ရပ်နားထားရတဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်

(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်အန္တရာယ်ကြောင့် ပြည်နယ်နဲ့ တိုင်းအသီးသီးက ဟိုတယ်တွေ ရပ်နားထားခဲ့ရာ အခုဆိုရင် ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း ပြန်လည်ဖွင့်လှစ်နေပြီး ပြည်တွင်းခရီးသွားလုပ်ငန်းတွေလည်း ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာတော့ ဟိုတယ်တွေ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပြီး ပြည်တွင်းက လာရောက်လည်ပတ်သူတွေကို ကျန်းမာရေးအရ သီးသန့်ကြပ်မတ် စောင့်ကြည့်တာတွေ လုပ်မှာမဟုတ်ဘူးလို့ ရှမ်းပြည်တောင်ပိုင်း ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းဇော် က ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ မြောက်ပိုင်းက ဟိုတယ် စုစုပေါင်း ၁၁၈ လုံး ပြန်လည်ဖွင့်လှစ်ထားပြီး ဖွင့်လှစ်ခွင့်ပြုဖို့ တင်ပြထားတဲ့ ဟိုတယ်တွေကိုလည်း စီစစ်ပြီးသွားရင် ခွင့်ပြုသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

အလားတူ ဧရာတီတိုင်းအတွင်းက ကမ်းခြေတွေ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေပြီး မကြာခင်မှာ ပြန်လည်ဖွင့်လှစ် သွားမှာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့က ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက ပြောပါတယ်။

ပြန်လည်ဖွင့်လှစ်လိုတဲ့ ဟိုတယ်တွေက တင်ပြရတာဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီမှုရှိမရှိ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေရဲ့ စီစစ်မှုတွေနဲ့ ဟိုတယ်တွေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုနေတာဖြစ်ပါတယ်။

ပြည်နယ်တိုင်းအလိုက် ဟိုတယ်ခရီးဝန်ကြီးဌာနတွေကလည်း သေချာစိစစ်တာတွေ လုပ်ဆောင်နေတာလို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံနှံ့မှု ထိန်းချုပ်နိုင်လာတာနဲ့အမျှ တိုင်းနဲ့ပြည်နယ် အသီးသီးက ယာဉ်လိုင်းတွေ ပြန်လည်ပြေးဆွဲနေပြီဖြစ်သလို ဟိုတယ်တွေလည်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်တာကြောင့် ပြည်တွင်းခရီးသွား လုပ်ငန်း စတင်နိုင်တော့မှာဖြစ်ပါတယ်။

ဇွန်လကုန်လောက်မှာ ခရီးသွားလုပ်ငန်းတွေအားလုံး ပြန်လည်စတင်နိုင်တော့မယ်လို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဆိုပါ တယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့ကစတင်လိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့လာတာကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းဟာ ၂၀၂၀ ဖေဖော်ဝါရီလလောက်မှာ ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။

ဧပြီလမှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ပြည်တွင်းသွားလာမှုတွေဟာလည်း အလိုလို ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။

အခု ပြည်တွင်းခရီးသွားလာမှုတွေ စတင်နိုင်တော့မှာဖြစ်ပေမယ့် ပြည်ပခရီးသွားလာမှုကတော့ နိုင်ငံတကာ လေကြောင်းလိုင်း ပျံသန်းမှုတွေ ဖြေလျှော့မှသာ စတင်နိုင်မှာဖြစ်ပါတယ်။

ဝေယံမိုးမြင့် / RFA Burmese
------------------------------------------

(Zawgyi)⤵⤵⤵
ရပ္နားထားရတဲ့ ဟိုတယ္နဲ႔ ခရီးသြားလုပ္ငန္းေတြ ျပန္လည္စတင္

ကို႐ိုနာဗိုင္းရပ္အႏၲရာယ္ေၾကာင့္ ျပည္နယ္နဲ႔ တိုင္းအသီးသီးက ဟိုတယ္ေတြ ရပ္နားထားခဲ့ရာ အခုဆိုရင္ က်န္းမာေရးဝန္ႀကီးဌာန လမ္းၫႊန္ခ်က္အတိုင္း ျပန္လည္ဖြင့္လွစ္ေနၿပီး ျပည္တြင္းခရီးသြားလုပ္ငန္းေတြလည္း ျပန္လည္စတင္ေတာ့မွာ ျဖစ္ပါတယ္။

ရွမ္းျပည္နယ္မွာေတာ့ ဟိုတယ္ေတြ ျပန္လည္ဖြင့္လွစ္ေနၿပီျဖစ္ၿပီး ျပည္တြင္းက လာေရာက္လည္ပတ္သူေတြကို က်န္းမာေရးအရ သီးသန႔္ၾကပ္မတ္ ေစာင့္ၾကည့္တာေတြ လုပ္မွာမဟုတ္ဘူးလို႔ ရွမ္းျပည္ေတာင္ပိုင္း ဟိုတယ္နဲ႔ ခရီးသြား လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးမင္းေဇာ္ က ေျပာပါတယ္။

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ အေရွ႕ပိုင္းနဲ႔ ေျမာက္ပိုင္းက ဟိုတယ္ စုစုေပါင္း ၁၁၈ လုံး ျပန္လည္ဖြင့္လွစ္ထားၿပီး ဖြင့္လွစ္ခြင့္ျပဳဖို႔ တင္ျပထားတဲ့ ဟိုတယ္ေတြကိုလည္း စီစစ္ၿပီးသြားရင္ ခြင့္ျပဳသြားဖို႔ရွိတယ္လို႔ ဆိုပါတယ္။

အလားတူ ဧရာတီတိုင္းအတြင္းက ကမ္းေျခေတြ ျပန္လည္ဖြင့္လွစ္ဖို႔ စီစဥ္ေနၿပီး မၾကာခင္မွာ ျပန္လည္ဖြင့္လွစ္ သြားမွာျဖစ္တယ္လို႔ တိုင္းအစိုးရအဖြဲ႕က ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး ဂါ့မိုးျမတ္ျမတ္သူက ေျပာပါတယ္။

ျပန္လည္ဖြင့္လွစ္လိုတဲ့ ဟိုတယ္ေတြက တင္ျပရတာျဖစ္ၿပီး ျပည္ေထာင္စုအစိုးရအဖြဲ႕၊ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္ေတြနဲ႔ ကိုက္ညီမႈရွိမရွိ သက္ဆိုင္ရာ ျပည္နယ္နဲ႔တိုင္း အစိုးရအဖြဲ႕ေတြရဲ႕ စီစစ္မႈေတြနဲ႔ ဟိုတယ္ေတြ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳေနတာျဖစ္ပါတယ္။

ျပည္နယ္တိုင္းအလိုက္ ဟိုတယ္ခရီးဝန္ႀကီးဌာနေတြကလည္း ေသခ်ာစိစစ္တာေတြ လုပ္ေဆာင္ေနတာလို႔ ဟိုတယ္နဲ႔ ခရီးသြားလာေရးဝန္ႀကီးဌာန ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးျမင့္ေထြးက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ပ်ံႏွံ႔မႈ ထိန္းခ်ဳပ္ႏိုင္လာတာနဲ႔အမွ် တိုင္းနဲ႔ျပည္နယ္ အသီးသီးက ယာဥ္လိုင္းေတြ ျပန္လည္ေျပးဆြဲေနၿပီျဖစ္သလို ဟိုတယ္ေတြလည္း ျပန္လည္ဖြင့္လွစ္ေနၿပီျဖစ္တာေၾကာင့္ ျပည္တြင္းခရီးသြား လုပ္ငန္း စတင္ႏိုင္ေတာ့မွာျဖစ္ပါတယ္။

ဇြန္လကုန္ေလာက္မွာ ခရီးသြားလုပ္ငန္းေတြအားလုံး ျပန္လည္စတင္ႏိုင္ေတာ့မယ္လို႔ ျမန္မာႏိုင္ငံ ခရီးသြား လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးေနာင္းေနာင္းဟန္က ဆိုပါ တယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ကစတင္လိုက္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ တစ္ကမာၻလုံးကို ကူးစက္ပ်ံ႕ႏွံ႔လာတာေၾကာင့္ ျမန္မာ့ခရီးသြားလုပ္ငန္းဟာ ၂၀၂၀ ေဖေဖာ္ဝါရီလေလာက္မွာ ရပ္တန႔္သြားခဲ့တာျဖစ္ပါတယ္။

ဧၿပီလမွာ တစ္ႏိုင္ငံလုံး အတိုင္းအတာအေနနဲ႔ မလိုအပ္ဘဲ အျပင္မထြက္ၾကဖို႔ ကန႔္သတ္တာေတြ လုပ္ေဆာင္ခဲ့တာေၾကာင့္ ျပည္တြင္းသြားလာမႈေတြဟာလည္း အလိုလို ရပ္တန႔္သြားခဲ့တာျဖစ္ပါတယ္။

အခု ျပည္တြင္းခရီးသြားလာမႈေတြ စတင္ႏိုင္ေတာ့မွာျဖစ္ေပမယ့္ ျပည္ပခရီးသြားလာမႈကေတာ့ ႏိုင္ငံတကာ ေလေၾကာင္းလိုင္း ပ်ံသန္းမႈေတြ ေျဖေလွ်ာ့မွသာ စတင္ႏိုင္မွာျဖစ္ပါတယ္။

ေဝယံမိုးျမင့္ / RFA Burmese
https://www.rfa.org/burmese/news/hotel-and-tourism-resume-06022020043239.html
ရပ်နားထားရတဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင် ရပ်နားထားရတဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင် Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.