အမေရိကန်ပြည်ထောင်စု ဆန္ဒပြပွဲတွေအတွင်း ရဲအရာရှိဟောင်းတစ်ဦး သေနတ်အပစ်ခံရလို့ သေဆုံး

 ငြိမ်းချမ်းစွာဆန္ဒပြသူတွေလည်းရှိသလို မြို့တော်တော်များများမှာ လုယက်အကြမ်းဖက်မှုတွေလည်း ရှိနေပါတယ်။
(Unicode)⤵⤵⤵
အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိ နဲ့ နယူးယောက် မြို့တွေမှာတော့ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားပေမယ့်လည်း အမိန့်ချိုးဖောက်ပြီး ဆန္ဒပြမှုတွေ ဆက်ရှိနေပါတယ်။

နိုင်ငံအနှံ့ဆန္ဒပြ မငြိမ်သက်မှုတွေ ဖြစ်ခဲ့ရာမှာ လော့စ်အိန်ဂျလိမှာတော့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို ရဲတွေက ဖမ်းခဲ့ပြီး အဲ့ထဲမှာ ညမထွက်ရ အမိန့်ချိုးဖောက်သူ အများအပြားပါဝင်ပါတယ်။ လုယက်ဖျက်ဆီးမှုတွေကို ပျက်ကွက်ခဲ့တဲ့အပေါ် နယူးယောက် အာဏာပိုင်တွေကို ပြည်နယ်အုပ်ချုပ်ရေးမှူးက အန်ဒရူးကိုမိုက ဝေဖန်ပြောကြားခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို ရဲတွေက အကြမ်းဖက်နှိမ်နှင်းသလို ဆန္ဒပြတဲ့သူတွေကလည်း ပုလင်းခွံတွေနဲ့ ပြန်ပစ်တာ သေနတ်နဲ့ ပစ်တာတွေလည်း ရှိခဲ့ပါတယ်။ မစ်ဆူရီပြည်နယ်မှာဆိုရင် ပစ်ခတ်မှုတွေကြောင့် ရဲ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ပြည်နယ်က အသက် ၇၇ နှစ်အရွယ် အငြိမ်းစား ရဲအရှိဟောင်း တစ်ဦးဟာလည်း သေနတ်နဲ့အပစ်ခံရလို့ လမ်းဘေး ပလက်ဖောင်းမှာ လဲကျ သေဆုံးခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ လူမည်းအမျိုးသား ရဲအရာရှိဟောင်းအတွက် သမ္မတထရမ့်ကလည်း ဂါရဝပြုခဲ့ပြီး မစ္စတာ ဒေးဗစ်ဒွန်းကို လူမြင်ကွင်းရှေ့ သေနတ်နဲ့ ပစ်ခံတာဟာ ဆူပူသူတွေရဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ လက်ချက်ဖြစ်ပါတယ် ဆိုပြီး ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရဲတွေက အခုထိ တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးတာ မရှိသေးပါဘူး။

နယူးယောက် မြို့လယ်ခေါင်မှာတော့ ဆန္ဒပြနေတဲ့ လူအုပ်ရှေ့ မတ်တပ်ရပ်နေတဲ့ ရဲအရာရှိ တစ်ယောက်ကို ကားနဲ့ ဝင်တိုက်တဲ့ ဖြစ်စဉ်မျိုးလည်း ရှိခဲ့ပါတယ်။

လူမည်းအမျိုးသား မစ္စတာ ဂျော့ဖလွိုက် ရဲတွေလက်ထဲ သေဆုံးခဲ့မှုအပေါ် တရားမျှတမှု တောင်းဆိုဆန္ဒပြပွဲတွေကတစ်ဆင့် အစပြုခဲ့တဲ့ ဆန္ဒပြပွဲတွေ အမေရိကန်က မြို့ကြီးလေးဆယ်ကျော်မှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အမေရိကန်တဝန်း ညမထွက်ရ အမိန့်တွေနဲ့ လုံခြုံရေးအင်အားတိုးပြီး ဆောင်ရွက်နေတဲ့ ပြည်နယ်က ၂၉ ခု ရှိနေပါတယ်။

BBC Burmese
---------------------------------------
(Zawgyi)⤵⤵⤵
အေမရိကန္ျပည္ေထာင္စု ဆႏၵျပပြဲေတြအတြင္း ရဲအရာရွိေဟာင္းတစ္ဦး ေသနတ္အပစ္ခံရလို႔ ေသဆုံး

အေမရိကန္ျပည္ေထာင္စု ေလာ့စ္အိန္ဂ်လိ နဲ႔ နယူးေယာက္ ၿမိဳ႕ေတြမွာေတာ့ တင္းက်ပ္တဲ့ စည္းမ်ဥ္းေတြနဲ႔ ညမထြက္ရအမိန႔္ေတြ ထုတ္ျပန္ထားေပမယ့္လည္း အမိန႔္ခ်ိဳးေဖာက္ၿပီး ဆႏၵျပမႈေတြ ဆက္ရွိေနပါတယ္။

ႏိုင္ငံအႏွံ႔ဆႏၵျပ မၿငိမ္သက္မႈေတြ ျဖစ္ခဲ့ရာမွာ ေလာ့စ္အိန္ဂ်လိမွာေတာ့ ရာနဲ႔ခ်ီတဲ့ ဆႏၵျပသူေတြကို ရဲေတြက ဖမ္းခဲ့ၿပီး အဲ့ထဲမွာ ညမထြက္ရ အမိန႔္ခ်ိဳးေဖာက္သူ အမ်ားအျပားပါဝင္ပါတယ္။ လုယက္ဖ်က္ဆီးမႈေတြကို ပ်က္ကြက္ခဲ့တဲ့အေပၚ နယူးေယာက္ အာဏာပိုင္ေတြကို ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးက အန္ဒ႐ူးကိုမိုက ေဝဖန္ေျပာၾကားခဲ့ပါတယ္။

ဆႏၵျပပြဲေတြကို ရဲေတြက အၾကမ္းဖက္ႏွိမ္ႏွင္းသလို ဆႏၵျပတဲ့သူေတြကလည္း ပုလင္းခြံေတြနဲ႔ ျပန္ပစ္တာ ေသနတ္နဲ႔ ပစ္တာေတြလည္း ရွိခဲ့ပါတယ္။ မစ္ဆူရီျပည္နယ္မွာဆိုရင္ ပစ္ခတ္မႈေတြေၾကာင့္ ရဲ ၄ ဦး ဒဏ္ရာရခဲ့ပါတယ္။

ဒါ့အျပင္ ျပည္နယ္က အသက္ ၇၇ ႏွစ္အ႐ြယ္ အၿငိမ္းစား ရဲအရွိေဟာင္း တစ္ဦးဟာလည္း ေသနတ္နဲ႔အပစ္ခံရလို႔ လမ္းေဘး ပလက္ေဖာင္းမွာ လဲက် ေသဆုံးခဲ့ပါတယ္။

ေသဆုံးခဲ့တဲ့ လူမည္းအမ်ိဳးသား ရဲအရာရွိေဟာင္းအတြက္ သမၼတထရမ့္ကလည္း ဂါရဝျပဳခဲ့ၿပီး မစၥတာ ေဒးဗစ္ဒြန္းကို လူျမင္ကြင္းေရွ႕ ေသနတ္နဲ႔ ပစ္ခံတာဟာ ဆူပူသူေတြရဲ႕ စက္ဆုပ္ဖြယ္ေကာင္းတဲ့ လက္ခ်က္ျဖစ္ပါတယ္ ဆိုၿပီး ေျပာခဲ့ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ ရဲေတြက အခုထိ တစ္ဦးတစ္ေယာက္ကိုမွ ဖမ္းဆီးတာ မရွိေသးပါဘူး။

နယူးေယာက္ ၿမိဳ႕လယ္ေခါင္မွာေတာ့ ဆႏၵျပေနတဲ့ လူအုပ္ေရွ႕ မတ္တပ္ရပ္ေနတဲ့ ရဲအရာရွိ တစ္ေယာက္ကို ကားနဲ႔ ဝင္တိုက္တဲ့ ျဖစ္စဥ္မ်ိဳးလည္း ရွိခဲ့ပါတယ္။

လူမည္းအမ်ိဳးသား မစၥတာ ေဂ်ာ့ဖလြိဳက္ ရဲေတြလက္ထဲ ေသဆုံးခဲ့မႈအေပၚ တရားမွ်တမႈ ေတာင္းဆိုဆႏၵျပပြဲေတြကတစ္ဆင့္ အစျပဳခဲ့တဲ့ ဆႏၵျပပြဲေတြ အေမရိကန္က ၿမိဳ႕ႀကီးေလးဆယ္ေက်ာ္မွာ ျဖစ္ပြားေနတာ ျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ အေမရိကန္တဝန္း ညမထြက္ရ အမိန႔္ေတြနဲ႔ လုံၿခဳံေရးအင္အားတိုးၿပီး ေဆာင္႐ြက္ေနတဲ့ ျပည္နယ္က ၂၉ ခု ရွိေနပါတယ္။

BBC Burmese
https://www.bbc.com/burmese/52901459
အမေရိကန်ပြည်ထောင်စု ဆန္ဒပြပွဲတွေအတွင်း ရဲအရာရှိဟောင်းတစ်ဦး သေနတ်အပစ်ခံရလို့ သေဆုံး အမေရိကန်ပြည်ထောင်စု ဆန္ဒပြပွဲတွေအတွင်း ရဲအရာရှိဟောင်းတစ်ဦး သေနတ်အပစ်ခံရလို့ သေဆုံး Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.