ပြည်ကြီးတံခွန်မြို့နယ်တွင် နေအိမ်(၄)လုံးမီးလောင်မှုဖြစ်ပွား


(Unicode)⤵⤵⤵
မန္တလေး ဇွန် ၂၅

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၅၉လမ်းနှင့် ၆၀လမ်းကြားရှိ (င)ရပ်ကွက်တွင် ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က  ပေါင်းအိုးဖြင့် ဟင်းအိုးတည်ရာမှ မီးပလပ်ခုံအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

မီးလောင်ရာသို့ အုပ်ချုပ်မှုယာဉ်(၃)စီး၊မီးငြိမ်းသတ်ယာဉ်(၂၅)စီး၊ရေသယ်ယာဉ်(၅)စီး၊ သန္ဓေမီးသတ်(၆၀)ဦး၊အရန်မီးသတ်(၉၀)ဦးနှင့်ရပ်ကွက်နေ ပြည်သူများဝိုင်းဝန်းငြိမ်းသတ်ရာ နံနက် ၉နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ်(၄)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး မီးစတင် လောင်ကျွမ်းသောနေအိမ်ပိုင်ရှင် ကိုအေးကျော်(ခ)ကိုဖိုးကျော် အား ပြည်ကြီးတံခွန်မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်) / Myanmaalinn
----------------------------------------
(Zawgyi)⤵⤵⤵
ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ေနအိမ္(၄)လုံးမီးေလာင္မႈျဖစ္ပြား

မႏၲေလး ဇြန္ ၂၅

မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ၅၉လမ္းႏွင့္ ၆၀လမ္းၾကားရွိ (င)ရပ္ကြက္တြင္ ယေန႔ နံနက္ ၉ နာရီ ၁၅ မိနစ္ခန႔္က  ေပါင္းအိုးျဖင့္ ဟင္းအိုးတည္ရာမွ မီးပလပ္ခုံအပူလြန္ကဲၿပီး မီးေလာင္မႈျဖစ္ပြားခဲ့ရာ ေနအိမ္(၄)လုံး မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္းသိရသည္။

မီးေလာင္ရာသို႔ အုပ္ခ်ဳပ္မႈယာဥ္(၃)စီး၊မီးၿငိမ္းသတ္ယာဥ္(၂၅)စီး၊ေရသယ္ယာဥ္(၅)စီး၊ သေႏၶမီးသတ္(၆၀)ဦး၊အရန္မီးသတ္(၉၀)ဦးႏွင့္ရပ္ကြက္ေန ျပည္သူမ်ားဝိုင္းဝန္းၿငိမ္းသတ္ရာ နံနက္ ၉နာရီ ၂၀ မိနစ္တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ ေနအိမ္(၄)လုံးမီးေလာင္ဆုံးရႈံးခဲ့ၿပီး မီးစတင္ ေလာင္ကြၽမ္းေသာေနအိမ္ပိုင္ရွင္ ကိုေအးေက်ာ္(ခ)ကိုဖိုးေက်ာ္ အား ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရသည္။

သန္းေဇာ္မင္း(ျပန္/ဆက္) / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပြည်ကြီးတံခွန်မြို့နယ်တွင် နေအိမ်(၄)လုံးမီးလောင်မှုဖြစ်ပွား ပြည်ကြီးတံခွန်မြို့နယ်တွင် နေအိမ်(၄)လုံးမီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.