ပြည်ပခရီးသွား ရာဇဝင်မရှိတဲ့ ရှမ်းက ကိုဗစ်-၁၉ ကူးစက်လူနာဟာ မြစ်ကြီးနားက ပြန်လာသူဖြစ်

ရန်ကုန်မြို့တွေအတွင်း ကိုဗစ်-၁၉ ကူးစက်မှုရှိမရှိ အိမ်ထောင်စုဝင်တွေကို စစ်ဆေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ
ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရသူတွေနဲ့ ထိတွေ့မှုမရှိခဲ့သလို ပြည်ပ ခရီးသွားရာဇဝင်လည်း မရှိတဲ့ ရှမ်းပြည်နယ်က လူနာဟာ မြစ်ကြီးနားက ကျောက်ထုတ်ရေးလုပ်ငန်းခွင်မှာ လမ်းလုပ်သားအဖြစ် လုပ်ကိုင်ပြီး ပြန်လာသူတစ်ဦးဖြစ်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်က ပြောပါတယ်။

အသက် ၃၀ အရွယ် လူနာဟာ ကချင်ပြည်နယ် မြစ်ကြီးနား (မြစ်ဆုံ) ကနေ ပခုက္ကူ-တောင်သာ-မိတ္ထီလာ-တောင်ကြီး လမ်းကြောင်းအတိုင်း အငှားယာဉ်နဲ့ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ဆိုက်ခေါက်ကျေးရွာကို ပြန်လာတာဖြစ်ပါတယ်။

သူ့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကို ဇွန်လ ၆ ရက်နေ့မှာ စစ်ဆေးဖို့ ပေးခဲ့တာဖြစ်ပြီး ရောဂါပိုး ကူးစက်တာကို တွေ့ခဲ့ရတာလို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လောလောဆယ်မှာ သူ့ကို တောင်ကြီးက စဝ်စံထွန်းဆေးရုံမှာ ပို့ဆောင်ကုသဖို့ စီစဉ်နေပြီး သူ့ရဲ့ ဇနီးနဲ့ သားသမီး ၃ ဦး အတူနေ မိသားစု ၅ ဦးကို သီးခြားစောင့်ကြပ် ကွာရန်တိုင်း ထားထားပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှု ရှိမရှိ သူတို့ရဲ့ နှာခေါင်း တို့ဖတ် ဓာတ်ခွဲနမူနာယူ စစ်ဆေးမယ်လို့လည်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် လူနာရဲ့ ခရီးသွားရာဇဝင်တွေ၊ ထိတွေ့ဆက်ဆံခဲ့သူတွေကိုလည်း စစ်ဆေးမှုတွေ ဆက်လုပ်သွားမယ်လို့လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်က ပြောပါတယ်။

ဇွန်လ ၉ ရက်နေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဆေးစစ်ချက်တွေအရ ရန်ကုန်နဲ့ ရှမ်းပြည်နယ်ထဲမှာ အတည်ပြုလူနာသစ် ၂ ဦး တွေ့ခဲ့တာလည်း ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် ရန်ကုန်မြို့လယ်မှာ ပိုးသတ်ဆေးဖျန်း
ပထမအသုတ် ဓာတ်ခွဲနမူနာ ၁၀၇၀ ကို စစ်ဆေးရာမှာ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်က လူနာနဲ့ အိန္ဒိယက ပြန်လာတဲ့ အသက် ၃၇ နှစ်အရွယ်ဖြစ်ပြီး သူ့ကိုတော့ လှိုင်မှာ အသွားအလာ စောင့်ကြပ်ကြည့်ရှုထားပါတယ်။

ဇွန်လ ၉ ရက်နေ့ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၉၈၄ ခုကို စစ်ဆေးရာမှာတော့ အတည်ပြုလူနာသစ် မတွေ့ရဘူးလို့ ဇွန်လ ၁၀ ရက်နေ့ မနက် ၈ နာရီမှာ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၄၆ ဦးရှိပြီး သေဆုံးသူက ၆ ဦးရှိနေပါတယ်။ ရောဂါကင်းစင်သူကတော့ ၁၅၉ ဦးနဲ့ ဆေးရုံက ဆင်းခွင့်ပြုသူက ၁၄၅ ဦး ရှိနေပြီ ဖြစ်ပါတယ်။

BBC Burmese
----------------------------------------------
ျပည္ပခရီးသြား ရာဇဝင္မရွိတဲ့ ရွမ္းက ကိုဗစ္-၁၉ ကူးစက္လူနာဟာ ျမစ္ႀကီးနားက ျပန္လာသူျဖစ္

ကိုဗစ္-၁၉ ပိုးကူးစက္ခံထားရသူေတြနဲ႔ ထိေတြ႕မႈမရွိခဲ့သလို ျပည္ပ ခရီးသြားရာဇဝင္လည္း မရွိတဲ့ ရွမ္းျပည္နယ္က လူနာဟာ ျမစ္ႀကီးနားက ေက်ာက္ထုတ္ေရးလုပ္ငန္းခြင္မွာ လမ္းလုပ္သားအျဖစ္ လုပ္ကိုင္ၿပီး ျပန္လာသူတစ္ဦးျဖစ္တယ္လို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉး ဦးစိုးစိုးေဇာ္က ေျပာပါတယ္။

အသက္ ၃၀ အ႐ြယ္ လူနာဟာ ကခ်င္ျပည္နယ္ ျမစ္ႀကီးနား (ျမစ္ဆုံ) ကေန ပခုကၠဴ-ေတာင္သာ-မိတၳီလာ-ေတာင္ႀကီး လမ္းေၾကာင္းအတိုင္း အငွားယာဥ္နဲ႔ ရွမ္းျပည္နယ္ ဆီဆိုင္ၿမိဳ႕နယ္ ပါေလာပါကယ္ေက်း႐ြာအုပ္စု ဆိုက္ေခါက္ေက်း႐ြာကို ျပန္လာတာျဖစ္ပါတယ္။

သူ႔ရဲ႕ ႏွာေခါင္းနဲ႔ အာေခါင္တို႔ဖတ္ေတြကို ဇြန္လ ၆ ရက္ေန႔မွာ စစ္ေဆးဖို႔ ေပးခဲ့တာျဖစ္ၿပီး ေရာဂါပိုး ကူးစက္တာကို ေတြ႕ခဲ့ရတာလို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ေလာေလာဆယ္မွာ သူ႔ကို ေတာင္ႀကီးက စဝ္စံထြန္းေဆး႐ုံမွာ ပို႔ေဆာင္ကုသဖို႔ စီစဥ္ေနၿပီး သူ႔ရဲ႕ ဇနီးနဲ႔ သားသမီး ၃ ဦး အတူေန မိသားစု ၅ ဦးကို သီးျခားေစာင့္ၾကပ္ ကြာရန္တိုင္း ထားထားပါတယ္။

ကိုဗစ္-၁၉ ကူးစက္မႈ ရွိမရွိ သူတို႔ရဲ႕ ႏွာေခါင္း တို႔ဖတ္ ဓာတ္ခြဲနမူနာယူ စစ္ေဆးမယ္လို႔လည္း ရွမ္းျပည္နယ္အစိုးရ အဖြဲ႕က ေျပာပါတယ္။

ဒါ့အျပင္ လူနာရဲ႕ ခရီးသြားရာဇဝင္ေတြ၊ ထိေတြ႕ဆက္ဆံခဲ့သူေတြကိုလည္း စစ္ေဆးမႈေတြ ဆက္လုပ္သြားမယ္လို႔လည္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉး ဦးစိုးစိုးေဇာ္က ေျပာပါတယ္။

ဇြန္လ ၉ ရက္ေန႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ေဆးစစ္ခ်က္ေတြအရ ရန္ကုန္နဲ႔ ရွမ္းျပည္နယ္ထဲမွာ အတည္ျပဳလူနာသစ္ ၂ ဦး ေတြ႕ခဲ့တာလည္း ျဖစ္ပါတယ္။

ပထမအသုတ္ ဓာတ္ခြဲနမူနာ ၁၀၇၀ ကို စစ္ေဆးရာမွာ ရွမ္းျပည္နယ္ ဆီဆိုင္ၿမိဳ႕နယ္က လူနာနဲ႔ အိႏၵိယက ျပန္လာတဲ့ အသက္ ၃၇ ႏွစ္အ႐ြယ္ျဖစ္ၿပီး သူ႔ကိုေတာ့ လႈိင္မွာ အသြားအလာ ေစာင့္ၾကပ္ၾကည့္ရႈထားပါတယ္။

ဇြန္လ ၉ ရက္ေန႔ ဒုတိယအသုတ္ ဓာတ္ခြဲနမူနာ ၉၈၄ ခုကို စစ္ေဆးရာမွာေတာ့ အတည္ျပဳလူနာသစ္ မေတြ႕ရဘူးလို႔ ဇြန္လ ၁၀ ရက္ေန႔ မနက္ ၈ နာရီမွာ က်န္းမာေရးဌာနက ထုတ္ျပန္ပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၂၄၆ ဦးရွိၿပီး ေသဆုံးသူက ၆ ဦးရွိေနပါတယ္။ ေရာဂါကင္းစင္သူကေတာ့ ၁၅၉ ဦးနဲ႔ ေဆး႐ုံက ဆင္းခြင့္ျပဳသူက ၁၄၅ ဦး ရွိေနၿပီ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52989533
ပြည်ပခရီးသွား ရာဇဝင်မရှိတဲ့ ရှမ်းက ကိုဗစ်-၁၉ ကူးစက်လူနာဟာ မြစ်ကြီးနားက ပြန်လာသူဖြစ် ပြည်ပခရီးသွား ရာဇဝင်မရှိတဲ့ ရှမ်းက ကိုဗစ်-၁၉ ကူးစက်လူနာဟာ မြစ်ကြီးနားက ပြန်လာသူဖြစ် Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.