ထန်းတပင်မှာ ၁၁နှစ်သမီး မသန်စွမ်း ကလေးငယ် အဓမ္မပြုကျင့်ခံရ

ပြီးခဲ့တဲ့နှစ်အတွင်း သက်ငယ်မုဒိမ်းဖြစ်ပွားမှုထဲမှာ ဗစ်တိုးရီးယားအမှုဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ ဒါပေမဲ့ အခုထိတော့ တရားခံမပေါ်သေးပါဘူး။
(Unicode)⤵⤵⤵
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်မှာ မသန်စွမ်း ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှု မေ ၂၉ ရက်က ဖြစ်ပွားခဲ့ပါတယ်။

အသက် ၁၁ နှစ်အရွယ် ကလေးငယ်ဟာ စကားမပြောတတ်တဲ့ ပိုလီယိုရောဂါသည်တစ်ဦးဖြစ်ပြီး ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ စော်ကားပြုကျင့်မှုနဲ့ အိမ်နီးချင်းအမျိုးသားတစ်ဦးကို တိုင်ကြားထားပါတယ်။

"သူတို့က လိုင်းခန်းမှာနေတယ်။ ကလေးက ကြက်ကြော် စားချင်လို့ အဒေါ်ဖြစ်သူက ဝယ်လာတယ်ပြောလို့ သူ့အမေက သွားယူတုန်း အိမ်နီးချင်း လင်မယားမှာအပ်ခဲ့တယ်။ အဲဒီမှာ ကလေးအမေမရှိတဲ့ နာရီဝက်လောက်မှာ ဖြစ်သွားတာ။ ပြန်လာတော့ ကလေးကငိုနေတော့ ဘာဖြစ်တာလဲမေးတော့ ကလေးကိုယ်မှာ အရက်နံ့တွေနံ့နေတယ်။ အိမ်ပေါက်ဝမှာ အဲဒီလူက ရှိနေတယ်။ ကလေးဘာဖြစ်လဲမေးတော့ အမေမရှိလို့ ငိုတာဖြစ်မှာပေါ့ဆိုပြီး အဲဒီလူက ပြန်ထွက်သွားတယ်။ ကလေးကို စစ်ဆေးတော့ ကလေးရဲ့ မိန်းမကိုယ်မှာ သွေးတွေလည်းပေနေတယ်။ ကလေးက ပိုလီယိုလေး။ ထိုင်တောင်မထိုင်နိုင်ဘူး။ ပက်လက်ကလေးပါ။ အခုတော့ အဲဒီကျူးလွန်သူကိုတော့ စခန်းမှာ ချုပ်ထားတယ်။ ပုဒ်မ ၃၇၆၊ ၃၇၇ နဲ့ ကျွန်တော်တို့ကတော့ ဖွင့်ထားတယ်" လို့ ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်းက ပြောပါတယ်။

ကျူးလွန်သူကို အခု ထန်းတပင်မြို့မရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။

အမှုနဲ့ပတ်သက်ပြီး ဥပဒေအကြံပေး၊ မှုခင်းဆရာဝန်တို့နဲ့ တွေ့ဆုံပြီး အမှန်အတိုင်းဖြစ်စေဖို့ ကူညီပေးဖို့လည်း တောင်းဆိုခဲ့တယ်လို့ ဦးမြတ်သူဝင်းက ဆက်ပြောပါတယ်။

ကလေးငယ်အတွက် တရားမျှတမှုရှိရေး မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေက ကလေးငယ်အတွက် အမှန်တရားပေါ်ပေါက်ရေး ဝိုင်းဝန်းကူညီပေးနေပါတယ်။

"ကလေးကတော့ အိမ်မှာပဲ။ ကျန်းမာရေးအခြေအနေကတော့ လန်းလန်းဆန်းဆန်းရှိတယ်။ ကလေးက ဉာဏ်ရည်အားဖြင့်လည်း နည်းနည်းပြဿနာရှိတော့ ဒီလူကို တွေ့ရင် အရမ်းကြောက်တယ်။ စိတ်ပိုင်းဆိုင်ရာအခြေအနေရှိတာပေါ့။ မိသားစုကတော့ ငွေရေးကြေးရေး မပြေလည်ဘူးပေါ့ဗျာ။ ချို့တဲ့တယ်။ ကျွန်တော်တို့ ငွေရေးကြေးရေးကူညီထောက်ပံ့ပေးထားတယ်။ လိုအပ်ရင် ကျွန်တော်တို့မှာ ရှေ့နေတွေလည်း ရှိပြီးသား။ လိုအပ်ရင်ဥပဒေကြောင်းအရကျွန်တော်တို့ ကူညီပေးနိုင်ပါတယ်" ဦးမြတ်သူဝင်းကပြောပါတယ်။

မိသားစုကတော့ အမှုကို အဖြစ်မှန်အတိုင်းပေါ်ပေါက်စေဖို့ တောင်းဆိုထားပါတယ်။

BBC Burmese
----------------------------------------------
(Zawgyi)⤵⤵⤵
 ထန္းတပင္မွာ ၁၁ႏွစ္သမီး မသန္စြမ္း ကေလးငယ္ အဓမၼျပဳက်င့္ခံရ

ရန္ကုန္တိုင္း၊ ထန္းတပင္ၿမိဳ႕နယ္မွာ မသန္စြမ္း ကေလးငယ္တစ္ဦး အဓမၼျပဳက်င့္ခံရမႈ ေမ ၂၉ ရက္က ျဖစ္ပြားခဲ့ပါတယ္။

အသက္ ၁၁ ႏွစ္အ႐ြယ္ ကေလးငယ္ဟာ စကားမေျပာတတ္တဲ့ ပိုလီယိုေရာဂါသည္တစ္ဦးျဖစ္ၿပီး ကေလးငယ္ကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားျပဳက်င့္မႈနဲ႔ အိမ္နီးခ်င္းအမ်ိဳးသားတစ္ဦးကို တိုင္ၾကားထားပါတယ္။

"သူတို႔က လိုင္းခန္းမွာေနတယ္။ ကေလးက ၾကက္ေၾကာ္ စားခ်င္လို႔ အေဒၚျဖစ္သူက ၀ယ္လာတယ္ေျပာလို႔ သူ႔အေမက သြားယူတုန္း အိမ္နီးခ်င္း လင္မယားမွာအပ္ခဲ့တယ္။ အဲဒီမွာ ကေလးအေမမရွိတဲ့ နာရီဝက္ေလာက္မွာ ျဖစ္သြားတာ။ ျပန္လာေတာ့ ကေလးကငိုေနေတာ့ ဘာျဖစ္တာလဲေမးေတာ့ ကေလးကိုယ္မွာ အရက္နံ႔ေတြနံ႔ေနတယ္။ အိမ္ေပါက္ဝမွာ အဲဒီလူက ရွိေနတယ္။ ကေလးဘာျဖစ္လဲေမးေတာ့ အေမမရွိလို႔ ငိုတာျဖစ္မွာေပါ့ဆိုၿပီး အဲဒီလူက ျပန္ထြက္သြားတယ္။ ကေလးကို စစ္ေဆးေတာ့ ကေလးရဲ႕ မိန္းမကိုယ္မွာ ေသြးေတြလည္းေပေနတယ္။ ကေလးက ပိုလီယိုေလး။ ထိုင္ေတာင္မထိုင္ႏိုင္ဘူး။ ပက္လက္ကေလးပါ။ အခုေတာ့ အဲဒီက်ဴးလြန္သူကိုေတာ့ စခန္းမွာ ခ်ဳပ္ထားတယ္။ ပုဒ္မ ၃၇၆၊ ၃၇၇ နဲ႔ ကြၽန္ေတာ္တို႔ကေတာ့ ဖြင့္ထားတယ္" လို႔ ေ႐ႊမင္းသားေဖာင္ေဒးရွင္း ဥကၠ႒၊ ျမန္မာႏိုင္ငံမသန္စြမ္းသူမ်ားအသင္းခ်ဳပ္၊ အေထြေထြအတြင္းေရးမႉး ဦးျမတ္သူဝင္းက ေျပာပါတယ္။

က်ဴးလြန္သူကို အခု ထန္းတပင္ၿမိဳ႕မရဲစခန္းမွာ ဖမ္းဆီးထားပါတယ္။

အမႈနဲ႔ပတ္သက္ၿပီး ဥပေဒအႀကံေပး၊ မႈခင္းဆရာဝန္တို႔နဲ႔ ေတြ႕ဆုံၿပီး အမွန္အတိုင္းျဖစ္ေစဖို႔ ကူညီေပးဖို႔လည္း ေတာင္းဆိုခဲ့တယ္လို႔ ဦးျမတ္သူဝင္းက ဆက္ေျပာပါတယ္။

ကေလးငယ္အတြက္ တရားမွ်တမႈရွိေရး ျမန္မာႏိုင္ငံ မသန္စြမ္းသူမ်ားအသင္းခ်ဳပ္အပါအဝင္ အရပ္ဖက္အဖြဲ႕အစည္းေတြက ကေလးငယ္အတြက္ အမွန္တရားေပၚေပါက္ေရး ဝိုင္းဝန္းကူညီေပးေနပါတယ္။

"ကေလးကေတာ့ အိမ္မွာပဲ။ က်န္းမာေရးအေျခအေနကေတာ့ လန္းလန္းဆန္းဆန္းရွိတယ္။ ကေလးက ဉာဏ္ရည္အားျဖင့္လည္း နည္းနည္းျပႆနာရွိေတာ့ ဒီလူကို ေတြ႕ရင္ အရမ္းေၾကာက္တယ္။ စိတ္ပိုင္းဆိုင္ရာအေျခအေနရွိတာေပါ့။ မိသားစုကေတာ့ ေငြေရးေၾကးေရး မေျပလည္ဘူးေပါ့ဗ်ာ။ ခ်ိဳ႕တဲ့တယ္။ ကြၽန္ေတာ္တို႔ ေငြေရးေၾကးေရးကူညီေထာက္ပံ့ေပးထားတယ္။ လိုအပ္ရင္ ကြၽန္ေတာ္တို႔မွာ ေရွ႕ေနေတြလည္း ရွိၿပီးသား။ လိုအပ္ရင္ဥပေဒေၾကာင္းအရကြၽန္ေတာ္တို႔ ကူညီေပးႏိုင္ပါတယ္" ဦးျမတ္သူဝင္းကေျပာပါတယ္။

မိသားစုကေတာ့ အမႈကို အျဖစ္မွန္အတိုင္းေပၚေပါက္ေစဖို႔ ေတာင္းဆိုထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52908548
ထန်းတပင်မှာ ၁၁နှစ်သမီး မသန်စွမ်း ကလေးငယ် အဓမ္မပြုကျင့်ခံရ ထန်းတပင်မှာ ၁၁နှစ်သမီး မသန်စွမ်း ကလေးငယ် အဓမ္မပြုကျင့်ခံရ Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.