လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဂျပန်နဲ့ နယူးဇီလန်မှာ ကျင်းပ

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ Black Lives Matter လှုပ်ရှားမှု ထောက်ခံ ဆန္ဒပြသူများ။ (ဇွန် ၁၃၊ ၂၀၂၀)
(Unicode)⤵⤵⤵
အမေရိကန်က လူမည်းအမျိုးသား George Floyd သေဆုံးမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ အမေရိကန်အပြင် ကမ္ဘာတဝန်း ဆက်ဖြစ်နေတာမှာ ဂျပန်နိုင်ငံမှာလည်း ဆန္ဒပြတဲ့သူ ရာပေါင်းများစွာဟာ တိုကျိုမြို့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြတဲ့သူတွေဟာ Black Lives Matter လို့ခေါ်တဲ့ လူမည်းတွေရဲ့ အသက်ကိုလည်း တန်ဖိုးထားပါဆိုတဲ့ လှုပ်ရှားမှု ကြွေးကြော်သံ ပိုစတာ ဆိုင်းဘုတ်တွေ ကိုင်ပြီး တိုကျိုပန်းခြံမှာ ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြတဲ့သူတဦးကတော့ ဂျပန်နိုင်ငံမှာလည်း အဲဒီလို လူမျိုးရေးပြဿနာတွေ အများအပြား ရှိပေမယ့် ဒါကို လျစ်လျူရှုထားတယ်လို့ ပြောပါတယ်။

နယူးဇီလန်နိုင်ငံမှာတော့ Auckland မြို့နဲ့ Wellington မြို့တွေမှာ လူတွေ ထောင်နဲ့ချီ ဒီနေ့ ဆန္ဒ္ဒပြခဲ့ကြပါတယ်။ Auckland က ဆန္ဒပြပွဲကတော့ Aotea ရင်ပြင်မှာ စတင်ခဲ့ပြီး အဲဒီကနေ အမေရိကန် ကောင်စစ်ဝန်ရုံးကို ချီတက်ခဲ့ကြပါတယ်။

ဆန္ဒပြတဲ့သူတွေဟာ အမေရိကန် ကောင်စစ်ဝန်ရုံးရှေ့မှာ George Floyd ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒူးထောက်ပြီးတော့ ၁ မိနစ်ခန့် ငြိမ်သက်ခဲ့ကြပါတယ်။

Wellington မြို့မှာတော့ ဆန္ဒပြတဲ့သူတွေဟာ ပြည်သူ့ရင်ပြင်က ပါလီမန်ကို ချီတက်ခဲ့ကြပြီး လူမည်းတွေရဲ့အသက်ကို တန်ဖိုးထားဖို့၊ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ဖို့ စတဲ့ ကြွေးကြော်သံတွေ ပိုစတာ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။

ဂျပန်နဲ့ နယူးဇီလန်နိုင်ငံတွေအပြင် ဥရောပက ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ဗြိတိန်နိုင်ငံတွေမှာလည်း ဆန္ဒပြပွဲတွေ ဆက်ဖြစ်ခဲ့သလို သြစတြေးလျနိုင်ငံမှာလည်း လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------
(Zawgyi)⤵⤵⤵
လူမ်ိဳးေရးခြဲျခားမႈ ဆန႔္က်င္ေရး ဆႏၵျပပြဲေတြ ဂ်ပန္နဲ႔ နယူးဇီလန္မွာ က်င္းပ

အေမရိကန္က လူမည္းအမ်ိဳးသား George Floyd ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ဆႏၵျပပြဲေတြ အေမရိကန္အျပင္ ကမာၻတဝန္း ဆက္ျဖစ္ေနတာမွာ ဂ်ပန္ႏိုင္ငံမွာလည္း ဆႏၵျပတဲ့သူ ရာေပါင္းမ်ားစြာဟာ တိုက်ိဳၿမိဳ႕မွာ ဒီေန႔ ဆႏၵျပခဲ့ၾကပါတယ္။

ဆႏၵျပတဲ့သူေတြဟာ Black Lives Matter လို႔ေခၚတဲ့ လူမည္းေတြရဲ႕ အသက္ကိုလည္း တန္ဖိုးထားပါဆိုတဲ့ လႈပ္ရွားမႈ ေႂကြးေၾကာ္သံ ပိုစတာ ဆိုင္းဘုတ္ေတြ ကိုင္ၿပီး တိုက်ိဳပန္းၿခံမွာ ဆႏၵျပခဲ့ၾကတာပါ။

ဆႏၵျပတဲ့သူတဦးကေတာ့ ဂ်ပန္ႏိုင္ငံမွာလည္း အဲဒီလို လူမ်ိဳးေရးျပႆနာေတြ အမ်ားအျပား ရွိေပမယ့္ ဒါကို လ်စ္လ်ဴရႈထားတယ္လို႔ ေျပာပါတယ္။

နယူးဇီလန္ႏိုင္ငံမွာေတာ့ Auckland ၿမိဳ႕နဲ႔ Wellington ၿမိဳ႕ေတြမွာ လူေတြ ေထာင္နဲ႔ခ်ီ ဒီေန႔ ဆႏၵၵျပခဲ့ၾကပါတယ္။ Auckland က ဆႏၵျပပြဲကေတာ့ Aotea ရင္ျပင္မွာ စတင္ခဲ့ၿပီး အဲဒီကေန အေမရိကန္ ေကာင္စစ္ဝန္႐ုံးကို ခ်ီတက္ခဲ့ၾကပါတယ္။

ဆႏၵျပတဲ့သူေတြဟာ အေမရိကန္ ေကာင္စစ္ဝန္႐ုံးေရွ႕မွာ George Floyd ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဒူးေထာက္ၿပီးေတာ့ ၁ မိနစ္ခန႔္ ၿငိမ္သက္ခဲ့ၾကပါတယ္။

Wellington ၿမိဳ႕မွာေတာ့ ဆႏၵျပတဲ့သူေတြဟာ ျပည္သူ႔ရင္ျပင္က ပါလီမန္ကို ခ်ီတက္ခဲ့ၾကၿပီး လူမည္းေတြရဲ႕အသက္ကို တန္ဖိုးထားဖို႔၊ လူမ်ိဳးေရးခြဲျခားမႈကို တိုက္ဖ်က္ဖို႔ စတဲ့ ေႂကြးေၾကာ္သံေတြ ပိုစတာ ဆိုင္းဘုတ္ေတြကို ကိုင္ေဆာင္ၿပီးေတာ့ ဆႏၵျပခဲ့ၾကပါတယ္။

ဂ်ပန္နဲ႔ နယူးဇီလန္ႏိုင္ငံေတြအျပင္ ဥေရာပက ဘယ္လ္ဂ်ီယံ၊ ဂ်ာမနီ၊ ၿဗိတိန္ႏိုင္ငံေတြမွာလည္း ဆႏၵျပပြဲေတြ ဆက္ျဖစ္ခဲ့သလို ၾသစေၾတးလ်ႏိုင္ငံမွာလည္း လူမ်ိဳးေရးခြဲျခားမႈကို ဆန႔္က်င္တဲ့ ဆႏၵျပပြဲေတြ ျဖစ္ခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/protest-in-japan-new-zealand/5462091.html
လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဂျပန်နဲ့ နယူးဇီလန်မှာ ကျင်းပ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဂျပန်နဲ့ နယူးဇီလန်မှာ ကျင်းပ Reviewed by THITHTOOLWIN on 05:10 Rating: 5
Powered by Blogger.