နယ်မြေရှင်းလင်းရေး ညွှန်ကြားချက် ရုပ်သိမ်းပေမယ့် ထွက်ပြေးတဲ့ ဒေသခံ တစ်သောင်းနီးပါး ရှိလာ

(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာနဲ့ အနီးတဝိုက်ရွာတွေမှာ နယ်မြေရှင်းလင်းရေးလုပ်မယ့် ညွှန်ကြားချက်ကို ပြန်ရုပ်သိမ်းလိုက်ပေမယ့်လည်း ရွာသားတွေ ဒီနေ့အထိ ကြောက်လန့်ထွက်ပြေးနေတာ လူပေါင်းတစ်သောင်းလောက်ရှိနေပြီလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအနီးတဝိုက်မှာ AA အဖွဲ့တွေရှိတာကြောင့် နယ်မြေ ရှင်းလင်းရေးလုပ်ဖို့ ရပ်ရွာတွေကနေ ခေတ္တဖယ်ပေးဖို့ ဇွန်လ ၂၄ ရက်နေ့က ရခိုပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ရေးနဲ့ လုံခြုံရေးဝန်ကြီးက စာထုတ်လိုက်ပါတယ်။

ဒီလိုစာထုတ်ပြန်ရာမှာ “နယ်မြေရှင်းလင်းရေး” ဆိုတဲ့ အသုံးအနှုန်းအပေါ် ပုံကြီးချဲ့ ပြောဆိုတာတွေ ရှိလာနိုင်တဲ့ အတွက် ပြန်ရုပ်သိမ်းကြောင်း မနေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်က RFA ကို ပြောပါတယ်။

ဒီလိုရုပ်သိမ်းတယ်ပြောပေမယ့် ဒေသခံတွေကတော့ ကြောက်လန့်ထွက်ပြေးနေကြဆဲဖြစ်ပြီး အခုဆို လူဦးရေ တစ်သောင်းနီးပါးရှိပြီလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

“ရုပ်သိမ်းတဲ့စာ ထုတ်ပေမယ့် လူထုလက်ထဲ မရောက်ဘူး၊ သူတို့မသိဘူး၊ လူထုမှာ အကြောက်တရား အများကြီးရှိတယ်၊ အခုလည်း ပြေးနေတုန်းပဲ၊ ပြေးတာက ရောသွားတယ်၊ အဲဒီစာနဲ့ စစ်ကြောင်းထွက်တာနဲ့၊ အဲဒီတဝိုက်မှာ အမြောက်ဆံတွေ ကျနေတာနဲ့၊ ပြေးတာ အကုန်လုံး တစ်သောင်းကျော်လောက်ရှိတယ်၊ ရွာပေါင်းလည်း ၂၀လောက်ရှိတယ်”

ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာက မခင်ဆန်းဌေးက ပြီးခဲ့တဲ့ ၂ ရက်လောက်က ရွာနဲ့ ရွာအနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိလို့ စစ်တွေမြို့ကို ထွက်ပြေးလာကြရတာလို့ RFA ကို ပြောပါတယ်။

ဒီထွက်ပြေးတဲ့ ကျေးရွာသားတွေဟာ ရသေ့တောင်မြို့ပေါ်၊ စစ်တွေ၊ ဘူးသီးတောင်နဲ့ နီးစပ်ကျေးရွာတွေကို ထွက်ပြေးတာတွေလည်းရှိတယ်လို့ ဦးခင်မောင်လတ်က ပြောပါတယ်။

ဒီရုပ်သိမ်းတယ်ဆိုတဲ့စာကို လက်ရှိအချိန်ထိ အုပ်ချုပ်ရေးမှူးတွေဆီ မရောက်သေးဘူးလို့လည်း ဦးခင်မောင်လတ် က ပြောပါတယ်။

အုပ်ချုပ်ရေးမှူးတွေကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

ဒီကျောက်တန်းကျေးရွာဘက်က ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကိုထားဖို့ ရသေ့တောင်မြို့ပေါ်မှာ နေရာမရှိတောကြောင့် စစ်တွေကို ပို့နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုဘက္ကာက ပြောပါတယ်။

“ရသေ့တောင်မှာ စစ်ဘေးရှောင်စခန်း ၁၈ ခုရှိတယ်ဗျ၊ အဲမှာလည်း ပြည့်ကြပါနေပြီ မဆန့်တော့ဘူး၊ အခုရက်ပိုင်းအတွင်း နယ်မြေရှင်းလင်းရေးစာထုတ်ပြီး ယာယီဖွင့်ထားတာက အရှေတောင်ရပ်ကွက် ဓမ္မာရုံမှာတစ်ခု၊ အလိုတော်ပြည့်ကျောင်းမှာ တစ်ခုရယ်၊ ကုန်သွယ်လယ်ယာဂိုထောင်မှာ တစ်ခုရယ်၊ သုံးခုကို ဖွင့်ထားတယ် အဲဒီမှာလည်း ပြည့်သွားပြီ လူတွေက”

ဒီညွှန်ကြားချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့  မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နဲ့ သြစတြေးလျ သံရုံးတွေကလည်း “တပ်မတော်ရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအပေါ် စိုးရိမ်ကြောင်း” ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။

နယ်မြေရှင်းလင်းရေးလုပ်ဆောင်ဖို့ ကြေညာထားတဲ့နေရာဟာ  အရပ်သားတွေ နေထိုင်တဲ့ နေရာတွေ ဖြစ်နေတယ်လို့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

“လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ကျူးလွန်လို့ပဲ ရိုဟင်ဂျာကိစ္စနဲ့ ICJ နဲ့ ICC မှာ မြန်မာစစ်တပ်က တာဝန်ရှိ တဲ့သူတွေ အမှုရင်ဆိုင်ရတာမျိုးတွေ ဖြစ်လာတာပေ့ါနော်၊ အခုလို နယ်မြေရှင်းလင်းရေး လုပ်တယ်ဆိုတာက အရပ်သားတွေအပေါ်မှာ ပစ်မှတ်ထားပြီးတော့ လုပ်တဲ့လုပ်ရပ်ဟာ လူ့အခွင့်ရေး ချိုးဖောက်တာပဲ၊ ဒီလို လူ့အခွင့်ရေး ချိုးဖောက်တာတွေကို ဆက်လက်ကျူးလွန်နေမယ်ဆိုရင် မြန်မာစစ်တပ်အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ UN မှာဖြစ်ဖြစ် လက်ရှိ ICJ ကိစ္စမှာရော နောင်ဖြစ်လာမယ့် ICC ကိစ္စတွေမှာရော ပိုပြီးတော့ ရင်ဆိုင်ဖြေရှင်းရခက်လာမယ်”

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ မွတ်စလင် သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ်က ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဘယ်လိုကူညီမှုတွေ ပေးနေသလဲဆိုတာကို လူသားချင်းစာနာမှု အကူညီပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို RFA က အီးမေးလ်းနဲ့ ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာတော့ မရှိသေးပါဘူး။

နယ်မြေရှင်းလင်းမယ်ဆိုတဲ့ သတင်းကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စာရုပ်သိမ်းပေမယ့် နေရပ်မပြန်နိုင်သေးဘဲ အခြေအနေစောင့်ကြည်နေရတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

“ဒီနေ့အချိန်ထိ တိုက်ပွဲမရှိသေးဘူးလို့တော့ သတင်းရတယ်၊ သူတို့ပြန်ဖို့အတွက်ဆိုရင်လည်း အခက်အခဲ ရှိနေတယ်၊အဲအတွက် သူတို့စောင့်ကြည်နေပါတယ်၊ တိုက်ပွဲတွေ မရှိရင်တော့၊ လုံခြုံရင်တော့ သူတို့တွေ ပြန်ဖို့အစီစဉ်ရှိပါတယ်၊ ပြန်ဖို့ဆိုတာလည်း ကုန်တတန်ရေတတန် လာရတဲ့ခရီးတွေကလည်း ရှိတော့လေ”

လက်ရှိမှာ ထွက်ပြေးလာတဲ့ ဒေသခံတွေမှာ နေထိုင်စားသောက်ဖို့အတွက် အရပ်ဖက်အဖွဲ့တွေ၊ အလှူရှင်တွေ ကနေ ဆောင်ရွက်နေရပြီး အစိုးရက ကူညီတာမရှိသေးဘူးလို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်ကတော့ ရသေ့တောင်က ထွက်ပြေးလာတဲ့ စစ်ဘေး ဒုက္ခသည်တွေ အခြေအနေကို အစိုးရကို တင်ပြအကူအညီတောင်းလာတာ မရှိသေးဘဲ တင်ပြလာရင် ကူညီပေးသွားမယ်လို့ ပြောပါတယ်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံးက ဦးဇော်ဇော်ထွန်းက

“ရွာသားတွေ နေရပ်စွန်ခွာမှု မဖြစ်ရအောင် စိုးရိမ်စိတ်မဖြစ်ရအောင်၊ လောလောဆယ် နယ်မြေရှင်းလင်း တာတွေ မလုပ်ပါဘူးဆိုတဲ့ဟာမျိုး၊ ပြောလည်းပြော တကယ်လက်တွေ့မှာလည်း မလုပ်နဲ့ဦးပေါ့၊ ရွာက လူတွေက တကယ်ကြောက်လန့်ပြီး ထွက်ပြေးနေကြတော့ လောလောဆယ် စာကိုရုပ်သိမ်းတဲ့အပြင် စစ်ရေးလှုပ်ရှားမှုတွေလည်း မလုပ်သင့်သေးဘူးပေါ့နော်”

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့အထိ တစ်သိန်းငါးသောင်းကျော် ရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်ထားပါတယ်။

RFA Burmese
---------------------------------------------

(Zawgyi)⤵⤵⤵
နယ္ေျမရွင္းလင္းေရး ၫႊန္ၾကားခ်က္ ႐ုပ္သိမ္းေပမယ့္ ထြက္ေျပးတဲ့ ေဒသခံ တစ္ေသာင္းနီးပါး ရွိလာ

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းေက်း႐ြာနဲ႔ အနီးတဝိုက္႐ြာေတြမွာ နယ္ေျမရွင္းလင္းေရးလုပ္မယ့္ ၫႊန္ၾကားခ်က္ကို ျပန္႐ုပ္သိမ္းလိုက္ေပမယ့္လည္း ႐ြာသားေတြ ဒီေန႔အထိ ေၾကာက္လန႔္ထြက္ေျပးေနတာ လူေပါင္းတစ္ေသာင္းေလာက္ရွိေနၿပီလို႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းေက်း႐ြာအနီးတဝိုက္မွာ AA အဖြဲ႕ေတြရွိတာေၾကာင့္ နယ္ေျမ ရွင္းလင္းေရးလုပ္ဖို႔ ရပ္႐ြာေတြကေန ေခတၱဖယ္ေပးဖို႔ ဇြန္လ ၂၄ ရက္ေန႔က ရခိုျပည္နယ္ အစိုးရအဖြဲ႕ နယ္စပ္ေရးနဲ႔ လုံၿခဳံေရးဝန္ႀကီးက စာထုတ္လိုက္ပါတယ္။

ဒီလိုစာထုတ္ျပန္ရာမွာ “နယ္ေျမရွင္းလင္းေရး” ဆိုတဲ့ အသုံးအႏႈန္းအေပၚ ပုံႀကီးခ်ဲ႕ ေျပာဆိုတာေတြ ရွိလာႏိုင္တဲ့ အတြက္ ျပန္႐ုပ္သိမ္းေၾကာင္း မေန႔က ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာ ဝန္ႀကီး ဗိုလ္မႉးႀကီး မင္းသန႔္က RFA ကို ေျပာပါတယ္။

ဒီလို႐ုပ္သိမ္းတယ္ေျပာေပမယ့္ ေဒသခံေတြကေတာ့ ေၾကာက္လန႔္ထြက္ေျပးေနၾကဆဲျဖစ္ၿပီး အခုဆို လူဦးေရ တစ္ေသာင္းနီးပါးရွိၿပီလို႔ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

“႐ုပ္သိမ္းတဲ့စာ ထုတ္ေပမယ့္ လူထုလက္ထဲ မေရာက္ဘူး၊ သူတို႔မသိဘူး၊ လူထုမွာ အေၾကာက္တရား အမ်ားႀကီးရွိတယ္၊ အခုလည္း ေျပးေနတုန္းပဲ၊ ေျပးတာက ေရာသြားတယ္၊ အဲဒီစာနဲ႔ စစ္ေၾကာင္းထြက္တာနဲ႔၊ အဲဒီတဝိုက္မွာ အေျမာက္ဆံေတြ က်ေနတာနဲ႔၊ ေျပးတာ အကုန္လုံး တစ္ေသာင္းေက်ာ္ေလာက္ရွိတယ္၊ ႐ြာေပါင္းလည္း ၂၀ေလာက္ရွိတယ္”

ရေသ့ေတာင္ၿမိဳ႕နယ္ ေရမ်က္ေက်း႐ြာက မခင္ဆန္းေဌးက ၿပီးခဲ့တဲ့ ၂ ရက္ေလာက္က ႐ြာနဲ႔ ႐ြာအနီးဝန္းက်င္ကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေတြရွိလို႔ စစ္ေတြၿမိဳ႕ကို ထြက္ေျပးလာၾကရတာလို႔ RFA ကို ေျပာပါတယ္။

ဒီထြက္ေျပးတဲ့ ေက်း႐ြာသားေတြဟာ ရေသ့ေတာင္ၿမိဳ႕ေပၚ၊ စစ္ေတြ၊ ဘူးသီးေတာင္နဲ႔ နီးစပ္ေက်း႐ြာေတြကို ထြက္ေျပးတာေတြလည္းရွိတယ္လို႔ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

ဒီ႐ုပ္သိမ္းတယ္ဆိုတဲ့စာကို လက္ရွိအခ်ိန္ထိ အုပ္ခ်ဳပ္ေရးမႉးေတြဆီ မေရာက္ေသးဘူးလို႔လည္း ဦးခင္ေမာင္လတ္ က ေျပာပါတယ္။

အုပ္ခ်ဳပ္ေရးမႉးေတြကို ေမးျမန္းဖို႔ ႀကိဳးစားေပမယ့္ ဆက္သြယ္လို႔မရေသးပါဘူး။

ဒီေက်ာက္တန္းေက်း႐ြာဘက္က ထြက္ေျပးလာတဲ့ စစ္ေဘးဒုကၡသည္ေတြကိုထားဖို႔ ရေသ့ေတာင္ၿမိဳ႕ေပၚမွာ ေနရာမရွိေတာေၾကာင့္ စစ္ေတြကို ပို႔ေနရတယ္လို႔ စစ္ေဘးဒုကၡသည္ေတြကို ကူညီေပးေနတဲ့ ကိုဘကၠာက ေျပာပါတယ္။

“ရေသ့ေတာင္မွာ စစ္ေဘးေရွာင္စခန္း ၁၈ ခုရွိတယ္ဗ်၊ အဲမွာလည္း ျပည့္ၾကပါေနၿပီ မဆန႔္ေတာ့ဘူး၊ အခုရက္ပိုင္းအတြင္း နယ္ေျမရွင္းလင္းေရးစာထုတ္ၿပီး ယာယီဖြင့္ထားတာက အေရွေတာင္ရပ္ကြက္ ဓမၼာ႐ုံမွာတစ္ခု၊ အလိုေတာ္ျပည့္ေက်ာင္းမွာ တစ္ခုရယ္၊ ကုန္သြယ္လယ္ယာဂိုေထာင္မွာ တစ္ခုရယ္၊ သုံးခုကို ဖြင့္ထားတယ္ အဲဒီမွာလည္း ျပည့္သြားၿပီ လူေတြက”

ဒီၫႊန္ၾကားခ်က္နဲ႔ ပတ္သက္ၿပီး ကုလသမဂၢနဲ႔  ျမန္မာႏိုင္ငံအေျခစိုက္ အေမရိကန္၊ ကေနဒါ၊ ၿဗိတိန္နဲ႔ ၾသစေၾတးလ် သံ႐ုံးေတြကလည္း “တပ္မေတာ္ရဲ႕ နယ္ေျမရွင္းလင္းမႈ စစ္ဆင္ေရးအေပၚ စိုးရိမ္ေၾကာင္း” ေၾကညာခ်က္ေတြ ထုတ္ျပန္ခဲ့ၾကပါတယ္။

နယ္ေျမရွင္းလင္းေရးလုပ္ေဆာင္ဖို႔ ေၾကညာထားတဲ့ေနရာဟာ  အရပ္သားေတြ ေနထိုင္တဲ့ ေနရာေတြ ျဖစ္ေနတယ္လို႔ Fortify Rights အဖြဲ႕က ကိုနစ္ကီဒိုင္းမြန္းက ေျပာပါတယ္။

“လူ႔အခြင့္ေရး ခ်ိဳးေဖာက္မႈေတြ က်ဴးလြန္လို႔ပဲ ႐ိုဟင္ဂ်ာကိစၥနဲ႔ ICJ နဲ႔ ICC မွာ ျမန္မာစစ္တပ္က တာဝန္ရွိ တဲ့သူေတြ အမႈရင္ဆိုင္ရတာမ်ိဳးေတြ ျဖစ္လာတာေပ့ါေနာ္၊ အခုလို နယ္ေျမရွင္းလင္းေရး လုပ္တယ္ဆိုတာက အရပ္သားေတြအေပၚမွာ ပစ္မွတ္ထားၿပီးေတာ့ လုပ္တဲ့လုပ္ရပ္ဟာ လူ႔အခြင့္ေရး ခ်ိဳးေဖာက္တာပဲ၊ ဒီလို လူ႔အခြင့္ေရး ခ်ိဳးေဖာက္တာေတြကို ဆက္လက္က်ဴးလြန္ေနမယ္ဆိုရင္ ျမန္မာစစ္တပ္အေနနဲ႔ ႏိုင္ငံတကာ အသိုင္းအဝိုင္းၾကားမွာ UN မွာျဖစ္ျဖစ္ လက္ရွိ ICJ ကိစၥမွာေရာ ေနာင္ျဖစ္လာမယ့္ ICC ကိစၥေတြမွာေရာ ပိုၿပီးေတာ့ ရင္ဆိုင္ေျဖရွင္းရခက္လာမယ္”

ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္တုန္းကလည္း ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြရဲ႕ နယ္ေျမရွင္းလင္းမႈ စစ္ဆင္ေရးအတြင္း ႐ိုဟင္ဂ်ာ မြတ္စလင္ သိန္းနဲ႔ခ်ီ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးခဲ့ၾကရတာျဖစ္ပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္က ထြက္ေျပးလာတဲ့ စစ္ေဘးဒုကၡသည္ေတြကို ဘယ္လိုကူညီမႈေတြ ေပးေနသလဲဆိုတာကို လူသားခ်င္းစာနာမႈ အကူညီေပးေနတဲ့ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC) ကို RFA က အီးေမးလ္းနဲ႔ ဆက္သြယ္ေမးျမန္းထားေပမယ့္ ျပန္လည္ေျဖၾကားတာေတာ့ မရွိေသးပါဘူး။

နယ္ေျမရွင္းလင္းမယ္ဆိုတဲ့ သတင္းေၾကာင့္ ထြက္ေျပးလာတဲ့ စစ္ေဘးဒုကၡသည္ေတြဟာ စာ႐ုပ္သိမ္းေပမယ့္ ေနရပ္မျပန္ႏိုင္ေသးဘဲ အေျခအေနေစာင့္ၾကည္ေနရတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက ေျပာပါတယ္။

“ဒီေန႔အခ်ိန္ထိ တိုက္ပြဲမရွိေသးဘူးလို႔ေတာ့ သတင္းရတယ္၊ သူတို႔ျပန္ဖို႔အတြက္ဆိုရင္လည္း အခက္အခဲ ရွိေနတယ္၊အဲအတြက္ သူတို႔ေစာင့္ၾကည္ေနပါတယ္၊ တိုက္ပြဲေတြ မရွိရင္ေတာ့၊ လုံၿခဳံရင္ေတာ့ သူတို႔ေတြ ျပန္ဖို႔အစီစဥ္ရွိပါတယ္၊ ျပန္ဖို႔ဆိုတာလည္း ကုန္တတန္ေရတတန္ လာရတဲ့ခရီးေတြကလည္း ရွိေတာ့ေလ”

လက္ရွိမွာ ထြက္ေျပးလာတဲ့ ေဒသခံေတြမွာ ေနထိုင္စားေသာက္ဖို႔အတြက္ အရပ္ဖက္အဖြဲ႕ေတြ၊ အလႉရွင္ေတြ ကေန ေဆာင္႐ြက္ေနရၿပီး အစိုးရက ကူညီတာမရွိေသးဘူးလို႔ ေဒၚခင္ေစာေဝက ေျပာပါတယ္။

ရခိုင္ျပည္နယ္ စည္ပင္သာယာေရး ဝန္ႀကီး ဦးဝင္းျမင့္ကေတာ့ ရေသ့ေတာင္က ထြက္ေျပးလာတဲ့ စစ္ေဘး ဒုကၡသည္ေတြ အေျခအေနကို အစိုးရကို တင္ျပအကူအညီေတာင္းလာတာ မရွိေသးဘဲ တင္ျပလာရင္ ကူညီေပးသြားမယ္လို႔ ေျပာပါတယ္။

ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္မ်ားအစည္းအ႐ုံးက ဦးေဇာ္ေဇာ္ထြန္းက

“႐ြာသားေတြ ေနရပ္စြန္ခြာမႈ မျဖစ္ရေအာင္ စိုးရိမ္စိတ္မျဖစ္ရေအာင္၊ ေလာေလာဆယ္ နယ္ေျမရွင္းလင္း တာေတြ မလုပ္ပါဘူးဆိုတဲ့ဟာမ်ိဳး၊ ေျပာလည္းေျပာ တကယ္လက္ေတြ႕မွာလည္း မလုပ္နဲ႔ဦးေပါ့၊ ႐ြာက လူေတြက တကယ္ေၾကာက္လန႔္ၿပီး ထြက္ေျပးေနၾကေတာ့ ေလာေလာဆယ္ စာကို႐ုပ္သိမ္းတဲ့အျပင္ စစ္ေရးလႈပ္ရွားမႈေတြလည္း မလုပ္သင့္ေသးဘူးေပါ့ေနာ္”

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ႏွစ္ဖက္တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးရတဲ့ စစ္ေဘးဒုကၡသည္ အေရအတြက္ဟာ ၿပီးခဲ့တဲ့ ဇြန္လ ၈ ရက္ေန႔အထိ တစ္သိန္းငါးေသာင္းေက်ာ္ ရွိတယ္လို႔ ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC) က ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/rathedaung-refugees-flee-06292020065455.html
နယ်မြေရှင်းလင်းရေး ညွှန်ကြားချက် ရုပ်သိမ်းပေမယ့် ထွက်ပြေးတဲ့ ဒေသခံ တစ်သောင်းနီးပါး ရှိလာ နယ်မြေရှင်းလင်းရေး ညွှန်ကြားချက် ရုပ်သိမ်းပေမယ့် ထွက်ပြေးတဲ့ ဒေသခံ တစ်သောင်းနီးပါး ရှိလာ Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.