကာ ထိခိုက္သြားတဲ့ စီးပြားေရးလုပ္ငန္းေတြကို ကူညီဖို႔ ေခ်းေငြေတြ ခ်ေပးတာေတြ ရွိၿပီး ဒီ ေခ်းေငြေထာက္ပံ့တဲ့ အစီအစဥ္ဟာ ျမန္မာအစိုးရက COVID-19 စီးပြားေရး ကုစားမႈအစီအစဥ္ႀကီးရဲ႕ အစိတ္အပိုင္း တရပ္ျဖစ္ပါတယ္။

အဲဒီအစီအစဥ္အတြက္ အစိုးရက က်ပ္ေငြ ဘီလီယံ ၁၀၀ ေက်ာ္လ်ာထားၿပီး ဒီထက္လည္း ပိုသုံးစြဲသြားဖို႔ ျပင္ဆင္ေနခ်ိန္မွာပဲ အခုတခါမွာ ဂ်ပန္ႏိုင္ငံ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီကေန ၂ဝ၁၅ ခုႏွစ္က စတင္ခဲ့တဲ့ အေသးစားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ား ေငြေၾကးက႑ဖြံ႕ၿဖိဳး တိုးတက္ေရးစီမံကိန္းကို ျပန္လည္ျပင္ဆင္ ကူညီေထာက္ပံ့မႈ လုပ္လာတာျဖစ္ပါတယ္။

JICA ၏ ေခ်းေငြသတ္မွတ္ခ်က္အရဆိုရင္ လုပ္ငန္းေတြအေနနဲ႔ အာမခံပစၥည္းထားရွိရမွာျဖစ္ၿပီး အဲဒီပစၥည္းအေပၚတည္ၿပီး ေခ်းသြားထုတ္ေပးမွာျဖစ္ပါတယ္။ အတိုးႏႈန္း ၅.၅ ရာခိုင္ႏႈန္းကေန ၁၀ ရာခိုင္ႏႈန္းျဖစ္ကာ ေခ်းေငြ သက္တမ္းက ၃ ႏွစ္ကေန ၅ ႏွစ္ အထိလို႔ဆိုပါတယ္။ ျမန္မာေငြ ၆၄ ဘီလီယံလ်ာထားတဲ့ ဒီအစီအစဥ္မွာ လုပ္ငန္းေတြအေနနဲ႔ အမ်ားဆုံး က်ပ္သန္း ၃၀၀ ထိေခ်းႏိုင္မယ္လို႔ ေဖာ္ျပထားပါတယ္။

ဒီ ေခ်းေငြအစီအစဥ္နဲ႔ ပတ္သတ္လို႔ UMFCCI အေထြေထြ တြဲဖက္အတြင္းေရးမႉး ဦးေအးဝင္းကေတာ့

"နဂိုကေတာ့ တႀကိမ္ေခ်းၿပီးရင္ ေနာက္တႀကိမ္ေခ်းလို႔ မရဘူးေပါ့ေနာ္။ ခုကက်ေတာ့ ဒီလုပ္ငန္းကထိခိုက္နစ္နာမႈ ရွိတယ္။ ဒါေပမဲ့ အလားအလာေကာင္းတယ္ဆိုရင္ေတာ့ အလားအလာေကာင္းတယ္ ျပန္ဆပ္ႏိုင္ရင္အဲလုပ္ငန္းေတြကို ထပ္ေခ်းႏိုင္တဲ့သေဘာ ရွိတယ္ေပါ့။"

အစိုးရအေနနဲ႔ ပထမအဆင့္ ေခ်းေငြထုတ္ေပးခဲ့ရာမွာ လုပ္ငန္းႀကီးေတြသာ အမ်ားစုရၿပီး အေသးစားနဲ႔ အလတ္စားလုပ္ငန္းငယ္အမ်ားစုက ေခ်းေငြ မရဘူးလို႔ ေဝဖန္တာေတြထြက္ေပၚေနပါတယ္။ တခ်ိဳ႕ေသာ လုပ္ငန္းငယ္ေတြ အတြက္က အစိုးရခ်ထားတဲ့ စည္းမ်ဥ္းစည္းကမ္ူေတြက ကန႔္သတ္ခ်က္ေတြ ျဖစ္ေနတာေတြလည္း ရွိေနတာမို႔ ေခ်းေငြရဖို႔ အခက္အခဲေတြ ရွိေနတယ္လို႔ သိရပါတယ္။

ေခ်းေငြရဖို႔ အခက္အခဲေတြ ရွိေနတဲ့ လုပ္ငန္းရွင္ေတြထဲမွာ နည္းပညာနယ္ပယ္မွာ ထူးခြၽန္ေအာင္ျမင္တဲ့ အမ်ိဳးသမီးလည္းျဖစ္၊ ျမန္မာႏိုင္ငံမွာ ကမာက အသိ အမွတ္ျပဳ ကမာ့အျမင့္ဆုံး ဒစ္ဂ်စ္တယ္ တီထြင္ဖန္တီးမႈ ထူးခြၽန္ဆုရထားသူ 360ed ပညာေရး အေထာက္အကူျပဳလုပ္ငန္းရဲ႕ CEO အမႈ ေဆာင္အရာရွိခ်ဳပ္ စြန႔္ဦးတီထြင္လုပ္ငန္းရွင္ တဦးျဖစ္တဲ့ မလွလွဝင္းလည္း ပါဝင္ေနပါတယ္။

"သတ္မွတ္ခ်က္ေတြက နည္းပညာကို နားလည္တဲ့ သတ္မွတ္ခ်က္ေတြ မဟုတ္ဘူး။ အဲေတာ့က်ေနာ္တို႔က ေဘာင္မဝင္ဘူး။ သတ္မွတ္ခ်က္က ရွိတာရပါတယ္။ ရွိသင့္တယ္။ ဒါေပမယ့္သတ္မွတ္ခ်က္ေတြကေခတ္စနစ္ကို ထင္ဟပ္ရမွာေပါ့ေနာ္။ ဒါကိုနားလည္ဖို႔က စည္းဝိုင္းထဲရွိသူေတြက ေခတ္ကို ပိုနားလည္ဖို႔လိုတယ္။ သူတို႔ေတြကိုယ္တိုင္ ေ႐ြးခ်ယ္တာမွာေခတ္စနစ္နဲ႔ အညီေ႐ြးႏိုင္ဖို႔ ပါလာႏိုင္ဖို႔ကို လုပ္ေပးရမယ္။ လုပ္ေပးသင့္တာေပါ့။ ပိုႀကိဳးစားရမယ့္ ကာလမွာ သတ္မွတ္ခ်က္ေတြက လြဲေနတယ္။ ဒါမဟုတ္ ဒါဆိုတဲ့ ေလွ်ာ့တာမ်ိဳးကလည္း မရွိဘူး။ ေလွ်ာ့တာကလည္း သူတို႔ အခ်င္းခ်င္း ၾကည့္ရႈေစာင့္ေရွာက္တာမွာ ရွိေနတယ္။"

အေသးစား၊ အလတ္စားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ဖို႔ အႀကံေပးအေနနဲ႔ လုပ္ေဆာင္ေနသူလည္းျဖစ္ SMEBI စီးပြားေရးသင္တန္းေက်ာင္းတခုကို ထူေထာင္ထားသူလည္းျဖစ္တဲ့ ဦးစိုးဟိန္းကေတာ့ ကပ္ေရာဂါဆိုးႀကီးက အခ်ိန္ဘယ္ေလာက္ယူသြားမလဲဆိုတာ သိဖို႔ခက္ခဲေနဆဲ ဒီအခ်ိန္မွာ စီးပြားေရး လုပ္ငန္းေတြ ရွင္သန္ႏိုင္ဖို႔ဆိုရင္ ေသခ်ာတိက်တဲ့ အခ်က္အလက္ေတြနဲ႔ ေငြေၾကးေထာက္ပံ့ ေပးႏိုင္ဖို႔ လိုတယ္လို႔ ဦးစိုးဟိန္းကေတာ့ သုံးသပ္ပါတယ္။

"တကယ္တမ္းက အမွန္တကယ္လုပ္ေနတဲ့ လုပ္ငန္းေတြကို ခ်ေပးတာမ်ိဳးက ပိုေကာင္းလာမယ္။ အဲလိုခ်ေပးဖို႔က စစ္ေဆးမယ့္အဖြဲ႕တရပ္လိုတယ္။ ဘယ္သူက တကယ္စီးပြားေရးလုပ္ေနတာလဲ။ on paper မွာပဲ လုပ္တာလား။ တကယ္ေရာ ထဲထဲဝင္ဝင္လုပ္ရဲ႕လားဆိုတာကို ေသခ်ာစိစစ္ဖို႔လိုတယ္။ တခ်ိဳ႕က SME အမည္ခံလုပ္ေနတာေတြ ရွိတယ္။"

ျမန္မာႏိုင္ငံမွာ အေသးစား၊အလတ္စား လုပ္ငန္းမ်ားဟာ တစ္ႏိုင္ငံလုံး စီးပြားေရးလုပ္ငန္းေတြရဲ႕ ၉၉ ရာခိုင္ႏႈန္းေက်ာ္ရွိၿပီး စီးပြားေရးက႑ တစ္ရပ္လုံးအတြက္ အေရးပါတဲ့ လုပ္ငန္းတခုျဖစ္ပါတယ္ရွင္။

 ေမခ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-business-loan/5464708.html
ကိုဗစ်ကာလ ထိခိုက်ခဲ့တဲ့ မြန်မာစီးပွားရေး လုပ်ငန်းငယ်တွေ ချေးငွေထုတ်ပေးမည် ကိုဗစ်ကာလ ထိခိုက်ခဲ့တဲ့ မြန်မာစီးပွားရေး လုပ်ငန်းငယ်တွေ ချေးငွေထုတ်ပေးမည် Reviewed by THITHTOOLWIN on 03:16 Rating: 5
Powered by Blogger.