အမေရိကန်သမ္မတထရမ့်က ရွေးကောက်ပွဲအတွက် တရုတ်အကူအညီတောင်းခဲ့သလား

သူ့စာအုပ်ထဲမှာ အစိုးရရဲ့ လျှို့ဝှက်ချက်တွေပါတယ်ဆိုတာ မမှန်ကြောင်း ဂျွန်ဘိုတန်က ငြင်းဆို
(Unicode)⤵⤵⤵
အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲအနိုင်ရဖို့ တရုတ်ဆီက အကူအညီတောင်းခဲ့တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း ဂျွန်ဘိုတန်က သူ့စာအုပ်အသစ်ထဲမှာ ရေးသားခဲ့ပါတယ်။

အမေရိကန်လယ်သမားတွေရဲ့ လယ်ယာထွက်ကုန်တွေကို တရုတ်က ဝယ်ဖို့ သမ္မတထရမ့် လိုလားခဲ့တယ်လို့ ဂျွန်ဘိုတန်ရဲ့ အသစ်ဖြန့်ချိမယ့် စာအုပ်ထဲမှာ ရေးသားထားပါတယ်။

သမ္မတထရမ့်ဟာ "အိမ်ဖြူတော် ဘယ်လို လည်ပတ်နေတယ်ဆိုတာကို အံ့အားသင့်လောက်အောင် မပြောမဆိုဘဲ ဖုံးထားခဲ့တယ်"လို့လည်း အဲဒီစာအုပ်ထဲမှာ ရေးသားထားကြောင်း စာအုပ်မထွက်မီ မီဒီယာတွေရဲ့ အကြိုသုံးသပ်ချက်ထဲမှာ ဖော်ပြထားကြပါတယ်။

သမ္မတထရမ့်အစိုးရအဖွဲ့က အဲဒီစာအုပ်ကို စင်ပေါ်ရောက်မလာအောင် ပိတ်ပင်ဖို့ ကြိုးစားနေပါတယ်။

"ဂျွန်ဘိုတန်ဟာ ဥပဒေချိုးဖောက်တာပဲ။ ဒါဟာ အဆင်မြင့်လျှို့ဝှက်သိမ်းဆည်းထားတဲ့ သတင်းအချက်အလက်တွေမို့ ခွင့်ပြုချက်မရဘဲ သူထုတ်ပြောလို့ မရဘူး"လို့ ဖောက်စ် သတင်းဌာနနဲ့ ပြောကြားရာမှာ သမ္မတထရမ့်က ပြောခဲ့ပါတယ်။

"သူ့ကို ကျုပ်အခွင့်အရေးပေးခဲ့ပါတယ်။ ဒါပေမယ့် သူဟာကျဆုံးသွားတဲ့လူတယောက်ဖြစ်သွားပါပြီ"လို့ လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဂျွန်ဘိုတန်ဟာ ၂၀၁၈ ခုနှစ် ဧပြီလမှာ အိမ်ဖြူတော် စီမံခန့်ခွဲရေးအဖွဲ့ထဲ ပါဝင်လာခဲ့ပြီး နောက်နှစ် စက်တင်ဘာလမှာ နုတ်ထွက်သွားခဲ့ပါတယ်။

သူက သူ့သဘောနဲ့သူ နုတ်ထွက်တယ်လို့ ဆိုပေမယ့် သမ္မတထရမ့်ကတော့ ကြီးကြီးမားမား သဘောထားကွဲလွဲမှုတွေကြောင့် အလုပ်ဖြုတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ သမ္မတ ဂျော့ဒဗလျူဘုရှ် လက်ထက်ကလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး နိုင်ငံခြားရေးပေါ်လစီနဲ့ပတ်သက်ရင် သဘောထား တင်းမာသူတယောက်အဖြစ် လူသိများပါတယ်။

အမျိုးသားလုံခြုံရေး အကြံပေး အရာရှိ အဖြစ်နဲ့ တာဝန်ထမ်း ဆောင်စဉ်မှာ သူဟာ အမေရိကန်သမ္မတရဲ့ ပြည်တွင်း ပြည်ပ လုံခြုံရေး ကိစ္စများ ဆိုင်ရာ ထိပ်ဆုံး အကြံပေးဖြစ်ခဲ့ပါတယ်။

သူအခုရေးတဲ့ စာအုပ်ကို "The Room Where It Happened" လို့ နာမည်ပေးထားပြီး စာမျက်နှာ ၅၇၇ မျက်နှာရှိပါတယ်။ ဇွန်လ ၂၃ ရက်နေ့မှာ စာအုပ်ထွက်မှာပါ။

ဒါပေမယ့် အမေရိကန်ပြည်ထောင်စု တရားရေးဝန်ကြီးဌာနက ဒီစာအုပ်ထုတ်ဝေခွင့် ပိတ်ပင်တဲ့ အရေးပေါ်အမိန့်တရပ်ထုတ်ပေးဖို့ တရားသူကြီးတယောက်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးညက ပြောဆိုခဲ့ပါတယ်။

"အစိုးရရဲ့ အခုည လုပ်ဆောင်ချက်ဟာ အချည်းနှီးပါပဲ။ နိုင်ငံရေး လုပ်ဆောင်ချက်သာ ဖြစ်ပြီး ဘာမှ အကျိုးသက်ရောက်မှု ဖြစ်မှာ မဟုတ်ပါဘူး"လို့ စာအုပ်ထုတ်ဝေသူ ဆိုင်မွန်နဲ့ ရှက်စတား ကုမ္ပဏီက ဆိုပါတယ်။

တကမ္ဘာလုံးမှာ စာအုပ်ပေါင်း သိန်းနဲ့ချီဖြန့်ဝေပြီးပြီဖြစ်လို့ စာအုပ်ထုတ်ဝေခွင့်ပိတ်လည်း ဘာမှ ဖြစ်လာမှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။

"ဒီစာအုပ်ထဲမှာ ရေးထားတာတွေသာ မှန်ခဲ့ရင်ဒါဟာ ကိုယ်ကျင့်သိက္ခာအရ စက်ဆုပ်ရွံရှာစရာ ကောင်းရုံသာမကဘဲ အမေရိကန်ပြည်သူတွေ အတွက် သမ္မတ တယောက်ထမ်းဆောင်ရမယ့် မြင့်မြတ်တဲ့ အလုပ်တာဝန်ကို သွေဖည်တာလည်း ဖြစ်ပါတယ်"လို့ နိုဝင်ဘာလမှာ သမ္မတထရမ့်ရဲ့ ဒီမိုကရက်ပါတီပြိုင်ဘက် သမ္မတလောင်း ဖြစ်လာမယ့် ဂျိုးဘိုင်ဒင်ကလည်း ဆိုပါတယ်။

ရှီကျင့်ဖျင်နဲ့ ပတ်သက်တဲ့ စွပ်စွဲချက်

ပြီးခဲ့တဲ့နှစ် ဇွန်လက ဂျပန်နိုင်ငံ အိုဆာကာမြို့ ဂျီ ၂၀ ထိပ်သီး အစည်းအဝေးမှာ သမ္မတထရမ့်နဲ့ သမ္မတ ရှီကျင့်ဖျင် တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ဂျွန်ဘိုတန်က သူ့စာအုပ်ထဲမှာ ရေးသားခဲ့ပါတယ်။

သမ္မတထရမ့်ဟာ နောက်လာမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲဆီကို စကားလမ်းကြောင်း ပြောင်းယူသွားပြီး တရုတ်ရဲ့ စီးပွားရေး အင်အားကို သွယ်ဝိုက်ပြောဆိုပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမှာသူနိုင်အောင် လုပ်ဆောင်ပေးဖို့ သမ္မတရှီကို အံ့အားသင့်ဖွယ် ပန်ကြားခဲ့တာတွေ့ရပါတယ်လို့ ဂျွန်ဘိုတန်က ရေးသားခဲ့ပါတယ်။

လယ်သမားတွေရဲ့ အခန်းကဏ္ဍ အရေးပါပုံကို သူက အလေးအနက်ထားပြောဆိုခဲ့ပြီး တရုတ်က ပဲပိစပ်နဲ့ ဂျုံတွေ ဝယ်ယူခဲ့မယ်ဆိုရင် ရွေးကောက်ပွဲ အတွက် အရေးပါတဲ့ ရလဒ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
 ပြီးခဲ့နှစ် ဂျပန်မှာ ပြုလုပ်တဲ့ G20 ထိပ်သီး အစည်းအဝေးမှာ အမေရိန်ကသမ္မတနဲ့ တရုတ်သမ္မတ တွေ့ဆုံခဲ့
လယ်သမားတွေဟာ အဓိက မဲဆန္ဒရှင် အင်အားစုဖြစ်ပြီး ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတထရမ့်ကို ကြီးကြီးမားမား ထောက်ခံမှု ပေးခဲ့ကြသူတွေပါ။

အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုက်ဟိုက်ဇာကတော့ သမ္မတ ထရမ့်ဟာ ရွေးကောက်ပွဲ အတွက် အကူအညီတောင်းတာမျိုး လုံးဝ မလုပ်ခဲ့ပါဘူးလို့ ဗုဒ္ဓဟူးညနေပိုင်းက ငြင်းဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှာ ဆောက်လုပ်တဲ့ လေ့ကျင့်ရေး စခန်းတွေနဲ့ ပတ်သက်ပြီး ထိပ်သီး အစည်းအဝေး ဖွင့်ပွဲ ညစာစားပွဲမှာ ပြောကြားခဲ့တာကိုလည်း မစ္စတာ ဘိုတန်က သူ့စာအုပ်မှာ ဖော်ပြပါတယ်။

လေ့ကျင့်ရေးစခန်းတွေ ဆောက်လုပ်မှုဟာ လုံးဝမှန်ကန်တဲ့လုပ်ရပ်ပဲလို့ ပြောဆိုပြီး ဆက်ဆောက်လုပ်သင့်ကြောင်း မစ္စတာထရမ့်က ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဂျွန်ဘိုတန်စာအုပ်ပါ အခြားရေးသားချက်များ

တကယ်လို့သာ သမ္မတထရမ့်ကို အပြစ်တင်အရေးယူဖို့ စုံစမ်းစစ်ဆေးမှုဟာ ယူကရိန်းနဲ့ တယ်လီဖုန်းဆက်သွယ်ပြောကြားမှု သက်သက်သာမကပဲ တခြား အစွပ်စွဲခံ နိုင်ငံရေး စွက်ဖက်မှုတွေကိုပါ ချဲ့ထွင် စုံစမ်းခဲ့မယ်ဆိုရင် အဖြေဟာ တမျိုးဖြစ်သွားနိုင်တယ်လို့ ဂျွန်ဘိုတန်က ဆိုပါတယ်။

သူ့သမ္မတပြိုင်ဘက်လောင်း ဂျိုးဘိုင်ဒင်နဲ့ သားဖြစ်သူ ရောဘတ် ဟန့်တားတို့အကြောင်းကို စုံစမ်းပေးဖို့ ယူကရိန်းသမ္မတကို သမ္မတထရမ့်က ဖိအားပေးတောင်းဆိုခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ သမ္မတထရမ့်ကို အပြစ်တင် အရေးယူဖို့ ဇန်နဝါရီလတုန်းက ဆောင်ရွက်ခဲ့ပါတယ်။

သမ္မတထရမ့်က အဲဒီစွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။ ရီပတ်ဘလစ်ကန် အမတ်တွေ ကြီးစိုးထားတဲ့ ဆီးနိတ်လွှတ်တော်မှာ သက်သေမပါဘဲ ဖေဖေါ်ဝါရီလအတွင်း ကြားနာခဲ့ရာမှာ နှစ်ပတ်ကြာ ကြားနာပြီးနောက် အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကြားနာပွဲမှာ သက်သေမထွက်ဆိုခဲ့လို့ ဒီမိုကရက် အမတ်တွေရဲ့ ဝေဖန်ခံခဲ့ရတဲ့ ဂျွန်ဘိုတန်က ယူကရိန်းကိစ္စဟာ သမ္မတကို အရေးယူသင့်တဲ့ ကိစ္စအဖြစ် သူထင်မထင်ကိုတော့ အတိအလင်း ဖော်ပြမထားပါဘူး။

အခုထုတ်မယ့် စာအုပ်ထဲမှာ တခြားသော အပျက်သဘော ဆောင်တဲ့ စွပ်စွဲချက်တွေလည်း ပါဝင်ကြပါတယ်။

ဗြိတိန်နျူးကလီးယားပါဝါဆိုတာ ထရမ့်မသိဘူးလို့ဆို

ဗြိတိန်ဟာ နျူးကလီးယားပါဝါနိုင်ငံတနိုင်ငံဆိုတာ သမ္မတထရမ့် မသိဘူးလို့ စွပ်စွဲထားပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ဗြိတိန်ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ထရီဆာမေ နဲ့ အစည်းအဝေးမှာ ဗြိတိန်ရဲ့ နျူးကလီးပါဝါအကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ပြောတော့ သမ္မတထရမ့်က "ဗျာ ဗြိတိန်က နျူးကလီးယားပါဝါလားလို့ မေးခဲ့ပါတယ်၊ အဲဒါ ဟာသလုပ်တာ မဟုတ်ပါဘူး" လို့ဂျွန်ဘိုတန်ရဲ့ စာအုပ်မှာ ရေးသားထားပါတယ်။

ဖင်လန်ဟာ အရင်က ရုရှားထဲကလားလို့လည်း သမ္မတထရမ့်က အိမ်ဖြူတော် အကြီးအကဲဟောင်း ဂျွန်ကယ်လီကို မေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။
သမ္မတထရမ့်နဲ့ ဂျွန်ဘိုတန်
ဗင်နီဇွဲလားကို ဝင်တိုက်လိုက်ရရင် သိပ်ကောင်းမယ်

ဗင်နီဇွဲလားကို ဝင်ကျူးကျော်လိုက်ရရင် သိပ်ကောင်းမယ်လို့ သမ္မတထရမ့်က ပြောကြောင်းလည်း အဲဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ တကယ်တော့ အဲဒီတောင်အမေရိကန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ အစိတ်အပိုင်းပဲလို့လည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တချို့ လက်ရှိကျူးကျော်မှုတွေကိုတော့ သူက သိပ်စိတ်မပါပါဘူး။

အာဖဂန်နစ္စတန် စစ်ပွဲနဲ့ ပတ်သက်ပြီး အဲဒါဟာ "ဂျော့ဘုရှ်ဆိုတဲ့ငတုံး ကလုပ်သွားခဲ့တာ"လို့ သမ္မတထရမ့်က ပြောကြောင်းရေးသားထားပါတယ်။

၂၀၁၉ ခုနှစ်အတွင်း သမ္မတထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ ဖုန်းပြောကြားရာမှာ သမ္မတပူတင်က ဆိုဗီယက်ပုံစံ ဝါဒဖြန့်ချိရေး လုပ်ခဲ့တယ်လို့ ဂျွန်ဘိုတန်ရဲ့ စာအုပ်မှာ ရေးသားထားပါတယ်။

အဲဒါကတော့ ဗင်နီဇွဲလား အတိုက်အခံ ဟွမ်ဂိုင်ဒိုဟာ ၂၀၁၆ ခု ဒီမိုကရက်သမ္မတလောင်း ဟီလာရီကလင်တန်နဲ့ တူတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပြီး အဲဒီပြောကြားချက်ဟာ သမ္မတထရမ့်ကို အများကြီး ဆွဲဆောင်နိုင်ခဲ့တယ်လို့ ရေးထားပါတယ်။

သမ္မတပူတင်က သူ့မဟာမိတ် ဗင်နီဇွဲလား သမ္မတ နီကိုလတ် မဒူရိုကို အကာအကွယ်ပေးချင်လို့ အဲသလို ပြောတာဖြစ်ကြောင်း ဂျွန်ဘိုတန်က ရေးထားပါတယ်။

၂၀၁၈ ခုနှစ်တုန်းက သမ္မတထရမ့်ဟာ လက်ဝဲသမ္မတ နီကိုလတ် မဒူရိုကိုအာဏာရှင်တယောက်၊ အာဏာကို လက်မလွှတ်နိုင်တဲ့သူလို့ တံဆိပ်ကပ်ပြီး ပိတ်ဆို့ အရေးယူခဲ့ပါတယ်။

"သမ္မတပူတင်ဟာ ဒေါ်နယ်ထရမ့်ကို သူလိုသလို ကစားနေနိုင်တယ်"လို့ ထင်နေပုံရပါတယ်လို့ ဂျွန်ဘိုတန်က အေဘီစီ သတင်းဌာနနဲ့အင်တာဗျူးမှာ ပြောထားပါတယ်။

အဲဒီအင်တာဗျူး အပြည့်အစုံကို တနင်္ဂနွေနေ့မှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

သမ္မတနဲ့သူ့လူများအကြောင်း

သမ္မတထရမ့်ရဲ့ အနီးဆုံး အကြံပေးတွေဟာ သူ့ကို အထင်မကြီးကြဘူးလို့လည်း ဂျွန်ဘိုတန်က ရေးသားထားပါတယ်။

အိမ်ဖြူတော်ကို သူစရောက်တော့ အိမ်ဖြူတော် ဝန်ထမ်းအကြီးအကဲ ဂျွန်ကယ်လီက "ဒီနေရာကနေ ကျုပ်ဘယ်လောက်တောင် ထွက်သွားချင်နေသလဲဆိုတာ ခင်ဗျား စဉ်းစားတတ်မှာတောင်မဟုတ်ဘူး။ ဒီနေရာမှာ အလုပ်လုပ်ရတာ သိပ်ဆိုးတယ်ဆိုတာ ခင်ဗျားတွေ့လာပါလိမ့်မယ်" လို့ပြောခဲ့ကြောင်းလည်း ဂျွန်ဘိုတန်က စာအုပ်ထဲမှာ ရေးထားပါတယ်။

၂၀၁၈ ခုနှစ် သမ္မတထရမ့်နဲ မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ကြတော့လည်း နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုက စာတိုလေးတကြောင်းရေးပြီး သူ့လက်ထဲ ထည့်ပေးခဲ့တယ်လို့ဆိုပါတယ်။

အဲဒီစာတိုလေးကတော့ သမ္မတထရမ့်အပေါ် သူ့အမြင်ကို ရေးထားတာဖြစ်ပြီး "သူ အဓိပ္ပာယ်မရှိ လျှောက်ပြောနေတာပဲကွာ" လို့ ရေးထားတာဖြစ်ကြောင်း ဂျွန်ဘိုတန်က စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

သမ္မတထရမ့်ရဲ့ သစ္စာရှိလူယုံတော်လို့ အသတ်မှတ်ခံရလေ့ရှိတဲ့ မိုက်ပွန်ပီယိုဟာလည်း သမ္မတထရမ့်နဲ့ အလုပ်လုပ်ရတာကို စိတ်ပျက်ရွံရှာနေလို့ နုတ်ထွက်ဖို့ စဉ်းစားနေသူတွေထဲက တယောက်ပဲလို့ သူက ရေးသားထားပါတယ်။

သမ္မတထရမ့်ဟာ သံသယကြီးတတ်လွန်းသူဖြစ်ပြီး အိမ်ဖြူတော်ရဲ့ ဆောင်ရွက်ချက်တွေကို အံ့သြလောက်အောင် လျှို့ဝှက်ထားတတ်သူ၊ အမေရိကန် အစိုးရကို အထီးကျန်ဖြစ်စေသူလို့လည်း ဂျွန်ဘိုတန်က ရေးသားထားပါတယ်။

BBC Burmese
------------------------------------------------
(Zawgyi)⤵⤵⤵
အေမရိကန္သမၼတထရမ့္က ေ႐ြးေကာက္ပြဲအတြက္ တ႐ုတ္အကူအညီေတာင္းခဲ့သလား

အေမရိကန္ သမၼတေဒၚနယ္ထရမ့္က ေ႐ြးေကာက္ပြဲအႏိုင္ရဖို႔ တ႐ုတ္ဆီက အကူအညီေတာင္းခဲ့တယ္လို႔ အေမရိကန္ အမ်ိဳးသားလုံၿခဳံေရး အႀကံေပးေဟာင္း ဂြၽန္ဘိုတန္က သူ႔စာအုပ္အသစ္ထဲမွာ ေရးသားခဲ့ပါတယ္။

အေမရိကန္လယ္သမားေတြရဲ႕ လယ္ယာထြက္ကုန္ေတြကို တ႐ုတ္က ဝယ္ဖို႔ သမၼတထရမ့္ လိုလားခဲ့တယ္လို႔ ဂြၽန္ဘိုတန္ရဲ႕ အသစ္ျဖန္႔ခ်ိမယ့္ စာအုပ္ထဲမွာ ေရးသားထားပါတယ္။

သမၼတထရမ့္ဟာ "အိမ္ျဖဴေတာ္ ဘယ္လို လည္ပတ္ေနတယ္ဆိုတာကို အံ့အားသင့္ေလာက္ေအာင္ မေျပာမဆိုဘဲ ဖုံးထားခဲ့တယ္"လို႔လည္း အဲဒီစာအုပ္ထဲမွာ ေရးသားထားေၾကာင္း စာအုပ္မထြက္မီ မီဒီယာေတြရဲ႕ အႀကိဳသုံးသပ္ခ်က္ထဲမွာ ေဖာ္ျပထားၾကပါတယ္။

သမၼတထရမ့္အစိုးရအဖြဲ႕က အဲဒီစာအုပ္ကို စင္ေပၚေရာက္မလာေအာင္ ပိတ္ပင္ဖို႔ ႀကိဳးစားေနပါတယ္။

"ဂြၽန္ဘိုတန္ဟာ ဥပေဒခ်ိဳးေဖာက္တာပဲ။ ဒါဟာ အဆင္ျမင့္လွ်ိဳ႕ဝွက္သိမ္းဆည္းထားတဲ့ သတင္းအခ်က္အလက္ေတြမို႔ ခြင့္ျပဳခ်က္မရဘဲ သူထုတ္ေျပာလို႔ မရဘူး"လို႔ ေဖာက္စ္ သတင္းဌာနနဲ႔ ေျပာၾကားရာမွာ သမၼတထရမ့္က ေျပာခဲ့ပါတယ္။

"သူ႔ကို က်ဳပ္အခြင့္အေရးေပးခဲ့ပါတယ္။ ဒါေပမယ့္ သူဟာက်ဆုံးသြားတဲ့လူတေယာက္ျဖစ္သြားပါၿပီ"လို႔ လည္း ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

ဂြၽန္ဘိုတန္ဟာ ၂၀၁၈ ခုႏွစ္ ဧၿပီလမွာ အိမ္ျဖဴေတာ္ စီမံခန္႔ခြဲေရးအဖြဲ႕ထဲ ပါဝင္လာခဲ့ၿပီး ေနာက္ႏွစ္ စက္တင္ဘာလမွာ ႏုတ္ထြက္သြားခဲ့ပါတယ္။

သူက သူ႔သေဘာနဲ႔သူ ႏုတ္ထြက္တယ္လို႔ ဆိုေပမယ့္ သမၼတထရမ့္ကေတာ့ ႀကီးႀကီးမားမား သေဘာထားကြဲလြဲမႈေတြေၾကာင့္ အလုပ္ျဖဳတ္ပစ္ခဲ့တယ္လို႔ ဆိုပါတယ္။

သူဟာ သမၼတ ေဂ်ာ့ဒဗလ်ဴဘုရွ္ လက္ထက္ကလည္း တာဝန္ထမ္းေဆာင္ခဲ့ဖူးၿပီး ႏိုင္ငံျခားေရးေပၚလစီနဲ႔ပတ္သက္ရင္ သေဘာထား တင္းမာသူတေယာက္အျဖစ္ လူသိမ်ားပါတယ္။

အမ်ိဳးသားလုံၿခဳံေရး အႀကံေပး အရာရွိ အျဖစ္နဲ႔ တာဝန္ထမ္း ေဆာင္စဥ္မွာ သူဟာ အေမရိကန္သမၼတရဲ႕ ျပည္တြင္း ျပည္ပ လုံၿခဳံေရး ကိစၥမ်ား ဆိုင္ရာ ထိပ္ဆုံး အႀကံေပးျဖစ္ခဲ့ပါတယ္။

သူအခုေရးတဲ့ စာအုပ္ကို "The Room Where It Happened" လို႔ နာမည္ေပးထားၿပီး စာမ်က္ႏွာ ၅၇၇ မ်က္ႏွာရွိပါတယ္။ ဇြန္လ ၂၃ ရက္ေန႔မွာ စာအုပ္ထြက္မွာပါ။

ဒါေပမယ့္ အေမရိကန္ျပည္ေထာင္စု တရားေရးဝန္ႀကီးဌာနက ဒီစာအုပ္ထုတ္ေဝခြင့္ ပိတ္ပင္တဲ့ အေရးေပၚအမိန္႔တရပ္ထုတ္ေပးဖို႔ တရားသူႀကီးတေယာက္ကို ၿပီးခဲ့တဲ့ ဗုဒၶဟူးညက ေျပာဆိုခဲ့ပါတယ္။

"အစိုးရရဲ႕ အခုည လုပ္ေဆာင္ခ်က္ဟာ အခ်ည္းႏွီးပါပဲ။ ႏိုင္ငံေရး လုပ္ေဆာင္ခ်က္သာ ျဖစ္ၿပီး ဘာမွ အက်ိဳးသက္ေရာက္မႈ ျဖစ္မွာ မဟုတ္ပါဘူး"လို႔ စာအုပ္ထုတ္ေဝသူ ဆိုင္မြန္နဲ႔ ရွက္စတား ကုမၸဏီက ဆိုပါတယ္။

တကမာၻလုံးမွာ စာအုပ္ေပါင္း သိန္းနဲ႔ခ်ီျဖန္႔ေဝၿပီးၿပီျဖစ္လို႔ စာအုပ္ထုတ္ေဝခြင့္ပိတ္လည္း ဘာမွ ျဖစ္လာမွာ မဟုတ္ေတာ့ဘူးလို႔ ဆိုပါတယ္။

"ဒီစာအုပ္ထဲမွာ ေရးထားတာေတြသာ မွန္ခဲ့ရင္ဒါဟာ ကိုယ္က်င့္သိကၡာအရ စက္ဆုပ္႐ြံရွာစရာ ေကာင္း႐ုံသာမကဘဲ အေမရိကန္ျပည္သူေတြ အတြက္ သမၼတ တေယာက္ထမ္းေဆာင္ရမယ့္ ျမင့္ျမတ္တဲ့ အလုပ္တာဝန္ကို ေသြဖည္တာလည္း ျဖစ္ပါတယ္"လို႔ ႏိုဝင္ဘာလမွာ သမၼတထရမ့္ရဲ႕ ဒီမိုကရက္ပါတီၿပိဳင္ဘက္ သမၼတေလာင္း ျဖစ္လာမယ့္ ဂ်ိဳးဘိုင္ဒင္ကလည္း ဆိုပါတယ္။

ရွီက်င့္ဖ်င္နဲ႔ ပတ္သက္တဲ့ စြပ္စြဲခ်က္

ၿပီးခဲ့တဲ့ႏွစ္ ဇြန္လက ဂ်ပန္ႏိုင္ငံ အိုဆာကာၿမိဳ႕ ဂ်ီ ၂၀ ထိပ္သီး အစည္းအေဝးမွာ သမၼတထရမ့္နဲ႔ သမၼတ ရွီက်င့္ဖ်င္ ေတြ႕ဆုံေဆြးေႏြးမႈနဲ႔ ပတ္သက္ၿပီး ဂြၽန္ဘိုတန္က သူ႔စာအုပ္ထဲမွာ ေရးသားခဲ့ပါတယ္။

သမၼတထရမ့္ဟာ ေနာက္လာမယ့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲဆီကို စကားလမ္းေၾကာင္း ေျပာင္းယူသြားၿပီး တ႐ုတ္ရဲ႕ စီးပြားေရး အင္အားကို သြယ္ဝိုက္ေျပာဆိုပါတယ္။

ဒါ့အျပင္ ေ႐ြးေကာက္ပြဲမွာသူႏိုင္ေအာင္ လုပ္ေဆာင္ေပးဖို႔ သမၼတရွီကို အံ့အားသင့္ဖြယ္ ပန္ၾကားခဲ့တာေတြ႕ရပါတယ္လို႔ ဂြၽန္ဘိုတန္က ေရးသားခဲ့ပါတယ္။

လယ္သမားေတြရဲ႕ အခန္းက႑ အေရးပါပုံကို သူက အေလးအနက္ထားေျပာဆိုခဲ့ၿပီး တ႐ုတ္က ပဲပိစပ္နဲ႔ ဂ်ဳံေတြ ဝယ္ယူခဲ့မယ္ဆိုရင္ ေ႐ြးေကာက္ပြဲ အတြက္ အေရးပါတဲ့ ရလဒ္ေတြ ထြက္ေပၚလာလိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။

လယ္သမားေတြဟာ အဓိက မဲဆႏၵရွင္ အင္အားစုျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ သမၼတထရမ့္ကို ႀကီးႀကီးမားမား ေထာက္ခံမႈ ေပးခဲ့ၾကသူေတြပါ။

အေမရိကန္ ကုန္သြယ္ေရး ကိုယ္စားလွယ္ ေရာဘတ္လိုက္ဟိုက္ဇာကေတာ့ သမၼတ ထရမ့္ဟာ ေ႐ြးေကာက္ပြဲ အတြက္ အကူအညီေတာင္းတာမ်ိဳး လုံးဝ မလုပ္ခဲ့ပါဘူးလို႔ ဗုဒၶဟူးညေနပိုင္းက ျငင္းဆိုခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံ ရွင္က်န္းေဒသမွာ ေဆာက္လုပ္တဲ့ ေလ့က်င့္ေရး စခန္းေတြနဲ႔ ပတ္သက္ၿပီး ထိပ္သီး အစည္းအေဝး ဖြင့္ပြဲ ညစာစားပြဲမွာ ေျပာၾကားခဲ့တာကိုလည္း မစၥတာ ဘိုတန္က သူ႔စာအုပ္မွာ ေဖာ္ျပပါတယ္။

ေလ့က်င့္ေရးစခန္းေတြ ေဆာက္လုပ္မႈဟာ လုံးဝမွန္ကန္တဲ့လုပ္ရပ္ပဲလို႔ ေျပာဆိုၿပီး ဆက္ေဆာက္လုပ္သင့္ေၾကာင္း မစၥတာထရမ့္က ေျပာခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ဂြၽန္ဘိုတန္စာအုပ္ပါ အျခားေရးသားခ်က္မ်ား

တကယ္လို႔သာ သမၼတထရမ့္ကို အျပစ္တင္အေရးယူဖို႔ စုံစမ္းစစ္ေဆးမႈဟာ ယူကရိန္းနဲ႔ တယ္လီဖုန္းဆက္သြယ္ေျပာၾကားမႈ သက္သက္သာမကပဲ တျခား အစြပ္စြဲခံ ႏိုင္ငံေရး စြက္ဖက္မႈေတြကိုပါ ခ်ဲ႕ထြင္ စုံစမ္းခဲ့မယ္ဆိုရင္ အေျဖဟာ တမ်ိဳးျဖစ္သြားႏိုင္တယ္လို႔ ဂြၽန္ဘိုတန္က ဆိုပါတယ္။

သူ႔သမၼတၿပိဳင္ဘက္ေလာင္း ဂ်ိဳးဘိုင္ဒင္နဲ႔ သားျဖစ္သူ ေရာဘတ္ ဟန္႔တားတို႔အေၾကာင္းကို စုံစမ္းေပးဖို႔ ယူကရိန္းသမၼတကို သမၼတထရမ့္က ဖိအားေပးေတာင္းဆိုခဲ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔ သမၼတထရမ့္ကို အျပစ္တင္ အေရးယူဖို႔ ဇန္နဝါရီလတုန္းက ေဆာင္႐ြက္ခဲ့ပါတယ္။

သမၼတထရမ့္က အဲဒီစြဲခ်က္ကို ျငင္းဆိုခဲ့ပါတယ္။ ရီပတ္ဘလစ္ကန္ အမတ္ေတြ ႀကီးစိုးထားတဲ့ ဆီးနိတ္လႊတ္ေတာ္မွာ သက္ေသမပါဘဲ ေဖေဖၚဝါရီလအတြင္း ၾကားနာခဲ့ရာမွာ ႏွစ္ပတ္ၾကာ ၾကားနာၿပီးေနာက္ အျပစ္မရွိဘူးလို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ၾကားနာပြဲမွာ သက္ေသမထြက္ဆိုခဲ့လို႔ ဒီမိုကရက္ အမတ္ေတြရဲ႕ ေဝဖန္ခံခဲ့ရတဲ့ ဂြၽန္ဘိုတန္က ယူကရိန္းကိစၥဟာ သမၼတကို အေရးယူသင့္တဲ့ ကိစၥအျဖစ္ သူထင္မထင္ကိုေတာ့ အတိအလင္း ေဖာ္ျပမထားပါဘူး။

အခုထုတ္မယ့္ စာအုပ္ထဲမွာ တျခားေသာ အပ်က္သေဘာ ေဆာင္တဲ့ စြပ္စြဲခ်က္ေတြလည္း ပါဝင္ၾကပါတယ္။

ၿဗိတိန္န်ဴးကလီးယားပါဝါဆိုတာ ထရမ့္မသိဘူးလို႔ဆို

ၿဗိတိန္ဟာ န်ဴးကလီးယားပါဝါႏိုင္ငံတႏိုင္ငံဆိုတာ သမၼတထရမ့္ မသိဘူးလို႔ စြပ္စြဲထားပါတယ္။

၂၀၁၈ ခုႏွစ္တုန္းက ၿဗိတိန္ဝန္ႀကီးခ်ဳပ္ျဖစ္ခဲ့တဲ့ ထရီဆာေမ နဲ႔ အစည္းအေဝးမွာ ၿဗိတိန္ရဲ႕ န်ဴးကလီးပါဝါအေၾကာင္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္က ေျပာေတာ့ သမၼတထရမ့္က "ဗ်ာ ၿဗိတိန္က န်ဴးကလီးယားပါဝါလားလို႔ ေမးခဲ့ပါတယ္၊ အဲဒါ ဟာသလုပ္တာ မဟုတ္ပါဘူး" လို႔ဂြၽန္ဘိုတန္ရဲ႕ စာအုပ္မွာ ေရးသားထားပါတယ္။

ဖင္လန္ဟာ အရင္က ႐ုရွားထဲကလားလို႔လည္း သမၼတထရမ့္က အိမ္ျဖဴေတာ္ အႀကီးအကဲေဟာင္း ဂြၽန္ကယ္လီကို ေမးခဲ့ဖူးတယ္လို႔ ဆိုပါတယ္။

ဗင္နီဇြဲလားကို ဝင္တိုက္လိုက္ရရင္ သိပ္ေကာင္းမယ္

ဗင္နီဇြဲလားကို ဝင္က်ဴးေက်ာ္လိုက္ရရင္ သိပ္ေကာင္းမယ္လို႔ သမၼတထရမ့္က ေျပာေၾကာင္းလည္း အဲဒီစာအုပ္ထဲမွာ ေဖာ္ျပထားပါတယ္။ တကယ္ေတာ့ အဲဒီေတာင္အေမရိကန္ႏိုင္ငံဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ အစိတ္အပိုင္းပဲလို႔လည္း ေျပာခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ တခ်ိဳ႕ လက္ရွိက်ဴးေက်ာ္မႈေတြကိုေတာ့ သူက သိပ္စိတ္မပါပါဘူး။

အာဖဂန္နစၥတန္ စစ္ပြဲနဲ႔ ပတ္သက္ၿပီး အဲဒါဟာ "ေဂ်ာ့ဘုရွ္ဆိုတဲ့ငတုံး ကလုပ္သြားခဲ့တာ"လို႔ သမၼတထရမ့္က ေျပာေၾကာင္းေရးသားထားပါတယ္။

၂၀၁၉ ခုႏွစ္အတြင္း သမၼတထရမ့္နဲ႔ ႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္တို႔ ဖုန္းေျပာၾကားရာမွာ သမၼတပူတင္က ဆိုဗီယက္ပုံစံ ဝါဒျဖန္႔ခ်ိေရး လုပ္ခဲ့တယ္လို႔ ဂြၽန္ဘိုတန္ရဲ႕ စာအုပ္မွာ ေရးသားထားပါတယ္။

အဲဒါကေတာ့ ဗင္နီဇြဲလား အတိုက္အခံ ဟြမ္ဂိုင္ဒိုဟာ ၂၀၁၆ ခု ဒီမိုကရက္သမၼတေလာင္း ဟီလာရီကလင္တန္နဲ႔ တူတယ္လို႔ ေျပာသြားခဲ့တာ ျဖစ္ၿပီး အဲဒီေျပာၾကားခ်က္ဟာ သမၼတထရမ့္ကို အမ်ားႀကီး ဆြဲေဆာင္ႏိုင္ခဲ့တယ္လို႔ ေရးထားပါတယ္။

သမၼတပူတင္က သူ႔မဟာမိတ္ ဗင္နီဇြဲလား သမၼတ နီကိုလတ္ မဒူ႐ိုကို အကာအကြယ္ေပးခ်င္လို႔ အဲသလို ေျပာတာျဖစ္ေၾကာင္း ဂြၽန္ဘိုတန္က ေရးထားပါတယ္။

၂၀၁၈ ခုႏွစ္တုန္းက သမၼတထရမ့္ဟာ လက္ဝဲသမၼတ နီကိုလတ္ မဒူ႐ိုကိုအာဏာရွင္တေယာက္၊ အာဏာကို လက္မလႊတ္ႏိုင္တဲ့သူလို႔ တံဆိပ္ကပ္ၿပီး ပိတ္ဆို႔ အေရးယူခဲ့ပါတယ္။

"သမၼတပူတင္ဟာ ေဒၚနယ္ထရမ့္ကို သူလိုသလို ကစားေနႏိုင္တယ္"လို႔ ထင္ေနပုံရပါတယ္လို႔ ဂြၽန္ဘိုတန္က ေအဘီစီ သတင္းဌာနနဲ႔အင္တာဗ်ဴးမွာ ေျပာထားပါတယ္။

အဲဒီအင္တာဗ်ဴး အျပည့္အစုံကို တနဂၤေႏြေန႔မွာ ထုတ္လႊင့္မွာ ျဖစ္ပါတယ္။

သမၼတနဲ႔သူ႔လူမ်ားအေၾကာင္း

သမၼတထရမ့္ရဲ႕ အနီးဆုံး အႀကံေပးေတြဟာ သူ႔ကို အထင္မႀကီးၾကဘူးလို႔လည္း ဂြၽန္ဘိုတန္က ေရးသားထားပါတယ္။

အိမ္ျဖဴေတာ္ကို သူစေရာက္ေတာ့ အိမ္ျဖဴေတာ္ ဝန္ထမ္းအႀကီးအကဲ ဂြၽန္ကယ္လီက "ဒီေနရာကေန က်ဳပ္ဘယ္ေလာက္ေတာင္ ထြက္သြားခ်င္ေနသလဲဆိုတာ ခင္ဗ်ား စဥ္းစားတတ္မွာေတာင္မဟုတ္ဘူး။ ဒီေနရာမွာ အလုပ္လုပ္ရတာ သိပ္ဆိုးတယ္ဆိုတာ ခင္ဗ်ားေတြ႕လာပါလိမ့္မယ္" လို႔ေျပာခဲ့ေၾကာင္းလည္း ဂြၽန္ဘိုတန္က စာအုပ္ထဲမွာ ေရးထားပါတယ္။

၂၀၁၈ ခုႏွစ္ သမၼတထရမ့္နဲ ေျမာက္ကိုရီးယားေခါင္းေဆာင္တို႔ ေတြ႕ၾကေတာ့လည္း ႏိုင္ငံျခားေရး ဝန္ႀကီး မိုက္ပြန္ပီယိုက စာတိုေလးတေၾကာင္းေရးၿပီး သူ႔လက္ထဲ ထည့္ေပးခဲ့တယ္လို႔ဆိုပါတယ္။

အဲဒီစာတိုေလးကေတာ့ သမၼတထရမ့္အေပၚ သူ႔အျမင္ကို ေရးထားတာျဖစ္ၿပီး "သူ အဓိပၸာယ္မရွိ ေလွ်ာက္ေျပာေနတာပဲကြာ" လို႔ ေရးထားတာျဖစ္ေၾကာင္း ဂြၽန္ဘိုတန္က စာအုပ္ထဲမွာ ေဖာ္ျပထားပါတယ္။

သမၼတထရမ့္ရဲ႕ သစၥာရွိလူယုံေတာ္လို႔ အသတ္မွတ္ခံရေလ့ရွိတဲ့ မိုက္ပြန္ပီယိုဟာလည္း သမၼတထရမ့္နဲ႔ အလုပ္လုပ္ရတာကို စိတ္ပ်က္႐ြံရွာေနလို႔ ႏုတ္ထြက္ဖို႔ စဥ္းစားေနသူေတြထဲက တေယာက္ပဲလို႔ သူက ေရးသားထားပါတယ္။

သမၼတထရမ့္ဟာ သံသယႀကီးတတ္လြန္းသူျဖစ္ၿပီး အိမ္ျဖဴေတာ္ရဲ႕ ေဆာင္႐ြက္ခ်က္ေတြကို အံ့ၾသေလာက္ေအာင္ လွ်ိဳ႕ဝွက္ထားတတ္သူ၊ အေမရိကန္ အစိုးရကို အထီးက်န္ျဖစ္ေစသူလို႔လည္း ဂြၽန္ဘိုတန္က ေရးသားထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53097047
အမေရိကန်သမ္မတထရမ့်က ရွေးကောက်ပွဲအတွက် တရုတ်အကူအညီတောင်းခဲ့သလား အမေရိကန်သမ္မတထရမ့်က ရွေးကောက်ပွဲအတွက် တရုတ်အကူအညီတောင်းခဲ့သလား Reviewed by THITHTOOLWIN on 07:38 Rating: 5
Powered by Blogger.