ရိက္ခာပြတ်နေတဲ့ ပလက်ဝကို ဆန်အိတ်သုံးထောင်ကျော် ရောက်ရှိ

(Unicode)⤵⤵⤵
ချင်းပြည်နယ် ပလက်ဝဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် ဆန်အိတ် ၃၅၂၈ အိတ် အပြင် ပဲ၊ ကြက်သွန်နီ၊ ဆီ၊ ဆားနဲ့ Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးတွေ တနင်္ဂနွေနေ့က ရောက်ရှိသွားပါတယ်။ ဒီရိက္ခာတွေကို ဒုက္ခသည်တွေဆီ အမြန်ဆုံး ပို့နိုင်အောင် ကြိုးပမ်းသွားမယ်လို့ - ချင်းတိုက်ပွဲရှောင် ပြည်သူများ ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေး ကော်မတီ (RRCCI) ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေ ပြောပါတယ်။

“ပလက်ဝဘက်မှာရောက်နေတဲ့ IDP ဒုက္ခသည်တွေကို ကျမတို့ အရင်ဝေမယ်။ ပြီးရင် စစ်ဘေးရှောင်မဟုတ်ဘဲ ရွာထဲမှာတင် ပိတ်မိနေတဲ့ ဆန်ပြတ်လပ်သွားတဲ့ ကျေးရွာတွေစာရင်း ကျမတို့မှာရှိတယ်။ ဦးစားပေးပြီး ဆန်ဝေပေးသွားမယ့် ကျေးရွာစာရင်းတွေကို စုထားပြီးတော့ အဲ့ဒီရွာတွေကို အရင်းအတိုင်း ၃ သောင်းခွဲလောက်နဲ့ ရောင်းပေးနိုင်ဖို့အတွက် ဒီဆန်အိတ်တွေကို အဲ့လို စီမံခန့်ခွဲဖို့ ပြည်နယ် အစိုးရနဲ့ ကျမတို့ တိုင်ပင်ထားပါတယ်။”

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ ဝန်ကြီး ဦးစိုးထက်ကို ရိက္ခာဝေမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုမှု မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့စနေနေ့ကတော့ စိမ်းစင်းရွာမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တချို့ဟာ ရိက္ခာပြတ်လပ်မှုကြောင့် ဆမီးမြို့ပေါ်ကို ပြောင်းရွှေ့ခဲ့ကြပေမဲ့ လမ်းခုလတ်မှာ တားမြစ်ခံခဲ့ရတယ်လို့ ပလက်ဝမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက RFA ကို ပြောပါတယ်။

“စိမ်းစင်းကျေးရွာမှာ ခိုလှုံနေတဲ့ မေလှကျေးရွာက အိမ်ခြေ ၁၆ အိမ်က လူဦးရေ ၄၉ ခန့်ဟာ ဆမီးကို ပြောင်းရွှေ့မယ်ဆိုပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ ကားကြုံလိုက်လာတာ ထွက်သွားပြီး မိနစ်အနည်းငယ်အကြာ မှာပဲ တပ်မတော်က စစ်ဆေးမေးမြန်တာကိုခံရပြီး စိမ်းစင်းရွာမှာ စားဝတ်နေရေးခက်ခဲတာကြောင့် ဆမီးကို သွားမှာဖြစ်ကြောင်းပြောတော့ တပ်မတော်က သွားခွင့်မပေးတာကြောင့် ပြန်လှည့်လာရတယ်။ ဘာကြောင့် သွားခွင့်မပေးတာလဲဆိုတာတော့ မသိဘူးပေါ့။”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ Facebook မှာတော့ - ဒီစစ်ဘေးဒုက္ခသည်တွေအတွက် ရိက္ခာနဲ့ ဆေးဝါးတွေကို ပလက်ဝဒေသအထိ တပ်မတော်က လုံခြုံရေးယူ ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဆမီးမြို့ပေါ်ကို တက်မယ့် စိမ်းစင်းရွာက ဒုက္ခသည်တွေကို တပ်မတော်က တားဆီးခဲ့တဲ့ကိစ္စကိုတော့ RFA က မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

အိမ်ခြေ ၇ဝ လောက်ရှိတဲ့ မေလှရွာက ဒေသခံ ၆ဝဝ ကျော်ဟာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲတွေကြောင့် ဧပြီလထဲက စိမ်းစင်းရွာမှာ ခိုလှုံနေတာ အခုဆိုရင် ၂ လနီးပါး ရှိပါပြီ။ ကြာလာတာနဲ့အမျှ စားဝတ်နေရေး ခက်ခဲတဲ့အတွက် ကားခ တယောက်ကို ၁ သောင်းစီပေးပြီး ဆမီးမြို့ကို အသွား လာမွေတောင် အရောက်မှာ တားဆီးခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ဆမီးမြို့မှာ နေထိုင်သူ လူဦးရေ သုံးထောင်ကျော်ရှိပြီး၊ တိုက်ပွဲကြောင့် လာရောက် ခိုလှုံနေတဲ့ ဒုက္ခသည်ဦးရေဟာလည်း သုံးထောင်ကျော် ရှိနေတယ်လို့ RRCCI ပြောခွင့်ရသူ မိုင်နန်းဝေက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလို ကမ္ဘာတဝှမ်းရင်ဆိုင်နေတဲ့ ကပ်ရောဂါကာလမှာ လူဦးရေ မထူထပ်အောင် ဒီဒုက္ခသည်တွေ နေရာချထားရေးဟာလည်း ပြည်နယ်အစိုးရအတွက် စိန်ခေါ်မှုတရပ် ဖြစ်နေတာပါ။

၂ဝ၁၅ ခုနှစ် မတ်ကစလို့ တပ်မတော်နဲ့ AA အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ချင်းစစ်ဘေးဒုက္ခသည်ဦးရေ ၁ သောင်း ၈ ထောင်ကျော်ရှိတယ်လို့ RRCCI က စာရင်းထုတ်ပြန်ထားပါတယ်။

နန္ဒာချမ်း / RFA Burmese
--------------------------------------

(Zawgyi)⤵⤵⤵
ရိကၡာျပတ္ေနတဲ့ ပလက္ဝကို ဆန္အိတ္သုံးေထာင္ေက်ာ္ ေရာက္ရွိ

ခ်င္းျပည္နယ္ ပလက္ဝေဒသက စစ္ေဘးဒုကၡသည္ေတြအတြက္ ဆန္အိတ္ ၃၅၂၈ အိတ္ အျပင္ ပဲ၊ ၾကက္သြန္နီ၊ ဆီ၊ ဆားနဲ႔ Covid-19 ေရာဂါကာကြယ္ေရး အေထာက္အကူျပဳ ေဆးေတြ တနဂၤေႏြေန႔က ေရာက္ရွိသြားပါတယ္။ ဒီရိကၡာေတြကို ဒုကၡသည္ေတြဆီ အျမန္ဆုံး ပို႔ႏိုင္ေအာင္ ႀကိဳးပမ္းသြားမယ္လို႔ - ခ်င္းတိုက္ပြဲေရွာင္ ျပည္သူမ်ား ကူညီေရးနဲ႔ ျပန္လည္ထူေထာင္ေရး ေကာ္မတီ (RRCCI) ေျပာေရးဆိုခြင့္ရွိသူ မိုင္နန္းေဝ ေျပာပါတယ္။

“ပလက္ဝဘက္မွာေရာက္ေနတဲ့ IDP ဒုကၡသည္ေတြကို က်မတို႔ အရင္ေဝမယ္။ ၿပီးရင္ စစ္ေဘးေရွာင္မဟုတ္ဘဲ ႐ြာထဲမွာတင္ ပိတ္မိေနတဲ့ ဆန္ျပတ္လပ္သြားတဲ့ ေက်း႐ြာေတြစာရင္း က်မတို႔မွာရွိတယ္။ ဦးစားေပးၿပီး ဆန္ေဝေပးသြားမယ့္ ေက်း႐ြာစာရင္းေတြကို စုထားၿပီးေတာ့ အဲ့ဒီ႐ြာေတြကို အရင္းအတိုင္း ၃ ေသာင္းခြဲေလာက္နဲ႔ ေရာင္းေပးႏိုင္ဖို႔အတြက္ ဒီဆန္အိတ္ေတြကို အဲ့လို စီမံခန႔္ခြဲဖို႔ ျပည္နယ္ အစိုးရနဲ႔ က်မတို႔ တိုင္ပင္ထားပါတယ္။”

ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာခြင့္ရသူ ဝန္ႀကီး ဦးစိုးထက္ကို ရိကၡာေဝမယ့္ အစီအစဥ္နဲ႔ပတ္သက္ၿပီး ဆက္သြယ္ ေမးျမန္းခဲ့ေပမဲ့ ဖုန္းလက္ခံေျဖဆိုမႈ မရွိခဲ့ပါဘူး။

ၿပီးခဲ့တဲ့စေနေန႔ကေတာ့ စိမ္းစင္း႐ြာမွာ ခိုလႈံေနတဲ့ စစ္ေဘးဒုကၡသည္တခ်ိဳ႕ဟာ ရိကၡာျပတ္လပ္မႈေၾကာင့္ ဆမီးၿမိဳ႕ေပၚကို ေျပာင္းေ႐ႊ႕ခဲ့ၾကေပမဲ့ လမ္းခုလတ္မွာ တားျမစ္ခံခဲ့ရတယ္လို႔ ပလက္ဝၿမိဳ႕နယ္ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းက RFA ကို ေျပာပါတယ္။

“စိမ္းစင္းေက်း႐ြာမွာ ခိုလႈံေနတဲ့ ေမလွေက်း႐ြာက အိမ္ေျခ ၁၆ အိမ္က လူဦးေရ ၄၉ ခန႔္ဟာ ဆမီးကို ေျပာင္းေ႐ႊ႕မယ္ဆိုၿပီး သူတို႔ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ ကားႀကဳံလိုက္လာတာ ထြက္သြားၿပီး မိနစ္အနည္းငယ္အၾကာ မွာပဲ တပ္မေတာ္က စစ္ေဆးေမးျမန္တာကိုခံရၿပီး စိမ္းစင္း႐ြာမွာ စားဝတ္ေနေရးခက္ခဲတာေၾကာင့္ ဆမီးကို သြားမွာျဖစ္ေၾကာင္းေျပာေတာ့ တပ္မေတာ္က သြားခြင့္မေပးတာေၾကာင့္ ျပန္လွည့္လာရတယ္။ ဘာေၾကာင့္ သြားခြင့္မေပးတာလဲဆိုတာေတာ့ မသိဘူးေပါ့။”

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ Facebook မွာေတာ့ - ဒီစစ္ေဘးဒုကၡသည္ေတြအတြက္ ရိကၡာနဲ႔ ေဆးဝါးေတြကို ပလက္ဝေဒသအထိ တပ္မေတာ္က လုံၿခဳံေရးယူ ပို႔ေဆာင္ေပးခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ ဆမီးၿမိဳ႕ေပၚကို တက္မယ့္ စိမ္းစင္း႐ြာက ဒုကၡသည္ေတြကို တပ္မေတာ္က တားဆီးခဲ့တဲ့ကိစၥကိုေတာ့ RFA က ေမးျမန္းဖို႔ ႀကိဳးစားေနဆဲျဖစ္ပါတယ္။

အိမ္ေျခ ၇ဝ ေလာက္ရွိတဲ့ ေမလွ႐ြာက ေဒသခံ ၆ဝဝ ေက်ာ္ဟာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ (AA) ၾကား တိုက္ပြဲေတြေၾကာင့္ ဧၿပီလထဲက စိမ္းစင္း႐ြာမွာ ခိုလႈံေနတာ အခုဆိုရင္ ၂ လနီးပါး ရွိပါၿပီ။ ၾကာလာတာနဲ႔အမွ် စားဝတ္ေနေရး ခက္ခဲတဲ့အတြက္ ကားခ တေယာက္ကို ၁ ေသာင္းစီေပးၿပီး ဆမီးၿမိဳ႕ကို အသြား လာေမြေတာင္ အေရာက္မွာ တားဆီးခံခဲ့ရတယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးက RFA ကို ေျပာပါတယ္။

ဆမီးၿမိဳ႕မွာ ေနထိုင္သူ လူဦးေရ သုံးေထာင္ေက်ာ္ရွိၿပီး၊ တိုက္ပြဲေၾကာင့္ လာေရာက္ ခိုလႈံေနတဲ့ ဒုကၡသည္ဦးေရဟာလည္း သုံးေထာင္ေက်ာ္ ရွိေနတယ္လို႔ RRCCI ေျပာခြင့္ရသူ မိုင္နန္းေဝက ေျပာပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈလို ကမာၻတဝွမ္းရင္ဆိုင္ေနတဲ့ ကပ္ေရာဂါကာလမွာ လူဦးေရ မထူထပ္ေအာင္ ဒီဒုကၡသည္ေတြ ေနရာခ်ထားေရးဟာလည္း ျပည္နယ္အစိုးရအတြက္ စိန္ေခၚမႈတရပ္ ျဖစ္ေနတာပါ။

၂ဝ၁၅ ခုႏွစ္ မတ္ကစလို႔ တပ္မေတာ္နဲ႔ AA အၾကား ျဖစ္ခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ခ်င္းစစ္ေဘးဒုကၡသည္ဦးေရ ၁ ေသာင္း ၈ ေထာင္ေက်ာ္ရွိတယ္လို႔ RRCCI က စာရင္းထုတ္ျပန္ထားပါတယ္။

နႏၵာခ်မ္း / RFA Burmese
https://www.rfa.org/burmese/news/war-refugees-in-chin-state-got-food-supplies-06222020204014.html
ရိက္ခာပြတ်နေတဲ့ ပလက်ဝကို ဆန်အိတ်သုံးထောင်ကျော် ရောက်ရှိ ရိက္ခာပြတ်နေတဲ့ ပလက်ဝကို ဆန်အိတ်သုံးထောင်ကျော် ရောက်ရှိ Reviewed by THITHTOOLWIN on 08:02 Rating: 5
Powered by Blogger.