မန္တလေး စိုက်ပျိုးရေးသိပ္ပံကျောင်းသူကျောင်းသားတွေ အခွင့်အရေးဆုံးရှုံးနေရတယ်လို့ ဆို

(Unicode)⤵⤵⤵
စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) ကျောင်းတွင်း အဆင်မပြေတာတွေနဲ့ပတ်သတ်ပြီး ဖြေရှင်းပေးဖို့အတွက် ကျောင်းသားတွေအနေနဲ့ အခုနှစ်မတ်လက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့ကို စာပေးပို့ တိုင်ကြားထားခဲ့ပါတယ်။

အခုလိုလုပ်တာတွေက ရသင့်ရထိုက်တဲ့အခွင့်အရေးရဖို့ လုပ်တာလို့ စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) ကျောင်းသားသမဂ္ဂအဖွဲ့က ဒု-ဥက္ကဌ ကိုဇေယျာမောင်က ပြောပါတယ်။

“ ရသင့်ရထိုက်တဲ့အခွင့်အရေးအတွက်ဆိုတာ ကျောင်းသားသမဂ္ဂရဲ့ မူဝါဒမှာကြည့်နိုင်ပါတယ်။ ကျောင်းရဲ့အာဏာပိုင်တွေနဲ့ အတိုက်အခံပြုလုပ်ပြီး ပုခုံးချင်းယှဉ်ပြီးလုပ်တာမဟုတ်ပါဘူး"

လေ့ကျင့်ရေးဆင်းရာမှာလည်း နေမကောင်းပေမဲ့ မဖြစ်မနေလာရကြောင်း၊ ကျောင်းမှာ အားကစားကြေးကောက်ခံထားပေမဲ့  အားကစားပစ္စည်း စုံလင်စွာ ထောက်ပံ့ပေးတာမရှိကြောင်း၊ ပုဆိုး၊ ထမိန်ကြေးတောင်းခံရာမှာ အချိန် သုံးလကြာမှပေးအပ်ခဲ့ပြီး အရည်အသွေးကောင်းမွန်ခြင်းမရှိကြောင်း စတဲ့အချက်တွေ ထည့်သွင်းတင်ပြခဲ့ပါတယ်။

စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး)က မှတ်တမ်းနဲ့ သုတေသနတာဝန်ခံ ကိုဇင်ကိုမင်းက သူ့ခံစားချက်ကို အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံက စိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံကို နိုင်ငံတကာကလည်းသိသလို မြန်မာနိုင်ငံကလည်း သိပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးကိုအခြေခံပေမဲ့ စိုက်ပျိုးရေးကျောင်းသူကျောင်းသားတွေနဲ့ ကျောင်းတွေကို လျစ်လျူရှု့တာက မဖြစ်သင့်တဲ့အရာပါ “

ကျောင်းတွင်းကြုံတွေ့နေရတာနဲ့ပတ်သက်ပြီး ကျောင်းသားသမဂ္ဂအဖွဲ့က RFA ရဲ့ပေးစာ ကဏ္ဍကို ပြီး ခဲ့တဲ့ မေလက ပေးပို့ခဲ့ဖူးပါတယ်။ အဲ့ဒီနောက်မှာတော့ ဇွန်လ ၁ ရက်နေ့မှာ တိုင်းဒေသကြီးစိုက်ပျိုးရေးရုံးမှာ စိုက်ပျိုးရေးရုံး တာဝန်ရှိသူ တွေက စစ်ဆေးမှု့ပြုလုပ်ခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှာတော့ ကျောင်းကတာဝန်ရှိသူတွေကို စစ်ဆေးသွားမှာဖြစ် တယ်လို့ ကျောင်းသားတွေကပြောပါတယ်။

စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုထက်ဝေဟင်က  …

"ကျောင်းဂုဏ်သိက္ခာ ဆရာ ဆရာမတွေရဲ့ ဂုဏ်သိက္ခာကို ထိပါးစေချင်တာ မဟုတ်ဘူး။ ကျီးအာသီးများလိုပဲ အထဲထဲက ပုပ်ပြီး အပြင်ကလှနေတော့ ဘာလုပ်မှာတုန်း။ အဲဒါမဖြစ်သင့်ဘူး။ အမှန်အတိုင်းပဲ ဖြစ်စေချင်တယ်။ ကျောင်းကိုရေရှည် ဖွံံဖြိုးတိုးတက်စေချင်တယ်။"

ကျောင်းသားတွေရဲ့ ပြောဆိုချက်နဲ့ပတ်သတ်ပြီး ပုသိမ်ကြီးစိုက်ပျိုးရေးသိပ္ပံ( မန္တလေး)က ကျောင်း အုပ်ကြီး ဒေါက်တာ ဒေါ်လေးလေးခိုင်ကို RFA  ကဆက်သွယ်မေးမြန်းရာမှာတော့ သူ့အနေနဲ့ပြောစရာ မရှိသေးကြောင်း၊ ဖြေရှင်းဖို့လည်း အခိုင်အမာရှိပြီးသားဖြစ်တယ်လို့ ပြောပါတယ်။

ခေမဏီဝင်း / RFA Burmese
---------------------------------------

(Zawgyi)⤵⤵⤵
မႏၲေလး စိုက္ပ်ိဳးေရးသိပၸံေက်ာင္းသူေက်ာင္းသားေတြ အခြင့္အေရးဆုံးရႈံးေနရတယ္လို႔ ဆို

စိုက္ပ်ိဳးေရးသိပၸံ (ပုသိမ္ႀကီး) ေက်ာင္းတြင္း အဆင္မေျပတာေတြနဲ႔ပတ္သတ္ၿပီး ေျဖရွင္းေပးဖို႔အတြက္ ေက်ာင္းသားေတြအေနနဲ႔ အခုႏွစ္မတ္္လက ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးဌာနတို႔ကို စာေပးပို႔ တိုင္ၾကားထားခဲ့ပါတယ္။

အခုလိုလုပ္တာေတြက ရသင့္ရထိုက္တဲ့အခြင့္အေရးရဖို႔ လုပ္တာလို႔ စိုက္ပ်ိဳးေရးသိပၸံ (ပုသိမ္ႀကီး) ေက်ာင္းသားသမဂၢအဖြဲ႕က ဒု-ဥကၠဌ ကိုေဇယ်ာေမာင္က ေျပာပါတယ္။

“ ရသင့္ရထိုက္တဲ့အခြင့္အေရးအတြက္ဆိုတာ ေက်ာင္းသားသမဂၢရဲ႕ မူဝါဒမွာၾကည့္ႏိုင္ပါတယ္။ ေက်ာင္းရဲ႕အာဏာပိုင္ေတြနဲ႔ အတိုက္အခံျပဳလုပ္ၿပီး ပုခုံးခ်င္းယွဥ္ၿပီးလုပ္တာမဟုတ္ပါဘူး"

ေလ့က်င့္ေရးဆင္းရာမွာလည္း ေနမေကာင္းေပမဲ့ မျဖစ္မေနလာရေၾကာင္း၊ ေက်ာင္းမွာ အားကစားေၾကးေကာက္ခံထားေပမဲ့  အားကစားပစၥည္း စုံလင္စြာ ေထာက္ပံ့ေပးတာမရွိေၾကာင္း၊ ပုဆိုး၊ ထမိန္ေၾကးေတာင္းခံရာမွာ အခ်ိန္ သုံးလၾကာမွေပးအပ္ခဲ့ၿပီး အရည္အေသြးေကာင္းမြန္ျခင္းမရွိေၾကာင္း စတဲ့အခ်က္ေတြ ထည့္သြင္းတင္ျပခဲ့ပါတယ္။

စိုက္ပ်ိဳးေရးသိပၸံ (ပုသိမ္ႀကီး)က မွတ္တမ္းနဲ႔ သုေတသနတာဝန္ခံ ကိုဇင္ကိုမင္းက သူ႔ခံစားခ်က္ကို အခုလိုေျပာပါတယ္။

“ျမန္မာႏိုင္ငံက စိုက္ပ်ိဳးေရးကိုအေျခခံတဲ့ႏိုင္ငံကို ႏိုင္ငံတကာကလည္းသိသလို ျမန္မာႏိုင္ငံကလည္း သိပါတယ္။ ဒါေပမဲ့ စိုက္ပ်ိဳးေရးကိုအေျခခံေပမဲ့ စိုက္ပ်ိဳးေရးေက်ာင္းသူေက်ာင္းသားေတြနဲ႔ ေက်ာင္းေတြကို လ်စ္လ်ဴရႈ႕တာက မျဖစ္သင့္တဲ့အရာပါ “

ေက်ာင္းတြင္းႀကဳံေတြ႕ေနရတာနဲ႔ပတ္သက္ၿပီး ေက်ာင္းသားသမဂၢအဖြဲ႕က RFA ရဲ႕ေပးစာ က႑ကို ၿပီး ခဲ့တဲ့ ေမလက ေပးပို႔ခဲ့ဖူးပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ဇြန္လ ၁ ရက္ေန႔မွာ တိုင္းေဒသႀကီးစိုက္ပ်ိဳးေရး႐ုံးမွာ စိုက္ပ်ိဳးေရး႐ုံး တာဝန္ရွိသူ ေတြက စစ္ေဆးမႈ႕ျပဳလုပ္ခဲ့ၿပီး ဇြန္လ ၂ ရက္ေန႔မွာေတာ့ ေက်ာင္းကတာဝန္ရွိသူေတြကို စစ္ေဆးသြားမွာျဖစ္ တယ္လို႔ ေက်ာင္းသားေတြကေျပာပါတယ္။

စိုက္ပ်ိဳးေရးသိပၸံ (ပုသိမ္ႀကီး) ေက်ာင္းသားသမဂၢ ဥကၠဌ ကိုထက္ေဝဟင္က  …

"ေက်ာင္းဂုဏ္သိကၡာ ဆရာ ဆရာမေတြရဲ႕ ဂုဏ္သိကၡာကို ထိပါးေစခ်င္တာ မဟုတ္ဘူး။ က်ီးအာသီးမ်ားလိုပဲ အထဲထဲက ပုပ္ၿပီး အျပင္ကလွေနေတာ့ ဘာလုပ္မွာတုန္း။ အဲဒါမျဖစ္သင့္ဘူး။ အမွန္အတိုင္းပဲ ျဖစ္ေစခ်င္တယ္။ ေက်ာင္းကိုေရရွည္ ဖြံံၿဖိဳးတိုးတက္ေစခ်င္တယ္။"

ေက်ာင္းသားေတြရဲ႕ ေျပာဆိုခ်က္နဲ႔ပတ္သတ္ၿပီး ပုသိမ္ႀကီးစိုက္ပ်ိဳးေရးသိပၸံ( မႏၲေလး)က ေက်ာင္း အုပ္ႀကီး ေဒါက္တာ ေဒၚေလးေလးခိုင္ကို RFA  ကဆက္သြယ္ေမးျမန္းရာမွာေတာ့ သူ႔အေနနဲ႔ေျပာစရာ မရွိေသးေၾကာင္း၊ ေျဖရွင္းဖို႔လည္း အခိုင္အမာရွိၿပီးသားျဖစ္တယ္လို႔ ေျပာပါတယ္။

ေခမဏီဝင္း / RFA Burmese
https://www.rfa.org/burmese/news/madalay-agricultural-students-press-conference-06022020204017.html
မန္တလေး စိုက်ပျိုးရေးသိပ္ပံကျောင်းသူကျောင်းသားတွေ အခွင့်အရေးဆုံးရှုံးနေရတယ်လို့ ဆို မန္တလေး စိုက်ပျိုးရေးသိပ္ပံကျောင်းသူကျောင်းသားတွေ အခွင့်အရေးဆုံးရှုံးနေရတယ်လို့ ဆို Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.