တောင်ကုတ်မြို့နယ်တွင် အမျိုးသား ၂ ဦး ဓာတ်လိုက်သေဆုံး


(Unicode)⤵⤵⤵
နိရဉ္စရာ၊ ဇွန် ၁၇/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဝက်ကျိတ်အုပ်စု၊ ရွာသစ်ကျေးရွာတွင် ယနေ့ နံနက် ၆ နာရီခန့်၌ ဓာတ်လိုက်၍ အမျိုးသား ၂ ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူများမှာ ရွာသစ်ကျေးရွာနေ ဦးစိန်သန်း(ခ)ပုလု (၄ဝ)နှစ် နှင့် ဦးစိန်ကျော်သန်း(ခ) ဂိုးချေ(၄၈)နှစ်တို့ဖြစ်ကြသည်။

ယမန်နေ့က ငလျင်လှုပ်၍ သစ်ကိုင်းများကျိုးကျခဲ့ကြောင်း၊ ၎င်းသစ်ကိုင်းများနှင့် ဖိမိ၍  လမ်းပေါ်၌ ပြတ်၍ တွဲကျနေသည့် မီးကြိုးနှင့် ပူးကပ်ချည်ထားသည့် နန်းကြိုးအား ဖယ်ရှားရာမှ ဓာတ်လိုက် သေဆုံးခဲ့ကြခြင်း ဖြစ်ကြောင်း ဝက်ကျိတ်အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်(ခ) ညီလေးက နိရဉ္စရာသတင်းဌာနအား ပြောသည်။
“အဲဒီနန်းကြိုးက ကြွေသီးမှာထိပြီး တွဲကျနေတာပါ။ မီးကြိုးက အကောင်း။ ကလေးတွေ နဲ့ အန္တရာယ် ဖြစ်မယ် ဆိုပြီး စိန်သန်းက သွားဖယ်တာမှာ သူ့ကိုဓာတ်လိုက်တယ်။ အဲဒါကို စိန်သန်းကျော်က သွားဆွဲတာမှာ နှစ်ယောက်လုံး ဓာတ်လိုက် သေတာပါ။ ကျွန်တော်ရောက်သွားတဲ့အချိန်မှာ နှစ်ယောက်လုံး အသက်မရှိတော့ဘူး” ဟုပြောသည်။

အလောင်းများအား တောင်ကုတ်ဆေးရုံကိုယူဆောင်သွားပြီး ယနေ့ညနေတွင် ရွာသို့ပြန်သယ်လာပြီး သင်္ဂြိုလ်ရန် စီစဉ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယမန်နေ့ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က တောင်ကုတ်မြို့မှ အရှေ့မြောက်ဘက် ၅ မိုင်အကွာကို ရစ်ချ်စကေး ၅ အင်အားရှိသည့် ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း  မြန်မာနိုင်ငံ မိုး/ဇလ မှ သတင်းထုတ်ပြန်သည်။

အလားတူ လွန်ခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့ ညနေ လေးနာရီကျော်ခန့် ကလည်း မင်းပြားမြို့အရှေ့မြောက်ဖက် ၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည့်အချိန်တွင်  မြောက်ဦးမြို့နယ် စင်းဘောကိုင်း ကျေးရွာမှ မီးသွေးတွင်းမှ လူနှစ်ဦးမှာ မြေပြိုကျ၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

အိမ်စိုးဖြူ / Narinjara
---------------------------------
(Zawgyi)⤵⤵⤵
ေတာင္ကုတ္ၿမိဳ႕နယ္တြင္ အမ်ိဳးသား ၂ ဦး ဓာတ္လိုက္ေသဆုံး

နိရၪၥရာ၊ ဇြန္ ၁၇/ ၂ဝ၂ဝ

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္၊ ဝက္က်ိတ္အုပ္စု၊ ႐ြာသစ္ေက်း႐ြာတြင္ ယေန႔ နံနက္ ၆ နာရီခန႔္၌ ဓာတ္လိုက္၍ အမ်ိဳးသား ၂ ဦးေသဆုံးသြားေၾကာင္း သတင္းရရွိသည္။

ေသဆုံးသြားသူမ်ားမွာ ႐ြာသစ္ေက်း႐ြာေန ဦးစိန္သန္း(ခ)ပုလု (၄ဝ)ႏွစ္ ႏွင့္ ဦးစိန္ေက်ာ္သန္း(ခ) ဂိုးေခ်(၄၈)ႏွစ္တို႔ျဖစ္ၾကသည္။

ယမန္ေန႔က ငလ်င္လႈပ္၍ သစ္ကိုင္းမ်ားက်ိဳးက်ခဲ့ေၾကာင္း၊ ၎သစ္ကိုင္းမ်ားႏွင့္ ဖိမိ၍  လမ္းေပၚ၌ ျပတ္၍ တြဲက်ေနသည့္ မီးႀကိဳးႏွင့္ ပူးကပ္ခ်ည္ထားသည့္ နန္းႀကိဳးအား ဖယ္ရွားရာမွ ဓာတ္လိုက္ ေသဆုံးခဲ့ၾကျခင္း ျဖစ္ေၾကာင္း ဝက္က်ိတ္အုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ေမာင္ႏိုင္(ခ) ညီေလးက နိရၪၥရာသတင္းဌာနအား ေျပာသည္။
“အဲဒီနန္းႀကိဳးက ေႂကြသီးမွာထိၿပီး တြဲက်ေနတာပါ။ မီးႀကိဳးက အေကာင္း။ ကေလးေတြ နဲ႔ အႏၲရာယ္ ျဖစ္မယ္ ဆိုၿပီး စိန္သန္းက သြားဖယ္တာမွာ သူ႔ကိုဓာတ္လိုက္တယ္။ အဲဒါကို စိန္သန္းေက်ာ္က သြားဆြဲတာမွာ ႏွစ္ေယာက္လုံး ဓာတ္လိုက္ ေသတာပါ။ ကြၽန္ေတာ္ေရာက္သြားတဲ့အခ်ိန္မွာ ႏွစ္ေယာက္လုံး အသက္မရွိေတာ့ဘူး” ဟုေျပာသည္။

အေလာင္းမ်ားအား ေတာင္ကုတ္ေဆး႐ုံကိုယူေဆာင္သြားၿပီး ယေန႔ညေနတြင္ ႐ြာသို႔ျပန္သယ္လာၿပီး သၿဂႋဳလ္ရန္ စီစဥ္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ၎ကဆက္ေျပာသည္။

ယမန္ေန႔ညေန ၅ နာရီ ၄၅ မိနစ္ခန႔္က ေတာင္ကုတ္ၿမိဳ႕မွ အေရွ႕ေျမာက္ဘက္ ၅ မိုင္အကြာကို ရစ္ခ်္စေကး ၅ အင္အားရွိသည့္ ငလ်င္တစ္ခုလႈပ္ခတ္သြားေၾကာင္း  ျမန္မာႏိုင္ငံ မိုး/ဇလ မွ သတင္းထုတ္ျပန္သည္။

အလားတူ လြန္ခဲ့သည့္ ဇန္နဝါရီ ၂၃ ရက္ေန႔ ညေန ေလးနာရီေက်ာ္ခန႔္ ကလည္း မင္းျပားၿမိဳ႕အေရွ႕ေျမာက္ဖက္ ၅ မိုင္ခန႔္အကြာကို ဗဟိုျပဳ၍ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့သည့္အခ်ိန္တြင္  ေျမာက္ဦးၿမိဳ႕နယ္ စင္းေဘာကိုင္း ေက်း႐ြာမွ မီးေသြးတြင္းမွ လူႏွစ္ဦးမွာ ေျမၿပိဳက်၍ ဒဏ္ရာျပင္းထန္စြာ ရရွိခဲ့သည္။

အိမ္စိုးျဖဴ / Narinjara
https://www.facebook.com/narinjara.info
တောင်ကုတ်မြို့နယ်တွင် အမျိုးသား ၂ ဦး ဓာတ်လိုက်သေဆုံး တောင်ကုတ်မြို့နယ်တွင် အမျိုးသား ၂ ဦး ဓာတ်လိုက်သေဆုံး Reviewed by THITHTOOLWIN on 22:42 Rating: 5
Powered by Blogger.